Tuesday, June 2, 2009

ugly lunch









ရန်ကုန်မှာ အစ်မစားတယ်စားတယ် ဆိုပြီးတော့သာ ပြောနေကြတာ။ ဒီမှာ အငတ်ဘေးသင့် နေတာ ကိုတော့မသိကြဘူး။ မြင်တဲ့အတိုင်းဘဲ ဆန်ကလဲညံ့သေးတယ်။ ကြက်ဥကြော်ရယ်။ ပါပလာကြော်ရယ်။ ကြက်သားကလဲ အီး။။…………အမြင်လဲမလှဘူး။ အဆီ ဖယ်စားရသေးတယ်။ ရွေးချယ်စရာလည်းသိတ်မ ရျှိဘူး ။ချက်ပြီးယူသွားရင် ဒီထက် ဆိုးမယ်။

45 comments:

  1. ပထမလာဦးကြည့်တာ
    :D

    ReplyDelete
  2. you dont have a decent job. so you deserve such a low class meal. not surprising. why you post this?

    ReplyDelete
  3. စားလို့ကောင်းရင် ပြီးတာပဲ မမရယ်၊ တခါတလေ အကျယ်မချဲ့ပဲ စားရတာ မမြိန်ဘူးလား? သူငယ်ချင်းတွေ စုမိတုန်း ညသန်းခေါင်မှာ ငပိကြော်နဲ့ ကြက်ဥကြော်နဲ့ ထမင်းကြမ်းစားကြတာ သတိရတယ်၊

    ReplyDelete
  4. နေ့လည်စာကတော့ ထူးမခြားနားပါပဲ အစ်မရယ်။ ကျွန်တော်တို့လဲ ရုံးနားက ဆိုင်မှာ ကြုံရာ တွယ်နေရတာပဲ။ Tuas ထဲမှာ အလုပ်သွားလုပ်တုန်းက ဆိုရင် ပိုတောင် ဆိုးသေးတယ်။ ရွေးစရာကို မရှိဘူး။

    ReplyDelete
  5. ကြက်ဥကြော်လေးနဲ့ ကောင်းသားပဲ မမ။ ချိုသင်းဆို ကြက်ဥကြော်ပါရင် ထမင်းမြိန်တာပဲ။ ဒီက ကြက်သားတော့ မကြိုက်၊ ပါပလာကြော်လေးတောင် အဆစ်ပါသေး။ :)

    ReplyDelete
  6. စားလှချည်လားလို့ ပြောတော့ပါဘူးးးးးးးး မမရယ်... တခါတလေတော့လဲ ဒီလိုဘဲပေါ့လေ....ကျမဆိုတခါတလေ ၁ ကျပ်တန် အားလူးကြော်နဲ့ ထမင်းနဲ့စားဖြစ်လိုက်လဲ မြိန်သွားတာဘဲလေ...နေကောင်ြး ပီလားမ...? (mie nge)

    ReplyDelete
  7. ပါပလာကြော်လေးစားချင်တယ်မမ...မစားရတာဆယ်စုနှစ် တစ်စုရှိပြီ...။ မပြောလိုက်ရလို့နောက်တခေါက် လာပြောရတာ..။ ( mie nge )

    ReplyDelete
  8. နောက်တစ်ခေါက် လာမန့်သွားတယ်။
    ကျွန်တော့် အရင် ကုမ္ပဏီက BMW 7 Series စီးတဲ့ CEO လည်း အပြင်ထွက်ဖို့ အချိန်မရှိရင် ရုံးထဲက ဆိုင်မှာ ကန်းစွန်းရွက်ကြော်၊ ကြက်သား ပြုတ်ကြော်နဲ့ တီးတာပဲ။ တစ်ခါတစ်လေ မဟုတ်ဘူး။ တစ်ပတ်ကို တစ်ခါ နှစ်ခါလောက်ကို စားတာ။ Singapore Lunch က ဒီလိုပါပဲ။ :D

    ReplyDelete
  9. ugly lunchတဲ့ ပြောမှပြောတတ်ပလေကွယ်
    ခွစ် ခွစ် ခွစ် :P

    ReplyDelete
  10. သားသားက ဥ မကြိုက်ပါ

    ReplyDelete
  11. လွန်လွန်း လှတယ် ဖိုးစိန် ရယ်

    ReplyDelete
  12. ပါပလာ ကြော်နဲ့ ဆို မီးမီးလည်း ထမင်းမိန်တယ်မကြီး။ ကိုယ်ထင် ကုတင်ရွှေနန်းပါဂျာာာာ။

    စတိရဲ့ မှတ်ချက်တွေကလည်း မူးပြီးများပေးထားလားပဲ( ဟိ..လျှာရှည်ကြည့်တာ)

    ReplyDelete
  13. နို့ကတော့ ဘာကြိုက်သလဲ မမေးနဲ့မကြီး
    ဘာမှ စားစရာမရှိရင်
    နို့နဲ့ထမင်းစားတယ်
    နို့ဆန်ပြုတ်စားတယ်
    ကျေနပ်တယ်
    ကြိုက်တယ်

    ReplyDelete
  14. အိမ်မှာ မချက်ဘူး ဆိုတော့ အငတ်ဘေးသင့်တာ မမ မှ ဟုတ်ရဲ့လား။ kmsl များ ဖြစ်နေမလား။

    ReplyDelete
  15. အဲလိုကြီးလား....
    တဏား ပါဒရ် န့ာအမ တော့

    ဘယ်သူ့ ဘလော့မှာလည်းမသိဘူး..ဖတ်ဖူးတယ်
    စာမှစားတဲ့... ...အဲ့လိုပဲ ဟင်းမကောင်းရင် စာမှစားပေါ့ အမရယ်.. ဒါမှမဟုတ် ထမင်းစားရင်း ဇါတ်လမ်းကောင်း ကောင်း ရုပ်ရှင်ဖြစ်ဖြစ်.. စာအုပ်ဖြစ်ဖြစ်ဖတ်ပေါ့....အဲ့အထဲ
    အာရုံရောက်သွားရင်ဟင်းမကောင်းတာမေ့ သွားတာပေါ့...

    ငါတွေ့ နော်.... :D

    ReplyDelete
  16. ခန္ဓာတည်မြဲဖို့ အစာဆိုတာ စားနေရတယ်လို့မှတ် အဲဒါဆို အားလုံးအိုကေပဲ
    အမြင်လှတော့ရော နောက်ပိုင်းကျတော့လဲ မစင်ဖြစ်သွားတာပဲ မဟုတ်လား မလှတော့ေ၇ာ ဘာထူးလဲ အတူတူပဲ ဆြာကြီးလုပ်သွားတယ်..။
    ဟိ...။ မရောက်တာလဲ အတော့်ကိုကြာလို့ အလည်တခေါက်ပြန်လာသွားတယ်ဗျို့

    ReplyDelete
  17. ကြက်သား၊ ပါပရာ၊ ကြက်ဥကြော်ဆို အင်မတန် စားလို့ကောင်းနေပါပြီလေ။ နောက်ဆို ပဲနို့လေးပါ တစ်ထုပ်ယူသွား။ ဟီးဟီး။ အဲဒါဆို အာပနားတို့နဲ့ တူတူစားလို့ရပြီ။

    ReplyDelete
  18. မမ ၀ိတ်ထိန်းတဲ့ နေရာမှာ အထောက်အကူပြုတယ်လို့ပဲ သဘောထားလိုက်ပေါ့...:)

    ReplyDelete
  19. အန္နောမတ်(စ်)June 2, 2009 at 8:12 AM

    “နာစီ မာလား”
    အသာတကြည် ဝါးထား

    ReplyDelete
  20. သာမီးဆို ကြက်ဥကြော်၊ ပါပလာကြော်နဲ့တင် အိုကေနေပြီ.. ကြက်သားမလိုတော့ဘူး...။

    ReplyDelete
  21. နွေးနေခြည်June 2, 2009 at 9:13 AM

    ကြက်ဥကြော်ကြိုက်ပါတယ် ဒါပေမယ့် ဒီကကြက်ဥကြော်တွေက အေးဆက်ဆက် မာမာကြောကြောနဲ့ နွေးထွေးမှုမရှိတဲ့ကြက်ဥကြော်တွေပါ။ ပါပလာကြော်ကလည်း ပျော့နေရင်ပိုတောင် စိတ်ညစ်ဖို့ကောင်းသေး။ ကြက်သားကတော့ ဘာထူးခြားမှုမှပေးနိုင်မယ် မထင်ဘူး။ ကိုယ်ချင်းစာတယ် ဘယ်လိုမှစားမ၀င်တဲ့ စင်ကာပူက အစာတွေပါ။

    ReplyDelete
  22. ကောင်းပါတယ် မမရယ်၊ပြာတို့ ဒီထက်ဆိုးတယ်

    ReplyDelete
  23. ဗိုက်ဝရင်တော်ရောပေါ့...
    လုပ်စရာ အလုပ်လေး..
    နေစရာ အိမ်လေး...
    စားစရာ ထမင်းလေး..ရှိရင်..
    ဘာလိုသေးလဲ..

    (အဲဒါက မမပဲပြောပြဖူးတာထင်တယ်)

    Xထုံ

    ReplyDelete
  24. Control your wish with your dignity. So you will not get disappointed.

    ReplyDelete
  25. အမ KOM ဘာပဲဖြစ်ဖြစ် ရုပ်ဆိုးတဲ့ နေ့စာလေးလဲ စားလို့ ၀င်သွားတာပဲမလားဗျာ။ တစ်ခါတစ်ခါ အချိန်မရရင် ဒီလိုပဲပေါ့ဏော။
    Disguestig ဆိုတာလေး တွေ့တော့ စိတ်မကောင်းဘူး။ ဒီလိုတောင် မစားနိုင်တဲ့ ဘ၀လေးတွေ အများကြီး ရှိနေတာ သွား သတိရလို့။

    ReplyDelete
  26. မမ ရယ်… ဟုတ်ပါရဲ့… ပုံလေးတွေ့ ပြီး ငိုချင်သွားတယ်…

    ReplyDelete
  27. စားရတာ ခြောက်ကပ်ကပ်ပါလား။

    ReplyDelete
  28. စားရတဲ့သူတော့မသိဘူး ကြည့်ရတဲ့သူတော့ကြည့်ပြီးသနားသွားပြီ

    ReplyDelete
  29. အမှတ်ကလေးနဲ့ စားရတ်ာပေါ့.. မမရယ် ..း)

    ReplyDelete
  30. ညီမတို့အရင်ရုံးကမှာမှာပေးတာတော့ ကြောင်ငါး :D

    ReplyDelete
  31. အစ်မရယ် လှလှလေး အဆီမပါတာ စားချင်ရင် ဆူရှီဝယ်စားလေ..
    (ပျော်စေချင်လို့ အကြံပေးကြည့်တာပါ.. နေ့တိုင်းဒီလိုဆို ဘယ်စိတ်ကောင်းပါ့မလဲ)

    ReplyDelete
  32. စားပါတယ်။ chicken,eggs and crisps or whatever. ဒါပေမဲ့ အဲလို ဖြစ်သလိုပုံ ထားတာတော့ မစားနိုင်ဘူး

    တကယ်ဆို take away bowl နဲ့ သေသေသပ်သပ် ထည့်ပေးဖို့ကောင်းတယ်။ အလုပ်ကြမ်းသမားဆိုင်တွေက ပေါတာဝယ်စားတာနေမှာပေါ့။ ကြည့်လဲ လုပ်အုံး။ ရန်ကုန် တုန်းကလဲ အောက်တန်းစား စာတွေစားပြီး ဝမ်း ရှောပြီးပြီ။ E.coli 0157 မိပြီး ကျောက်ကပ်ပျက်နေဦးမယ်

    Singapore ရောက်ရင်တော့ ကို လာမတွေ့ဘူး။ မဟုတ်တာတွေ အတင်းလိုက်ကျွေးနေမှာစိုးလို့

    ReplyDelete
  33. စားပါတယ်။ chicken,eggs and crisps or whatever. ဒါပေမဲ့ အဲလို ဖြစ်သလိုပုံ ထားတာတော့ မစားနိုင်ဘူး

    တကယ်ဆို take away bowl နဲ့ သေသေသပ်သပ် ထည့်ပေးဖို့ကောင်းတယ်။ အလုပ်ကြမ်းသမားဆိုင်တွေက ပေါတာဝယ်စားတာနေမှာပေါ့။ ကြည့်လဲ လုပ်အုံး။ ရန်ကုန် တုန်းကလဲ အောက်တန်းစား စာတွေစားပြီး ဝမ်း ရှောပြီးပြီ။ E.coli 0157 မိပြီး ကျောက်ကပ်ပျက်နေဦးမယ်

    Singapore ရောက်ရင်တော့ Ma KOM ကို လာမတွေ့ဘူး။ မဟုတ်တာတွေ အတင်းလိုက်ကျွေးနေမှာစိုးလို့

    ReplyDelete
  34. Ugly lunch to some, sumptuous meal to others... check out the video in my recent blog post on "Prudence".

    ReplyDelete
  35. Steve တစ်ယောက်ဟာ comment မြင်တာနဲ့ ရိုက်ချင်ပါစေ ဆုများ တောင်းထားလား မသိဘူး။

    ReplyDelete
  36. ဟဲဟဲ Ma KOM ကို health education ပေးနေတာ

    အသိခေါက်ခက် အဝင်နက်။ မမေ့အောင် နာနာလေးပြောလိုက်ရတယ်။ လူမုန်းတာ ကတော့ neglect ပဲ။ အသက်တောင်ပိုရှည်သတဲ့။ ကိုနေဝင်းတို့ ကိုသန်းရွှေတို့ကြည့်ပါလား

    ReplyDelete
  37. အောက်တန်းစားစာ ဆိုတာ ဘာကို ဆိုလိုတာပါလိမ့်။ လူရိုက်ချင်စိတ်တော့ မပေါက်ပေမဲ့ really educated person ကပြောတဲ့ စကားလား။ စဉ်းစားနေတယ်။ ကျွန်တော် ဒီလို အစားအစာတောင် မစားနိုင်တဲ့ဘ၀က လာတာပါ။ ကဲ.. ပြောပါအုံး။
    အောက်တန်းကျတဲ့စိတ်နဲ့စကား အဲဒီလို တခါမှ မပြောဖူးဘူး။
    အစားကောင်းစားနိုင်ပီး စိတ်ဓာတ်အောက်ကျနေသူတွေအများကြီး ရှိသလို တနေ့တနပ် ထမင်းမှန်မှန်မစားရပေမဲ့ စိတ်ဓာတ်မြင့်မားသူတွေလဲ အများကြီး ရှိပါတယ်။
    ကျယ်ကျယ်ဝန်းဝန်း မြင်တတ်ဖို့တော့လိုမယ် ထင်ရဲ့။

    ReplyDelete
  38. Mogok Thar ရေ သူတို့ချင်းချင်းတွေ နောက်နေတာပါ။ အတည်မယူနေပါနဲ့။ ကျွန်မလည်း ၀င်နောက်တာပါပဲ။ အတည်ပြောတာ မဟုတ်ဘူး။

    ReplyDelete
  39. ဗိုက်ဆာနေတဲ့အချိန် ကြည့်မိလို့လား မသိဘူး။ မဆိုးပါဘူး အစ်မရဲ့။ ပါပလာကြော်တော့ ညီမလည်း ကြိုက်တယ်း) နေ့တိုင်း ထမင်းမြိန်ပါစေ အစ်မ...

    ReplyDelete
  40. လူမုန်းJune 2, 2009 at 10:42 PM


    “တဏှာကို သတ်နိုင်နေပီ” လေ
    အဖွားရဲ့...

    ဒါနဲ့

    Steve Evergreen said...
    :လူမုန်း တာ ကတော့ neglect ပဲ။
    (June 2, 2009 8:23 PM)

    “တေဂျင်းဇိုး” သူ့ဟာသူ မြို့မေတ္တာခံယူတာ
    သူများ ထည့်ရမ်းသွားသေး...

    ဆေးလှုပ်သောပါ Doc:

    ReplyDelete
  41. မမ
    စိတ်ချမ်းသာအောင်နေပါ
    ဆာနေတဲ့ အချိန်စားရင် အားလုံးကောင်းတာပါပဲ
    hunger is the best sauce
း)

    ReplyDelete
  42. အောင်မယ်လေး ကြက်တူရွေး ကတော်တော် မယ်တော်က ကဲကဲ။ နာနေလိုက်တာ။ သဘောမပေါက်တာပြောပါတယ်

    ReplyDelete
  43. ကိုတိုးလေးJune 3, 2009 at 1:10 AM

    အမရေ ခန္ဓာကိုယ်မှာအလုပ်လုပ်နိုင်ဖို့အတွက် အစားစားရတာပဲအမရယ်။ နေ့တိုင်းထမင်းစားတဲ့အချိန်တိုင်း ထမင်းများများစားနိုင်ပါစေဗျာ။

    ReplyDelete
  44. ကြက်ဥကြော်ကလည်း အီး။

    ဆိုတာဘာတုန်းဗျး)

    ReplyDelete