Sunday, July 5, 2009

lonely night

စနေည

လူတွေ ကပင်လယ်လို...
စကားသံတွေ ကလှိုင်းရိုက်သံလို....
ကိုယ့်ပတ်ဝန်းကျင်မှာ ပဲ့တင်ထပ်လို့နေတယ်.။

ခေါင်းငိုက်စိုက်ချရင်းနဲ့လျှောက်ခဲ့.။
ပျင်းလိုက်တာ.ပျင်းလိုက်တာကွာ...လို့စိတ်ထဲရေရွတ်ရုံမက. အသံထွက်လို့ပါရွတ်ဆိုခဲ့.။
မြေကြီးကိုခြေနဲ့ကန်ချင်မိသေးတယ်။ ကန်လဲကန်ပစ်ခဲ့တယ်။

တစ်နေ့လုံး တစ်ခါတောင် မမြည်တဲ့တယ်လီဖုံးကို ငုတ်တုတ် ထိုင်ကြည့်ရင်းနဲ့ အချိန်အတော်ကြာခဲ့တယ။်

နောက်ဆုံးတော့ ဖြေရာပြေကြောင်း ကောင်းကင်ကိုဘဲ မော့ကြည့်ခဲ့မိတော့တယ်။





































42 comments:

ရွှန်းမီ said...

ပြေရာပြေကြောင်းပါပဲ ..
ပြေသွားပါစေ.. =)

ရွှန်းမီ said...

...

ကိုယ်တိုင်ရေးတာလား။
March 22, 2009 10:06 PM
...

မယုံနိင်ဘူး
March 22, 2009 10:06 PM

...
:P
အစ်မစကားကိုပဲ copy paste ပြန်လုပ်မိပါတယ်..

sskyAw said...

ရှားရှားပါးပါး နံပတ် ၃ ရ လို့ပါလား

sskyAw said...

စကားလုံးလေးတွေက ထိမိလို့ပါလား ... :)

Anonymous said...

same here.... my nights r so lonely..

Anonymous said...

P.S. u r not alone...

mirror said...

ဖတ်ရင်းက ကိုယ်ပါလိုက်ပြီး အထီးကျန်လာသလိုပဲ အစ်မ kom ရေ....။စကားလုံးတွေထိရှလှတယ်......။

kaungkinpyar said...

ကောင်းကင်က လာမော့ကြည့်ပါတယ် မမ၊ရေးထားတာ ချစ်စရာလေး

လူမုန်း said...

♫..စနေနေ့ ...ည.♪ ☺

♪..ကိုး....နာရီ...သူခိုးလာပြီ..♫ ☻

♫..ဒိုး...ပါ..ပြီ .♪ ☺ ☻

ဝက်ဝံလေး said...

မမကွန် အထီးကျန်နေလို့လား ဒါဆိုရင်လဲ များဆီလာခဲ့လေ ဟဟဟ မုန့်ကျွေးမယ် က ပြမယ် ဘယ်လိုလဲ ခစ်ခစ် ဘိုင်

အိုက်ခီလောက် said...

မယုံပါ လုံးဝမယုံပါ မကြီး
တစ်နေကုန်လို့ ဖုန်းမလာတာဆိုတော့ ဖုန်းပျက်နေတာဖြစ်မယ်
ခေါင်းငိုက်စိုက်လျှောက်တယ်ဆိုတာက လူမြင်မခံချင်လို့ 
ပျင်းနေတာက မပျော်လို့ 
မြေကြီးနဲ့ ခြေထောက်ကထိနေတော့ ကန်စရာမလိုပါ
ကောင်းကင်ကိုမော့ကြည့်တာက နှာခေါင်းသွေးယိုနေလို့ 
ဟုတ်များဟုတ်နေလားမသိဘူး
ရမ်းသန်းပြောသွားတာမဟုတ်ဘူးမကြီးရ

tg.nwai said...

မမ.. ကိုမဆလာကြီး ခရီးထွက်သွားလို့လား..။
မပျင်းပါနဲ့မမရယ်..ဖုန်းနံပါတ်ပေးထားပါလား..ခေါ်မှာပေါ့.. Pfingo နဲ့..ဟဲဟဲ။

နေကောင်းအောင်နေနော်..မမ တကယ်အထီးကျန်တယ်..အဲ.. အမ ကျန်တယ်ဆိုရင် တကယ်စိတ်မကောင်းဖြစ်မိမယ်..ဒါပေမယ့်..တို့မမက ချစ်သူခင်သူ ဒီလောက်ပေါတာ..အချိန်တောင် လောက်မယ်မထင်...:)

သူရိန်မင်း said...

ဘ၀ကတစ္ခါတေလ မဖြယ္ရာဘူး။ ကိုယ်က မဖွယ်ရာတာလဲ ဖြစ်ချင်ဖြစ်မယ်။ ကုန်အောင်ဖြုန်းရတဲ့ အချိန်တွေ သိပ်ကြာလွန်းတယ်။ ကောင်းကင်လွင်မျော သွားတဲ့အခါ ပြန်စုဆည်းဖို့ခက်ပြန်တယ်။ ဒါပါပဲလေ ပြီးတော့လည်း ပြီးသွားတာပါပဲ။

Steve Evergreen said...

ဒီလိုမှန်းသိ ဖုန်းခေါ်ပါတယ်။ sunday တော့ တနေကကုန် သေနာကျတွေနဲ့ နဘမ်းလုံးရမယ်

မီယာ said...

silent night, lonely night ဖြစ်နေတာလား မမရေ
ကိုမဆလာကြီး ရန်ကုန် လစ်သွားပြန်ပြီလား
မမဖုန်းကို ဆက်ဖို့ နံပါတ်မှမရှိတာ

sonata-cantata said...

ဒီမလဲ အပူရုပ်ကို ဟန်လုပ်နေရတာပါ...
(ဒီက အားပေးတာ တော်ဒယ်ဆိုတာ သိတယ်မလား)

သားကြီး said...

မော့ကြည့်ထားတဲ့ကောင်းကင်ကိုပဲ
ထပ်လာမော့ကြည့်သွားတယ် :P

Dr. Yi Yi Win said...

တစ်ယောက်ထဲ ငါငိုနေတုန်း...
ရင်ထဲမှာ အကျေနပ်ဆုံး..ဆိုတဲ့ စာသားလေးပါတဲ့ သီချင်းလေးစိတ်ထဲမှာငြီးပြီး တစ်ယောက်ထဲဖြစ်နေလည်း ပျော်အောင်နေတတ်လာပါပြီ။
လာတုန်းကလည်း တစ်ယောက်ထဲ
ပြန်တော့လည်း တစ်ယောက်ထဲ..လို့ ဆိုတယ်မဟုတ်လားမကြီး ရေ။ ဟီး..တရားတွေဟောနေမိပြီ။

Anonymous said...

ကဗျာဆန်လာပြီဆိုတော့
အတော်လေးခံစားနေရတဲ့သဘောပေါ့...
ATN

Steve Evergreen said...

အခုမှသတိရတယ်။ xbox ဖြစ်ဖြစ် PS3 ဖြစ်ဖြစ် လက်ဆောင်ပို့လိုက်မယ် ..အခွေတော့ ကိုယ့်ဘာသာကို ဝယ်ပေါ့။ မတတ်နိုင်လို့

mae said...

မမရယ်.. ဒီဘက်ကို ဖုန်းနံပါတ်ပေးလိုက်ပေါ့၊ စင်္ကာပူကို GBP 4.00 လောက်နဲ့ တစ်လ မိနစ် ၁၀၀၀၀ ခေါ်လို့ရဒယ်

Cho said...

Me 2. I don't wanna have that kinda experience anymore. but, don't wanna find any partner so far :P

MrDBA said...

အထီးကျန်မှာပေါ့ .. အမကတစ်ယောက်ထဲ လျှောက်ဒိုးနေတာကိုး အရီးရဲ့။ အရီးလျှောက်ဒိုးနေတုန်း အပြင်မှာ ခလုတ်တိုက်ပြီး တွေ့ကျရင် သိပ်ကောင်းမှာ .. ငွှားငွှား။ အဖေါ်လုပ်ပေးလို့ရတယ်လို့။
တကယ်တော့လေ အပြင်မှာ ပခုံးချင်းတိုက်သွားရင်တောင် အရီးလို့ မသိနိုင်တဲ့ ဘဝပါ အရီးရယ် .. (အာဟိ)

Anonymous said...

ဒါတကယ့် ခံစားချက်လား?

ဖုံးက ၇နာရီ၈မိနစ်မှာ မမြည်ခဲ့ဘူးလား?

ဘယ်ဖုံးကိုပြောတာပါလိမ့်

သက်ပိုင်သူ said...

ဖတ်ရင်းနဲ့ မျက်၇ည်တွေ အတောင့်လိုက် ထွက်သွားတယ်...
ဗြဲ..................

Sein Lyan Tun said...

မော့ကြည့်လိုက်တဲ့ ကောင်းကင်မှာ ဘာတွေ မြင်လဲပဲသိချင်တယ်

ချမ်းမြေ့ရင် said...

အမ မြေကြီးကို ခြေနဲ့ကန်ပြီး ရိုက်ခဲ့တဲ့ပုံတွေက အတော်လှတာဘဲ၊ ဓါတ်ပုံအယူအဆတွေကောင်းလာပြီ၊နောက်ကို ပုံလှလှလေးတွေထွက်အောင် ဓါတ်ပုံရိုက်ခါနီး ခြေနဲ့ကန်ဖို့မမေ့နဲ့နော်၊ နောက်တာပါ၊ လုံးလီးနှိက် ဖြစ်နေတယ်ဆိုလို့။

:P said...

Lonely is the night...


http://www.youtube.com/watch?v=4sgogXU2G10

မာ့ခ် said...

Imm...

Rita said...

ဖုန်းနံပါတ် ပေးထားပါလား မမရယ်။ နားညီးလောက်အောင် ခေါ်ပါ့မယ်။

သီဟသစ် said...

Lonely in the night ပေါ့ မမကွမ်းရယ်

ခင်မင်စွာဖြင့်
သီဟသစ်

မေဇင် said...

သနားပါတယ် .... မမကွန် ရယ် ။ ဘာပဲဖြစ်ဖြစ် ခံစားချက် ကဗျာတစ်ပုဒ် ထွက်လာတာပေါ့...။

WWKM said...

ဖုန်းနံပါတ်ပေးပါလား မမ..
မီးမီးခေါ်လိုက်မယ်. :D

subuueain said...

ဘာဖြစ်လို့ လဲ အမရဲ့ 

တောင်ပေါ်သား said...

အမရေ သနားသွားမိတယ်း)
အုန်းပင်လိုလို ထန်းပင်လိုလိုနဲ့ အိမ်နားမှာ ရှိတယ်လား စုံစမ်းဦးမှး)

လေးစားလျက်
တောင်ပေါ်သား

Anonymous said...

lonely...
i mr lonely....
i hv nobody...
to call my own....
im so lonely....



Xထုံ

သက်ဝေ said...

အမရယ်...
ဒါများ.. လှမ်းခေါ်လိုက်ရောပေါ့...
မနေ့က တနေ့လုံး Orchard နဲ့ City Hall မှာ ရှိနေတာ...
နောက်ကို ခေါ်ဖို့ မမေ့နဲ့နော်...

မငုံ said...

သိပ်ကောင်းတဲ့ ပိုစ့်လေး။ ရေးထားတာ တအားသဘောကျတာပဲ။

Unknown said...

ငါ့အမက... ဒါမျိုးတွေလဲ ဖြစ်တယ်ပေါ့လေ....
ကြိုက်တယ်..... အမကဗျာဆန်တာ တခါမှ မမြင်ဘူးသေးလို့ နည်းနည်းတော့ ထူးဆန်းနေတယ်။
စိတ်တကယ် ညစ်နေတာ ထင်တယ်။

:P said...

မမ မြေကြီးကိုခြေထောက်နဲ့ကန်တယ်ဆိုလို့ စီဘောက်စ်ထဲက anr ဆိုတဲ့ အရုပ်လေးကိုမြင်ယောင်သွားတယ်။
ပါးစပ်က !@#$%^& ရွတ်ပြီး ဖုန်တွေလည်း ထ သွားတယ်လေ...။ :D

Moe Cho Thinn said...

စင်ကာပူကို လာခဲ့တော့မယ်။
လေဆိပ်မှာ ကြိုပါ။
:)

အိမ့်ချမ်းမြေ့ said...

မခင်ဦးမေ.. မြေကြီးကပြောတယ် ဖြေးဖြေးကန်ပါတဲ့ :D

ဒီပိုစ်လေးကို ခံစားသွားပါတယ်