Wednesday, July 29, 2009

TV 32

ဟိုနေ့ က သတင်းစာမှာ expo မှာ နာမည် ရှိ ၃၂ လက်မ တီဗွီကို စလုံး ၅၀၀ ကျပ်နဲ့ရမယ်လို့ ကြော်ငြာ တွေ့ တော့ kmsl စိတ်နဲနဲလှူပ်ရှားသွားမိတယ။် ဒါပေမဲံ့လည်း သူ မသွားလိုက်နိုင်ဘူး. ။ ညနေ စောင်း တော့ တစ်နေရာ ကို သွားပြီး အဲဒီတီဗွီ မျိုးသွားရှာကြတယ်။ အဲဒီဈေးနဲ့တော့မရပါဘူး။ ဟိုဟာက ဟိုနေရာဈေး။ ဒီဟာက ဒီနေရာဈေးပါ။ သူက ကိုယ့်အစ်မ ကို ပေးချင်တယ်တဲ့။ ကိုယ်ပြန်ရင်သယ် သွားပါ ဆိုဘဲ။ ကိုယ်လဲ နဲနဲစိတ်ညစ်သွားတယ။် ကိုယ့်ပိုက်ဆံအိတ်တွေ မသယ်ရတော့ မှာစိုးလို့ ။ အင်း. ဒါပေမဲ့ လဲ ကိုယ့်အစ်မ ရမှာဘဲလေ ဆိုပြီး စိတ်လျော့ပြီး လက်ခံ လိုက်ရတယ။် ကိုယ့်အမျိုး။ သူ့အမျိုး အတူတူဘဲ လို့ပြောထားပြီးသား။

သူနဲ့များ အပြင်သွားရ ရင် ဒါဆိုဒါဘဲ . ။ လွဲချော်လို့မရဘူး. အိမ်က ထွက်တယ။် ဒီနေရာဆို ဒါဘဲ။ ဒီအပြင် မရောက်ဘူး. ဘေးမှာ ဘာရှိရှိ.စိတ်မဝင်စားဘူး။ ဒါပြီး ရင်ပြန်မယ်ဆိုတာဘဲ။ မိန်းကလေး သဘာဝ ကို လျစ်လှူရူ ထားတယ။် အဲဒီရောက်တုံး မုန့်ကလေး စားပါလားဆိုလဲ အိမ်မှာ ကိုယ်ချက်ထားတဲ့ ကြက်ဥခ်ျင်္ဉ်ရည် ရှိ တယ်ဆိုဘဲ။ အင်း ချစ်တီးမယား ဖြစ်နေပြီလို့ ခဏခဏ ကိုယ့်ဘာသာကိုယ် ပြောရတယ်။ စိတ်နဲ့လူနဲ့ ညစ်ပါတယ်။ ကိုယ်ကတော့ သူ လစ်ရင်လစ်သလိုသုံးတာဘဲ။

ဝယ်လာကြပါတယ။် Delivery က နစ်ဆယ်ကျပ်လား သုံးဆယ်ကျပ်လားမသိတောင်းတယ်။ ကိုယ့်ဘာသာ သယ်သွားရင်တော့ ပေးစရာမလိုဘူး. ကိုယ်တို့ Taxi နဲ့ မလာတယ်။ စလုံး ၆ ကျပ်ဘဲ ကျပါတယ။် ပေါ့လည်းပေါ့တယ။် တစ်ဆယ် ကီလိုလောက်ဘဲ ရှိမယ်ထင်ရဲ့။ ကိုယ်တောင် မလိုဘူး သူသယ်နိုင်ပါတယ။် ဗလရှိပါတယ။်

အိမ်ရောက်တော့စမ်းကြတယ်။ စမ်းကြည့်ချင်တယ်တဲ့ ။ အမျိုးချင်းဘဲ အသစ် ကိုဖောက်ပြီးပေးလဲ ဘာမှ မဖြစ်ပါဘူး.။ အဲဒါနဲ့ ကိုယ်တို့ ဖောက်လိုက်ကြတယ။် ဆင်တာမှာ အင်ဂျင်နီယာ ချွေးပြန်သေးတယ။် အောက်က အထိုင်ကလေး က ဒီအတိုင်းစွပ်လို့ မရဘူး။တစ်ခုခုခံပြီး ဝက်အူနဲ့ မူလီစုပ်ပြီးမှ ထိုင်လို့ရတယ။် ကိုယ် တစ်ယောက်ထဲ ဆိုရင်တော့ကိုယ်မလုပ်တတ်ဘူး။ ပြီးတော့  မီးဖွင့်လိုက်ကြတယ်။ (On)

မီးဖွင့်တိုင်း ကိုယ်တို့ စိတ်လှူပ်ရှားကြဘူးတယ်။ ဟိုးငယ်စဉ်င်္က သူသဘောင်္စလိုက်ခါစ မှာ JE (junior engineer ) ပေါ့ ။ လခလေးလဲ နဲနဲဘဲ ရပါတယ။်ဟိုတုံးက အဲဒါ ပြန် လာတော့သူသဘောင်္ပေါါ်မှ ကြည့်ခဲ့တဲ့ ၁၄ လက်မ တိဗွီကလေး ကို အိမ်ပြန်သယ်လာတယ။် အဲဒီခေတ် က တီဗွီ ဆိုတာ လည်း ရှားပါတယ်။ အဲဒိတီဗွီကလေး ကို သူက ကိုယ့်ကိုဖွင့်ပြချင်လို့ အားကြိုးမာန်တက်ဆင်ပြီး ဖွင့်လည်းလိုက်ရော ဖောင်းကနဲ အသံမြည်ပြီး လျှပ်ကနဲ ဖြစ်ပြီး တီဗွီလေး ပျက်သွားပါလေရော.။ ကိုယ်တို့နစ်ယောက် တစ်ယောက် မျက်နာ တစ်ယောက်ကြည်ပြီး လန့်လည်းလန့် စိတ်မကော်းလဲ ဖြစ်သွားကြတယ်။ သူက ကိုယ့်ကို မပြလိုက်ရလို့စိတ်မကောင်းဖြစ၊်. ကိုယ်ကလည်း သူ အဝေးကြီး သယ်လာပြီမှ အလုပ်မဖြစ်……...နောက်ဆုံးမှ ဘာဖြစ်သွားတာလဲ ဆိုတာ သိရတယ်။

ဂျပန် တီဗွီဆိုတာ က ဗို့ အား ၁၀၀ လောက်နဲ့ဖွှု့င့်တာ ကိုယ်တို့ ရန်ကုန် မီိးးအား က ၂၂၀ လောက်ဆိုတာ မှာ မီးအားမညီဖြစ်ပြီး ပေါက်ကွဲသွားတာ. . အမှန်က မီးအား ပြောင်းတဲ့ဟာ ကို ကြားခံပြီးမှ ဖွင့်ရမှာ ကို ကိုယ်တို့ နားမလည်ကြတာ.

အဲဒီကနေ စတာ အခုလည်း အသည်းတစ်ယာားယားနဲ့ ဖွှုင့်လိုက်ကြတယ။် ကံကောင်းတယ်။ မပေါက်ကွဲဘူး အရုပ်မြင်တယ်။ အသံမကြားပြန်ဘူး ။ နစ်ယောက်သား တစ်ယောက်မျက်နျာ တစ်ယောက်ကြည့်ကြပြန်ရော.။ အားကိုးတဲ့ အကြည့်တွေ နဲပေါ့။ ကိုယ်က သူ့ကို အင်ဂျင်နီယာ ကြီးဆိုပြီးအားကိုးတယ်။ သူကလည်း ကိုယ့်ကိုယ့်ကို ဟိုစပ်စပ် ဒီစပ်စပ် ရှိတယ် ဆိုပြီး အားကိုးတယ်။ မရပါဘူး. နစ်ကောင်သား စိတ်ညစ် သွား ကြတယ။်

မနက်က call center ကိုကိုယဲ ဖုံးဆက်ရတယ။် ပြင်တဲ့သူ လွတ်လိုက်ပါ့မယ်တဲ့ ချက်ချင်း ရောက် လာပါ တယ။် ဝရမ်တီသုံးနစ်ပါ။ လိုအပ်နေတာ ဆက်တင်ပါဘဲ။ အဲဒါ ပြန်ချိန် လိုက်တာ အိုကေသွားရော။ အဲဒီလူပြန်သွားမှ ကိုယ် သတိရတယ်။ ကိုယ်အောက်စက် ကလေး ထုတ်ပြီး ဖွင့်ကြည့်တယ်။ ဘယ်နား အပေါက်ကိုထိုးရမလဲ ခေါင်း စားသေးတယ။် အပေါက်တွေ က အများကြီးရယ်။ ပြီးပြန်တော့ ထုံးစံ အတိုင်း အရုပ်မြင်တယ်။ အသံမကြား ဘူး.။ အင်ဂျင် နီယာ ကိုတင်ပြတော့ အင်ဂျင်နီယာက စိတ်လျော့သွားပါပြီ မကြိုးစားတော့ဘူး။ ရန်ကုန်ရောက်မှ ဘဲ သက်ဆိုင်ရာ technician ကိုခေါ်ပြီး ကလိလိုက်ရင် ကောင်းသွားမှာ ဘဲဆိုတယ်။ ။ ကိုယ်မတတ်တဲ့ ပညာတစ်ခုကိုလေ့လာရတာ တယ် ခက်တယ။်

Hi technology တွေကို မုန်းတယ်။
အင်ဂျင်နီယာကိုလဲ မုန်းတယ်။

52 comments:

  1. ငှက်ကလေးJuly 29, 2009 at 12:31 AM

    ဟေးး ငါ ၁ ကွ

    ReplyDelete
  2. ငှက်ကလေးJuly 29, 2009 at 12:34 AM

    အယ် အင်ဂျင်နီယာ မုန်းတယ် လဲပြောတယ် ယူထားတာက အင်ဂျင်နီယာ ဟဟဟဟ မမနော် ဟွန်းးးးး
    ဖတ်ပြီးရယ် တယ် ဟိုအပိုက်လေး သဘောကျတယ် tv အသံမကြားတာလား တယောက်နဲ့ တယောက်ကြည့်ကြတယ်ဆိုတာလေ ဟဟဟ မျက်စိထဲ ပြေးမြင်မိတယ် ခိခိ

    ReplyDelete
  3. လူမုန်းJuly 29, 2009 at 12:47 AM

    “လူမုန်း” ကို ရော “အဖွား”

    ☻(Samsung 32" တွေ Toshiba 32" ဒေ..ပဲကြီးလှော် နဲ့ လဲ......ဒေ)☺

    ReplyDelete
  4. ရီတာ့ကို တည့်တည့်ပြောနေတယ်..
    သတိထားပါ..
    ကိုမဆလာက ဗလကောင်းတယ်ဆိုပဲ..
    ဦးကပ်စေး ဖြစ်နေတာ မကောင်းဘူး..
    ဘယ်နေရာမဆို စာအုပ်ကြီးအတိုင်း လုပ်နေတာ ဘယ်ကောင်းပါ့မလဲ..
    ဥပမာ..
    အပြင်ရောက်မှတော့ ဟိုစား..ဒီစား..စားချင်သေးတာပေါ့..
    အိမ်မှာ..ဘာဟင်းကြီးပဲ ချက်ထား ချက်ထားး...
    ....
    Xထုံ

    ReplyDelete
  5. အခုတော့ အင်ဂျီနီယာကို မုန်းပြီပေါ့လေ

    ReplyDelete
  6. ကြာရင်တော့ဖြစ်တတ်ပါတယ်လေ...။
    နောက်တခါ အပြင်သွားရင် မုန့်ထည့်သွားပေါ့..။
    သူမကျွေးလဲ ကိုယ့်ဘာသာစားလို့ ရတယ်..။

    (တီဗီတွေဝယ်ဒယ် ဆိုင်အထိ ထမ်းပြီးလာပို့ရင် ၆ ကျပ် ပိုပေးဒယ်...)

    ReplyDelete
  7. ကျွန်တော်လည်း အင်ဂျင်နီယာမတွေကို မချစ်ပါဘူး။ :P

    ReplyDelete
  8. မြန်လိုက်တာ..ကိုယ်ဖတ်နေတုန်း
    ရှိသေး...ဘယ်လိုကနေအပေါ်မှာ
    ခြောက်ယောက်ဖြစ်သွားရတာလဲ...

    ဆိုင်း

    ReplyDelete
  9. ဟင်..ZT ကဘယ်အချိန်ဝင်သွား
    ပြန်တာလဲ...သြော မြန်လိုက်တဲ့ခေတ်..

    ဆိုင်း

    ReplyDelete
  10. “သယ်နိုင်တယ် ဗလရှိတယ်”ဆိုတာလေး ရယ်ချင်တယ် မီးဖွင့်တိုင်းစိတ်လှုပ်ရှားတတ်တာ
    ကျနော်လည်းပါပါတယ်
    မီးပေးတဲ့ဒုက္ခရဖူးတာကိုးး
    အင်ဂျင်နီယာကိုမမုန်းပါနဲ့ သူတို့မှာအပြစ်မရှိကြပါဘူးကွယ် :P

    ReplyDelete
  11. ဟားဟား ဒါကတော့ သက်သက်ရန်စခြင်းပဲ။ ကိုမဆလာရေ... ဘယ်တော့မှ မမုန်းတတ်တဲ့ စက်ရုပ်ကလေးတွေ လာပြီနော်။ အရမ်းချောတယ်။ မယုံရင် ကျွန်တော့ဘလော့ကိုလာကြည့် :P ဒါပေမယ့် hi-tech နော်။ :)

    ReplyDelete
  12. အမ မန်နူယယ်စာအုတ် ဖတ်ကြည့်လေ...ထွားဘဲလ် ရှုတင်းမှာ ဖတ်ကြည့်အမ လွယ်လွယ်လေးရယ်.........


    ပိတ်သတ်

    ReplyDelete
  13. အင်ဂျင်နီယာကြီးကို ချစ်လိုက်ပါ မမ ရယ်:)၊ အားလဲ အားကိုးပါ

    ReplyDelete
  14. အဟုတ်ပဲ .. မုန်းစရာ high tech ..
    ဟာသတခု ဖတ်ဖူးတယ်။
    လူသက်သာအောင် စက်တွေ ၀ယ်ကြတယ်။
    အဲဒီစက်တွေကို မှန်မှန်ကန်ကန် သုံးတတ်အောင် manual book ကို ဖတ်ရတယ်။ manual book ကို ဖတ်တတ်အောင် အဘိဓာန် ကြည့်ရတယ်။ နောက်ဆုံး စိတ်ပျက်ပြီး စက်မသုံးတော့ဘူး လက်နဲ့ပဲ လုပ်ကြတော့တယ်တဲ့။ :)

    ReplyDelete
  15. မမကွန်ရေးထားတာ ဖတ်ပြီးပြုံးမိတယ်...
    ဒုတိယ တပိုဒ်က ကျမတို့နှစ်ယောက်နဲ့တူတယ်...

    mie nge

    ReplyDelete
  16. ပထမ ပိုင်းကိုတော့ကောင်းကောင်းနားလည်တယ်။ ရန်ကုန်က အမလုပ်တဲ့လူကလဲနဲနဲ ချို့တဲ့မဲ့ပုံပဲ။

    နောက်ပိုင်းရေးထားတာတွေကို နှစ်ခါဖတ်ပေမဲ့ သိတ်နားမလည်ချင်းဘူး။ ဘယ်တုန်းကပျက်တာလဲ။ အခုလောလောဆယ်လား။ ဘယ် တီဗီပျက်တာလဲ။ အသစ်လား အဟောင်လား။ ရန်ကုန်နဲ့ အဲဒီ တီဗီအစုပ်နဲ့က ဘယ်လိုဆက်စပ်နေတာလဲ။

    "ရန်ကုန်ရောက်မှ ဘဲ သက်ဆိုင်ရာ technician ကိုခေါ်ပြီး ကလိလိုက်ရင် ကောင်းသွားမှာ ဘဲဆိုတယ်။ ။ "

    ပျက်ပြီးသားကြီးကို ပြင်ဖို့ရန်ကုန် ပြန်သယ် ဖို့ကြံစီနေတာလား။ အမှိုက်မရှုပ်ဘူးလား။
    နောက်တခါတော့နဲနဲရှင်းရှင်းရေးစေချင်ပါသည်။ ကျေးဇူး။

    ပြီးတော့ ရိုးရိုး LCD TV ကို Hi technology လို့ခေါ်သေးလို့လား မမKOM ရဲ့။

    ReplyDelete
  17. အဲ..အင်ဂျင်နီယာကို မုန်းတယ်ဆိုပဲ။ ယုံဘူး။ ယုံဘူး။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြတယ်ဆိုတာပါတယ်လေ။

    ReplyDelete
  18. ဟားဟား...
    ဒီဝတ္ထု ဖတ်ကောင်းတယ်...း)

    ReplyDelete
  19. ဒါတကယ်တော့ ကြုံကြွား ပို့ စ်လေးပါ
    ချစ်ချစ်ကြီး မှာလဲ ဗလ ရှိပါတယ် ဆိုတဲ့အကြောင်း

    ReplyDelete
  20. TV ကြီး ရန်ကုန်သယ်သွားလို့ကတော့ မမကို မုန့်ဖိုး များများ ပေးဖို့သာ ပြင်ပေတော့ မမရေ

    ReplyDelete
  21. မမ အိမ်က အင်ဂျင်နီယာပဲ မုန်းပါ၊ တုတ်နဲ့ မရမ်းပါနဲ့..

    ReplyDelete
  22. အဲ.. ဝါးလုံးထင်တယ်..

    (မျိုး.. ကိုဘ .. စာစစ်ပေးကြပါ)

    ReplyDelete
  23. ဟုတ်တယ်....

    မုန်းတယ်

    လိုက်မုန်းပေးတယ်...

    မမ မေ တစ်ယောက်ကတော့ တုတ်နဲ့ မရမ်းဖို့ပြောသွားလေရဲ့ အဟိ။။။။။


    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  24. ပထမတစ်ကြောင်းတော့ဟုတ်သလိုပဲ ယုံချင်တယ်
    ဒုတိယတစ်ကြောင်းကိုတော့ စဉ်းစားနေတယ်
    ယုံသင့်မယုံသင့်ပါ
    ကဗျာလေးတစ်ပုဒ်ရှိတယ်လေ
    မုန်းတယ်
    မုန်းတယ်
    မုန်းတယ်
    ...တိုးတိုးလေးအော်မိတယ်
    ကြားသွားရင် တကယ်မှတ်နေဦးမယ် တဲ့
    ဘယ်သူ့ကဗျာလဲတော့မမေးပါနဲ့း)း)

    ReplyDelete
  25. အင်ဂျင်နီယာကို မုန်းတယ်တဲ့...

    ReplyDelete
  26. ကိုယ်တို့ Taxi နဲ့ မလာတယ်။ စလုံး ၆ ကျပ်ဘဲ ကျပါတယ။် ....

    အဲလိုပြောတော့ expo နဲ့ အနီးအနား အရှေ့အရပ်မှာ ဆိုတာ သိကုန်မှာပေါ့။

    ရသမြောက်တဲ့ စာလေးပါ။ အထူးသဖြင့် ဟိုခေတ်က ၁၄ လက်မ တီဗွီလေးအကြောင်း ဖတ်လိုက်ရတာ နှမြေတဲ့ရသကို ခံစားလိုက်ရတယ်။

    ReplyDelete
  27. အင်ဂျင်နီယာကို မမုန်းပါနဲ့ အမရယ်...။လာဖတ်သွားတယ်နော်..။း)

    ReplyDelete
  28. နှမြော.. (ပြင်ဆင်ချက်)

    ReplyDelete
  29. ကြိုက်တယ်ဗျိုး။ ကိုမဆလာက ဈေးဝယ်တဲ့နေရာမှာ ကျနော်နဲ့ တထေရာတည်းပဲ။ တနေရာတည်းကို တစိုက်မတ်မတ် သွားပုံတူတယ်။ မဒမ်ပေါကလည်း မခင်ဦးမေလိုပဲ ရောက်တုန်း မုန့်ကလေးစားချင်တာ တူတယ်။

    ReplyDelete
  30. သူများတို့လည်း ၀ယ်ထားတယ်။
    အိမ်တော့ရောက်မလာသေးဘူးကွယ်။

    ReplyDelete
  31. ကိုယ့်ရဲ့ကိုယ်ပိုင်အင်ဂျင်နီယာကြီးကိုတော့ မမုန်းရဘူးလေ...

    ReplyDelete
  32.း).. အမရေးတာတွေ သဘောကိုကျနေတာ ဘာလို့မှန်းကို မသိဘူး.. အရင်က ဓါတ်ပုံတွေကိုလည်း သဘောကျတယ်...း)

    ReplyDelete
  33. နွေးနေခြည်July 29, 2009 at 9:43 AM

း) ခုတော့ မုန်းပြီပေါ့လေ (ယုံဘူး)

    ReplyDelete
  34. အိုး..... မကြီးကွန် စိတ်လျှော့လေ.... TV အကြီးကြီး တကူးတက ယူသွားပြီးမှ ဟိုမှာ ပြင်တဲ့ဆရာကို မခေါ်ပါနဲ့.... အင်ဂျင်နီယာ ကြီးကို ရအောင်ပြင်ခိုင်းပါ..(မတာ) ဟိဟိ... မကြီးကွန်တို့နှစ်ယောက်ကိုကြည့်ရတာ ချစ်စရာလေး...။

    ReplyDelete
  35. တစ်ယောက်မျက်နှာ တစ်ယောက်အားကိုးတဲ့အကြည့်နဲ့ကြည့်တယ်ပေါ့
    အင်း မမ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပေါ့ ပြောချင်တာကး)

    မမ တီဗီကို ဖောက်လိုက်တော့ custom မှာ ရရဲ့လား ဟင်။ မသိလို့။ tax တွေဘာတွေပြောတာပါ။ ပိုတောင်းနေမှာလား ရစ်နေမှာလား။

    ReplyDelete
  36. အစ်မကွမ်တစ်ယောက် technophobia နဲ့ ဖြစ်နေပြီထင်ရဲ့

    ReplyDelete
  37. အင်ဂျငနီယာလေးများကို သနားသောအားဖြင့် ဝါဒမဖြန့်ပါနဲ့ခင်ညာ။

    ReplyDelete
  38. ယောက်ကျား တွေ ဒါမျိုးကြီးပဲ..
    မိန်းခလေးများ အပျိုကြီးပဲ လုပ်ကြ
    ခွိခွိ

    ReplyDelete
  39. မမနော် အဲလိုပြောရင် ပိတ်သတ် ၉၀ ရာခိုင်နှုန်းလောက် လျော့သွားလိမ့်မယ်။

    ဒါပေမဲ့ ဟုတ်တယ် အင်ဂျင်နီယာတွေကို မုန်းတယ်။ အင်ဂျင်နီယာပညာ တီထွင်တဲ့ လူတွေကို ပိုမုန်းတယ်။ဘ၀နဲ့ချီပြီး မုန်းတယ်။

    ReplyDelete
  40. khin oo may said...

    NO!!!! = Yes
    I hate you = I love you

    I hate you so much = I love you so much

    I never love you = I never hate you

    I’m going to leave you = I never leave you alone

    (မမ ချိုသင်းဆီမှာ ကွန်မန့်ရေးသွားဖူးတာကို copy & paste လာလုပ်သည်) ဆိုင်လားတော့ မသိဘူး။ :)

    ReplyDelete
  41. တို့ကအင်ဂျင်နီယာပါ။
    မကျေနပ်ဘူးလား ဘွား......
    မကျေနပ်ရင် တောင်းဆိုထားတာ အိမ်ကိုပို့လိုက်ပါ။

    ReplyDelete
  42. မြင်ယောင်တယ်၊ မြင်ယောင်တယ်။
    တယောက်မျက်နှာကို တယောက်ကြည့်ကာ.. တဲ့။
    မမိုးချိုသင်း ရေးသွားတာကို ထောက်ခံတယ်။

    ReplyDelete
  43. တွေးရင်းနဲ့မှ သဘောပေါက်သွားတယ်။
    မကေအိုအမ်က အဆင့်မြင့်တီဗွီဒီဇိုင်းလုပ်တဲ့
    အင်ဂျင်နီယာကိုပဲ မုန်းတာကိုး၊ အိမ်က အင်ဂျင်နီယာကြီးကို သနားလို့ပေါ့နော်။

    ReplyDelete
  44. အင်ဂျင်နီယာမုန်းတယ်ဆိုပဲ။ အမကတော့ လုပ်ပြန်ပြီ။ ဟုတ်တာလည်းမှုတ်ဘဲနဲ့။

    ReplyDelete
  45. အကျိုးကို နည်းတော့တာပါပဲဗျာ။ JE က ၂၂၀ နဲ့ ၁၁၀နဲ့ ခွဲမသိဘူးလား။ တီဗွီ၊ အောက်စက် အဲ့လောက်ခက်သလားဗျ။ အန်တီ KOM တမင်လုပ်ရေးထားတာပဲနေမှာပါ။

    ReplyDelete
  46. "သူနဲ့များ အပြင်သွားရ ရင် ဒါဆိုဒါဘဲ . ။ လွဲချော်လို့မရဘူး. အိမ်က ထွက်တယ။် ဒီနေရာဆို ဒါဘဲ။ ဒီအပြင် မရောက်ဘူး. ဘေးမှာ ဘာရှိရှိ.စိတ်မဝင်စားဘူး။ ဒါပြီး ရင်ပြန်မယ်ဆိုတာဘဲ။ မိန်းကလေး သဘာဝ ကို လျစ်လှူရူ ထားတယ်" တဲ့
    ဖတ်ပြီးရီသွားတယ်။အတူတူပဲမမရေ။ ဘာလို့များယောက်ကျားတွေက လက်ပေါက်ကပ်လဲမသိဘူးနော်။
    mm

    ReplyDelete
  47. မဲလေး - ဝါးလုံးမှ မှန်ပါတယ်ကွယ်။
    ပန်ပန် - အန်တီက အိတ်က်ပိုမှာ သွားမဝယ်ဖြစ်လို့ တစ်ခြားနေရာမှာ သွားဝယ်တာလေ။ ဟိုနေရာ ဟိုဈေး ဒီနေရာ ဒီဈေးဆိုတာ ရေးထားတယ်လေ။
    အနီလိုင်းပေါ်နေတယ်လို့ မပြောပြဘူး။

    ReplyDelete
  48. Yeah, As far as I know, YGN Custom won't allow to bring it out of airport. One of my friends faced that problem and she had to pay a lots to get it back.

    ReplyDelete
  49. အဟက်... သဘောကျတယ်... တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ဆိုတာလေး....

    ReplyDelete