Sunday, July 5, 2009

OGDS

အစာအိမ်ပိုက်မြိုမယ်

အဲဒီနည်းကို gastroscopy ((oesophago-gastric-duodeno-scopy) (OGDS) လို့ခေါ်ပါတယ။် ပိုက်ပျော့တစ်ချောင်း. .အဲ အဲဒီထိပ် မှာ မီးလုံးကလေး နဲ့ကင်မရာ ပါမယ်။ အဲဒီပိုက်ကို အစာအိမ် လမ်းကြောင်းရဲ့ အစ ပါးစပ်ကနေ မျိုလိုက်ရင် အစာအိမ် နဲ့ အူလမ်းကြောင်း အစပိုင်းနား လောက်ကို ရောက်ပါတယ။် အဲဒီပိုက် က ကင်မရာနဲ့ ဆက်သွယ်ထားပြီး တီဗွီလို စကရင်မှာ ကြည့်တဲ့ အခါ. အစာအိမ်ထဲမှာ အနာရှိမရှီ. အူလမ်းကြောင်း မှာ အနာရှိမရှိကို ……သွေးထွက် မှူ ရှိမရှိ. အစာအိမ်နံရံများ ယောင်ယမ်းနီရဲနဲမှူ. တို့ကိုမြင်ရပါတယ်။

တစ်ရုး အသားစကလေးနဲနဲကို ယူပြီး တဲ့အခါ H. pylori bacteria ဆိုတာ ကို ချက်ချင်းစစ်လို့ရပါတယ။် အဲဒီပိုးရှိခဲ့ရင် ဆေး ကို သောက်ခဲ့ပြီးသက်သာရာ ရစေပါတယ။် အဲဒီိပိုးက အစာအိမ်အနာ များစွာ အတွက် တာဝန်ရှိတဲ့ကောင်ဘဲ ဆိုကြပါစို့။ မရှိခဲ့ဘဲ ယောင်ယမ်းမှူလောက်ဆိုရင်တော့လဲ အယောင် ကျဆေးလောက် ကို သောက်ရုံနဲ့ပျောက်ကင်းသွားမှာပါ။

လိုအပ်ခဲ့ရင် အသားစ ကို ယူပြီး ဓါတ်ခွဲခန်းကိုလည်း ပို့လေ့ရှိပါသေးတယ။် အဲဒါကို ဘိုင်အောပ်စီ (biopsy ) လို့ခေါ်ပါတယ်။ များသောအားဖြင့်ကတော့ အစာအိမ်ယောင် တယ်လို့ အဖြေရပါတယ။် ကံသိတ်ဆိုးခဲ့ရင်တော့လည်း ကင်ဆာဖြစ်သွားနိုင်တာပေါ့။

တကယ်လို့အထဲ လမ်းကြောင်းမှာ, အစာအိမ် အနာမှာ သွေးထွက်ခဲ့မယ်ဆိုရင်တော့လည်း အဲဒီ ပိုက် ထည့်ပြီးကြည့်ရင်းနဲ့ လိုအပ်သလို သွေးတိတ်အောင် စီမံခဲ့လို့လဲရပါတယ်။ အင်း ..အဲဒီလို ဆိုရင်တော့လည်း ပြန်ကြည့်ဘို့လိုတယ် ။ ရက်ပိုင်း အတွင်း သော်လည်းကောင်း လပိုင်း အတွင်းသော်လည်းကောင်း ပြန်ပြီးကြည့်ပြီး လိုအပ်သလို ရှေ့ဆက် ကုပေးရမှာပါ။

ရှောင်ရန်ဆောင်ရန်.
အော်. ပြောဘို့မေ့သွားတာက scope မလုပ်ခင် ၈ နာရီလောက်ခြားပြီး အစာမစားရေမသောက်ခဲ့ဘို့ပါဘဲ။ အဲဒါမှသာလျှင် ကြည်လင်တဲ့ မြင်ကွင်းကိုရမှာပါ. တစ်ခုခုစားခဲ့ရင်အဲဒီအစာက အနာကို ကွယ်နေခဲ့ရင်လွတ်သွားနိင်တဲ့ အတွက်ကြောင့် ပိုက်မမျိုခင် အစာမစားဘို့ သတိပေးထားရပါမယ်။ လူနာကိုသနားလို့ကျွေးလိုက်ရင်တော့ လုပ်တဲ့ အရာ ဟာ အားလုံးအတွက် အကျိုးမဖြစ်စေခဲ့တော့ဘူး. အချိန်ကုန်လူပန်းဖြစ်သွားပါလိမ့်မယ်။

ဘယ်အခါလုပ်မလဲ
ဘယ်လိုအခါမျိုးတွေမှာ scope လုပ်လေ့သလဲဆိုတော့ (ဒီနေရာမှာ တစ်ချက်ထဲကို မစဉ်းစားပါဘူး. အားလုံးလိုအပ်ချက် လူနာရဲ့တင်ပြချက် ခံစားချက်.တွေ့ရှိချက်များကို ပါ ထည့်သွင်းစဉ်းစားပါတယ။် ) ပုံမှန်အားဖြင့်က တော့ဆေးအရင် ပေးကြည့်ပြီး မသက်သာတော့မှ scope ကိုလိုအပ်သလို လုပ်လေ့ရှိပါတယ်။

၁. မျိုးရိုးမှာ အစာအိမ်လမ်းကြောင်း ကင်ဆာဖြစ်ခဲ့ဘူးသူ
၂. အစာမြိုရခက်ခဲနေသူ
၃. ရုတ်တရက်ပိန်ကျသွားသူ
၎. သွေးအန်တာမျီူ.း. ဝမ်းမဲမဲသွားတဲ့အခါ
၅. အန်ချင်သလိုခံစားချက်. အစာအိမ် ရင်ပြည့်သလို အောင့်နေသလို ခံစားချက်.
၆. ဟိုတုံးက အစာအိမ်အနာရှိခဲ့ဘူးသူ
၇. အကြောင်းရှာမရသေးဘဲ သွေးအားနည်းနေသူ
၈. အစာအိမ်နေရာနားမှာ အလုံးလိုဖြစ်နေသူ

ကြောက်နေသလား။
အစဉ်မသင့်ရင်တော့လည်း အဲဒီ scope လုပ်ရင်းနဲ့ အခန့်မသင့်လို့ သွေးထွက်တာမျိုး ဖြစ်နိုင်ပါတယ။် ဒါပေမဲ့ ဒီကိစ္စက အန်မတန်မှာ ခဲယဉ်းပါတယ။် အန်မတန်မှ ဖြစ်ခဲပါတယ်။ များသောအားဖြင့်က ဆရာဝန်ကြီးတွေဟာ ဒီကိစ္စမျိုး မှာ အန်မတန် ကျွမ်းကျင်ကြတဲ့အတွက်စိတ်ပူစရာမရှိပါဘူး။

နာတယ်ဆိုတာလဲနဲနဲပါ။ ခံနိုင်တဲ့ အနေအနားပါ. ဆေးသေးသေးကလေးကိုမျိုတာတောင် နဲနဲ ကသိကအောင့်ဖြစ်သေးတာ ပိုက်ကလေး ခပ်သေးသေးတစ်ချောင်းကို မြိုရမယ်ဆိုတော့ ကြောက်သလိုဖြစ်တာပေါ့။ ဒါပေမဲ့အေးအေးဆေးဆေးပါ. ဆေးလုံးအကြီးကြီး သောက်တယ် သဘောထားလိုက်ရင် ပြီးသွားတာပါဘဲ. ဘုရားတရားလေးအာ့ရုံထား. စိတ်ကို အေးအေးထားပြီး အလိုက်သင့် မျောချလိုက်ရုံပါဘဲ။

အသေးစားခွဲစိတ်ခန်းထဲလိုမျိုးကိုဝင်သွားပြိးရင် လုပ်တဲ့အခါ ဘယ်ဘက် ကို လှဲအိပ်နေဘို့ ပါးစပ်ထဲကို ထုံဆေးလိုမျိုး ဖျန်းလိုက်ပြီး ပါးစပ်ထဲကို တစ်စုံတစ်ခုလိုမျိုးကို ကိုက်ခိုင်းထားလိုက်မယ်။ အဲဒီ အပေါက်ကလေးထဲကနေ ဆရာဝန်က ပိုက်ကို ထည့်ပါလိမ့်မယ်။ လုပ်တဲ့ အချိန်က ၅ မီနစ်ကနေ ၂၀ မိနစ်အတွင်းလောက်ပါဘဲ။

Sedation က သိတ်ကို လူနာ ရုံန်းကန်နေမှ ပေးလေ့ရှိပါတယ်။ အဲဒါဆိုရင်တော့လည်း တစ်စုံတစ်ယောက် က ကိုယ်နဲ့ အတူ ရှိသင့်ပါတယ်။ တစ်နေ့တာ ကာလအတွက် ကားမောင်းတာ တို့ ဘာတို့ မလုပ်သင့်တော့သလို အိမ်ပြန်ဘို့လဲ အဖော်သဟဲ လိုတယ်လေ။ ပုံမှန်အားဖြင့်ကတော့ မလိုပါဘူး. ပြီးရင် ကိုယ့်ဘာသာ ကိုယ်ထ ပြန်သွားရုံပါဘဲ။

Reference;
http://adam.about.com/encyclopedia/Gastroscopy-procedure.htm
http://www.gcgeorge.net/2007/05/01/endoscopy-ogds/

45 comments:

  1. လာရောက်ဖတ်မှတ်သွားပါတယ်
    ဖြန့် ဝေတဲ့အတွက် ကျေးဇူးပဲဗျို့ 

    ReplyDelete
  2. မ kom ဒီအချိန် ပိုစ့်တင်မယ်လို့  ဘယ်သူမှ မထင်ဘူးနဲ့ တူတယ်

    ReplyDelete
  3. မ kom ဒီအချိန် ပိုစ့်တင်မယ်လို့  ဘယ်သူမှ မထင်ဘူးနဲ့ တူတယ်

    ReplyDelete
  4. ဟုတ်တယ် မထင်ဘူး

    ReplyDelete
  5. လာဖတ်သွားတယ် မKOM ..
    ဖြန့်ဝေပေးတာ ကျေးဇူး .. :))

    ReplyDelete
  6. မမ .. ဘဏ်လေးအတွက်ရေးတာလား

    ReplyDelete
  7. မမ... ဘယ်သူဘာဖြစ်လို့လဲဟင်....။

    ReplyDelete
  8. ဒါလိုမျိုးလေးတွေ ရေးပြန်တော့လဲ တို့မမကြီးက ခင်ဖို့ကောင်းနေပြန်ရော...

    တကယ်ဖြစ်ရင်တော့ စိတ်ကဘယ်လိုဖြစ်မယ်မသိဘူး...
    အခုနေတော့ ကြိုးတန်းလမ်းနဲ့ ကင်မရာကိုမြိုရမယ်ဆိုရင်တော့ တွေးလို့မရသေးဘူး...

    ဗဟုသုတရတာမို့ ကျေးဇူးပါ မမရေ...

းဝ)

    ReplyDelete
  9. ဆေးလုံးကြီးကြီး သဘောထားပြီး မြိုတော့လည်း ဟုတ်သွားတာပဲဆိုပဲ..ဟုတ်ပ အစ်မကွန်ရေ။
    H-pylori တွေ့လို့ကတော့ လက်ခမောင်းခတ်ပေတော့။

    ReplyDelete
  10. :O :O :O Oh!, This is Real KOM? :D
    First Technical Post I ever seen :D

    ReplyDelete
  11. မမ လာမှတ်သွားပါတယ်၊

    ReplyDelete
  12. မြူးလေးJuly 5, 2009 at 5:11 PM

    မရေ...
    လာဖတ်သွားတယ်
    မြင်ဖူးတယ်အဲ့လို လုတ်တာလေ

    ReplyDelete
  13. လာဖတ်သွားပါတယ်

    ReplyDelete
  14. ကြောက်တယ်၊ ဆရာဝန်မမ လေးက ချုပ်ပြီး မြိုခိုင်းရင်တော့ စဉ်းစားမယ်။
    မဟုတ်လို့ကတော့ အောင့်ပြီး သေချင်သေပါစေ မမြိုဘူး တန်းလန်းဖြစ်တာကြီးကို

    ReplyDelete
  15. မမကွမ်း

    ရေးဖြစ်စေသော အကြောင်းအရင်းကိုပါရေးပါဗျို့

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  16. ခေါင်းစဉ်တွေ့လို့ လန့်ဖြတ်စွာနဲ့ အမြန်ဖွင့်ဖတ်လိုက်တယ်။
    မကေအိုအမ် ဟာ ဆရာဝန်များလားတောင် တွေးမိသွားတယ်။
    ဖတ်ရလို့ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  17. တကယ် တကယ် ဒို့အမကြီးကတော့ ဆရာဝန်လိုလည်း အဟောအပြောကောင်းတယ်၊ စွယ်စုံဘဲနော်၊ မရေးချင်လို့ ကြည့်နေတာကိုး၊ရေးလိုက်ပြန်တော့လည်း အဆီအနှစ်တွေချည်းပါလားနော်။

    ReplyDelete
  18. မမခင်ဦးမေ..
    အဲသာကို မြန်မာပြည်မှာ တခါ၊ စလုံးမှာ တခါ စစ်ဘူးတယ်။

    ဟိုးအစောပိုင်းခေတ် မြန်မာပြည်ကို အဲဒီစက် ရောက်ကာစ စစ်တာ... လူကို ဘေးစောင်းအိပ် ပုဇွန်တုတ်လို ကွေးခိုင်းထားပြီး အတင်းဖမ်းချုပ်ထည့်သလို.. နာလိုက်တာဆိုတာ မပြောပါနဲ့တော့...။ တချို့ဆို သွေးတွေတောင်အံတယ်။

    နောက် စလုံးမှာ ထပ်စစ်တော့... သူတို့က စကန့်ပိုင်းလောက် မေ့သွားတဲ့ဆေး သုံးလို့လားမသိဘူး။ ဘာမှ မသိလိုက်ဘူး။ နာလည်း လုံးဝ မနာလိုက်ဘူး။ ဘယ်တုန်းက ဘယ်လိုထည့်လိုက်မှန်း မသိတော့ ဆရာဝန်ကို ဘယ်တုန်းက စစ်တာလဲ... မစစ်ရသေးပါဘူးဆိုပြီး အတင်းငြင်းလို့... ဒီမှာ ဗွီဒီယို ရိုက်ထားတာ မယုံရင်ကြည့်လို့ ဆရာဝန်က ရီပြီးပြောတယ်...။

    ReplyDelete
  19. ကိုယ်တိုင်ကိုယ်ကျ မြိုရမယ် ဆိုရင်တော့ ..
    ဟိဟိ ။ နဲ နဲ တော့ ကြောက်သား ..

    H.pylori ရဲ့ ကုထုံး ကုနည်းလေးပါ
    ဆက်လက် ဖေါ်ပြ ပေး ပါလား မမရေ..

    အဲဒီမှာ
    scopy တခါ လုပ်ရင် ဘယ်လောက် ကုန်ပါသလဲ ။

    ခင်မင်စွာဖြင့်
    ကိကီ

    ReplyDelete
  20. စွယ်စုံရတာပဲ

    ReplyDelete
  21. ဗဟုသုတ ရလို့ ကျေးဇူး အထူးတင်ပါတယ်... နောင့် ကလဲ ရောဂါ ခပ်ထူထူဆိုတော့ အရမ်းသိထားသင့်ပါတယ်။ ဒါနဲ့ မမ က ဆရာဝန်များလား ဟင် ?

    ReplyDelete
  22. လူတွေ တော်တော်လက်ခံတဲ့ ပို့စ်ဖြစ်ပါတယ်။ နောင်ကို ဆေးပညာနဲ့ ပါတ်သက်တဲ့ ဆောင်ရန် ရှောင်ရန်တွေ များများ ရေးပေးပါ။
    ဒီလိုပို့စ်တွေက ဆရာမဝန်ပေမယ့် ဆေးပညာကို တီးမိခေါက်မိတယ်ဆိုရင် ရေးနိုင်ပါတယ်။ အင်တာနက်ပေါ်မှာ ကိုးကားစရာများ ဒီလောက် များတာကို။
    တို့များ မမကွမ်ကတော့ ဒီလောက်တော့ အပျော့ပါ။
    စေတနာ တွေ တော်တော်ထည့်ထားတာ တွေ့ရပါတယ်။
    ကျေးဇူးလဲတင်တယ်။
    အဆင်ပြေရင် ကျန်းမာရေးအတွက် ဆောင်ရန် ရှောင်ရန်လေးတွေကို စာလုံးပေါ့ပေါ့ပါးပါးလေးတွေ သုံးပြီး အခုလို ရေပေးပါရန် မေတ္တာ ရပ်ခံပါသည်။

    ရသစုံတဲ့ အန်တီဂွိ အတွက် ဖြောင်းဖြောင်းဖြောင်း (လက်ခုပ်တီးသံ)
    (လုပ်ချလိုက်ပြန်ပလေ ခင်ဦးမေ)

    *** ဟိုအရင် စာနည်းနည်းပို့စ်တွေမှာ သူ့ကို တစ်ကြောင်းတည်း ရေးလို့ ဝေဖန်ထားတာကို ခုပို့စ်နဲ့ ဝိုက်လက်သီး သွင်းလိုက်တာလား မသိဘူး။
    (အင့်။)

    ReplyDelete
  23. ကြားဖူးပေမယ့် ခုလို ရှင်းရှင်းလင်းလင်း မသိရဘူး။ ကြောက်တော့ကြောက်တယ် ဖြစ်လာရင်တော့လည်း ရင်ဆိုင်ရမှာပေါ့လေ... ကျေးဇူး မမကွန်

    ReplyDelete
  24. eeeeeeeeee....
    ပိုက်က အဲ့လောက်အရှည်ကြီးလား..
    မကြောက်နဲ့ပြောလည်း ကြောက်တယ်..

    ReplyDelete
  25. ကိုယ်မတတ်နိုင်လည်း သူများကိုယ်စားလုပ်ပေးလို့မရတဲ့ ၀ဋ်တစ်မျိုးပါလား..

    ReplyDelete
  26. ၅. အန်ချင်သလိုခံစားချက်. အစာအိမ် ရင်ပြည့်သလို အောင့်နေသလို ခံစားချက်.

    ညနေတိုင်း အန်ချင်သလိုလို နေ့တိုင်း ဖြစ်ပါတယ်။ ရုံးဆင်းချိန်တွေမှာပါ။ အဲယားကွန်းလွှတ်ထားတဲ့ ဘတ်စကား၊ အမ်အာတီ၊ တက်က်စီ စီးမိရင် ပိုဆိုးပါတယ်။

    အောင့်တော့ မအောင့်ပဲ အန်ချင်တာ ဖြစ်တာ ဆိုးပါတယ်။

    အဖြေပေးပါ မမ။
    ခွိ...။

    ReplyDelete
  27. အဲဂလိုသေချာရေးတော့လဲ ဖြစ်နေတာကို။ များများရေးပါ အရီး။ ဖတ်မှတ်သွားပါတယ်။

    ReplyDelete
  28. မမခင်ဦးရေ...

    ဖတ်မှတ်သွားပါတယ်...

    ReplyDelete
  29. မမရေ
    မျှဝေပေးတာကျေးဇူးပါ။မှတ်သားသွားပါတယ်နော်

    ReplyDelete
  30. ကျေးဇူးပါ..
    ရိုက်ဖူးတယ်..
    ဖြစ်ဖူးတယ်..
    အခုတော့ သက်သာနေပါတယ်..
    ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ..
    စကားမစပ်..ဒီနေ့ပို့စ် မြန်မာစာတွေကမောက်ကမ


    Xထုံ

    ReplyDelete
  31. ပြုံးနေတဲ့ ပန်းကလေးက အခုထိမသိသေးဘူးပဲကော...

    ReplyDelete
  32. ပိုက်သေးသေးကဟုတ်ပါပြီ ကင်မရာကရော ဘယ်လောက်ကြီးတာလဲ ....
    ဒါရေးတာ ဘာအကြောင်းများရှိလဲမသိဘူး

    ReplyDelete
  33. အကို အလတ်က အဲဒီပိုက် တချိန်လုံး မြိုနေရတာလေ အမရေ...... အစားအသောက် မဆင်ခြင်၊ အနေအထိုင် မဆင်ခြင်ဘူး။ မြိုရတာက တနှစ် ၃ခါလောက် ခွဲရတာလဲ ခဏခဏ...... ဟေးးးဟေးးးးးး

    ReplyDelete
  34. မမ
    ဘယ်သူ ဘာများဖြစ်လို့လဲ။ ဘာလို့ ဒီအကြောင်းကို ရွေးပြီး ရေးရတာလဲ။ မမ ဘလော့ဂင်းနေလို့ အစာမစား အဆာလွန် နဲ့ အစာအိမ်များ ယောင်နေပြီလား၊ သူများကို ပိုက်ကြီး ထည့်ရုံတင် အားမရဘဲ ကိုယ်တိုင်ပါ အထည့်ခံနေရပြီလား။ အကုန် လျှောက်စဉ်းစားသွားပါတယ်။
    နေကောင်းအောင် နေပါ မမရေ။ ချိုသင်းလဲ မအားရက်နဲ့ ပြေးလာတာ အကျိုးကြောင်း မစပ်ဆက်မိတော့ ပို့စ်ဖတ်ပြီး စိုးရိမ်သွားတာ။
    စာလုံးပေါင်းလဲ တယ်မှန်ပါလား။

    ReplyDelete
  35. ကိုပေါဘလော့ဂ်ကနေ လာဖတ်တာ။ မခင်ဦးမေက စွယ်စုံရတယ်နော့်။ သိပ်ကောင်းပါတယ်။ PHinMM မှာတောင် ဒီလို ပို့စ်မျိုးမရှိသေးဘူး။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  36. မမ...

    ပြီးခဲ့ပြီပေမဲ့ ခုလိုအသေးစိတ်ထပ်သိ၇လို့ ဗဟုသုတ၇ပါတယ်..
    စေတနာ တွေအတွက် ကျေးဇူးလဲတင်တယ်..

    အဆင်ပြေရင် ကျန်းမာရေးနဲ့ပတ်သက်တဲ့စာလေးတွေ ရေပေးဖို့တောင်းဆိုချင်ပါသည်..

    ဆု

    ReplyDelete
  37. We call EGD.... esophageogatroduodenoscopy....
    The rest is the same...

    ReplyDelete
  38. မမ...
    ဖတ်ရတာနဲ့တင် ကြောက်လာတယ်...
    ကျောင်းတုန်းက ဆရာမတယောက် Endoscopy လုပ်တာ အဖေါ်လိုက်သွားဘူးတယ်...
    ဆရာမက သတ္တိကောင်းသလောက် ကိုယ်က ကြောက်လိုက်တာ မပြောပါနဲ့တော့... အဟီး
    မမလဲ အချိန်မှန်မှန်စားနော်...
    ပိုစ့်တင်တဲ့ အချိန်တွေကလဲ ကြောက်စရာတွေ...
    အိပ်ဖူးလား...

    ReplyDelete
  39. သေနာကျတွေက မသေခင် အစမ်းသပ် ခံချင်ပုံရတယ်

    ReplyDelete
  40. သေနာကျတွေက မသေခင် အစမ်းသပ် ခံချင်ပုံရတယ်။ ပြောင်းရှည်ကြီး အထည့် ခံချင်ကြတာ အံ့ဩစရာဘဲ

    ReplyDelete
  41. မမရေ ဒီပို့စ်ကို အိမ်ကတယောက်က အရင်ဖတ်ပြီး လာပြောပြလို့... ဗိုက်ထဲမှာ ရှိတဲ့ အလုံး fibroids အကြောင်း ရေးပါလို့ တောင်းဆိုခိုင်းနေတယ်။ သူသိချင်လို့လေ။

    ReplyDelete
  42. လာရောက်ဖတ်မှတ်သွားတယ်။ ကျေးဇူးပါနော့

    ReplyDelete
  43. "Anonymous said...

    We call EGD.... esophageogatroduodenoscopy....
    The rest is the same..."

    In England, we called OGD. The trained nurses normally perform this procedure. But in some patients with diagnosis difficulty ,senior doctors involve

    ReplyDelete