Thursday, May 28, 2009
Yangon 14
၄၂လမ်းထိပ်က မုန့်ဟင်းခါးစားတယ် နစ်ပွဲပါ. တကယ် ဘုရားစူးစားပါတယ။် ကောင်းတယ။် လဘက်ရည်လည်း သောက် တယ်။ ခင်မောင်သိန်းထွန်းဝင်းနဲ့ဘဲ။ ဝန်ကြီးများရု့းံ သက်သေ ရှိပါတယ်။
Anonymous said...
အဲဒီနားမှာ ကြံရည်ဆိုင် ရှိသေးလား ?
mie nge
43 comments:
  1.်ဝေး ဘောလုံးပွဲရှိလို့ ထင်တယ်
    ဒီခါတော့ဦးဆုံးမန့် ရတယ်
    ရွာမှမရှိတာပဲ လာလာပြနေတယ်
    ရှမ်းမုန့် တီစားချင်တယ် မကြီး
    ReplyDelete
  2. ငြုပ်သီးတွေ စားလှချည်လား
    အဝင်ထွက် အစပ်ထွက်.. အဲဟုတ်သေးပါဘူး
    အဝင်စပ် အထွက်စပ် ဖြစ်တော့မှာပဲ
    တို့ အစ်မကြီး...
    ReplyDelete
  3. ပေါက်စီက ကိုဘွိုင်းပေါင်စီထက် မကောင်းဘူးထင်တယ်
    ကိုဘွိုင်းပေါက်စီက ပိုကြီးတယ်ဆွဲဆောင်မူရှိတယ်
    ခုလို ပိန်ချုံမနေဘူးလို့ ထင်တာပဲ :D
    လက်ဖက်ရည်တော့ကြိုက်ဘူး
    အရောင်မတူလို့ မကြိုက်တာ :P
    ReplyDelete
  4. အမကြီး ဒီလောက်စားခဲ့တာ ဘာမှမဖြစ်ခဲ့ဖူးလား ? စားနိုင်တယ်လား ? အံ့သြောပါ၏။
    mie nge
    ReplyDelete
  5. အတင်းကိုမန့် တာ စာလုံးပေါင်းတောင်မှားသွားတယ်
    ပေါက်စီ ကနေ ပေါင်စီ ဖြစ်သွားတယ်
    မကြီးရေ ပေါင်စီ အဲ့လေ ပေါက်စီ စားချင်တယ်
    ကိုဘွိုင်းလိုပေါက်စီလေ
    ReplyDelete
  6. အဲဒီမုန့်ဟင်းခါးဆိုင်လေးကို ဆယ်တန်းတုန်းက ခဏခဏ ရောက်တယ် မမ။ မင်းသမီး အိမ်ရှေ့နားကလေ။ မုန့်ဟင်းခါး သိပ်ကောင်းတယ်။ ချိုသင်းက ပုံနှိပ်ကော်ပိုရေးရှင်းက အမဆီမှာ စာလာလာ ကျက်တာ။ သူက နေ့လည်ဆို အဲဒီဆိုင် ခေါ်သွားကျွေးလို့လေ။
    လှထုံ စုံထောက်ကြီး လုပ်သွားတယ်။
    ReplyDelete
  7. အဲဒီနားမှာ ကြံရည်ဆိုင် ရှိသေးလား ?
    mie nge
    ReplyDelete
  8. မမ မုန်ဟင်းခါးနဲ့ လက်ဖက်ရည် သောက်မယ်၊ ငြုပ်သီး များများ
    ReplyDelete
  9. ခုချက်ချင်းစားချင်လာပြီ။
    ငရုတ်မှုန့် လည်းမရှိ
    မုန့်ဟင်းခါးထုတ်လည်းမရှိ
    စားချင်က အညော်ခံ အနံခံ ချက်စားရမည် ဖြစ်၏။
    ပေါက်စီစားချင်လာပြီ။ စားချင်က စနေနေ့ တွင် လုပ်ကျွေးရန် ဆန္ဒပြုကြည့်ရမည် ဖြစ်၏။
    လက်ဘက်ရည်ထုတ်ကုန်နေ၏။
    သောက်ချင်က လက်ဘက်ရည်ထုတ်ရနိုင်သော စူပါမတ်ကိုသွားရမည်ဖြစ်၏
    လောလောဆည် ပုံများကိုကြည့် ရေသောက်နိုင်၏။
    ReplyDelete
  10. မုန့်ဟင်းခါး စားချင်လိုက်တာ ... ဘောပွဲ ၁ half ပြီးတုန်း ခဏ ရောက်လာပါတယ် မကြီး kom ဘာကာ မန်ယူ ၁-၀ လောလောဆည် လာကြည့်ဦးမလား .. :D
    ReplyDelete
  11. ဘောလုံးပွဲကြည့်ရင်း မုန့် ဟင်းခါးပါတယ်ဆိုလို့  အပြေးလာဆွဲပါတယ်။ လွမ်းလွန်းလို့  မျက်ရည်များတောင် ကျမိပါတယ်။ တောက်..တောက်..တောက် (မျက်ရည်ကျသံ)
    ReplyDelete
  12. ဘာမှ မမြင်ဘူး
    ပိုက်ဆံကိုပဲမြင်တယ်
    ReplyDelete
  13. အဲဒါတွေ စားဖို့အဲ့ ပိုက်ဆံလိုတယ်
    ပိုက်ဆံပဲပေးပါ မကြီး
    ခင်မင်လေးစားစွာဖြင့်
    ဖိုးစိန်
    ReplyDelete
  14. ပိုက်ဆံ လိုနေတယ် အမရေ ပိုက်ဆံပဲပေးပါ။
    မောင်လေး ရီနို
    ReplyDelete
  15. မုန့်ဟင်းငါးပဲ စားချင်တယ်..
    ပြီးတော့ ကြံရည်သောက်..
    ကျနော်ပြန်တုန်းက မမလို
    ဘာစားစားဓါတ်ပုံရိုက်ဖို့ သတိမရလိုက်ဘူး..
    ဟီးးး
    X ထုံ
    ReplyDelete
  16. ၂ ပွဲတောင် စားခဲ့သတဲ့...
    ငါ့မှာတော့ တပွဲတောင် မစားရ...း(
    ReplyDelete
  17. ဟင်!!!
    အဲဒီ တစ်ထောင်တန် အုပ်ကြီး ကုန်ကရောလား
    အဖွား
    ဘုရား..ဘုရား
    ReplyDelete
  18. သွားရည်ကျအောင် လုပ်နေပြန်ပြီ
    ReplyDelete
  19. 42လမ်းထိပ်က မုန့်ဟင်းခါးဆိုတော့
    ရွှေဥလား
    လက်ဘက်ရည်ဆိုင်နဲ့တွဲဖွင့်ထားတာ
    ပြောရင်း စားချင်လာပြီ...း)
    မနော်
    ReplyDelete
  20. ရီမိုကဲ့သို့ ဘုရားတ မိပါသည်။ ဂယ်ကြီး အဲဒီလောက် ကန်ုမယ်ဆိုရင် အနော် ပြန်ဖို့တောင် အတော်စဉ်းစားရပါမည်။ အဟင့်-- ရွှတ် -- ဖတ်။
    ReplyDelete
  21. ကိုအောင်သာငယ်ကြီး...... LAက Culver City မှာ Jasmine ဆိုတဲ့ မြန်မာပြည်က လာတဲ့ ကုလားစားသောက်ဆိုင်မှာ မုန့်ဟင်းခါး ကောင်းကောင်း စားလို့ရတယ်ဗျ။ ရန်ကုန် ၄၂လမ်း မုန့်ဟင်းခါးကို ကောင်းကောင်းမှီတယ်။
    ReplyDelete
  22. ငှက်ပျောဖတ် ၊ ပဲကြော် အကုန်ပါတယ်ဗျို့..... ကြုံရင်စားကြည့် ကျွန်တော်အားတဲ့ရက်ကို လိုက်ကျွေးဆိုလဲ ကျွေးပါ့မယ်။ :D အမ မချိုသင်း တို့ စုံတွဲပါ ခေါ်ခဲ့ဗျာ....
    ReplyDelete
  23. မုန့်ဟင်းခါးပန်းကန်က ငရုတ်သီး နိုင်းချင်းနဲ့ဆိုတော့ စားချင်လာပြီ။ တပွဲလောက်ပါ မမ Kom ရေ.......... အိမ်ပြန်မှ စားပလိုက်အုံးမည်။
    ReplyDelete
  24. ကျွန်တော့်အတွက် ပေါက်စီ ၀ယ်ခဲ့။ ဒီက ပေါက်စီတွေ မားမကောင်းလို့။ ခု ပုံထဲက ပေါက်စီ စားချင်တယ်ဗျို့။
    ReplyDelete
  25. ကြံရည်ဆိုင်ပုံ တင်ပေးတဲ့အတွက် ကျေးဇူးပါ ။ မkom စိတ်ကြီးတယ်နဲ့တူတယ် မမေးရဲလောက်အောင်ဘဲနော်...
    mie nge
    ReplyDelete
  26. ချိုသင်းတဲ့ကွနော်...
    စုံထောက်လုပ်တာ တော်တော်လေး တော်နေပါပေါ့လား... အမကို မမပေးထားတဲ့ နာမည်ကို ချိုသင်းကို ပြောင်းပေးလိုက်တော့မယ်နော်...။ (မမရေ... ကျေနပ်တယ်နော်...)
    စုံထောက်ကြီး ချိုသင်း... ဟဲဟဲ...
    ReplyDelete
  27. မုန့်ဟင်းငါးပဲ စားချင်တယ်..
    ReplyDelete
  28. မမရေ ၄၆ လမ်းထဲက ဆိုင်တော့ ရောက်သွားတယ်။ မစားလိုက်ရဘူး။ ကုန်ပြီတဲ့။
    ReplyDelete
  29. မုန့်ဟင်းခါးကြိုက်တယ်.. မမရေ.. ကျွန်တော်က လသာ.. ပတ်ကားရွှေဆိုင်ရှေ့ က မုန့်ဟင်းခါးကို အကြိုက်ဆုံး... ဟီး..
    ReplyDelete
  30. ကြံချောင်းပဲ စားချင်တယ်
    ReplyDelete
  31. မမ နိမိတ်ပုံတွေ သုံးထားသည်။
    (၁) တထောင်တန် အုပ်နှင့် ဘောပန်တချောင်း။
    (၂) သောက်ရေအိုးလေး ၂ လုံး။
    (၃) မုန့်ဟင်းခါး ပဲကြော်နှင့် ရှောက်သီးတစိတ်၊ နံနံပင် ငရုတ်သီးမှုန့်။
    (၄) ပေါက်စီ ၂ လုံး တစ်ရှုးဘောက်စ်
    (၅) လက်ဖက်ရည် ဇွန်းတပ်၊ ရေနွေးကြမ်းခွက်
    (၆) ထောင်ထားသော ကြံချောင်းများ
    (၇) သစ်သားတွေ မ-နေသော လူတယောက်
    ကိုယ့်ဟာကိုယ် နားလည်သလို အဓိပ္ပါယ် ဖွင့်ပြီး ခေါင်းတညိတ်ညိတ်လုပ်ကာ ပြန်သွားပါပြီ။
    ===============================
    ကြံချောင်းစားချင်သောာ Mae
    ကျန်ကျောင်းရော စားမလားငှင် ...
    ReplyDelete
  32. ကိုယ်က ရန်ကုန်မှာ အိမ်နဲ့ယာနဲ့ နေတာဆို တော့ အိမ်မှာချက်တဲ့ မုန့်ဟင်းခါးကိုအကြိုက်ဆုံးပဲ။ :) တခါတလေတော့ လဲ မြောင်းမြဒေါ်ချို နဲ့ ခင်ထွေးရီ မုန့်ဟင်းခါး စားပါတယ်။ Parcel ပေါ့. ဆိုင်တော့ သွားမစားဘူး ဘူး
    ReplyDelete
  33. လက္ဘက်ရည်ပေါ့စိမ့်လေး သောက်ချင်တယ်..
    ReplyDelete
  34. ငရုတ်သီးတွေ ကြိတ်လှချည်လား မမရယ်။ ခင်မောင်သိန်းထွန်းဝင်း နဲ့ပဲ လျှောက်သွားနေတာပါပဲလားနော်။ သူဌေးမကြီး ဒေါ်ကပ်စေးပေါ့။
    (အပေါ်မှာ စတိက ဘလိုင်းကြီး ၀င်ကြွားသွားပါလား)
    ReplyDelete
  35. မမ ကွန်က ၂ ပွဲတောင် စားခဲ့မှာ ပေါ့ ..နဲနဲလေးပဲ ပါတာကိုး..း)
    ReplyDelete
  36. အနောနမတ်စ်May 29, 2009 at 12:44 AM
    “စတိဖ်” က လူမြင်မခံဝံ့ တဲ့ ရောဂါရှိပုံရတယ်. ဆုံဖြစ်ကြရင် အတူတူစားကြတာပေါ့
    မရွံတတ်ပါဘူးး
    ReplyDelete
  37. ဖိုးစိန်ဆီမှာ ယူရိုငွေတွေ တွေ့ခဲ့တယ်
    ReplyDelete
  38. ဒါ 14 ခါမြောက်မနာလိုခြင်းပါ....။
    သွားရည်ကျကျပြီး ပြန်သွားရလို့ :(
    ReplyDelete
  39. ရန်ကုန်က ပုဂံတွေက ကလေး ကစားစရာလို သေးသေးလေးတွေ မဝဘူး။ လက်ဘက်ရည်ဆို တငုံထဲ ရှိတာ ၂ခွက်ဆင့်သောက်ရင်လူကြည့် ခံရမှာစိုးလို့ ဆိုင်ပြောင်းသောက်ရတာ ၃-၄ ဆိုင် ...မုန့်ဟင်းခါးက လည်း ငံလွန်းလို့ ရေနွေးထဲ့စားရတယ်။ တပုဂံဆို နဲလွန်းလို့ ဘယ်ဝမလဲနော်..ဒီမှာ တရုတ်တန်းက ပေါက်စီက ငံငံကြီး ရန်ကုန် ပေါက်စီကို လွမ်းလာပြီ။ နက်ဖြန် ပေါင်မုန့် သကြားရည်သုတ်ပြီး ဝက်သားပေါင်းနဲ့ စားမှ
    ReplyDelete
  40. အမရေ... မုန့်ဟင်းခါး ကောင်းကောင်းလေး စားချင်တယ်..ချဉ်ငံ စပ်လေးပေါ့...
    ReplyDelete
  41. ဒီထောင်တန်အုပ်ကိုမြင်ဖူးပါတယ်ကြည့်နေတာ..လက်စသပ်တော့ အရင်တုန်းက ထောင်တန်အုပ်လေးပဲကိုး..မကုန်သေးဘူးလား။ မုန့်ဟင်းခါးလေးစား လက်ဖက်ရည်လေးသောက် ဇိမ်ပဲနော်။
    ReplyDelete
  42. ကျွန်တော်က နောက်ဆုံးကနေရေရင် ပထမအမြဲရနေကျပါ... ဒီပထမကို သူများရသွားမှာတောင်အရမ်းကြောက်တယ်၊
    မုန့်ဟင်းခါးတော့ သားရေကျတယ်၊ နေ့တိုင်းမနက်စာက မုန့်ဟင်းခါး(အီကြာကွေး) (ငြုပ်သီး သံပုရာသီး နှစ်ခြမ်းလောက်ညှစ်တယ်) စားဖြစ်တယ်လေ တစ်ခြားက ဒီမှာမရှိဘူး..
    ရန်ကုန် စီးရီးအပိုင်း(၁၀၀)မြောက်အောင်ရေးမယ်ထင်တယ်နော်
    ReplyDelete
  43. အဲဒီမုန့် ဟင်းခါးတပွဲကကျနော်တို့ စား၇င် ၅ပွဲမှလောက် မဲ့ အနေထားမျိုးဗျာမုန့်ပွဲလေးက သေးသေးလေးတွေ၇ှားပါးလိုက်ပုံများပြောပါတယ်
    ReplyDelete