Friday, June 19, 2009

Yangon 22

ပြီးသင့်ပြီဆိုတာသိပါတယ်။ ဒါပေမဲ့လည်း ဆွဲဆန့်နေ မိသေးတယ။် ပရိသတိကိုနိပ်စက်တာ မဟုတ်ပါဘူး ။ကိုယ်သိတ်အရှည်ကြီး ရေးဘို့ အချိန်သိတ်မရတာရယ်.. တစ်ကယ် စားချင်တာမို့လို့ရယ် ပါ။ ပြန်ကြည့်ရင်းနဲ့ စားချင်လာတာ...။

ရေးရင်းနဲ့စဉ်းစားမိတယ်။ ရန်ကုန်ဆိုတာ စားစရာကြီး ဘဲထင်သွားဦးမယ်။ အများကြီး ပြောစရာတွေ ရှိပါတယ်။ ပုဏား ခြောက်ယောက်နဲ့ဆင်ကြီးလိုပေါ့။ တို့တွေ က သွားကတည်းက ဦးတည်ချက်က စားဘို့ဘဲ ဆိုလို့အဲသလိုဖြစ်သွားတာပါ။

အမျိုးအိမ်က အလှူလုပ်လို့သွားစားမိတဲ့မုန့်ဟင်းခါးပါ။ ပြောပြီးပြီကော. အဲဒီအိမ်က ဟင်းချက်ကောင်းပါတယ်လို့ ။ ရေခဲမုန့်လည်းပါသေးတယ်။ စလုံးအိမ်မှာ ရေခဲမုန့်ကို ဘူးလိုက်ဝယ်ပြီးစားရလည်း အဲဒီရေခဲမုန့်ကလေးက စားကောင်းနေတုံးဘဲ။

စကားစပ်လိုပြောရင် မြင်ရခဲတဲ့ ရေအိုးလေးလည်း အဲဒီ အိမ်မှာ ရှိပါတယ။် ပါးကွက်ကြားနဲ့ အမျိုးလဲရှိပါတယ။်။ အဲဒီအိမ်က အမျိုးကတော့ ဒီဘလော့ကိုလာမဖတ်မိဘူးလို့ မျော်လင့်မိပါတယ်။























34 comments:

  1. Bring it on..,

    No boring whatsoever at all.

    Enjoying it.

    :))

    ReplyDelete
  2. မုန့်ဟင်းခါးစားချင်လာပြီ။ ရေးသာရေးပါ မမရာ။ မပြန်ဖြစ်သေးတဲ့ သူတွေ အတွက် အလွမ်းပြေပေါ့။

    ReplyDelete
  3. မုန့်ဟင်းခါးကို ၃ပွဲဆက်တိုက် ဆင့်စားချင် စိတ်ပေါက်သွားတယ်။

    ဟင်းရည်လဲ သောက်ချင်တယ်။

    ပြီးရင် ရေအိုးထဲကရေ သောက်မယ်။

    :))

    ReplyDelete
  4. ရေအိုးလေးကြည့်ပြီး လွမ်းတယ်၊ မနက်တွေ သမီးအကြိုက်မုန့်ဟင်းခါးကို မုန့်ဖတ်မပါပဲ ပြင်ပေးတတ်တဲ့ အဖေကိုလဲ လွမ်းတယ်၊ ထူး ရေခဲမုန့်ကို အလှူလုပ်တိုင်း စိတ်ကြိုက်စားရတာလဲ လွမ်းတယ်၊

    ရန်ကုန်ပြန်ရင် မမလိုပဲ အစားအဓိက ဖြစ်မှာပါပဲ

    ReplyDelete
  5. အကုန်လုံးကိုစားပစ်ချင်နေတယ်ကွယ်
    ဒါပါပဲ :)

    ReplyDelete
  6. မ့ရေ.မုန့်ဟင်းခါးတွေ ကြည့်ပြီး စားချင်လိုက်တာ။ ဟုတ်တယ်မ့ ရေးသာရေး။ အလွမ်းပြေတာပေါ့။ ဒူဘိုင်းမှာက မြန်မာဆိုင်မရှိတော့ :( မြန်မာစာမှန်သမျှ လူကြုံနဲ့ အိမ်က မပို့သရွေ့ မစားရဘူး။ စုထားပါတယ်။ ခွင့်နဲ့ပြန်သွားရင် အ၀စားဖို့ :))

    ReplyDelete
  7. မမ ရယ် အဲ့ မုန့်ဟင်းခါးလေး စာချင်လိုက်တာ၊ ဒီမှာ ၀ယ်စားရတာ မကောင်ဘူး၊ စာချင်တော့ လဲ ၀ယ်စားနေမိတယ်၊ အလှူချက်ဆိုတော့ ပို ကောင်းမှာတော့

    ReplyDelete
  8. အစ်မကွမ်ရေ...ဆရာငြိမ်းအေးအိမ်ရဲ့ ဓာတ်ပုံတွေကပြတဲ့အော်ပရာဆိုတဲ့ စာအုပ်လေးလိုပါပဲ..။
    ဆက်ရေးပါဦး။မျှော်နေတာပါ..။

    ReplyDelete
  9. အမေ့လက်ရာ မုန့်ဟင်းခါးကိုတ၀ကြီးစားပြီး အမေ့အိမ်မှာရှိတဲ့ မြေအိုးထဲက ရေတွေကိုလည်း အငမ်းမရသောက်ချင်လိုက်တာအမရေ...အပြင်ကပြန်လာပြီးအိမ်ရောက်ရင် မြေအိုးထဲကသောက်ရတဲ့ရေလောက် ဘယ်ေ၇မှ အရသာရှိမယ်မထင်ဘူး... (မြေအိုးထဲကရေက အေးအေးလေးဖြစ်နေတယ်လေ...)
    ကျမအမေလည်း ဟင်းချက်ကောင်းတယ် မမရေ...(ကြုံတုန်းကြွားလိုက်ပါရစေ...ကျမကအမေ့ခြေဖျားတောင်မမှီပါ...)
    အမပို့စ်ထဲကမြေသောက်ရေအိုးလေး မြင်လိုက်ရလို့ ကျေးဇူးပါနော်...

    ရန်ကုန်ကြီးပြီးတော့မှာလား တကယ် ...စိတ်မကောင်းစရာလေးတွေတော့ဖြစ်ကုန်တော့မှာဘဲ မမ...
    mie nge

    ReplyDelete
  10. မကြီးပေးခဲ့တဲ့ တစ်ရှူးမလောက်ဘူး
    လာပြန်တောင်းတာ..
    ဒါလေးကို မန့် နေတာ အခါတစ်ရာမကဘူး
    နက်ကလူလိုပဲ မကောင်းတော့ဘူးး
    ချစ်ခင်လေးစားစွာဖြင့်
    ဖိုးစိန်

    ReplyDelete
  11. အင်း........ မုန့်ဟင်းခါး မုန့်ဟင်းခါး အသည်းစွဲ မုန့်ဟင်းခါးပါလားနော်။

    ReplyDelete
  12. မနက်ဖြန်မုန့်ဟင်းခါးချက်စားပစ်ဦးမယ်း)
    ဘယ်ရမလဲ..
    သနပ်ခါးရှာကြီးစိတ်လိုလက်ရပါးကွက်ကြားနဲ့ရုံးသွားတဲ့
    နေ့တွေကိုလည်းသတိရတယ် ...
    တော်ပြီ ..ပြန်တော့မယ် တော်ကြာ ရေပါသောက်ချင် လာဦးမယ် ..တာ့တာ

    ReplyDelete
  13. အစ်မရေ ... အိမ်မှာချက်တာ ဘယ်လောက်ကောင်းကောင်း ... လမ်းဘေးက မုန့်ဟင်းခါးပူပူနွေးနွေးကို ငရုပ်သီးမှုန့်များများ ... ရေနွေးပူပူနဲ့ မှုတ်သောက် တာလောက် မကြိုက်ဘူးဗျ။ အဲဒီလို ထိုင်စားရတာကိုက အရသာ။ အိမ်မှာတော့ ကိုယ်တိုင်ချက်ရတော့ ချက်ပြီးရင် ငြီးပြီး ခြေကုန်လက်ပန်းကျနေပြီ။ မစားချင်တော့ဘူး။
    အစ်မတင်ပေးတဲ့ မုန့်ဟင်းခါးမျိုး တကယ်စားချင်ပါတယ်ဗျို့။

    ReplyDelete
  14. မုန့်ဟင်းခါးတွေ အများကြီးပါပဲလား မမ kom ။ အရည်များများနဲ့ကို စားပလိုက်အုံးမယ်။ ဟီးးးးးးးးးး

    ReplyDelete
  15. အမဘာရေးရေး ချစ်စရာကောင်းလို့ အမြဲလာဖတ်ပါတယ်

    ReplyDelete
  16. မုန့်ဟင်းခါး စားချင်သွားပြီ အမရေ...။:)

    ReplyDelete
  17. မုန့်ဟင်းခါး နဲ့ မြေသောက်ရေအိုးက လိုက်ဖက်ပါတယ်၊ လွမ်းစရာပါ ။

    ReplyDelete
  18. ဟုတ်တယ် ပရိတ်သတ်ကို တမင်သက်သက်ကိုနှိပ်စက်နေတာ...
    တော်သေးတယ် အီကြာကွေးနဲ့ ကော်ဖီနဲ့သောက်ပြီးတဲ့အချိန်မှ ဖတ်မိလို့.. ဒါပေမဲ့လည်း စားချင်တာပါပဲ..

    အိမ်မှာအလှူလုပ်တိုင်း အမေအမြဲတမ်းချက်တဲ့ မုန့်ဟင်းခါးကို သတိရသွားတယ်..

    ရှလွတ် သူသိပ်ရက်စက်တယ်....

    ReplyDelete
  19. Woooo! စားချင်လိုက်တာ..
    သရေကျသွားပြီ.. ဟိဟိ ^-^

    ReplyDelete
  20. အမရေ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ချက်စားဖြစ်သေးတယ်။ အလွမ်းမပြေဘူး။ ခု အလှူမုန့်ဟင်းခါးနဲ့မှ နည်းနည်း နေသာထိုင်သာ ဖြစ်သွားတယ်။ ရေခဲမုန့်လည်း စားချင်တာပဲ။ ရေတော့ အ၀သောက်သွားပြီ။ :D

    ReplyDelete
  21. ပြီးခဲ့သောအပတ်ကချက်တယ်။ဒီနေ့အုန်းနို့ခေါက်ဆွဲချက်တယ်။
    ကိုယ်ဘာသာဘယ်လောက်ကောင်းအောင်ချက်ချက် သူများချက်ကျွေးတာလောက်စားမကောင်းဘူး။
    ဟင်းအိုးမကျခင်မြည်းနေတာနဲ့ အီနေပြီ။နောင်ဘ၀ကျရင် ယောက်ျားဖြစ်ရင်ကောင်းမယ်။
    မိန်းမချက်ကျွေးတာအခန့်သင့်ထိုင်စားချင်လို့။
    တနှစ်ကမြန်မာပြည်ပြန်တုန်းက တွေ့သမျှမြန်မာမုန့်တွေ
    ဗိုက်ဆာဆာ၊မဆာဆာ အကုန်တီးတာ။
    အမျိုးတွေကြားမှာ အစားပုပ်လိုက်တာဆိုပြီး နာမည်ကြီးသွားပါပကောလား။အဲဒီတုန်းကသားလေးကဗိုက်ထဲမှာဆိုတော့
    သားလေးကို လွဲချလိုက်တယ်။ချင်ချင်းတပ်တာလို့။ဟိ

    ReplyDelete
  22. အော်...ဆိုင်ကမုန့်ဟင်းခါးတုန်းကတောင် တော်တော်ခံစားခဲ့ရတာ...အခုတခါ အလှူကတဲ့.....ဘာမှကို မပြောတော့ဘူး.....

ေ၇အိုးလေးမြင်ရတာ ငယ်ဘ၀ကိုသတိယ လိုက်တာ...ကြေးရေခွက်လေးကအစတူတယ်...ေ၇အိုးထဲကရေကလည်းတကယ့်သဘာဝအအေး...

    မှန်ရှေ့က ပဲပေးနေတဲ့ ပါးကွက်ကြားလေးကိုလည်း ချစ်စ်စ်..........

    ReplyDelete
  23. အဲလိုကြေးရေခွက်လေးမျိုး အိမ်မှာ ရှိဖူးတယ်.. ပေါက်သွားလို့ (Ah Pauk မဟုတ်)...။
    စားချင်တယ် မမ.. ရေးသာရေး... ဓာတ်ပုံတင်လည်းရတယ်....။ ငမ်းမယ်...။

    ReplyDelete
  24. ဟေး ...အိုးလိုက်ကြီးတော့ ပျော်စရာကြီး။

    ReplyDelete
  25. မပူပါနဲ့အမ..... ဒီကလဲ စားစရာပဲ စိတ်ဝင်စားပါတယ်။
    ဆက်သာရေးပါ...... ရန်ကုန် ခေါက်ဆွဲသုတ် မစားခဲ့ဘူးမှတ်တယ်။ ခေက်ဆွဲသုတ်စားချင်နေလို့ အလွမ်းပြေ ပုံလေးဘာလေး မရှိဘူလားအမ.......

    ReplyDelete
  26. မနက်ဖြန် အမေ့ကို မုန့် ဟင်းခါး ချက်ကျွေးဖို့ ပူစာလိုက်အုံးမယ်....
    ဗိုက်ဆာသွားပြီ

    ReplyDelete
  27. စားချင်တယ် .. စားချင်တယ် .. စားချင်တယ် .. အဲလိုပဲအော်နေတော့မယ် ....း(

    ReplyDelete
  28. ပါးကွပ်နဲ့ ကလေးမလေးက ချစ်စရာလေးနော်

    ReplyDelete
  29. "အမျိုးအိမ်က အလှူလုပ်လို့သွားစားမိတဲ့မုန့်ဟင်းခါးပါ။"

    မူကြိုကျောင်းက ကလေးတွေကို ရည်ရွယ်ပြီး ကြွေးတာထင်တယ်။ ခွက်ကလေးတွေ ကသနားစရာ

    ReplyDelete
  30. သိတယ် သိတယ် မမ အဲဒီအိမ်ကို။
    ဟာ အဲဒီ ကလေးမလေးလဲ သိတယ်။
    အို အဲဒီ ရေအိုးလဲ သိတယ်။(ဟီးဟီး)

    ကျွန်မကတော့ ဒီ AJ အိမ်မှာ မုန့်ဟင်းခါး၊ ကြာဇံချက်၊ ရခိုင်မုန့်တီ ခဏခဏ တီးရတယ်။ အိမ်က ညီမလေးတွေက ခဏခဏ လုပ်စားကြလို့။ ဒီမှာ တယောက်ပြီး တယောက် မပြတ်ချက်နေကြတာ ကြာတော့ စားရတဲ့လူမှာ အားတွေတောင်နာလာလို့။ (အားနာပါးနာနဲ့ပဲ ဆက်စားနေရတယ်။ ငြင်းလိုက်ရမှာ ပိုအားနာတာ)။

    အဲဒါ ကိုဂျူလိုင်ပြောတဲ့ ကံပေါ့ရှင်။ ကံပေါ့။ ဒီဘ၀နဲ့ ရှေးဘ၀က ဆုတောင်းကောင်းလေတော့ ဒီလို အိမ်မျိုးမှာ နေဖို့ ဖြစ်လာရတယ်။

    ဒါနဲ့ အပေါ်မှာ comment ရေးသွားတဲ့ Steve, စူစကာပုဏ္ဏားတွေ အတွက် ရည်ရွယ်ပြီး အလှူလုပ်တော့မှပဲ ဖိတ်တော့မယ်နော်။

    ReplyDelete
  31. ပြီးသင့်ပြီ လို့တော့ မပြောပါနဲ့ မမရယ်။ မမရေးရင် ဘယ်တော့မှ ပြီးသင့်ပြီလို့ မတွေးမိပါဘူး။

    ReplyDelete
  32. မကြီး ဂွိစ် .. မမဂွိစ်

    ReplyDelete
  33. မုန့်ဟင်းခါးလေးစားပြီး ရေတစ်ခွက်လောက် သောက်လိုက်ရရင် ဂွတ်သွားမယ်..

    ReplyDelete
  34. မုန့် ဟင်းခါးတွေ့ မှ ပဲ... အမေချက်တဲ့ မုန့် ဟင်းခါး ကို သွား သတိရတယ်ဗျာ.. စားချင်လို့ တော့မဟုတ်ဘူး .. ဒီအချိန် ကျွန်တော် က နှပ်နေ တုန်း မှာ အမေက မနက် ဆိုင်အတွက် ဟင်းချက်နေပြီလို့ သတိရသွားတာ ပါ..။

    လွမ်းတယ်

    ReplyDelete