Monday, June 8, 2009

Submission

စာတွေကိုမိုးချုပ်မှရေးဖြစ်ပါတယ။် ဘာဖြစ်လို့လဲပြောထားပြီးသားပါ. ကိုယ်ရေးတဲ့ဘေးမှာ တစ်ယောက်မှ မရှိစေချင်ပါဘူး။ တိတ်ဆိတ်နေခြင်းဟာ. စိတ်ကိုချမ်းမြေ့စေပါတယ။် စာကို မိုးချုပ်မှ လူလစ်မှ တင်ပါတယ်။ ဘာဖြစ်လို့လဲ။ကွန်မက်တွေ ကြောင့်ပါ။ စာရေးတဲ့သူက ကွနမက် ကိုလိုချင်ပါတယ။် ဘာဖြစ်လို့လဲ။ ကိုယ့်ရေးတဲ့စာကို ဘယ်လိုထင်သလဲမြင်သလဲ ရေးသွားတာကို ဖတ်ချင်လို့ပါ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကျေနပ်ပါတယ်။ ဘာမှ မရေးလဲလူလာရင် ကျေနပ်ပါတယ်။ လူစည်အောင် ဓါတ့်ပုံထဲ့ရင် ကောင်းမလားလို့တောင်စဉ်းစားပါတယ။် ရှိတဲ့လူကလေးတောင် ပြူတ်သွားမှာ စိုးတဲ့ စိတ္တဇကို စာဖတ်သူများသြီ့ပီးသားပါ။

အနုပညာသမားများရဲ့ဘဝဟာ ကြောက်ဘို့လည်းကောင်း သနားဘို့လဲကောင်းပါတယ။် လူတွေက နာမည်ကြီးတယ်သာဆိုကြတယ်။ ပိုက်ဆံတွေ ရတယ်သာ ဆိုကြတယ်။ ကိုယ်အနုပညာသမား မဟုတ်ပါဘူး. စာရေးသူတစ်ယောက်သာဖြစ်ပါတယ။် နာမည်ကြီးတယလို့ ဆိုကြတယ။် ဘာလို့နာမည်ကြီးသလဲ။ အားထုတ်မှူအပေါ် မူတည်ပါတယ။် ဘာသာရပ်တစ်ခုအပေါ့် အချိန်ပေးပြီးလေ့လာရင်အချိန်အတန်အသင့် ကြာရင် အောင်မြင်မှူတစ်ခုရတာ လောကနိယာမတစ်ခုပါ. သိတ်တော့ ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူး။

လူလစ်မှ တင်တယ်။ ဘာဖြစ်လို့လဲ။ အဲဒါလဲ စိတ္တဇပါဘဲ။ စာရေးပြီးတင်လိုက်လို့ ဘယ်သူကမှ အဖက်မလုပ်ရင် ခံနိုင်ရည်ရှိပါ့မလား ကိုယ့်ကိုယ်ကို မသေချာလို့ပါ။ ဘယ်သူမှ လာမဖတ်တဲ့ စာတစ်ပုဒ်ကို ကိုယ်ဆက်လက်ရေး နေနိုင်ပါ့မလား။ ညသန်းကောင်း ထတင်တော့ ဘယ်သူမှ လာမဖတ်လဲ ကိုယ်ဘယ်လိုမှ မခံစားပါဘူး။ အင်းလေ. လူတွေ အိပ်နေကြတာကိုး.ငါတင်ထားတာ ဘယ်သူမှ မှ မသိဘဲဆိုတဲ့ ခံစားချက်ကလေးနဲ့ယပ်ကလေးခပ်နေလို့ရပါတယ။်

38 comments:

  1. ဘာသာရပ်တစ်ခုအပေါ် အချိန်ပေးပြီးလေ့လာရင်အချိန်အတန်အသင့် ကြာရင် အောင်မြင်မှု့တစ်ခုရတာ လောကနိယာမတစ်ခုပါ။ ဆိုတာကို မှတ်သားသွားပါတယ်အမ....... ကျွန်တော် First...... :D

    ReplyDelete
  2. Zawgyi font users: ask yourself
    Are you an ethnic cleanser ?
    Are you destroying the cultures, languages of Mon,Shan,karen,Kayah etc.,?
    You might have blood in your hands.
    Read about Zawgyi font at http://tr.im/mnh8 how Zawgyi font deliberately abuse
    our brothers' culture and languages .

    ReplyDelete
  3. ဟုတ်ကဲ့..

    “ကိုဇော်ကြီး” ပြောမှ ဇဝေဇဝါ ဖစ်တွားb.

    ReplyDelete
  4. ဟုတ်တယ်နော်မမ.. တစ်ချို့တွေက အောင်မြင်မှုတစ်ခုရလာရင် အဲဒီလူဘယ်လောက်အချိန်ပေးပြီး ကြိုးစားခဲ့ရတယ်ဆိုတာကို မမေးကြဘူး..
    သူလို့ပဲတန်းအောင်မြင်ချင်ကြတာ...

    ReplyDelete
  5. နက်နက်နဲနဲတွေးပြီး
    လေးလေးပင်ပင် ပြန်သွားပါတယ်..။။

    Xထုံ

    ReplyDelete
  6. သြော်မမရယ်.. လူလစ်တဲ့အချိန် တင်တဲ့ စာတွေကို စောင့်ဖတ်သူတွေ အများကြီးပါ၊ သိပ်လဲ စိတ္တဇမဖြစ်ပါနဲ့၊ နံ့သာမွှေးယပ်တောင် ပေးမယ်လေ၊ စိတ်ကြည်အောင် .. အဟတ်

    မမဆီက ပညာဆည်းပူးဖို့ စောင့်နေတဲ့ ဘဏ်လေးကိုလဲ မမေ့ပါနဲ့

    ReplyDelete
  7. ဒီတစ်ခါ မကြီးပိုစ့်ကို ဖတ်ရတာ ပိုအားရသလိုပဲ...
    စာလေးတွေရှည်လာလို့...
    စိတ္တဇတော့ မဖြစ်စေချင်ဘူး ကိုယ့် အမကြီးကို..
    ဘယ်သူမှ မဖတ်ရင် ကျနော်ဒိုင်ခံလာဖတ်မယ်။...
    ငိုက်နေရက်နဲ့ လေးပင်နေတဲ့ မျက်လုံးကိုပြူးဖြဲ
    မသယ်နိုင်တဲ့လက်ကို ကွန်ပြူတာပေါ်တင်ပီး...
    အနည်းဆုံး
    မကြီးနည်းပညာအတိုင်း
    visited
    ဖတ်သွားပါသည်။
    အလည်ရောက်ပါသည်။
    လို့တော့ ရေးမှာပါ...
    မကြီးလဲ ခံစားချက်လေးကို ယပ်တောင်မခပ်ပဲ
    အဲယားကွန်းခန်းမှာ ဒူးလေးနှန့်လို့ သီချင်းလေးဆိုပြီး
    ကော့မန့် ဖတ်ပေါ့
    စိတ်ကူးယဉ်ကြည့်လိုက်
    ဘယ်လောက်များ အရသာရှိလဲလို့
    ချစ်ခင်လေးစားစွာဖြင့်
    ရုံပတေသီးကိုရေရော
    တရော်ကို ဇီးသီးနဲ့ဖျော်ထားတဲ့
    ဖိုးစိန်

    ReplyDelete
  8. မကြီး လာပါတယ်း) ဒီတခါ ည ည တိတ်တိတ်လေး လာချောင်းမယ်။ ဒါမှမဟုတ် ပိုစ့်တင်တာနဲ့ SMS ပို့ပေးပါ့လား အဟီးးးးးးးးးး ဒါမှ နံပါတ် ၁ ရတော့မှာ...

    ဘာသာရပ်တစ်ခုအပေါ် အချိန်ပေးပြီးလေ့လာရင်အချိန်အတန်အသင့် ကြာရင် အောင်မြင်မှု့တစ်ခုရတာ လောကနိယာမတစ်ခုပါ မှတ်သားထားပြီး လေ့ကျင့်ရဦးမယ် ကျေးဇူးပါ

    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  9. ဒီတစ်ခါ မန့်တာ သိပ်နောက်မကျဘူး...။

    စိတ္တဇ မဖြစ်ပါနဲ့ မမ...၊ စိတ်နှစ်ဇ ဖြစ်ပါ.. အဲလေ...
    ဓာတ်ပုံတင်လိုက်ပါ.. ကောမန့် ဒိထက်ပိုများမယ်...။

    ပုံ/ မြင်ဖူးလိုသူ တစ်ဦး

    ReplyDelete
  10. လာလည်သွားပါတယ်.

    ReplyDelete
  11. ဓါတ်ပုံသာတင်လိုက်လို့က
    တစ်နေ့ အနည်းဆုံးသုံးခေါက်း)း)
    စာနဲ့တင်တော်တော်ဆွဲဆောင်မှုကောင်းနေပြီ

    ReplyDelete
  12. မနက်ချက်ပြုတ်ပြီးလို့ ဘလော့လည်ရင် မမ ဘလော့ရောက်တာနဲ့ကွန့်မန်ွှကအနည်းဆုံး ၁၀ အထက်ပဲ။ကိုယ့်ကိုကိုယ် မမ ရဲ့ပိုစ့်ကို ဘယ်တော့များမှနံပါတ်၁ မန့်ရမလဲအားငယ်မိတယ်။း(
    မမရယ်၁ခါလောက်ပိုစ့်တင်ခါနီး၅မီးနစ်အလိုလောက်ကျရင် ဒီနံပါတ်(x1xwl;aNcmufxig; eHygwfzdk;)ကို rufaqhav; ပို့ပါလားငှင်။

    ReplyDelete
  13. မမရေ..
    လည်ရမှာ ပျင်းနေတာ.. မမဆီတော့ အမြဲရောက်တယ်.
    ဓါတ်ပုံလေးပြပါ မမရာ.. နောက်ကျောလေးပဲ မြင်ရ မြင်ရ.. ဟီးး

    Sin Sin က လှထှာ .း)))

    ReplyDelete
  14. တို့ မမကတော့ အပြောကောင်းပဲဟေ့။ သူ့လောက် ကွန်မန့်တွေ အများကြီးရနေတဲ့သူကများ။ ကွန်မန့်ပေးတဲ့သူတွေကိုတောင် တိုကင်လေးများ ပေးထားရင်ကောင်းမယ်ထင်တယ်နော်.. :)

    မမ ကြိုးစားအားထုတ်ထားတာကတော့ လက်ဖျားခါပါရဲ့.. မမလို ဘလော့ဂ်တွေဆီ ရောက်နေတတ်တာရယ် ပုံမှန် ပို့စ်တွေ တင်နေနိုင်တာရယ်.တင်တဲ့ ပို့စ်တွေကလည်း အမောပြေပါတယ် မမရယ်.. ကီးဘုတ်နဲ့ ရိုက်တဲ့ မြန်မာစာလုံးတွေရေးတာတောင်မှာ ကိုယ့်စတိုင်နဲ့ ကိုယ်.. ဘယ်လောက်ကောင်းသလဲနော်..။

    မမ စိတ်ချမ်းသာစွာနဲ့ အေးဆေးပေါ့ပါးစွာ ဘလော့ဂ်နိုင်ပါစေ..

    ReplyDelete
  15. မမန့်ဖြစ်ရင်သာရှိရမယ်..
    ကွန်ပြူတာဖွင့်ကတည်းက ဖွင့်ထားတဲ့ဘလော့ ကွန်ပြူတာပိတ်မှ ပိတ်ပါတယ်..။

    ရုံးမှာရော အိမ်မှာပါ ထိုနည်းလည်းကောင်းပါ..။

    ဓါတ်ပုံတင်ရင်တော့ စဉ်းစားရပါတော့မယ်..
    အမြဲတမ်း ဖွင့်ထားသင့် မသင့်.. ။

    ReplyDelete
  16. မမ ခုရော ယပ်ခပ်ပြီး ကွန်မန့်တွေဖတ်နေတာလား.. =)

    ReplyDelete
  17. အင်း အပြောလေးတွေနဲ့ လုပ်စားနေတယ်ဆိုတဲ့အကြောင်းလေး ရေးရင်ဖတ်ချင်ပါသေးတယ်။ နီးနေပါပြီဆိုတာမျိုးလေးတွေ မကြာတော့ပါဘူးဆိုတာလေးတွေပေါ့

    ReplyDelete
  18. ရိုးသားမှုက အရေးအကြီးဆုံးလို့ ထင်တယ်...
    စေတနာကတော့ နောက်မှ ပေါ့လေ...
    အိမ်တအိမ်ကို သွားလည်မိတိုင်း
    အိမ်ရှင်ရဲ့ ရိုးသားမှုကို
    လူတွေက အရင်ဆုံး တွေ့ပါတယ်...
    ရိုးသားမှုနောက်က စေတနာကိုပါ
    တပါထဲ ထပ်တွေ့လိုက်ရတဲ့အခါ
    လူတိုင်းက ပြုံးပြီး ပြန်သွားကြတာပါပဲ...
    အိမ်တအိမ်ကိုသွားလည်ပြီး
    ပြုံးပြီး ပြန်သွားကြရတဲ့အခါ
    အဲသည်အိမ်ကို
    လူတိုင်း သွားလည်နေကြတော့တာပါပဲ...
    သည်အိမ်ကို
    လာလည်တိုင်း ပြုံးပြီး လာကြသလို -
    သည်အိမ်က ပြန်သွားတိုင်းလည်း
    ပြုံးပြီး ပြန်သွားရတာချည်းပါ....
    (ခု သည်ကွန်မန့်ကိုလည်း
    ပြုံးပြီး ရေး... အဲ.... ပြုံးပြီး ရိုက်သွားပါတယ်... )
    ခုတော့ ပြုံးပြီး ပြန်သွားပြီဗျာ....
    အိမ်ရှင် ပြုံးပျော်ပါစေခင်ဗျား...

    ပုံတင်ချင်ရင်ကတော့
    ကိုရီးယားမင်းသမီး
    ငယ်ငယ်ချောချော တပုံလောက်
    တင်သင့်ပါသည်...း)

    (အကြံကောင်းပေးသွားသည့်အတွက်
    သူငယ်ချင်းအချင်းချင်း စိတ်မဆိုးရ)

    ReplyDelete
  19. သန်းကောင်ချိန်မှာ လွမ်းနေ ဆွေးနေမိ၍ ခုမှ လာဖတ်ရတယ် မမရေ၊ ကြိုက်တယ်၊ ဘယ်တော့ နောက်ထပ် ၁ ရမလဲ မျှော်လင့်ချက်နဲ့ ပြေးလာ ပြေးလာ မရနိုင်သေးဘူး

    ReplyDelete
  20. ၁ ရဖို့ တော့ မမျှော်လင့်တော့ပါ..ကွန်မန့်တွေများလွန်းလို့ ကိုယ့်ကွန်မန့် လေးကျော်သွားမှာပဲ စိုးပါသှ်။

    ReplyDelete
  21. လူအိပ်ချိန်မှာ တိတ်တိတ်လေးရေးထားတဲ့စာကို လူတွေရှုပ်ယှက်ခပ်နေချိန်မှာ တိတ်တိတ်လေး လက်နဲ့ကွယ်ပြီးဖတ်သွားတယ် အမကြီးရေ

    ReplyDelete
  22. ဘယ်လိုရေးရေး ချစ်ဆေးဖော်နေသလား အောက်မေ့ရတာ။ ဒါ တသိန်းမှာ တယောက် မရှိ။ မချွဲပါနဲ့လေ..စိတ်မခိုင်တာ သိသားနဲ့။

    ReplyDelete
  23. လူလစ်မှ တင်တတ်လို့ ဘယ်တော့မှ ပထမ မရဘူး ... လူမလစ်တဲ့ အချိန်တင်ရင်လည်း ဘယ်တော့မှ ထိပ်ဆုံးမရဘူး ... အဲတော့ အောက်ဆုံးကနေပဲ အမြဲမန့်နေရတယ် ... သနားဖို့ ကောင်းလိုက်တဲ့ ဘဝပါလားနော် ... :(

    ReplyDelete
  24. ကိုအောင်သာငယ် ပြောတဲ့ အတိုင်းပါပဲ။



    ပျော်ရွှင်ပါစေမမ

    အယ်ဇီ

    ReplyDelete
  25. ယပ်ခတ်နေပါတယ်.. (ဒီလောက်ပူတာ)
း-)

    ReplyDelete
  26. လူလစ်မှ တင်တယ်။ ဘာဖြစ်လို့လဲ။ အဲဒါလဲ စိတ္တဇပါဘဲ။ စာရေးပြီးတင်လိုက်လို့ ဘယ်သူကမှ အဖက်မလုပ်ရင် ခံနိုင်ရည်ရှိပါ့မလား ကိုယ့်ကိုယ်ကို မသေချာလို့ပါ။ ဘယ်သူမှ လာမဖတ်တဲ့ စာတစ်ပုဒ်ကို ကိုယ်ဆက်လက်ရေး နေနိုင်ပါ့မလား။ ညသန်းကောင်း ထတင်တော့ ဘယ်သူမှ လာမဖတ်လဲ ကိုယ်ဘယ်လိုမှ မခံစားပါဘူး။ အင်းလေ. လူတွေ အိပ်နေကြတာကိုး.ငါတင်ထားတာ ဘယ်သူမှ မှ မသိဘဲဆိုတဲ့ ခံစားချက်ကလေးနဲ့ယပ်ကလေးခပ်နေ.....

    OMG you forget time zone differences between east and west,, and nature of the Internet which is worldwide accessible.

    Instead, you take into account only people living in such a tiny country. I think you have got your fans from different part of the world. Singapore is not only your world, I beleive

    ReplyDelete
  27. မမက တော်တော်လေးကို ဆုတောင်းကောင်းတာပါဆို။

    ReplyDelete
  28. ကျွန်တော်ကတော့ ဘလော့ဂ်တွေကို့ ညဥ့်နက်သန်းခေါင် မဖတ်နိုင်တော့ပါဘူး။

    ကိုအောင်သာငယ် ပြောသလိုးဂုဏ်ကို အမြဲတန်ဖိုးထားပါတယ်။

    ReplyDelete
  29. မြန်မာစာလုံး မပေါ်လို့။ ယိုးဂုဏ်ပါ။

    ReplyDelete
  30. ခုတလော သတ်ပုံတွေ တော်တော်မှန်လာတယ်နော်။ ကိုညီလင်းဆက်ကို သွားပြောဦးမှ။
    တာ့တာ

    (ဒါထက် မင်းသားကြီး KMSL ပျောက်နေတာ တော်တော်ကြာပြီနော်။)

    ReplyDelete
  31. အမ ကတအားချစ်ဖို့ ကောင်းတယ်
    မမန့် ပဲမနေနိုင်တော့ဘူး
    ဓါတ်ပုံ တွေ့ ယင်ပိုတောင်ချစ်သွားမလားပဲ

    ReplyDelete
  32. ဓါတ်ပုံတင်ရင် ကောင်းတာပေါ့ မမရေ
    ပါပရာဇီတွေ လက်ထဲရောက်သွားဦးမယ်။
    စာဖတ်သူ ပိုတိုးလာမှာ အသေချာပါ trial လုပ်ကြည့်ပါလား မမ။

    ReplyDelete
  33. မ့ အရင်ကတည်းက မငုံ လာဖတ်တယ်။ အဲဒီတုန်းက မငုံ ဘလော့တောင် မရေးသေးဘူး။ ဒီတခါပိုစ့်လေးထဲ့က မှတ်သားစရာများကိုလဲ မှတ်သွားပါတယ်။ ပျော်ရွှင်ပါစေနော့

    မကြီးက ညမှပိုစ့်ရေးပြီးတင်တယ်။ မငုံက ညမှအိမ်တကာလှည့်တာ။ အဖော်ရှိတယ်မကြီး။ မကြောက်နဲ့:)

    ReplyDelete
  34. အဟဲ တော်တော်လေးနောက်ကျနေပြီ။ ဘာပြောရမှန်းသိတော့ဘူး။ :D

    ReplyDelete
  35. If you published the post at midnight 2400hrs. in Singapore, I can read it earliest time 2200Hrs. in Chittagong.
    If I stay in Iraq (some time I temporary stayed in Umm Qasr, Iraq), my time will be 1900Hrs.

    Remember:
    Japan, Korea Zone Time: -9 Hrs.
    China, S'pore, Malaysia: -8 Hrs.
    Thailand, Vietnam : -7 Hrs.
    Myanmar (Burma) : -6.5 Hrs.
    Bangladesh : 6 Hrs.
    Iraq: -3 Hrs.
    Canada (depend on location): +7Hrs.
    America " " " "

    Now, are you clear.
    Doesn't matter what time you write and publish your post.

    Bino

    ReplyDelete
  36. Sorry for correction.
    My present position time was wrong.

    Correction: -6 hrs (Minus 6 Hrs)
    Bino

    ReplyDelete
  37. Uncle "Bino"...
    If u don't mind, I would like to say ur comment...You soud say (+) for East part, except (Canada)..Almost Asia countries are earlier than West...So it must be(+) for GMT...Only Canada be (-).

    Here we go,

    Japan, Korea Zone Time: +9 Hrs.
    China, S'pore, Malaysia: +8 Hrs.
    Thailand, Vietnam : +7 Hrs.
    Myanmar (Burma) : +6.5 Hrs.
    Bangladesh : 6 Hrs.
    Iraq: +3 Hrs.
    Canada (depend on location): -7Hrs.
    America " " "


    Freak me out about ur Crew :-)

    JK, uncle Bino

    rgd;

    Lumone

    ReplyDelete