Thursday, July 23, 2009
ma / maung
ဒီနေ့ အိမ်မှာ သီချင်းလေ.းနားထောင်လိုက် .. လုပ်ချင်တာ လုပ်ဘို့အတွက် အလုပ်မသွားဘူး။။ ကျောင်း စာအုပ်ကတော့ ဝတ်တရားကျေ တစ်နာရီဖွင့်လိုက်မိသေးတယ်။ ဘာဖြစ်လို့ ကျောင်းစာအုပ် ကိုင်သလဲ။ ကိုင်ချင်လို့ ကိုင်ပါတယ။် ကိုင်လိုက်ရင် အားရှိတယ်လေ။ အဲဒီကနေ ..နေကြတ်တဲ့ဆီရောက်သွားတယ်
အင်း. .အဲဒီအချိန်မှာ ချစ်လှစွာသော မောင်ငယ်…ဆီက ဖုံးရပါတယ်။ လေဆိပ်ရောက်နေပြီ ဆိုတဲ့ အကြောင်း.။ ပြန်တော့မယ်ဆိုတဲ့ အကြောင်း…….
ဟမ်. ဘယ်လိုဖြစ် ……………ဘယ်လိုမှ မဖြစ်ပါဘူး .ဒီလိုပါဘဲ ဆိုတဲ့ အန်မတန်အေးချမ်းတဲ့ကောင်ကြောင့် စိတ်တိုရပေါင်းလဲ များပါပြီ။ သူကအေးချမ်းတော့လည်း
ကိုယ်လည်းအေးချမ်းရတော့တာပေါ့။ အဲဒီကောင် က မိန်းမခိုးတာမှာ အစ်မ ဆီ က သူ အေးချမ်း တယ်ဆို ပိုက်ဆံတောင်းသွားတဲ့ကောင်ပါ။ အစ်မ ပိုက်ဆံပေးဆိုလို့ ပေးလိုက်တာ အဲဒီညက ပျောက်သွားပါလေရောလား. . ဘီယာသောက်ချင်တယ် ပေးပါဦးဆို လို့လဲပေးရပါသေး။ ဖဲရိုက်တာကတော့ စီးပွားဖြစ်ရိုက်လို့မရဘူး ကိုယ်ပေးတာ က နဲတယ်လေ။
အိမ်ကထွက်တာနောက်ကျတာရယ်။ ကိုယ်ကိုယ်တိုင်ကလဲ kmsl လစ်ရင် လစ်သလို တက်ကစ်ီ ခိုးစီး တတ်တာကြောင့် တက်ကစီ စီးဖြစ်လိုက်ပါတယ်။ လေဆိပ် မှာ မောင် ကို ရှာပြီး ကမန်းကတန်း မုန့်စားခိုင်းလိုက်ရသေးတယ်။ ကိုယ့်မောင်လဲ လက်ပတော့ပါတယ။် ဟိဟိ။ ဘာညာဝယ်သွားတာ ကိုယ့်ကဒ်နဲ့ဘဲ ဖြတ်လိုက်တယ်။ စကားလဲ သိတ်မပြောလိုက်ရပါဘူး။ ဝင်သွား………ရော.။ လွမ်းတာနဲ့ ပါးကို ဖက်နမ်းလိုက်သေးတယ်။ တစ်ကယ်ပါ မညာဘူး။ ကိုယ့်မောင် ကိုယ်နမ်းဘာ ဖြစ်သလဲနော့။
ပြန်လာတယ်။ မြန်မာဆိုင်ရောက်ပါတယ။် တောက်တိုမယ်ရတွေ လုပ်ပါတယ်။ သရက်သီးက တစ်လုံး စလုံး သုံျးကျပ်ခွဲပါ။ ဒါကတော့ကိုယ့်မေတ္တာပါ
မောင် သဘောင်္ပေါ်ကဆ င်းလို့စိတ်ညစ်လာတာနဲ့ စိတ်ပြေလက်ပျောက် ပိုက်ဆံအိတ်ကလေး ဝယ်လိုက်တော့မှ စိတ်နဲနဲ ချမ်းသာသွားတယ။် ကြားထဲက ခါး နာသွားတာကတော့ kmsl ဘဲပေါ့။ အင်. ဘာဖြစ်လို့လဲ မေးနေရသေးလား ။သူက ငွေရှင်လေ။ ဒီညတော့ နိပ်ပေးရင်ကောင်းမယ်ထင်ရဲ့. ……ဲ.
komရေးတဲ့စာ
မောင်ကလေးတစ်ယောက် အမည်ပေါက်
မတောက်တစ်ခေါက်...
ဟိုမရောက် ဒီမရောက်
မယုလေး က မျက်စိမှောက်
အစ်မတွေ က ခေါင်းတွေခြောက်
စိတ်ပြေလက်ပျောက် အိတ်ဆိုင်ရောက် ……..then.. ကိုမဆာလာ ငါးပါးမှောက်။
38 comments:
  1. ပိုစ့်အဟောင်းဖတ်ရင်း အသစ်တင်တာ ကြုဲံပြန်ပြီ။ မကြီးတို့ကတော့ အိတ်ဝယ်လိုက်မှ စိတ်ချမ်းသာသွားတယ်တဲ့ ။ :) စာချိုးလေး ကောင်းတယ်။ ကိုမာဆလာ ငါးပါးမှောက်ဆိုပါလား..
    ReplyDelete
  2. နမ်းတဲ့အချိန်မှာဘေးကလူတွေအများကြီးလား
    ကောင်းပါတယ်ကွယ် နမ်းသာနမ်းပါ
    ချစ်လို့နမ်းတာပဲကွယ်
    ကိုယ့်မောင်ကိုနမ်းတာပဲကွယ်
    ဝင်မစွက်လိုပါဘူးးးးး :P
    ReplyDelete
  3. ကောင်းလိုက်တဲ့ ကဗျာ.. အဟတ်၊ လိုရင်းရောက်တယ်
    အနော်လဲ မောင်တွေကို နမ်းတာပဲ၊ တစ်ကောင်က အိုက်တင်ခံတတ်တယ်၊ ဒါပေမယ့် သူရှက်မှန်းသိလို့ကို နမ်းတာ :P
    ReplyDelete
  4. တခုမရှင်းဘူး။ အိတ်ကမောင်အတွက်လား။ မောင်ရဲ့ မိန်းမ အတွက်လား။
    ReplyDelete
  5. Four! kom ရေးသည်လေးကိုကြိုက်တယ်။ အိတ်ဝယ်လိုက်မှ စိတ်ချမ်းသာသွားတယ်တဲ့။ ညီမလိုဘဲ။ :D
    ReplyDelete
  6. အော် ရေးနေရင်းကို six ပါလားဟယ်
    ReplyDelete
  7. သရက်သီးဘေးက လက်က မမလား။ စိတ်ဝင်စားစရာလေး လှတယ်။ ဘဒူလဲ အဒါ
    ReplyDelete
  8. ဟုတ်တယ်မမကွန် သရက်သီးဘေးနားက လက်ငါးချောင်းလှလှလေးတွေက ဘယ်သူ့လက်လဲ..
    မမရဲ့ လက်လား လှတယ်....
    mie nge
    ReplyDelete
  9. ဟုတ်မှာပါ မမလက်ပါ၊ ကဗျာလေးရေးထားတာလဲ ကောင်းးမှကောင်း
    ReplyDelete
  10. for ya
    http://foreverloyal.files.wordpress.com/2007/08/lv.jpg
    hee :D
    Gd day!
    ReplyDelete
  11. အိတ်က မရိုးလွန်းဘူးလား အမရ။
    သရက်သီးတွေစားချင်လိုက်တာာာာာာာာ။
    ReplyDelete
  12. တော်တာကွာ ...သူများတွေပြောမှ သရက်သီးဘေးမှာ လက်ရှိမှန်း သိတော့တယ်..... :D
    ReplyDelete
  13. အမ မောင်လေး ကံကောင်းလိုက်တာ...... ကျွန်တော့် အမတွေနဲ့များ ကွာပါ့....:D
    ReplyDelete
  14. မောင်ဝမ်းကွဲတွေ ရှိတယ်
    တခါမှ မနမ်းဘူး
    ရန်ကုန် သရက်နဲ့ စင်ကာပူ သရက်
    ဘယ်ဟာပို ကောင်းလဲ အမ
    ReplyDelete
  15. အပြုံးပန်းလည်း
    စိတ်ပြေလက်ပျောက်ဖြစ်အောင်
    ဈေးအမြဲဝယ်တယ်၊
    တူတယ် အမနဲ့။
    ReplyDelete
  16. စိတ်ပြေလက်ပျောက်အိတ်တလုံးဝယ်လိုက်တယ်လား... ကောင်းလိုက်တာ... တခုခုဝယ်ရရင်စိတ်ချမ်းသာတယ်နော်... ကျမလဲသွားဝယ်ရင်ကောင်းမလားမသိဘူး...
    ReplyDelete
  17. လူမုန်းJuly 23, 2009 at 7:46 AM
    မောင်လေး နာမည် ကလည်း “ပေါက်” ဘဲလား ?
    komရေးတဲ့စာ
    မောင်ကလေးတစ်ယောက် အမည်ပေါက်
    မတောက်တစ်ခေါက်...
    ဟိုမရောက် ဒီမရောက်
    မယုလေး က မျက်စိမှောက်
    အစ်မတွေ က ခေါင်းတွေခြောက်
    စိတ်ပြေလက်ပျောက် အိတ်ဆိုင်ရောက် ……..then.. ကိုမဆာလာ ငါးပါးမှောက်။
    ......after that..........
    cho: ♫.အာ.♪.လောက်.♫.လောက် ♪
    ☺☺☺(မိုးမင်း pitch အတိုင်းဆိုပါ) ☺☺☺
    ReplyDelete
  18. မမ
    Kom ရေးတဲ့စာက မိုက်မှမိုက်..း)
    ReplyDelete
  19. စာချိုးလေးကတကယ်မိုက်တယ် :)
    ထောပတ်သီး
    ReplyDelete
  20. မယုလေးက ဘယ်သူလဲ....။
    ReplyDelete
  21. မောင်လေး လား တယောက်ပဲ ရှိလို့  တော်တော့ တယ်..
    ns က နေ ညဘက်ကြီး သူ့ ဆော် ဆီ ဖုန်းဆက်ဖို့  ဖုန်းကဒ် ဝယ်ခိုင်းလို့  လိုက်ဝယ်ပေးရတယ်..
    မကြီးမကြီး ဆို ချွှဲ လိုက်တာနဲ့  .. ပိုက်ဆံ က အနဲ ဆုံး 20 ပါသွားတယ်.. နမ်းတော့ မနမ်းဘူး စိတ်တို ရင် တော့ ဆောင့်ကန်လိုက်တယ်.. သိပ်လဲနာ အောင် မကန်ရဲ ဘူး.. သူ့ အားနဲ့  ဆို တချက်ထဲ နဲ့  မီးချစ် ပွဲသိမ်းသွားလောက်တယ်.. ဟားဟား
    ReplyDelete
  22. သူ့အမျိုးလည်း ကိုယ့်အမျိုး။ ကိုယ့်အမျိုးလည်း သူ့အမျိုးပဲလေ။ ဟုတ်တယ်ဟုတ်။
    စကားမစပ်။ ကိုယ်တိုင်နှိပ်ပေးတော့ လက်ညောင်းတာပေါ့။ သူလည်း အညောင်းပြေမှာ မဟုတ်ဘူး။ အနှိပ်ခန်း သွားခိုင်းလိုက်ပါလား။
    ReplyDelete
  23. ကဗျာလေး လား စာချိုးလေးလား မသိဘူး... ကောင်းတယ်တော့......မောင် ကိုချစ်တဲ့ အစ်မ တစ်ယောက်ရဲ့ ပုံကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရတယ်...။
    ReplyDelete
  24. မယုလေး ဆိုတာ မမkom မောင် ရဲ့ ဇနီးဖြစ်နိုင်တာပေါ့ ဒေါ်ဒေါ် ဆင်ဒဏ်လား ရဲ့....
    ဟဟဟ.....ဆရာ ၀င်လုပ်တာ.....
    စိတ်မစိုးနဲ့နော်....ဒေါ်ဒေါ် ဆင်ဒဏ်လား ......
    ReplyDelete
  25. သရက်သီးဘေးက လက်က wall sheet ထဲကလို့ ထင်တယ်.....
    ReplyDelete
  26. မမနော်
    သရက်သီးပုံတွေ ပြပြနေတယ် သူများတွေ သရေကျအောင်။
    ReplyDelete
  27. ဒုံးဒုံးဒိုင်းဒိုင်း ကဗျာလာလေ့ပါတယ်ခင်ဗျ
    သင်ပါနော် တပည့်ခံပါတယ်
    ReplyDelete
  28. “ကြားထဲက ခါး နာသွားတာကတော့ kmsl ဘဲပေါ့။”
    အစ်မ သူအတော် နာသွားလားဟင်...
ုkmsl အဖြစ်ကလည်း မလွယ်ပါလား...
    အင်းလေ
    ကျွန်တော်တို့လည်း အိမ်ထောင်ကျဆို ခါးနားတော့မှာ ..
    (ငထွားက ခါးနာ ဆိုတဲ့ စကားပုံကိုပြောတောနော်...ဟီး
    )
    ReplyDelete
  29. ကောင်းလိုက်တဲ့ ကဗျာဗျာ အေးရော ... မချီးကျူးဘဲ ကို မနေနိုင်တော့ပါဘူး။ လက်ဖျားခါပါတယ်။ အကုန်ခါပါတယ်။
    စကားမစပ် ကျွန်တော်လဲ အရီးမောင် အရွယ်လောက်ဘဲ ရှိမှာ။ ဟီးဟီး။
    ReplyDelete
  30. ဟုတ်တယ် စိတ်ညစ်ရင် တခုခု ၀ယ်လိုက်ရမှ နဲနဲ လန်းသွားတာ။ မနေ့ကတင် skirt တထည် ၀ယ်လာသေးတယ်။
    ReplyDelete
  31. တို့လည်း မနေ့ကတင် ဖိနပ်၁ရံ ဝယ်ခဲ့တယ်..
    စိတ်ပြေလက်ပျောက် ဝင်ရေးကြည့်တာပါ..
    ReplyDelete
  32. မမမေရေ......အင်္ကျီလေးက အ၀ါနဲ့အနက်ကျားလေး။ လက်သည်းဆိုးဆီက အပြာရင့်လေး။ အဲဒါက မမမေပုံ မှန်ရိပ်ထဲမှာထင်နေတာလား။ ဒါမှမဟုတ်မဂ္ဂဇင်းမျက်နှာဖုံးပုံလား။ သိချင်လိုက်တာမမရာ။
    ReplyDelete
  33. မ နဲ့  မောင်အကြောင်းလား မကြီး။ မှန်ရိပ်ထဲကကောင်းမလေးလှလိုက်တာ။
    ReplyDelete
  34. မမရေးတဲ့ ကဗျာက လန်ပျံနေတာပါလား။
    အဖေ မရှိတော့တာ တော်သေးတယ်။
    နို့မို့ဆို အဖေ ၀မ်းနည်းရလိမ့်မယ်။
    ReplyDelete
  35. ဟင်.. ဘယ်ကလာ အန်တီ ခင်ဦးမေ လက်ဖြစ်မှာလဲ.. အဲဒါ မဂ္ဂဇင်းထဲက ကောင်မလေးဗျ.. ဟိုတလောကတောင် စီးတီးဟောမှာ ဦးလေးကြီး ၂ ယောက်က ဒီပုံ မိုက်တယ်ကွလို့  တိုးတိုးတိုးတိုး ပြောနေလို့  အတင်းသွားကြည့်ခဲ့သေးတယ်.. အဟိ.. ဦးလေးကြီး ၂ ယောက်ဆိုတာ မျက်နှာကြီးကို ရဲသွားတာပဲ.. မီးမီးက သိဘူးလေ.. ခုတော့ မိပြန်ပြီ.. ဟိဟိဟိ...
    ReplyDelete
  36. မောင်လို့ပဲသတ်မှတ်နော်....:P
    ReplyDelete