Saturday, June 27, 2009

Yangon 24

မနက်ဖြန်မအားဘူးဆိုပေမဲ့လဲ ဒီနေ့သောကြာ ညဆိုတော့ မရေးဘဲနဲ့လဲ မနေနိုင်ပြန်ဘူး။ အသစ်တွေ တက်လာတာလဲ ဒိုင်းကနဲ့ ဒိုင်းကနဲ ဘဲ .မနည်းလိုက်ဖတ်နေရတယ်။ဒါတောင်လွတ်ကုန်ပြီ။ သူများရေးတာကို မဖတ်ဘဲနဲ့ကိုယ်ရေးချင်တာ ကိုဘဲ ရေးနေတယ် ဆိုတာ ကတော့ မကောင်းသေးဘူး. မကောင်းသေးဘူး ဆိုပေမဲ့လည်း မတတ်နိုင်ဘူး။ ရေးချင်တာ ကတော့ ရေးရမှ ဖြစ်မယ။်

ရန်ကုန်ဘဲ ဆက်ဦးမယ်။အမြန်ဆုံးလက်စသတ်ချင်လို့။။ ဘာလို့လဲ။ ပရိသတ်တွေ ညည်းငွေ့နေမှာစိုးတယ်။ အားပေးတဲ့သူက အားပေးပေမဲ့ အများအားကို လည်း မလွန်ဆန်နိုင်ဘူး။ တော်ကြာ ရေသန့်ဘူးတွေ ပြောင်းဖူးတွေ ရောက်လာရင်ခက်မယ်။

ဒါတ်ပုံတွေ က သမိုင်းကို ပြောနေကြတယ်တဲ့်။ သူငယ်ချင်း အလုပ်လုပ်တဲ့ နေရာကိုရောက်ခဲ့တယ။်



လားရှိုး အဆက်တွေပါ။ သူ့အိမ်ကို ပြန်လိုက်သွားတယ။် အခုလေးတင် ကမှ လားရှိုး မူဆယ် ခရီးက ပြန်လာတဲ့သူငယ်ချင်းက ဒါတွေကျွေးတယ။်













ပြီးတော့ တစ်ခါ ကိုယ် ရောက်နေတယ်ကြားလို့ မေမြို့ ပြင်ဦးလွင်မှာ တာဝန်ကျပြီး မန်ဒလေးမှာ နေတဲ့ သူငယ်ချင်းက တစ်ခါ လက်ဆောင်တွေ ပေးလိုက်တာ ကိုယူခဲ့တယ။်



ပြောရင်းနဲ့သတိရလာလို့ သူငယ်ချင်း နေတဲ့နေရာနားက ပိတောာက် ပင်ကို ရိုက်လာတာ သတိရတာနဲ့ ပုံကိုထည့်လိုက်တယ်။ ကဲ…သောက်ရေအိုးစင်မြင်တာနဲ့တောင် သိပါတယ် ဆိုတဲ့ ….ဒီလောက်တောင် သိကြတဲ့ ကိုကိုသိ …မမသိများ ဒီသူငယ်ချင်းကိုလည်း သိပါတယ်ဆိုရင်တော့ ကိုယ် ခြေရောလက်ကော မြှောက်သွားပါတော့မယ်။




















ပြီးတော့တစ်ခါ မြှိုထဲရောက်တယ်။ မြို့ထဲရောက်တိုင်းကိုယ်ဝင်လေ့ရှိတာ က ကြီးပွားရေးစာအုပ်တိုက်ပါ။ မြေည်ီထပ်မှာ ဆိုတော့ကာ ဝင်လို့ထွက်လို့လွယ်တာ ကတစ်ကြောင်းငယ်သံယောဇဉ်လဲပါပါတယ်။ မမနီကို သွားဂါရဝပြူခဲ့တယ်။ ဒါက ..ကဗျာဆရာမောင်ပန်းမွှေလေ လို့ မိတ်ဆက်ပေးတော့ အသားညိုညို သူတစ်ယောက် ကို တွေ့ခဲ့လို့ကိုယ့်မှာ အံသြမဆုံးဖြစ်ခဲ့မိတယ် .. ကဗျာ လေးတွေ က နုတာကိုး ..အားလုံးဘဲ မှတ်မိကြမှာပါ။ တွေ့ခဲ့ရလို့ဝမ်းသာမိပါတယ။်



သွားတယ် လာတယ် သွားတယ် လာတယ်။ ဘယ်တွေ ရောက်လို့ဘယ်တွေ..မိ.. ခဲ့သလဲ လို့တောင် မသိတော့တယ်။












ဘာဟင်းလဲလို့တော့မမေးပါနဲ့တော့။ မြင်တဲ့အတိုင်းဘဲ စားသွားပါ တော့။ စားလို့တော့ကောင်းပါတယ်။ မမေးနဲ့ဆိုပြီး ကိုယ့် ဘာသာကိုယ်တော့ပြန်ကြည့်မိသေးတယ။် ငပိရည်. ဘဲဥနဲ့ အာလူးချဉ်ရည်(ဘဲဥ အစစ်ပါ။ ကြက်ဥမဟုတ .ငါးခြောက်ဖုတ်ရယ်..ခရမ်းကစော့ သီးတို့စရာ့ ရယ်..ဘာအသုပ်မှန်းမမှတ်မိတော့တဲ့အသုပ်ကယ။် လဘက် အသားနဲ့ ငရုတ်သီးစိမ်း. ကြက်သွန်ဖြူရယ်..








မြေနီကုန်း က ရခိုင်မုန့်တီသုပ် လမ်းဘေး ဈေးဆိုင်ပါ။ ခုံပုကလေးနဲ့ထိုင်စားခဲ့ရတယ် အကြွေ မရှိလို့ငါးဖယ်ကြော်ထည့်သုပ်လိုက်မနော်. ဟုတ်.ကဲ့ သုပ်ပါ. သုပ်ပါ. ကြိုက်ရာသာ သုပ်ပါ…




















ကိုယ့်ရှေ့မှာ ခလေး မလေး နစ်ယောက်.. ခပ်ပိန်ပိန်ရယ် ..ရန်ကုန်သူတွေဘဲ ပိန်ကြသလား. ကိုယ်တို့ဝတာ ကိုယ်တို့မှာ အပြစ်မရှိပါ. ရန်ကုန်တုံးက ကိုယ်တို့လည်းခပ်ပိန်ပိန်ပါဘဲ။ ဒီရော့က်တော့မှ အားဆေးနဲ့ ရှင်သန်ခဲ့တဲ့ ကြက်သား အကြီးကြီးတွေကိုနေ့တိုင်းစားနေတော့ သူတို့ရဲ့ မွေးမြူရေးတစ်ကိုးနဲ့ ဖောင်းကားနေတဲ့ အဆီအသားတွေက ကိုယ်တို့ဆီရောက်လာခဲ့လို့အဲသလိုဖြစ်ခဲ့ရပါတယ်။ ရန်ကုန်တုံး ကလို ကြက်ပိန်ပိန် သဘာဝကြက်နဲ့ဘဲ နေခဲ့ရင် အခုလို မဟုတ်ပါဘူး။



မချစ်စု သရက်သီးပါဘဲ။ တထုပ် ၂၀၀ ကျပ်ဘဲထင်ရဲ့။ စားပါတယ။်




















ဟင်

မပြီးသေးပြန်ဘူး။

45 comments:

  1. ရေးပါ။ ဆက်ရေးပါ။ :D

    ReplyDelete
  2. မြန်မြန် ဖြတ်ပါတော့....။
    တစ်ကတည်း အစားတွေချည်းပဲ တင်နေတယ်...။

    ReplyDelete
  3. ဆူပါရှိုင်းဆိုတာ ၃၅ လမ်းနားက ဟာလေးလား မသိဘူး။ အရင် ၀မ်းဝမ်းနိုင်းစတိုးနေရာများလား စဉ်းစားနေတယ်။ ခေါင်းက သိပ်မကောင်းတော့ဘူး။ ဟိုနေရာလို ဒီနေရာလိုလို ဖြစ်နေတယ်။ မချစ်စု စားချင်တယ်။ အသုပ်စုံကတော့ ဗိုက်မ၀လို့ ဘယ်တုန်းကမှ မစားခဲ့ပါ...။ နှပ်ညစ်ပြီး ပုဆိုးမှာ ဒီအတိုင်း သုတ်လိုက်တဲ့ လက်နဲ့ သုပ်တာ မြင်ကတည်းက ဆားထည့်စရာမလိုတာ ရိပ်မိပြီး မစားဖြစ်တာ သတိရနေတယ်။ တတ်နိုင်ရင် ရန်ကုန်ရဲ့ လက်ရှိအခြေအနေကို ထင်ဟပ်တာလေး ပြပါလား။ ဥပမာ - နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေသော လုံထိန်းတွေ ဟိုဟိုဒီဒီ သွားနေတာလေး၊ စွမ်းအားပြနေတဲ့သူတွေ၊ မီးပျက်တဲ့ည၊ ကာရာအိုကေမှာ သီချင်းဆိုနေတဲ့ ညဥ့်အဆိုတော်လေးတွေ၊ ကိုမဆလာ ညောင်းရင် အညောင်းသွားသွားဖြေတဲ့ အနှိပ်ခန်းလေးတွေ၊ ကိုကျော်ရဲအောင်ရဲ့ ကလပ်က အတွေ့အကြုံ၊ ကျပ်သိပ်နေတဲ့ ဘတ်စ်ကား၊ ဖို့မလောက် ဖြစ်နေတဲ့ လမ်းမပေါ်က ချိုင့်ခွက်များ၊ လေဆိပ်မှာ မ၀ယ်မနေ ၀ယ်ရတဲ့ ဌာနဆိုင်ရာ ရက်လွန်ဂျာနယ်များ.. အဲတာတွေ ပြပါလားဟင်ငှင်ငှင်...။
    ကြီးပွားရေး ဂျာနယ်ကို စစထွက်တုန်းက ဖတ်ဖြစ်တယ်။ ကြီးပွားရေး ကို မြတ်ခိုင်ဆိုတာနဲ့ တွဲမှတ်မိတယ် ထင်တယ်။ မှားချင် မှားနိုင်ပါတယ်။ ကပ်ကျော်စေတီကို ၀င်မဖူးဖြစ်ဘူး ဆိုတာ လောင်းကြေးထပ်လိုက်ချင်တယ်။ ဆယ်လေးတစ်လေးပဲ။ ဗိုလ်တစ်ထောင်ဘုရားက လိပ်ကန်ရော ရောက်ခဲ့သေးလား။ သော်မဆင်လမ်းကို လျှောက်ဖြစ်သေးလား။ ၀န်ကြီးများရုံးက နာရီစင်ကို အမှတ်တရ ငေးကြည့်ရင် တစ်ယောက်သောသူကို အမှတ်ရသေးလား။ ကန်တော်ကြီးထဲက ဘန်ဂလိုရှိတယ်ဆိုတာ သွားကြည့်သေးလား။ အများ ပြောနေတဲ့ တစ်ခါသာ သုံးရတဲ့ ပရီပေ့တ် ဖုန်းကဒ်ဆိုတာ သုံးခဲ့သေးလား...။
    မေးသာ မေးနေရတယ်။ တစ်ခုမှ လုပ်ခဲ့ဟန် မတူ။
    ခွိ...။
    (ဤကား ချောက်တွန်းခြင်း မည်၏)

    ReplyDelete
  4. ဟုတ်.ကဲ့ သုပ်ပါ. သုပ်ပါ. ကြိုက်ရာသာ သုပ်ပါ…
    အဲလိုကြီးတစ်ကယ်ပြောခဲ့တာလား...။မပြီးသေးပါနဲ့အုံး..ဆက်ရေးပါ..ဖတ်လို့တောင်မ၀သေးဘူး။

    ReplyDelete
  5. အလွမ်းပြေလာဖတ်တယ်၊ အစားတွေငေးတယ်။

    ReplyDelete
  6. အကုန်ကို စားချင်နေတာ မမရေ၊ မပီးပါနဲ့ဦး၊ စားစရာတွေ ၊ သွားတာတွေ သိချင်သေးတယ်

    ReplyDelete
  7. မပြီးသေးဘူးလား ဒါဆို ဆက်ရေးပါ...
    ပြီးပြီလား ဒါဆို ပြောင်းပါ အဟီးးးးးး အမရေ ဘာပဲရေးရေး အရင် အကြောင်းကြားပါ.. တခါတလေတော့လဲ နံပါတ်တစ် လိုချင်တာပေါ့ လူသားပေမို့ ဟုတ်ဘူးလား.. သရက်သီးလေးတော့ စားချင်တာ.. တထုပ် ၂၀၀ ဒီမှာက ၃ ကျပ် (၂၀၀၀)း(

    လေးစားလျက်
    တောင်ပေါ်သား (အကောင့်မ၀င်တော့ဘူး အဟီးးး အိပ်တော့မယ် တာ့တာ)

    ReplyDelete
  8. မမ စားတာ သရက်သီးဇလုံ ၂လုံး ပြောင်ပါရောလား။
    ဒါကြောင့် limotil ၁ဗူးကိုင်ပြီး လျှောက်သွားနေရတာကိုး။

    ReplyDelete
  9. မမရယ်.. ကဗျာဆရာလဲ အသားညိုပေမယ့် ခံစားတတ်တဲ့ နှလုံးသားနဲ့ကို၊ နုပါစေ၊

    ဘဲဥ (ငန်းဥမဟုတ်) စားချင်တယ်၊ မုန့်တီသုတ်စားချင်တယ်၊ ဗမာပြည်က သရက်သီးစားချင်တယ်၊ မေမြို့က မုန့်အကုန်စားချင်တယ်၊

    အိမ်ပြန်ရင် အိတ်အပိုတစ်လုံးကို ယူသွားဦးမယ်၊ စားစရာ ပြန်သယ်ဖို့!

    ReplyDelete
  10. မကြီး kom ....
    ပြထားတာတွေ အကုန်စားချင်တယ်
    နေဒေးသစ်။

    ReplyDelete
  11. မမkom (အဟဲ).. သားလည်း အကုန်စားချင်တယ်..

    ReplyDelete
  12. super shineက အနော်ရထားလမ်းနားက ဟုတ်ဘူးလား။
    မသိလဲ... ရန်ကုန်က လူတွေကို လှမ်းမေးပြီး စုံစမ်းခိုင်းလိုက်ရမလား။
    ဆိုက်ကားသမားတစ်ယောက် မေးလိုက် သိသိ..သိသိနဲ့တောင်
    မြည်အုံးမယ်။ သိပ်လန့်သွားလား မမြ၀င်းထုံ။ ဟင်းဟင်း
    ဗိုလ်မေရီ က သဘောပြောတာပါ။ တကယ်မလုပ်ပါဘူး။ ညှင်းညှင်း
    mm

    ReplyDelete
  13. ''ရန်ကုန်သူတွေဘဲ ပိန်ကြသလား.
    ကိုယ်တို့ဝတာ ကိုယ်တို့မှာ အပြစ်မရှိပါ. ရန်ကုန်တုံးက ကိုယ်တို့လည်းခပ်ပိန်ပိန်ပါဘဲ။ ဒီရောက်တော့မှ အားဆေးနဲ့ ရှင်သန်ခဲ့တဲ့ ကြက်သား အကြီးကြီးတွေကိုနေ့တိုင်းစားနေတော့ သူတို့ရဲ့ မွေးမြူရေးတစ်ကိုးနဲ့ ဖောင်းကားနေတဲ့ အဆီအသားတွေက ကိုယ်တို့ဆီ
    ရောက်လာခဲ့လို့အဲသလို ဖြစ်ခဲ့ရပါတယ်။ ရန်ကုန်တုံးကလို ကြက်ပိန်ပိန် သဘာဝကြက်နဲ့ဘဲ နေခဲ့ရင် အခုလို မဟုတ်ပါဘူး။''

    မှန်တယ်။

    ဆူဆူဖြိုးဖြိုး အဆီများတဲ့ ကြက်တွေကြောင့် အဆီတွေတက်ပြီး ဝရတာ။ြ

    ကက်မစားနဲ့တော့။ တခြားဟာပြောင်းစား။

    ဒါပေမယ့်လဲ လှလို့ ဝလို့ပဲ ရှိပါတယ် ပိန်လို့ လှလို့မှ မရှိတာ။

    ရန်ကုန်သူတွေ ပိန်တာ ရန်ကုန်မှာ အဟာရ မရှိတဲ့ အစားအစာတွေပဲ နေ့စဉ် စားနေရလို့နေမှာ။

    သနားစရာနော်။

    ReplyDelete
  14. အပေါ်က mm က တော်တော်နောက်တာဘဲ...အနော်ရထာလမ်းကြီးက အရှည်ကြီးကို ပြောစရာလား...အရင် 119 store ဆိုတာမရှိတော့ဘူးလား...
    119 store နေရာတော့ မဖြစ်နိုင်ပါ...အဲဒီရှေ့  ကပ်ရက်မှာသစ်ပင်မရှိပါ....နောက်မှစိုက်ရင်တော့ မပြောတတ်ပါ...

    အမကြီးကတခါတည်းထည့်ရေးလိုက် ရတဲ့ဟာကို..ခေါင်းစားခိုင်းတယ်....ဟဲ..ဟဲ...ဟဲ...ဟဲ...
    ဘာဘဲဖြစ်ဖြစ် ရန်ကုန်အကြောင်းဆက်ရေးပါဦး...( ရေဘူးတွေ ပြောင်းဘူးတွေလာရင်တော့ ထွက်သာပြေးခဲ့ဗျို့ ..... )

    mie nge

    ReplyDelete
  15. i no that place , it is on Anawyathar Road between Sule Pagoda Road and 33 Street, rite? Beside Super shine, there's a small restaurant.. ;)

    ReplyDelete
  16. လာသွားပြီး တွေ့မသွားဘူးဆိုတော့ အလည်လာဖိတ်တာလို့ သဘောထားလိုက်တယ်...

    ရော့...အင့်...

    ခင်...စမင်စကတည်းက
    ဦး...ဆုံးချစ်ခဲ့ရသူက
    'မေ' ...လို့ တခွန်းထဲ ခေါ်သတဲ့...

    :o)

    ReplyDelete
  17. "ကိုယ့်ရှေ့မှာ ခလေး မလေး နစ်ယောက်.. ခပ်ပိန်ပိန်ရယ် ..ရန်ကုန်သူတွေဘဲ ပိန်ကြသလား. ကိုယ်တို့ဝတာ ကိုယ်တို့မှာ အပြစ်မရှိပါ."

    England မှာတော့ average မိန်းကလေးတွေက လှလှဝဝ တွေလို့ပြောရမလားပဲ။ ပိန် နေတဲ့ ကောင်မလေးများတွေ့ရင် Hepatitis C များရှိလား HIV များရှိလား ဆိုပြီး လင်စိတ်သားစိတ်ကုန်၊ စကားပြောချင်စိတ်ကုန်ပြီးလစ်တာများတယ်တယ်။ ဒီမှာတော့ ဆေး တွေအကြောထဲထိုးပြီး အပြင်မှာလုပ်စားနေတဲ့ မိန်းမတွေ ကတော့ ပိန်ချောက်ချောက်နဲ့ ကြည့်ရတာ ကျက်သရေကိုမရှိတာ။ ပုံမှန် အမျိုးသမီးတွေကတော့ ပြေ့ပြေ့ နဲ့ ကြည့်လို့ကောင်းပါတယ်။

    ပိန်ပြီး အစားကောင်းကောင်းမစားတဲ့မိန်းမတွေများ ပါးစပ်ကလဲနံ ချင်ချင်ရယ်

    ReplyDelete
  18. ရခိုင်မုန့်တီပဲစားချင်တယ်


    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  19. အာ ကိုစတိ မညှာမတာ ပြောထည့်လိုက်တာ Slim Body ကြိုက်တဲ့ စိတ်လေးတောင် ဘယ်ပျောက်သွားမှန်း သိတော့ဘူး။

    ReplyDelete
  20. In west, Curvy build is more popular than slim skinny.

    Nowadays, Majority men are much into curvy body girls.

    Something to hold on to love handel.

    Skinny bond is YUCK!!!!

    ReplyDelete
  21. အားလုံးကြိုက်တယ်

    ReplyDelete
  22. အန်တီနီနဲ့သိတယ်လားး)
    အခု အချစ် ဂျာနယ်တိုက်
    စူပါရှိုင်းက အနော်ရထာနဲ့ဆူးလေ၊၃၃လမ်းဆုံရာထောင့်
    ကဆိုင်တွေ အဲနားမှာ excellent ရှိတယ်။
    (သိပ်သိတဲ့ထဲကိုယ်ပါပါနေဦးမယ်း) )
    ....................
    mnny

    ReplyDelete
  23. ချဉ်ရည်ရော၊ လက်ဘက်ရော၊ လမ်းဘေးက မုန့်တီသုတ်ရော ဆိုတော့ ဗိုက်အောင့်သွားပြီ။

    ReplyDelete
  24. မမကွမ်းရေ

    မပြီးနဲ့အုံးဆက်ရေး
    စုံထောက်ဆက်လုပ်ရအောင်လို့
    :)

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  25. စံဂျူးမလိုင်မုန့်
    ထူးစံ ယ်ုစုံ..
    တရုတ်စာပါမက်မန်း မေမြို့ထွက်..မေမြို့က
    ဒေါ်ရှိနှမ်းမနှဲ((မန်းလေးက စားနေကျအာပူလျှာပူဘေးက)
    မြင့်မြင့်ခင် ထိုးမုန့်
    AKဆိတ်သားခြောက် (ပြန်တိုင်းအိမ်ကထည့်ပေးနေကျ)
    က မန်းလေးက..
    မမတင်သမျှထဲမှာ..ဒါတွေတွေ့မှ အိမ်လွမ်းတယ်..

    Xထုံ

    ReplyDelete
  26. မချစ်စု စားချင်တယ် ...

    ReplyDelete
  27. အကြွေ မရှိလို့ ငါးဖယ် ထည့်သုတ်လိုက်မယ်နော်
    ဟုတ်ကဲ့ သုတ်ပါ သုတ်ပါ
    ကြိုက်သလိုသာ သုတ်ပါ
    (စားချင်လိုက်တာ)

    မပြီးသေးလို့ ရန်ကုန်ကို ဆက်ရေးမယ်နော်
    ဟုတ်ကဲ့ ရေးပါ ရေးပါ
    ကြိုက်သလိုသာ ရေးပါ
    (ဖတ်နေဦးမှာပါ)

    Super Shine လို့ မြင်လိုက်ကတည်းက သိပြီးသားပါ

    ReplyDelete
  28. မမ
    ရေးသာရေး မမ ။ ဒါနဲ့ သရက်သီးထုတ်လေးများ ကျန်သေးလေားလို့။ခုတော့ထမင်းပန်းကန်ကြီးရှေ့ချပြီး မမစားခဲ့သမျှ ကြည့်နေရတယ်။ဟင့်

    ReplyDelete
  29. ဒေါ င်္ရှိစားချင်ပါတယ်။

    ReplyDelete
  30. Ma Kom ,
    အမသူငယ်ထချင်းအဲဒီတိုက်ပထမထပ်ကတစ်ယောက်လား.စာလည်းသင်တယ်လေ...အဲဒီအမဆိုမီးသိတယ်...ကြောင်အရမ်းချစ်တယ်လေ...

    ReplyDelete
  31. တစ်ပတ်ရှစ်ရက်လွမ်းတဲ့ မောင်ပန်းမွှေးနဲ့ တွေ့ခဲ့တာကိုး။
    To Ko Boyz, ကိုဘဖတ်ချင်တာတွေ ရေးဖို့ ကုန်ကြမ်းတွေ ရသလောက် သယ်လာမယ် စိတ်ကူးထားတယ်။

    ReplyDelete
  32. မချစ်စု စားချင်လိုက်တာ...

    ReplyDelete
  33. မင်းလမ်းနဲ့ ၁၂လမ်းက ရခိုင်မုန့်တီသုပ်တွေကို သတိရလိုက်တာ...

    မမ ဒီကိုရောက်ပြီး ဘယ်နှစ်နှစ်မှာ ဝလာပါသလဲ..

    ReplyDelete
  34. လူမုန်းJune 27, 2009 at 6:44 PM


    “စတိ” နဲ့ “ဟတ်” ကြီး...
    ဂလိုလား အဖွားKOM က US ပုံ..:-)
    (မွေးမြူရေး တန်ခိုးနဲ့လေ...ဟိ)

    “ခမမ” ရေ ကြည့်လုပ်ဦး.
    မင်္ဂလာဒုံ မကျော်ဘဲနေဦးမယ်

    “အဖွားရေ” မောင်ပန်းမွှေး ကို အသားညို တယ်ပြောတော့ မကောင်းဘူးပေါ့
    “အနက်ရောင် နုနု”လေးလို့ပြောလိုက်လေ.

    နေကြာစေ့ က “စိန်ဝင်း” ဆိုရင် စားချင်သား

    ReplyDelete
  35. "လူမုန်း said...


    “စတိ” နဲ့ “ဟတ်” ကြီး...
    ဂလိုလား အဖွားKOM က US ပုံ..:-)
    (မွေးမြူရေး တန်ခိုးနဲ့လေ...ဟိ)"

    တော်တော်နောက်တဲ့လူမုန်း။။။ မြန်မာပြည်က စားရမဲ့ သောက်ရမဲ့တွေ ရောက်ခါစတော့ အရိုးငေါငေါနဲ့။ တော်တော်ကြာမှ ကြည့်ရအဆင်ပြေသွားတာ ကို မကြာခနကြုံရတယ်။

    ReplyDelete
  36. စတိ စတိ စိတ်ကို ကောင်းကောင်းထား
    တရားလေး ဘာလေးမှတ်
    ၃၈ ဖြာ မင်္ဂလာလေး ဘာလေး ဖတ်
ြ့ပီးမှ ပြန်လာခဲ့ရင် ကောင်းမယ်

    ReplyDelete
  37. ဒီမှာတော့ လှလှဝဝ အဆင့်ထက် တိုးတိုးလာကြလို့  မနဲ ပြန်ပြန် ချနေရတယ်..
    မမကွန် လဲ ဘယ်လောက်တောင် ဝိတ်တက်လာ မလဲ မှန်းလို့ တောင် မရတော့ဘူး...

    ReplyDelete
  38. ကိုလူမုန်းကြီးးးးး ဟီးးးးးး
    ကြံကြံဖန်ဖန်ဗျာ..... ရှာလဲ ရှာတတ်တယ်။
    ဟေးးးးး ဟေးးးး မိုက်တယ်...
    Idea ကရေရေလည်လည် လန်းတယ်.....

    ReplyDelete
  39. "Rita said...

    စတိ စတိ စိတ်ကို ကောင်းကောင်းထား
    တရားလေး ဘာလေးမှတ်
    ၃၈ ဖြာ မင်္ဂလာလေး ဘာလေး ဖတ်
ြ့ပီးမှ ပြန်လာခဲ့ရင် ကောင်းမယ်2

    စိတ်မပူ ဘာနဲ့ Rita ကိုစောင်းပြောနေတာမဟုတ်ပါဘူး

    ReplyDelete
  40. ကိုယ်တို့ဝတာ ကိုယ်တို့မှာ အပြစ်မရှိပါ. ရန်ကုန်တုံးက ကိုယ်တို့လည်းခပ်ပိန်ပိန်ပါဘဲ။ ဒီရော့က်တော့မှ အားဆေးနဲ့ ရှင်သန်ခဲ့တဲ့ ကြက်သား အကြီးကြီးတွေကိုနေ့တိုင်းစားနေတော့ သူတို့ရဲ့ မွေးမြူရေးတစ်ကိုးနဲ့ ဖောင်းကားနေတဲ့ အဆီအသားတွေက ကိုယ်တို့ဆီရောက်လာခဲ့လို့အဲသလိုဖြစ်ခဲ့ရပါတယ်
    (ထပ်ပြီးတော့ပြောလိုက်မယ် ကျနော့်အစ်မမှာဒီကိစ္စနဲ့ပတ်သက်ပြီးလုံးဝအပြစ်မရှိပါ)

    ReplyDelete
  41. စားစရာတွေအပြင် ပိတောက်ပင် ပါတွေ့လိုက်ရတော့
    ရန်ကုန်ပြန်ချင်စိတ်ပေါက်သွားတယ်....

    ReplyDelete
  42. အမရေ..... မြင့်မြင့်ခင်ကို လွမ်းတယ်။ အားလူးနနွင်း မကင်း ပုံလေးများ ရှိရင် တင်ပေးပါ အမ.... အလွမ်းပြေ ကြည့်ချင်ရို့.......

    ReplyDelete
  43. ရှိဘူး
    kom

    ReplyDelete
  44. စားချင်လာပြီ

    ReplyDelete
  45. ရန်ကုန်ကို တနှစ် ၂ခေါက်လောက်ပြန်ရင် ဘလော့ဂ်နာမည်ပြောင်းလိုက်လို့ရပြီ။ ရန်ကုန်သူဘလော့ဂ်လို့

    ReplyDelete