Friday, July 10, 2009

yangon 26

ရန်ကုန်သွားကတည်းက စိတ်ကူးယဉ်သွားတာ အတော်ကြာပါတယ။် မန်းဒလေးသွားမယ်ဆို ပြီး. မရောက်ခဲ့တာကြာပြီပေါ့။ ငယ်စဉ်ကာလက မိုးညှင်းတို့ ပူတာအိုတို့နေခဲ့တော့လည်း ရထားစီးဘူးခဲ့တယ။် လေယဉ်ကတော့စလုံးလာမှ ပထမဆုံးစီးဘူးတာပါ။ အဲသလိုဆိုတော့ ရထားကိုလွမ်းနေမိတယ။် ရထားလမ်းဘေးက ဈေးသည်လေးတွေ ရဲ့ အသံတွေ ရေရမယ် ရေ…ရေ ဆိုတာလေးတွေကို အိမ်မက်မက် နေခဲ့တယ် သွားချင်တယ။် သွားချင်တယ။် သွားမယ်လို့စိတ်ကူးခဲ့တယ။်
ရန်ကုန်ရောက်တော့ကသကြန်နဲ့တွေ့တယ်။ ပြီးတော့ကာ သွားမယ်ဆိုပြီးစုံစမ်းတော့ ရထားလက်မှတ်က သုံးရက်ကြိုယူမှ ရမယ်လို့ဆိုတယ်။ အင်း. နဲနဲတွေဝေသွားတယ။် ဘယ်လိုယူရမှာလဲဆိုတော့သိတဲ့ အတိုင်းဘဲ အခက်အခဲလေးတွေ ကထွက်လာတယ်။ မှောင်ခိုလက်မှတ်ဝယ်ချင်တယ် ဆိုတော့ လပ်ပေးလပ်ယူ တို့ရန်သူ မဖြစ်သေးချည်ဘူး။ ကဲကွာ..ဒါဆိုလည်း ကြိုးစားပါ့မယ။် အပြန်လက်မှတ်ပါယူမယ်ဆိုတော့ ဟင် .အပြန်လက်မှတ်က သတ်သတ်ဝယ်ရမယ်လို့ဆိုတယ်.. ကိုယ့်ကို အံသြအောင် လုပ်နေကြတယ။် ဘာ.. ဟိုရောက်မှ တစ်ခါပြန်ဝယ်ရမယ်လို့ဆိုတယ်။ ဟုတ်ရဲ့လားကွယ် .. မဟုတ်ဘူးထင်ပါရဲ့။ အဲဒါနဲ့ဘဲ ရက်တွေ ကြာသွားတယ။်
တစ်ယောက်ထဲသွားမယ် ဆိုတော့လည်း အချစ်က ခွင့်မပြူပြန်ဘူး. နိုင်ငံခြားမှာ တုံးကတော့ တစ်ယောက်ထဲ သွားခွင့်ပြူပြီး အခုကျမှ တစ်ယောက်ထဲ မသွားရပြန်ဘူး ဆိုတော့လည်း ခက်သား ။ အမျိုး ကို ခေါ်သွားမယ်ဆိုတော့လည်း သူ့ကို ..ဟင်း. မဖြစ်သေးပြန်ဘူး။ ဟူး……စိတ်တွေ ရှုပ်… နောက်ဆုံး မသွားတော့ပါဘူးလို့ဘဲ ရင်နာနာနဲ့ ဆုံးဖြတ်လိုက်ရတယ်။ တစ်ကယ် စိတ်မကောင်းဘူး. .။ ကိုယ့်သဘောအရဆိုရင်တော့ တစ်ယောက်ထဲ လစ်သွားတယ်။ ဘာစိတ်ပူစရာရှိလို့လဲ။ စဉ်းစားမရဘူး.။ ရ့ည်းစားဟောင်းနဲ့ များသွားမှာထင်လို့လား …..အင်း..ဒါဖြစ်နိုင်တယ်။........
......
အလံပြဘုရားလမ်းနား.ဲနဲ့ယုဇနဂါးဒင်းဟော်တယ်ဘေး နားလမ်းကြားထဲက ဘီယာဆိုင်………..ဆေးဘဲဥသုပ်. ကန်ဇွန်ွးရွက်ကြော်မြေ့ပဲလှော်။ ခေါက်ဆွဲကြော်။

45 comments:

  1. 2 ရမယ်ထင်ပါတယ်
    မမကြီးခင်ဦးခင်ဗျာ...


    သားနာမည်က မောင်ဖိုးစိန်ပါ

    ဟောဒီမှာ http://phoesein.blogspot.com/

    ကျနော့်မှာလဲ ဘလော့ရှိပါတယ်... (တို့မှာလဲဘလော့ရှိပါတယ် ဆိုသူဆီက ယူသုံးထားတာပါ)

    လာလည်စေချင်ပါတယ်...



    (စကားတတ်တဲ့ကောင်လေးတစ်ယောက်ဆီက စကားတွေကြားချင်လို့) ဆိုတဲ့ အမကြီးတစ်ယောက်စီကလည်း တစ်ကြောင်းထက်ပိုသော ကော့မန့်များကို မြင်ချင်မိပါတယ်...


    အချိန်လေးပေးပြီး “ဖတ်သွားပါ၏” ဆိုတဲ့စကားလေးတော့ နောက်ဆုံး မြင်ချင်မိပါတယ် ဆိုတဲ့ အကြောင်း လာပြောပြတာပါခင်ဗျာ...

    လူအသစ်မို့လို့ စကားပြောမှားရင်ခွင့်လွှတ်ပါခင်ဗျာ...

    (မလာလဲချစ်တယ် လာလဲ ချစ်တယ်) ဆိုခဲ့ပေမယ့်

    မလာပဲ ချစ်တယ်ဆိုတာက မမြင်သာ ရင်မှာ ဝမ်းနည်းရပါတယ်ခင်ဗျာ.....

    ဘလော့လဲ မပိတ်ထားပါဘူး...

    ပိုစ့်တွေလဲ ပုံမှန်တင်ဖြစ်တဲ့ အကြောင်းလေး လာပြောပြတာပါ...

    မှတ်မိရလွယ်အောင်လဲ

    http://phoesein.blogspot.com/ ထပ်ပေးသွားတယ်နော်...

    လမ်းမကြုံပဲ တမင်လာလို့ရအောင်ပေးသွားတာနော်..

    ပိတ်ရက်ရှည်လေးမှာ ငါးမိနစ်လောက် အချိန်ပေးရင် ကျေနပ်ပါတယ်ခင်ဗျ...

    ချစ်ခင်လေးစားခြင်းများစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  2. တူနဲ့စားတာ မြန်မာ့ရိုးရာ ယဉ်ကျေးမှူနဲ့ဆန့်ကျင်တယ်။ တရုတ်တွေ အကုန်ပြည်သူပိုင်သိမ်းရမယ်။ သူတို့ခယ်မတွေပါမကျန်

    ReplyDelete
  3. ရန်ကုန်သူမို့လို့ ရန်ကုန်ကိုချစ်တယ်...ကြိုက်သလောက်တာရေးပါ မခင်ဦးမေကြီး....အားပေးနေမယ်...
    mie nge

    ReplyDelete
  4. အချစ်က ဘာလို့ခွင့်မပြုတာလဲ မကြီးကို

    အကြောင်းပြချက်က ဘာလဲ

    ခိုင်လုံလား

    သိချင်တယ်...

    ဆေးဘဲဥသုတ်မကြိုက်ဖူး

    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  5. ဖိုးစိန်ယောတ်ဖ နှမပေး နှမ ယူ

    ReplyDelete
  6. မမရေ ရန်ကုန်ကို လွမ်းလို့ မပြေသေးဘူးထင်တယ် ကိုမဆလာပြန်ရင် လိုက်ပြန်ပါလား

    ReplyDelete
  7. ပေးပါတယ် ကိုကို စတိ


    ကိုကို စတိ မပေးလဲ ကိုကို စတိကိုပေးတယ်


    တစ်သက်လုံးကျွေးနိုင်တယ်ဆိုရင် ယူပါဗျာ...

    ReplyDelete
  8. မိုးညှင်း Burma's terrorist area.

    ReplyDelete
  9. ဒါကြောင့်ဖိုးစိန်ကိုယောတ်ဖဆိုပြီးချစ်ရတာ။ ကို့ ညီမလဲ သူ သဘောတူရင်ယူ လို့ရတယ် ဟဲဟဲ,

    ReplyDelete
  10. ရန်ကုန် ကိုချစ်တယ်
    အရမ်းလွမ်းတယ်

ိကို့ ကို ကို ကတိပေးထားတယ်
    နောက်နှစ်ဆန်းမှာ ပြန်မယ်လို့ 

    ReplyDelete
  11. “မှောင်ခိုလက်မှတ်ဝယ်ချင်တယ် ဆိုတော့ လာဒ်ပေးလာဒ်ယူ တို့ရန်သူ မဖြစ်သေးဘူး” တဲ့။

    ဒါဆို မမက စည်းကမ်းလိုက်နာ ဘေးကင်းကွာ ပေါ့ ဟုတ်လား။
    ကန်စွန်းရွက်ကြော်နဲ့ ဆေးဘဲဥသုပ်လေး စားသွားပြီ။
    မန္တလေး မသွားရလို့ ဘီယာဆိုင် ထိုင်တယ်လို့တော့ မပြောချင်ပါနဲ့လေ။

    ReplyDelete
  12. အမသာ မန္တလေးသွားဖြစ်ရင် သိတ်ကောင်းမယ်။
    မန္တလေးပုံတွေ အများကြီး ရိုက်ခဲ့မှာ သေချာလို့...
    အလွမ်းပြေ အပိုင်း ၂၆ ခုလောက်တော့ ဖတ်ရ။ ကြည့်ရအုံးမယ်။ အခုတော့........ငတ်......
    နောက်ပြီး အစားအသောက်တွေချည်း ရိုက်ခဲ့မှာသေချာတယ်။...ကျွန်တော်ကလဲ အစားသမားဆိုတော့ လိုင်းတူတယ်... :D

    ReplyDelete
  13. >>>ဘီယာဆိုင်………..ဆေးဘဲဥသုပ်. ကန်ဇွန်ွးရွက်ကြော်မြေ့ပဲလှော်။ ခေါက်ဆွဲကြော်။<<<

    အံမယ်လေးဗျာ... ကြားရတာနဲ့တင် သွားရည်တမြားမြား ဖြစ်လာပြီ။

    ReplyDelete
  14. ကန်စွန်းရွက် ကြော်ပဲ ကြိုက်တယ် မမ ရယ် ၊သတိရတယ်၊ ပြန်ဖို့ အတဲအတန် ကြိုးစားလိုက်ဦးမယ်

    ReplyDelete
  15. ရန်ကုန်ကိုပိုလွမ်းသွားတယ်... မပြန်ဖြစ်တာ ၃ နှစ်ကျော်ပြီး(

    ReplyDelete
  16. ရန်ကုန်ကျတော့ တယောက်ထဲသွားခွင့်ပြုပြီး မန္တလေးတော့ ၂ယောက်တွဲမှဆိုတော့ ဒါအမကို ဘေးလွယ်အိတ်လုပ်တာနေမှာ၊နောက်တခါပြန်ရင် ကားနဲ့လစ်ပါ၊ ကားကအသံမပေးဘဲလစ်လို့ ရတယ်၊ရထားနဲ့သွားရတာက လူသိပ်သိတယ် ၊မန္တလေးဘူတာရောက်တာနဲ့အပြန်လက်မှတ်ပြန်လုပ်မှ အဆင်ပြေတာ၊

    ReplyDelete
  17. သြော်... မမက ဂျိန်းဂျိန်းကုတ်ကုတ်ကြီးနဲ့မှ တွားချင်တာကိုး......။

    ကိုမဆလာက တစ်ယောက်ထဲမသွားရဘူးဆိုတာ ရစဟ နဲ့သွားလို့ ပြောတာလည်း ဖြစ်ချင်ဖြစ်နေမှာ....။
    :D

    ReplyDelete
  18. လပ်ပေး လပ်ယူလဲ မဟုတ်ဘူး။
    လာဒ်ပေဒ လာဒ်ယူလဲ မဟုတ်ဘူး။
    “လာဘ်ပေး လာဘ်ယူ” ကမှ အမှန် ဟု ဆရာကြီး လေသံနှင့် လိုအပ်သည်များကို မှာစားသွားသည်။
    ကန်စွန်းပလိန်း ခရုဆီနဲ့ တစ်ပွဲ...။
    အပြင်က တို့သူငယ်ချင်း တစ်ယောက်လဲ ကြောင်ရဲအောင် လေထိုးထားတဲ့ ရုပ်နဲ့ ရှိတယ်။
    မယုံရင် စထရကို မေးကြည့်။ ခုလောက်ဆို တူတူမူးနေလောက်ရောပါ့။

    ReplyDelete
  19. ဒါကြောင့် မန်းလေး မသွားဖြစ်တာကိုး...

    Xထုံ

    (အဟီး ကိုဖိုးစိန်ကော်မန့်ကြီးက ရီရတယ်..
    ကိုဖိုးစိန်ရေ..မမ..ကျနော့်အိမ်မလာတာ နှစ်ပေါက်နေပြီ..)

    ReplyDelete
  20. ငါ.လို.အိမ်မရှိတာပဲကောင်းတယ် ဟိဟိ

    ReplyDelete
  21. ဆေးဘဲဥသုပ် စားချင်တယ် ဘွားရယ်၊
    စင်ကျားပူမှာ ဆေးဘဲဥ ဘယ်နားဝယ်လို့ရတုန်း???

    ReplyDelete
  22. ဆေးဘဲဥသုတ် အရမ်းကြိုက်တယ်..။ အင်းလေး မှာ ဆေးဘဲဥသုတ် စားချင်လို့ သွားမိပါတယ်.. လာချပေးတော့ ဆေးဘဲဥသုတ်ကြီးက မဲမဲ ကြီး .. ၊ ကြိုက်ပါဘူး..။ တီကွန့် ပုံထဲက ဆေးဘဲဥသုတ်လိုမျိုး လေးစားချင်တာ..။

    ReplyDelete
  23. မြန်မာနိုင်ငံမှာ ရထားနဲ့ တစ်ယောက်တည်းသွားလို့ မကောင်းဘူးထင်တာဘဲ။ သွားတော့သွားနေကြတာပါဘဲ။

    ReplyDelete
  24. နောင်သွားချင်ရင်ပြော၊လိုက်ခဲ့ပေးမယ်

    ReplyDelete
  25. ကိုကို က yangon မှာအိမ်ကနေကျောင်းကျူရှင်သွားတာတောင်စိတ်မချပါဘူး
    ကိုယ်.ဘာကိုကားမောင်းသွားတာတောင်မှ မေမေလိုက်သွားလိုက်ပါတဲ. ၁ ယောက်ထဲမိုလို.တဲ. Singapore လည်းယောက်ရော အလုပ်မှာ Sever down လို.ပြင်ဆင်ပြီး ၂နာရီလောက် taxi နဲ.ပြန်ရတာတောင်လာကြိုကြဘူး ဒီမှာ စိတ်ချရတယ်တဲ. မမကွန်ရဲ......ရွတ်ဖတ် :(

    ReplyDelete
  26. ပြန်ချင်စိတ်တွေ ပိုပိုဆိုးလာပြီ နော်..
    ပြန်ရင် စားမယ့် စာရင်းလဲ ပိုပို ရှည်လာလို့ 
    ကိုကိုချစ် လဲ မျက်လုံးပြူးနေပြီ..ဟိ
    (btw ဟိုတလော က မမ ကို အားကျလို့  တယောက်ထဲ လိမ့်သွားတာ ယောက်ယောက် ကဆူတယ် တော့ သိလား) ပါးဖောင်းနေတုန်း မို့ လို့ နဲ့ တူပါတယ်..

    ReplyDelete
  27. တတိယမြောက် ကွန်မန့်အား အားတက်သရော ထောက်ခံပါ၏

    ReplyDelete
  28. နွေးနေခြည်July 10, 2009 at 2:11 PM

    ရန်ကုန်အကြောင်းဘယ်တော့မှ မရိုးဘူး ... ခနခန ပြန်ပြန်ဖတ်နေတယ်

    ReplyDelete
  29. " Ko Paw said...

    >>>ဘီယာဆိုင်………..ဆေးဘဲဥသုပ်. ကန်ဇွန်ွးရွက်ကြော်မြေ့ပဲလှော်။ ခေါက်ဆွဲကြော်။<<<"

    မြန်မာပြည်မှာ ယင်ကလဲ တလောင်းလောင်းနဲ့လေ။ အရန်းချိုပေါ့

    ယင်တွေ ခြင်တွေ ရှိတဲ့ နိုင်ငံတော့ မနေတာကောင်းတယ်။ england မှာဆို ဂျပိုးလောက်ပဲရှိတယ် အဲလိုတွေမရှိဘူး။

    ReplyDelete
  30. europe က ကောင်မငယ်ငယ်လေးဆေးရုံရောက်လာတယ်။ england အလည်လာရင်း အပေါစားဟိုတယ်မှာတဲပြီး ဂျပိုးကိုက်ခံရလို့တဲ့

    ReplyDelete
  31. ဟို1ခါ မုန့်ဟင်းခါး post ကို ဖတ်ပြီး pennizula မှာ သွားစားသေးတယ်..အခု egg..မေမေ ရောက်နေတော့ pennizula သွားစရာမလိုတော့ဘူး heeee :D

    Good day!ှ

    ReplyDelete
  32. ကောင်မလေးက ငယ်ငယ်လေးဆိုပဲ။ စိတ်ဝင်စားစရာ။ ဂျပိုးက ဘယ်နေရာ ကိုက်လိုက်လို့လဲ။

    ReplyDelete
  33. အစ်မရေ လွမ်းတာအပြင် သားရေယိုရအောင်ပါ လုပ်ရက်တယ်။ :)

    ReplyDelete
  34. သွားမယ့် စာရင်းထဲ အင်္ဂလန်လဲ ပယ်မှ ဂျပိုးရှိတဲ့ နိုင်ငံလဲ မနေနိုင်ဘူး

    ReplyDelete
  35. နောက်တခါ မန္တာလေးကို ရောက်အောင် သွားနော်။ စိတ်မချ လိုက်ပို့လို့ ပြောလိုက်ပေါ့။ :)

    ReplyDelete
  36. ကိုယ့်အိမ်မှာတော့ ကြမ်းပိုးမရှိတာသေချာပါတယ်။

    ReplyDelete
  37. အဲလိုမှန်းသိ သင်္ကြန်တွင်းရန်ကုန်ဆင်းခဲ့ပါရဲ့ မကြီးရယ်။

    ReplyDelete
  38. မမကွမ်
    စားချင်သွားတယ်
    ကန်စွန်းရွက်ကြော်
    ဟင်းနုနွယ်ရွက်ကြော်
    ဆီရွှဲရွှဲလေးနဲ့
    ခရုဆီလေးနဲ့
    မွှေးမွှေးလေး
    ရှလွတ်
    :D

    ReplyDelete
  39. မကြီးက ချစ်ဖို့ကောင်းတယ်... ဖိုးစိန် ပျော်အောင်ရေးသွားပေးတယ်... အများကြီး...

    11 Jul 09, 13:04
    kom: ချစ်သူတွေအများကြီ့း ကွန်မက်တွေအများကြိးမို့လို့ အများထဲက တစ်ယောက်မို့လို့အားငယ်လို့မရေးခဲ့တော့တာပါ။

    အားမငယ်ပါနဲ့ မကြီးမလာရင် အားငယ်ရတဲ့ ကလေးက ဖိုးစိန်လေးပါ... အများထဲကတစ်ယောက်ဆိုပေမယ့်

    ဒီတစ်ယောက်က ထွန်းတောက်တဲ့ ကြယ်တစ်ပွင့် ဖြစ်ပါသေးတယ်...

    ဒါကြောင့် ဒီကြယ်ပွင့်မကြီး ဖိုးစိန်ကို လမ်းပြပေးဖို့ အမြဲ မျှော်နေပါတယ်...


    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  40. အဲဒါ အရူးတို့ ပိုင်အိုးနီးယားသွားရင် ထိုင်နေကျ ဆိုင်လေး ... ဟီ ဟိ ... အမ ခင်ဦးမေ ချမ်းမြေ့ပါစေ ... အရူးရဲ့ တောင်ပေါ်ကိုလဲ အလည်လာဖို့ ဖိတ်ခေါ်ပါတယ်

    ReplyDelete
  41. မမ.. ဗိုက်ဆာပါတယ်ဆိုမှကို၊ သွားရေကျသွားဒယ်

    ReplyDelete
  42. စားဖူးဘူး ဆေးဘဲဥသုပ်ကို

    ReplyDelete
  43. မိဖိုးစိန်က သူ့ကိုယ်သူ ကြော်ငြာလာဝင်နေပါလား.. ဂျီးဒေါ် နားမယောင်နဲ့နော်.. ဟိဟိ.. :P

    ဆေးဘဲဥသုပ်ကြိုက်တယ်.. လက်ဖက်ရည်ဆိုင်မှာ ညတိုင်းစားတယ်ရန်ကုန်မှာတုန်းက..

    ဂျီးဒေါ်သွားစားတဲ့နေရာ သိတယ်.. စားတော့မစားဖူးဘူး.. ဂွတ်ခဲ့လား..

    မန္တလေးမရောက်လိုက်တာ နှမြောစရာ.. ရင်နာလိုက်ပါဘိ.. သူ့ကိုများ သွားမှာကို ပြောနေရသေး.. ဂျီးဒေါ်ညံ့တယ်..

    ReplyDelete
  44. ဆေးဘဲဥသုတ် အရမ်းကြိုက်တယ်..။ အင်းလေး မှာ ဆေးဘဲဥသုတ် စားချင်လို့ သွားမိပါတယ်.. လာချပေးတော့ ဆေးဘဲဥသုတ်ကြီးက မဲမဲ ကြီး .. ၊ ကြိုက်ပါဘူး..။ တီကွန့် ပုံထဲက ဆေးဘဲဥသုတ်လိုမျိုး လေးစားချင်တာ..။

    ReplyDelete