ရန်ကုန်သူ
အောင်မြင်မှူဆိုတာ ကို လိုချင်သော်ငြားလည်းကျော်ကြားမှူဆိုတာ ကိုတော့ ကြောက်မိ ပါတယ်။ ဒါတွေ ကိုကြောက့်လို့ ယောက်ကျားမယူ. (အဲလေ.. မင်းသမီးမလုပ်ခဲ့ဘူး) ။ အနုပညာသမားလုပ်ရမှာကို တစ်ကယ်ဘဲကြောက်မိပါတယ်။ သူတို့ဘဝကို လုပ်ဘို့ ဆိုတာမလွယ်ပါဘူး။ အစကတည်းက လုပ်မယ်ဆိုကတည်းက ခံနိုင်ရည်ရှိဘို့လိုပါတယ။် အောင်မြင်ရင်ဝက်ဝက်ကွဲအားပေးကြပြီး။ မအောင်မြင်တဲ့အခါ ကိုယ့်ုကိုဘယ်သူကမှ မသိတော့တဲ့ အခြေအနေမျိုးကို မလွဲမသွေ ရင်ဆိုင်ရမယ်ဆိုတာကိုသိလို့ ဒီလို ကျော်ကြားမဲ့ အနုပညာအလုပ်ကို မရွေးချယ်ခဲ့ပါဘူး။
အခုလိုဘလော့မှာလြာ့ပီး အားပေးချီးမြင့်ကြတာကို ဝမ်းသာသော်ငြားလည်း။ ကြောက်နေမိ ဆဲဘဲ။ ဘဝကို တသမတ်ထဲ နေချင်သူပါ။ အေးချမ်းစွာဖြတ်သန်းလိုပါတယ်။ နိမ့်လိုက်မြင့်လိုက်ဘဝကို ခံနိုင်ရည်မရှိသူမို့ တစ်ကယ်ကိုဘဲ စိုးကြောက်မိလှပါတယ်။
ဦးမြတ်ခိုင်နဲ့တွေ့ခဲ့တယ။် လျှပ်တပြက် ဂျာနယ်တိုက်ကိုသွားတွေ့ပါတယ်။ ဗိုလ်တစ်ထောင်ဘုရားလမ်း မှာရှိပါတယ်။ ညဘက်ရောက်သွားတာတောင် ချာတိတ်တွေ အလုပ်လုပ်နေတုံးဘဲ။ အချိန်မှီပြီးချင်လို့ တက်သုတ်ရိုက်နေကြတယ်ဆိုပါတယ်။ ဘာ ဆက် ပြောရတောင် မှန်းမသိတော့ဘူး။ တွေ့ခဲ့တယ်ဘဲ ထားပါတော့.။
ကပ်ကျော်စေတီကတော့ လောင်းစရာကိုမလိုပါဘူး တစ်ကယ်ကို မရောက်ခဲ့ပါဘူး. စိတ်နဲ့တော့ရောက်ဖြစ်ပါတယ်။

ဗိုလ်တစ်ထောင်ဘုရားလဲရောက်ပါတယ်။ တော်တော်တော့မှောင်နေပြီ.။

This comment has been removed by the author.
ReplyDeleteဟိုနားကို ဓါတ်ပုံမရိုက်ခဲ့ဘူးလားမမ။
ReplyDeleteအတိတ်က ခြေရာလေးတွေ ပြန်ရှာချင်လို့ပါ။
ထုံးစံမပျက်
ReplyDeleteကားမီးလေးက ပါလိုက်သေးးးး
(ဦးတော်လည်း လုပ်သွားပါတယ်)
ReplyDeleteဟင်
မပြီးသေးပြန်ဘူး။
မမ စာ မဖတ်ရသေးရင် အိပ်မပျော်ဘူး၊ လာဖတ်သွားပီ:)
ReplyDeleteမမ သံဝေဂတွေ ရနေတယ်လား? အမြဲ အားပေးကြမှာပါ
ReplyDeleteရန်ကုန်အခန်းဆက်.........
ReplyDeleteဖတ်ရန်ရောက်ခဲ့
ဖတ်ပြီး မန့်ပြီး ပြန်ပြီကွဲ့ :P
ဟုတ်တယ် မကြီးပြောတာကို အပြည့်အဝထောက်ခံတယ်...
ReplyDeleteမကျော်ကြားချင်နေပါစေ... ကျော်ကြားမဲ့ တော့မဖြစ်ချင်ဘူး
ရိုးရိုးလေး ဖြတ်သန်းရကျေနပ်တယ်...
ိနိမ့်လိုက်မြင့်လိုက် စိုးကြောက်တဲ့အထဲဖိုးစိန်လဲပါတယ်...
မြင့်မှာကိုလဲမမျှော်မိ နိမ့်မှာကိုလဲ မလိုလား
ရှိရင်းစွဲ ဖြစ်တည်မှုလေးနဲ့ကျေနပ်ချင်သူပါ...
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ဘဝကို တသမတ်ထဲ အေးချမ်စွာ ဖြတ်သန်းလိုပေမယ့် နိမ့်လိုက် မြင့်လိုက် ဘဝကို ၆ခါလောက် ကြုံခဲ့ပြီ။ ခဏခဏ ဘဝပျက်ဖူးသူမို့ ကျရှုံးတဲ့ဘဝဆိုတာ ဘယ်လောက် ခါးသက်တယ်ဆိုတာ ကောင်းကောင်းသိတယ်ဗျ။
ReplyDeleteဗိုလ်တစ်ထောင်ဘုရားနားမှာ ညဘက်ဆို ထိုင်လို့ကောင်းတယ်...အခုတော့ မသိတော့ဘူး...။အမရေ ရောက်တယ်နော်..။ ;P
ReplyDelete28 Jun 09, 23:19
ReplyDeletekom: တို့မှာလဲဘလော့ရှိပါတယ်။ လာလည်ပါဦး။
ပြောရက်တယ်နော်... နေတိုင်းမလာမဖြစ်လာနေတဲ့သူကို
အမြဲတမ်း ပုံမှန်အိမ်မလာတဲ့သူက ပြောသွားတယ်
ရက်စက်တယ် မခင်ဦးရယ်
ကျန်စစ်စိန်ကိုပြောရက်ပါပေ့...
း)
ချစ်ခင်ခြင်း အနန်တော အနန်တများစွာဖြင့်
ဖိုးစိန်
ကျပြီးရင်တက်။ တက်ပြီးရင် ပြန်ကျ။ ဒါက လောက ဓမ္မတာ ပဲမဟုတ်ဘူးလား။ ရင်ဆိုင်နိုင်ရမှာပေါ့။ ဆန်ဖြူသွားကျိုးတဲ့အထိ KOM ဆိုတဲ့နာမည်ကို blog လောက မှာဆက်ထိန်းထားချင်တယ်ဆိုရင်တော့ ပေးရမဲ့တန်ဖိုးက တော်တော် ကြီးမယ်ထင်ပါရဲ့။ ဒါပေမဲ့လဲ professional ကို ကိုပြောင်းလိုက်ပြီး blogger အနေနဲ့ ဆက်ရှင်သန်မယ်ဆိုရင်တော့လဲ တမျိုးပေါ့လေ။ အနဲဆုံးတော့ KOM ဆိုတာဘာဖြစ်သွားလဲ စောင့်ကြည့်ချင်မိပါရဲ့
ReplyDelete"Heartmuseum said...
ReplyDeleteဘဝကို တသမတ်ထဲ အေးချမ်စွာ ဖြတ်သန်းလိုပေမယ့် နိမ့်လိုက် မြင့်လိုက် ဘဝကို ၆ခါလောက် ကြုံခဲ့ပြီ။ ခဏခဏ ဘဝပျက်ဖူးသူမို့ ကျရှုံးတဲ့ဘဝဆိုတာ ဘယ်လောက် ခါးသက်တယ်ဆိုတာ ကောင်းကောင်းသိတယ်ဗျ။"
အဲလိုဖြစ်ဘူးတဲ့လူတွေက ပိုပြီး mature ဖြစ်တယ်။ လောကကြီးကိုလဲ မကြောက်တော့ဘူးတဲ့။
"D Soe said...
ReplyDeleteဗိုလ်တစ်ထောင်ဘုရားနားမှာ ညဘက်ဆို ထိုင်လို့ကောင်းတယ်...အခုတော့ မသိတော့ဘူး...။အမရေ ရောက်တယ်နော်..။ ;P"
သော်မစင်ရိပ်သာ မှာနေခဲ့တော့ ဗိုလ်တထောင်ဘုရား ပတ်ဝန်းကျင်တော့ အကုန်လုံးနီးပါး သိခဲ့ဘူးတယ်။ ဒလ ဖက်ကိုလဲ မီးသွေးမော်တော် အပျော်စီးဘူးတယ်။ အဲဒီတုန်းကချစ်သူက စီးချင်တယ်ဆိုလို့။ ကိုယ်ကတော့စိတ်ထဲမှာတော်တော်ကျောက်တယ်။ မျက်နှာ မှာမပေါ်အောင်နေရတာ ပေါ့။
သော်မဆင်မှာနေခဲ့ဖူးတဲ့ စတိဗ်ရဲ့။ အဲဒီမှာ ကျုပ်တို့အမျိုးလဲရှိတယ်။
ReplyDeleteဗိုလ်တစ်ထောင်ဘုရားမှာ ငှက်သွားလွှတ်တာ ပျော်စရာကြီး။
နိမ့်တုံ မြင့်တုံ ဖြစ်မှာကို မကြောက်ပါနဲ့ ရန်ကုန်သူရယ်၊ဘ၀ဆိုတာ ဒီလိုပါဘဲ၊ ရန်ကုန်သူ ဘလော့ရေးနေသမျှတော့ လာမန့်နေကြမှာပါ၊အမြဲအားပေးနေကြမှာပါ။
ReplyDeleteအင်း မကြီး ပြောတော့လည်း စဉ်းစားရပြန်ပြီ၊ ဘလော့မရေးဘဲနေတာ ကောင်းမလား။ ဗိုလ်တစ်ထောင်ဘုရားကြီးမြင်တော့ အရင်တုန်းက သွေးလှုခဲ့တာလေး သတိရသွားတယ်။
ReplyDeleteမကြီးကို မေးဦးမယ်.....ရန်ကုန် က သက်စိ ရေးမှာလားဟင်
ိနိမ့်လိုက်မြင့်လိုက် စိုးကြောက်တဲ့ထဲ မေလေး လဲပါတယ်.မမရေ
ReplyDeleteဒါပေမဲ့ ဘဝကိုနိမ့်လိုက်မြင်လိုက် ကြုံနေမှာမို့ ကျရှုံးခြင်းကိုတကယ်ကိုမလိုချင်တော့တာမမရေ
ဒါ မရှည်ရှည်အောင် ဆွဲဆန့်နေတာပဲ။
ReplyDeleteသည်းညည်း မခံနိုင်တော့ဘူးဟူးဟူးဟူး...။
ဟုတ်ပ မမ .. မီးချစ် လဲ ဒါမျိုး ကြောက် လို့  မင်းသမီး မလုပ်တာ.. ဟီးဟီး.. ဘာရယ် မဟုတ်ပါဘူး .. ပေါကြည့်တာ..
ReplyDeleteရန်ကုန် အကြောင်း ရေးသာရေး မီးချစ် ပြန်လာရင် လဲ အပိုင်း 100 ရေးမယ်.. လာအားပေးနော်..း))
အမရေ မင်းသမီးဆိုရင်လွမ်းတတ်ရတယ်နော့၊ ကျွန်တော်ကတော့ လူကြမ်းတောင်ဖြစ်မှာမဟုတ်၊ ဒါပေမယ့် ဟော်လီးဝုတ်မှာ တကယ်ဘဲ ရီဂျက်စတာလုပ်ထားတာ အခုထိတခါမှ ဖြတ်လျှောက်တောင် မခေါ်ဘူး၊ လူကြမ်းဖြစ်ချင်သူကို ပွဲစားရိတ်သွားပြီထင်တယ်၊ လျှောက်ချင်သူပြောနော် လိပ်စာပေးလိုက်မယ်၊
ReplyDeleteထောက်ခံပါတယ်..ဒါပေမဲ့ကျမကတော့အမြင့်မရောက်ဘူးလို့ကျမှာလဲမ
ReplyDeleteကြောက်ဖူးပါဘူး...
နိမ့်တုန်မြင့်တုန်မှန်သမျှတော့ကြိုက်ခဲ့မိတာပဲ...
ReplyDeleteရေးချင်သလောက်ရေး ဖတ်မယ်။ ဘာမှ အားမငယ်နဲ့။ဦးတော်လုပ်ခဲ့တာတွေကို သာဓုခေါ်သွားပါတယ်။
ReplyDeleteဗိုလ်တစ်ထောင် ဘုရား မရောက်ဖြစ်တာ ကြာပြီ ....
ReplyDeleteကပ်ကျော်ဘုရားကိုတော် ဘယ်နကြိမ်မှန်းမသိ ကပ်ကျော်ခဲ့ဖူးတယ် ...
ရိုးရိုးအေးအေးပဲ နေချင်တာတော့ တကယ် ထောက်ခံတယ် ...
အရမ်းအမြင့်ကြီးကိုရောက်မှ ပြန်မကျရအောင် အရမ်း အမြင့်ကြီးကို မတက်ချင်ဘူး ...
ကိုယ့်ကို ကိုယ် တစ်ခုခုတော့မှားနေတယ် ထင်တယ် ...
နေဒေးသစ်။
မကျော်ကြားရင်နေပါ...။ ဟုတ်တာပေါ့..။ ရိုးရိုးလေးပဲ နေချင်တယ်...။
ReplyDeleteနိမ့်လိုက် မြင့်လိုက်တွေက ဘ၀မှာ အလိုမတူဘဲ ကြုံနေရတာပဲ မဟုတ်လား မမရယ်
ReplyDeleteရောက်လာတယ်။ ဟုတ်တယ် မ့ရေ ကျော်ကြားမှု့ကို မလိုချင်ဘူး။
ReplyDeleteကုန်သေးဖူးလား...။
ReplyDeleteကုန်ပြီထင်လို့ .. နောက်ကျမှလာတာ ကို...။
အိမ်လွမ်းဒါဏ်...မခံနိုင်ယို့ ပါ
ဘေးရန်ပေါလှ လောကအတွင်းမှာ သူသူငါကို ချမ်းသာပြုလတ် အ အေးဓါတ် မေတ္တာ လ ရောင်ဝါ
ReplyDeleteလွန်စွာထွန်းပပါစေသတည်း။
အားလုံးချမ်းသာကြပါ စေ။
ReplyDelete