Tuesday, May 19, 2009
Yangon 10
အနော်ရထာလမ်းပေါ်က ၃၄ လမ်းဒေါင့် နားလောက်မှာ အမဲအူပြုတ် ဆိုင်ရှိတယ်။ ကောင်းတယ်လို့ တော့ ပြောတာဘဲ. ခင်မောင်သိန်းထွန်းဝင်း က သောက်ချင်တယ် ဆိုတာနဲ့ခဏ ထိုင်ဖြစ်တယ်။ ကိုယ် တော့ မစားတတ်တာနဲ့ မစားဖြစ်ဘူး။ အအေးတော့ သောက် ဖြစ်တယ်။ စတားကိုလာဆိုတာ ပက်စီ. ကိုကာ ကိုလာ နဲ့ဆင်ပါတယ။် လီမွန်ကရင်ဆိုဒါကတော့ စပါကလင် ပေါ့. ရှင်းတယ်နော်။
အအေးပုလင်းဘေးနားမှာ ကြွပ်ကြွပ်အိတ်တွေ တွေ့သလား. အဲဒီထဲမှာ မာလကာသီးနဲ့ သရက်သီး ပါသေးတယ။် အဟက်.
ငှက်ပျောသီး..စလူံးငှက်ပျောကတော့ပို မိုက်ပါတယ်။
ဝက်သားဒုတ်ထိုး.. စားချင်သော်ငြားလည်း ပန်းနေတုံးဘဲဆိုတော့...lomotil က တကဒ် ၂၀၀ကျပ်ပါ ..ဈေး သက်သာတယ်ဆိုရမယ် .ရန်ကုန်နေတုံ့း တကဒ်ကုန်ခဲ့တယ် ။ပန်းလိုက်.. သောက် လိုက်...... .ပန်းလိုက် ..သောက်လိုက် နဲ့ ဘဲ ပိတ်သွားပါတယ။်
ပြီးတော့ ယုဇန ပလာဇာရောက်သွားတယ။် အတော်စည်နေပြီဘဲ .ကိုယ်လာတုံးက ဆိုင်ခန်းတွေ ပေးနေတာ မယူဖြစ်တာ မှားသွားတယ။် အခုဆိုဆိုင်ခန်းငှားခတွေ က သိန်းချီနေလိုက်တာ..ယုဇန နဲ့လည်းခင်ရဲ့သားနဲ့။ မပြောမိဘူး. အခုမှ နောင်တ ရ..ရမလိုဖစ်သွားတယ။် အော် ……..ဦးငှေးမြင့် .ဦးငှေးမြင့်.....မတွေ့တာတောင် အတော်ကြာပြီ။
အင်း….ကမ္ဘာအေးဘက်ကနေ စွယ်တော်စေတီဘက် ရောက် သွားပြန်ပြီ..........ရန်ကုန်တိမ်လည်းလှတာဘဲ။
ဘုရားပန်းတွေ..မေမြို့ပန်းထင်တယ်။ ဆိုင်းထမ်း လှပါပေ့ကွယ်..
ရေကျော်ဈေး.။ ပေါါ်ဆန်ူးမွေး တပြည် ၁၂၀၀ ကျပ် ဆီ.တပိသာပုံး ၃၂၀၀ ကျပ်။ ရွေဘုန်းပွင့်..လဲရောက်ခဲ့တယ်။ ပုဇွနတောင်ဈေး ကိုလည်း ဆိုက်ကား နဲ့သွားခဲ့တယ။် ရွေဘုန်းပွင့်ကနေ ပုဇွန်တောင်ဈေးကို ဆိုက်ကားခ အသွားအပြန် ၈၀၀ ကျပ် ကျသင့်ပါတယ်။
နီပ်ကျီတ်ရှစ်ဆူလှည့်နေတုံးဘဲ တို့ကိုကြီးကျော်သီချင်းနဲ့မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်ပါ။
ညဘက် ကို ဒင်နာတစ်ခုကို ပြာဂလောင်က ဖိတ်လို့သွားမိတယ်။ တစ်ယောက်နဲ့မှ မသိပါဘူး။ မသိလဲကိစ္စမရှိ...မရှက်တတ်သူမို့လို့ အေးအေးဆေးဆေးပါဘဲ။ master of development study ကသူတွေရဲ့ ရံဖန်ရံခါတွေ့ဆုံပွဲပါ။ ရိုးသားပွင့်လင်းကြပါတယ။် ကိုယ်က လိုက်ပြီးလေ့လာလိုက်စားသူပါ။
ပြည်လမ်း ပေါ်က Yangon international hotel ရှေ့မှာ ရှိတဲ့ဆိုင် ကလေး..အတော်ကလေးကိုလှပါတယ။် ဆိုင်ထဲမှာပြင်ဆင်ထားတာလဲလှတယ။် လူအုပ်ကများတော့ဘေးလူတွေ ကိုအားနာလို့ထင်ပါရဲ့ အပြင် ဘက်မှာ ဘဲထိုင်ဖြစ်တယ။် သိတ် မမှောင်သလိုနဲ့ ပုံထဲမှာတော့ ဘာမှမမြင်ရသလိုဘဲ။ အားနာမိပြန်ပါတယ။် စလုံးမှာဆိုရင်တော့ အလည်မှာ candle light ကလေး ရှိမယ်ထင်တယ်။ အဲဒါဆိုရင် ပိုပြီး romantic and nice ဖြစ်မယ်လို့ထင်မိတယ်။
အမေရိကန် စပါကတီခေါက်ဆွဲ နဲ့ စတော်ဘယ်ရီဒိန်ချဉ် ကိုဘဲထပ်သောက်ပါတယ။် မပြောင်းလဲ တတ်တဲ့ကိုယ့်ရဲ့ အချစ်တွေပါ။ တစ်ယောက်ကို ကြမ်းခင်းဈေး တစ်သောင်းလောက်ကျမယ်ထင်တယ။် အပိုက်တာဇာ appetizer တွေလည်းနဲနဲပါပါတယ။် ရေခဲရေလည်းပါပါတယ။် စားလို့ကောင်းတယ။် ပန်းကန် တစ်ချပ်လုံးကုန်ပါတယ။် အအေးလည်းကုန်တယ။်
ကိုယ့်ရဲ့အိမ်ပြန်လမ်းက မှောင်နေခဲ့ပြီ။။ဘာမှမမြင်ရဘူးလို့ပြောမလို့လား..မှောင်နေပါပြီဆိုမှ..ညည့်နက်ပြီလေ...
41 comments:
  1. ကျနော့ကိုလဲ ယုဇနပလာဇာက ဆိုင်ခန်းတစ်ခန်း
    ပေးပါ..မမ
    အမဲအူပြုပ်စားချင်တယ်
    Xထုံ
    ReplyDelete
  2. စားမယ်..၀ါးမယ်........
    ReplyDelete
  3. မမစထရိုက်...
    နေကောင်းလား..
    ကိုစတိဖ်နဲ့ အဆင်ပြေလားးး
    Xထုံ
    ReplyDelete
  4. ယုဇန ဦးဌေးမြင့်ပါမချန်လွမ်းတော့တာပဲလား
    ReplyDelete
  5. အီတာလျံ စပါဂတီမဟုတ်ဘူးလား။ ပန်းမှာပေါ့ အစားစုံတာကိုး ဟွန်း..
    (နေနှင့်ဦးပေါ့ကွာ..မကြာခင်..အချိန်လေးမှာ ပြန်ကြွားနိုင်တော့မယ်)
    mm
    ReplyDelete
  6. ဟဲ့ ပလုပ်တုတ်။။ လပ်တိတ်လိုက်တာ
    ReplyDelete
  7. မခင်ဦးမေရယ် အောက်ကစက်စက်ယိုနေလို့တန်းကိုင်နေရတာ
    တောင်တော်တော်ဆုံအောင်စားခဲ့တယ့်ပုံပဲ
    ReplyDelete
  8. ....တန်းကိုရိမ်းဘားလိုခိုပြီးပန်းခဲ့တယ့်မမခင်ဦးမေ...
    ReplyDelete
  9. strike said...
    ယုဇန ဦးဌေးမြင့်ပါမချန်လွမ်းတော့တာပဲလား
    ယုဇန ဦးဌေးမြင့် Europe ကိုလာလို့မရဘူး
    ဒီမှာကြည့်
    ReplyDelete
  10. ဒီမှာစာရင်းအပြေ့အစုံ။
    သူတို့တွေ ဒါကြောင့် ဒူဘိုင်းလောက်ပဲသွားနေတာ Strike ရဲ့
    ReplyDelete
  11. အမေရိကန် စပါကတီခေါက်ဆွဲ ????
    အမေရိကန် ရူးတွေ ဖြစ်ရမယ်
    အမေရိကန် ရှမ်းခေါက်ဆွဲရော ရလား :)
    ReplyDelete
  12. မမ ရယ် စုံနေအောင်ကို သွားတာပါပဲ၊ အားကျလိုက်တာ
    ReplyDelete
  13. မမ နောက် လိုက်စားရတာ မောတောင်နေပါပြီ။
    lomotil သောက်ရတာ ဒီသရက်သီးကြောင့် ဖြစ်မယ်။ သရက်သီးတော့ ချန်စားသွားတယ်။
    ReplyDelete
  14. မမ.. စားနိုင်လိုက်တာ..
    Master of Development Study ဖိတ်တာကို လေ့လာ လိုက်စားတယ်ဆိုတာ အဓိကကတော့ လိုက်စားတာ မို့လား
    ReplyDelete
  15. မရောက်ဖူး မမြင်ဖူးတာတွေကို သရေယိုအောင်ထပ်လုပ်ပြန်ပြီ
    နောက်ပြီးဘာတဲ့  အများကြီး
    ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    မောတယ် ပြောရတာ
    ReplyDelete
  16. ဦးငှေးမြင့် .ဦးငှေးမြင့်.....
    ဟီးးး မမkom လက်ရေးလေးက ငှေး မိသွားတယ်..း)
    ၁၁.. ဆက်ရန်.. စောင့်နေပါတယ်..
    ReplyDelete
  17.ှုငှက်ပျောသီးမြင်လို့လားမသိ
    စားချင်တယ်
    စားချင်တယ်
    သြော် စားချင်မှာပေါ့
    အနော်ကမျောက်ပဲကို
    ReplyDelete
  18. ကဖိုးစိန်ရယ်ဌက်ပျောသီးမှစားချင်တော့တာပဲလား
    ReplyDelete
  19. ဟုတ်ပါပြီ စတိရယ်...သူတို့တွေလဲဒီလောက်ပဲသွားလို့ရလို့သာပဲ
    ReplyDelete
  20. ပုဇွနတောင်ဈေး ဆိုတော့ ဟို ရေကျော်နားကပုဇွန်တောင်ဈေးနဲ့နီးမှာပေါ့နော်
    ReplyDelete
  21. စတားကိုလာဆိုတာ ပက်စီ. ကိုကာ ကိုလာ နဲ့ဆင်ပါတယ။် လီမွန်ကရင်ဆိုဒါကတော့ စပါကလင် ပေါ့. ရှင်းတယ်နော်။???
    ပက်စီမသောက်ဘူးလား...
    စတားကိုလာ တခါမှ ဒီမှာမတွေ့သေးဘူး
    ReplyDelete
  22. အမ အိမ်အပြန်လမ်းက လမ်းမီးတွေ ထိန်လင်းနေတော့ သိပ်မမှောင်ပါဘူး။ ကျနော်တို့ ရပ်ကွက်ဆို ညဘက် အပြင်ထွက်မရဘူး။ လ မသာရင်။ ရန်ကုန်ပြန်ရောက်နေပြီလား အမ။ မုန့်ကျွေးချင်ရင် ခေါ်လိုက်နော်။
    ReplyDelete
  23. အပီတိုက်စား appetizer တွေကို ပြောပြပါအုန်း
    ReplyDelete
  24. မမကွမ် မျက်စိ မကောင်းတာကတော့ သေချာနေပါပြီ။
    လီမွန် စပါကလင်လို့  ပုလင်းပေါ်မှာ ရေးထားတာကို လီမွန် ကရင်ဆိုဒါလို့  မြင်တာကိုး ...
    ကရင်ဆိုဒါနဲ့  စပါကလင် မတူတာ မေ့သွားပြီကိုး ...
    ReplyDelete
  25. မီးမီးချစ်May 19, 2009 at 10:22 AM
    ဦးငှေးမြင့် စတိုင် နဲ့ ငှဲ ငှဲ ငှဲး)
    ReplyDelete
  26. အစ်မဓါတ်ပုံတွေ ရိုက်ခဲ့တာတွေ့မှ အကြံတစ်ခု ရသွားတယ်။ နောက်တစ်ခါ ပြန်ရင် အစ်မလို ဖုန်းကင်မရာနဲ့ဘဲ မသိမသာ လိုက်ရိုက်တော့မယ်။ မဟုတ်ရင် တစ်နေရာရာရောက်လို့ ဓါတ်ပုံရိုက်မယ်ဆိုပြီး ကင်မရာထုတ်လိုက်ရင် လူတွေက ငပေါလားဟ ဆိုတဲ့ ပုံစံမျိုးနဲ့ ဝိုင်းကြည့်ကြလွန်းလို့။ ငပေါ အဖြစ်မခံနိုင်တာနဲ့ ဓါတ်ပုံ သိပ်မရိုက်ဖြစ်ဘူး။ ဘလော့ဂ်ဂါ ပီသပါပေမယ်။ တော်တော်လေးကို နှံ့နှံ့ စပ်စပ် ရိုက်ခဲ့တာဘဲ။ :)
    ReplyDelete
  27. လိုမိုတေး၊ဒက်ကိုတေး တွေထက်ကောင်းတာ ဘလောက် ဆိုတာတမျိုးရှိတယ်။ တလုံးပဲသောက်၊ တခါထဲပိတ်ပြီး စားချင်တာအကုန်စားလို့ရတယ်။ ရှောင်စရာမလိုတော့ဘူးဗျ
    ReplyDelete
  28. ပုရွက်ဆိတ်May 19, 2009 at 4:40 PM
    ဟားဟား ရယ်လိုက်ရတာ အမခင်ဥမင်ရယ် ... ဦးငှေးမြင့်တို့ နီပ်ကျီပ်ရှစ်ဆူတို့
    စာလုံးပေါင်းတွေက လန်ထွက်နေတယ်။
    ဆယ်တန်းတုန်းက မြန်မာစာဂန်ထူးနဲ့ အောင်ခဲ့သလား။ အဲ ... မှားလို့ ဂုဏ်ထူးနဲ့အောင်ခဲ့သလား ငှင် ဟင်ဟင် ... :D
    ချစ်လို့ကျီစယ်တာနော် အမကြီး
    ReplyDelete
  29. ရေကျော်လမ်းဒေါင့်က မောင်အေး စမူဆာ မစားခဲ့ဘူးလား
    ReplyDelete
  30. ဖီးကြမ်းလွမ်းလိုက်တာ။ ကုလားဆိုင်က ဖီးကြမ်းနဲ့  ဆင်တူတာ ဝယ်တာ မတူဘူး။ မမှည့်ဘဲနဲ့  ပုပ်သွားတယ်
    ဟုတ်ပ့ါ ကင်မရာနဲ့ အစားသောက်ချိန်လိုက်ရင်ဈေးသည်တွေက မျက်နှာ ဖုံးထားကြတာ အားနာလို့ မရိုက်ခဲ့ရပါဘူး
    ReplyDelete
  31. မမ နောက်တပိုင်းကျရင် လမိုက်ညမှာ သရုပ်ဆောင်ပီချေးနဲ့ မည်းမည်းကြီးကျောက်ကျော သောက်ခဲ့တဲ့အကြောင်းရေးဦးနော်...။
    မေမြို့ပန်းတွေလှတယ်..
    ဝက်သားဒုတ်ထိုးစားချင်လိုက်တာ။
    ReplyDelete
  32. ခင်မောင်သိန်းထွန်းဝင်းနဲ့ သွားတော့ ဦးကပ်စီးက သူ့တူကို အပြင်လွှတ်တယ်လား...။
    ပြာဂလောင်နဲ့ပဲတွေ့တာပေါ့ ပြာလချောင်ကို သနားစရာ မမရှင်ဂွမ်းဂွိရယ်.... ။
    ယုဇန ရဲ့ နာမည်ဖတ်လိုက်ရတာ မရယ်ပဲ မနေနိုင်အောင်ပါပဲ မမရယ်...။
    ဦးဌေးမြင့်က မြန်မာဘလော့ဂ်တွေ ဖတ်လေ့ရှိလား...အင်။
    မမဘလော့ဂ်ကို လာဖတ်ရင် သူ့နာမည်သူပြန်ဖတ်ပြီး ဦငှေးမြင့်တစ်ယောက် ငှင်းငှင်းငှင်း လို့ ရယ်သွားလိမ့်မယ်ထင်တယ်...။
    ReplyDelete
  33. လာဖတ်ပါတယ် မမ :P
    ReplyDelete
  34. ခင်မောင်သိန်းထွန်းဝင်းနဲ့ သွားတယ်ဆိုတော့ မမကိုယ်တိုင်က ဦးကပ်စေး ပေါ့
    ReplyDelete
  35. - ယုဇနဲ့ ဦးငှေးမြင့်က ဘာဆိုင်လို့လဲဟင်။
    - ဦးဌေးမြင့်တော့ ကြားဖူးတယ်။ ဦးငှေးမြင့်ဆိုတာတော့ မကြားဖူးဘူး။
    - အဗိုက်တာဆာတွေက မိုက်လှချည်လားဗျာ။
    ReplyDelete
  36. မမနဲ့ တွဲခုတ်သွားတဲ့ လူကြီး တွေ့ပြီဗျို့
    မမကလဲ တွဲစရာရှားလို့ ..
    ကိုမဆလာနဲ့ တိုင်ကျောမယ် ...
    ReplyDelete
  37. ဦးငှေးမြင့်..ဦးငှေးမြင့်..ဟားဟား..အဲလိုပဲ အော်ရီလိုက်ပါရစေမကြီးရေ....။ စိတ်ညစ်နေတဲ့အခါ လာရယ်စရာနေရာလေးရှိနေပေးတာ...ကျေးဇူးပါ။
    ReplyDelete
  38. ထမင်းစားချိန်နဲ့ ကွက်တိလာဖတ်မိတော့ ဒုက္ခနဲ့ လှလှ တွေ့တာပဲ။ (၃၄)လမ်းထိပ်ပြေးပြီးပဲ အမဲအူပြုတ်သောက်ရမလို။ ဟိုလိုလို ဒီလိုလိုဖြစ်သွားတယ်။
    မှတ်ချက်။ သင်ပြောသော အမေရိကန် စပါဂက်တီအား လေ့လာလိုက်စားခြင်းငှာ လတ်တလောငွေစမရွင်သေးကြောင်း ကျွန်ုပ်`ကိုငှေ (အဲလေ) ကိုကေ´မှ အသိပေးအပ်ပါသည်။
    ReplyDelete
  39. ကျွန်မက အာရှတော်ဝင်နဲ့  မလှမ်းမကမ်းက အမဲအူပြုတ်ကို အရမ်းကြိုက်တယ်…
    မမတင်ပေးတဲ့ပုံလေးတွေ့ ပြီး မနေ့ က adam food court မှာ အမဲအူပြုတ်သွားသောက်တယ်… အရင်က ကုလားဆိုင်မှာ သောက်နေကျကို အဲဒီနေ့ က တရုတ်အမဲအူပြုတ်သောက်ကြည့်တာ ဆိုးလိုက်တာ… ကုလားအမဲအူပြုတ်ပြောင်းသောက်ရတယ်…
    ReplyDelete
  40. လေ့လာလိုက်စားလာတယ်လား .. မမကွမ် .. :D
    ညီမလည်းစား၇မယ်ဆို လိုက် လေ့လာချင်လိုက်တာ .. :D
    ReplyDelete