Sunday, August 9, 2009

Nature of men 5

ဒီတစ်ပါတ်က စလုံးမှာ ရုံးသုံး ရက် ပိတ်တယ။် စနေ.တနင်္ဂနွေ တနင်္လာပါ။ သုံးရက်ပိတ်တော့ကာ အမှန်ဆိုရင် အသာလေးတော့ KL ကို သွားလို့ရပါတယ။် ခက်သွားတာက ကိုယ်က တနင်္ဂနွေ မှာမအားဘူးဖြစ်နေတယ်။ အဲဒီတော့ဘယ်မှ သွားလို့မရတော့ဘူ။။

မရတဲ့အထဲမှာ ရတာကိုလုပ်ရင်တော့လဲ JB ကိုတော့သွားလို့ရပါတယ်။ ခင် ရေ.. သွားမယ်လို့ ဆိုတာနဲ့ ငါးခြောက်ဆို ဖုတ်ပြီးသား (ထမင်းတော့မချက်ချင်) ဖြစ်တဲ့ခင်က လမ်းပေါ်ရောက်သွားပါပြီ။

အဲဒါနဲ့ မလေးရှားရောက်သွားကြပြီး ဘာရုပ်ရှင်များကြည့်မလဲစိတ်ကူးတဲ့ အခါ ဗလကောင်းသူများ ကားကို ကိုယ်က အဆိုပြူပေမဲ့ မနာလိုစိတ်တွေ များနေတဲ့ kmsl ရဲ့ ဗီတိုအာဏာကြောင့် mini pot noodle နဲ့ဘဲ ကျေနပ်လိုက်ရတယ်။ ကိုယ်စားတာက မလေး ခြောက်ကျပ် ပြားသုံးဆယ်။ အအေးမပါသေးဘူး။ သူစားတာ က ယောင်တိုဖူး က မလေး ရှစ်ကျပ် ယူလိုက်လို့သူရင်ခံသွားတယ်။ ရုပ်ကြည့်ပြီး ယူလိုက်သလားထင်ရတယ်။

ဘာထပ်လုပ်ကြမလဲ ကြံကြတဲ့အခါ မီးရထားလျောက်စီးရအောင် ဆိုပြီး ဘူတာရုံရောက်သွားတယ်။ အရင် ကအဲဒီဘူတာ ရုံက အဖြူရောင်ဆေးသုတ်ထားတာပါ။ အခု အဝါရောင်ဖြစ်သွားတာကိုတော့မကြိက်ချင်ဘူး။ ဘူတာရုံက အဲဒီ city square ဘေးနားလေး တင်ပါဘဲ။ ရထားက ည ခုနစ်နာရီလာမယ်ပြောတယ်။ အချိန်က ညနေ ခြောက်နာရီ ရှိနေပြီ။ နီးစပ်ရာမြို့တစ်မြို့ ကိုမေးကြည့်တော့လက်မှတ်ကုန်ပြီလို့ဆိုတယ်။ သူတို့ဆီမှာ ထိုင်ခုံမဲ့လဲရောင်းတယ်ဗျ. No seat ဆိုပြီးေ ရာင်းတာတွေ့ရတယ်။ ထိုင်ခုံ ကုန်သွားပြီလို့ဆိုတယ်။ ရထားခ ကလဲ အန်မတန်သက်သာပါတယ။် ဟိုနားဒီနား. မလေး ၁၀ အောက်ပါ။ စီးချင်သော်ငြားလည်း လက်မှတ်က ကိုယ်တို့သွားချင်တဲ့ နီးနီးနားနားမြို့ကို လက်မှတ်ကုန်သွားပြီ။ ဘာ seat မှာ မရှိတော့ဘူးဆိုတာနဲ့ လက်မြှျှောက်ကျပြီးသကာလ အကြံထပ်ထုတ်ကြတော့ ဘတ်စကားသွားစီးမယ်ဆိုပြီး ဘတ်စကားဂိတ်ရောက် သွားကြပြန်တယ်။

ဘတ်စကားဂိတ်မှာ အတော်စောင့်ရတယ်။ ကိုယ်တို့ကလည်းဘယ်မှ သိတ်သွားတတ်တာ မဟုတ် larkin (အဝေးပြေးကားဂိတ်) လောက်ဘဲသိတယ်။ အဲဒါ စိတ်မရှည်တာနဲ့ ဘေးက ကလေးမှတွေ ကိုမေးကြည့်တော့လာပါတယ်တဲ့။ သူတို့လာပါတယ် ဆိုတာကလည်း အတော်စောင့်ရတာဘဲ။ ကိုယ်တို့လူရည်မလည်တာလည်းပါတာပေါ့။ ၁၅ မိနစ်စီးရင် အဝေးပြေးကားဂိတ်ကိုရောက်ပြန်တယ။်

ကားတွေလည်းများ လူတွေ လည်းများ အခုဝါသနာပါရင် KL ကိုတက်လိုက်သွားလို့ရတယ။် မလေး ၂၅ ကျပ် ၃၀ ကျပ် လောက်ဘဲရှိတယ။် ဟင်း ..အရေးရယ်အကြောင်းရယ် ဆိုရင် ဘာဖြစ်လို့မအားတာ လဲ ကိုယ့်ဘာသာ ကိုယ်စိတ်ဆိုးပြီး အဲဒီအဝေးပြေးကာဂိတ် larkin က မောင်မြင့်ပလာတာ သွားစားပြန်တယ။် စားပြီးရင်းစားရင်းက မမ ဖြစ်နေပြီ။

မောင်မြင့်ပလာတာ ဆိုတာ ကန်တော်ကလေးက မောင်မြင့်ဆိုတဲ့တစ်ယောက်ကို အဲဒီဆိုင်မှာအ လုပ်လုပ်နေတာ တွေ့လို့ မောင်မြင့်ပလာတာ ဆိုင်လို့ခေါ်တာပါ။ ပလာတာ နစ်ချပ်။ အိုက်စ်လီမွန်တီး နစ်ခွက် ကို မလေး လေးကျပ် ပေးရပါတယ်။

စားပြီး ဟိုကြည့်ဒီကြည့်ကြည့်ပြီးသကာလ ပြန်ကြမယ်ဆိုပြီး ဟိုလျောက်ဒီလျောက်လုပ်နေတုံး kmsl သူငယ်ချင်းတစ်ယောက်ကို သူက မြင်လိုက်တယ်။ အဲဒီကောင်က မဲလဲမဲ အရပ်လည်း မရှည်ပါဘူး။ အဲဒါကို ညကြီးမိုးချုပ် သူဘဲသွားမြင်တယ။် မြင်ဆို ရှေ့တဲ့တဲ့ကလာတာကိုး။

ဟာ..သူငယ်ချင်းဆိုပြီးထုံးစအတိုင်း လက်ဆွဲနှူတ်ဆက်ကြတဲ့ အချိန်မှာ အဲဒီကောင်ဘေးက ကောင်မလေးတစ်ယောက် က လှစ်ကနဲ့ထွက်သွားတာကိုတွေ့လိုက်ရတယ်။ အဲဒါနဲ့ kmsl က အဲဒါမင်း အမျိုးသမီးလားကွ လို့မေးလိုက်တယ။်။ သူထင်တာက ဟိုတစ်ယောက်က ကိုယ်တို့ကိုမြင်ရဲ့သားနဲ့ဘာဖြစ်လို့ ထွက်သွားရတာလဲသိချင်လို့ ဒါပေမဲ့ သူ့အမျိုးသမီးနဲ့လဲမတူပြန်တော့ကိုယ်တို့ ဇဝေဇဝါဖြစ်သွားတာ မဆန်းဘူး။ ဟာ..ကိုယ့်အမျိုးသမီး ဒီလောက်ဘယ်ပိန်မလဲလို့ ဟိုကောင်က အေးအေးဆေးဆေးဖြေတယ်။ သူငယ်ချင်းပါ။ ဂျန်တန်းသွားကြမလို့ တဲ့။ အင်း။။ ကိုယ်တို့လဲ ဟိုပြောဒီပြောပြော့ပီးပြန်လာကြတယ်.။

အပြန်မှာ kmsl က တစ်ခုတွေးလာတယ။် မိန်းမ တစ်ယောက်ထဲ မရှိတာ မဆန်းဘူးကွ.။ တစ်ယောက်ထဲရှိတာ ကသာ ဆန်းနေတယ်ဆြိုီ့ပီး။။။။။။။။။။။။။။။။။။။။။










နောက်ဆက်တွဲ
အဲဒါနဲ့ တို့ဒီနေ့အလှပြင်ပါတယ်။ လှတပတ။ ကြည့်ပြီးသကာလချီးမွမ်းပါ၏။ ယခုကောင်မလေးများနဲ့ အတူတူဖြစ်သွားပြီ။ မတူတာ တစ်ခုဘဲရှိတယ်။ ဘာလဲလို့မေးတော့ အသက်တဲ့။
ဒါပါဘဲ။




စိတ်ဝင်စားက ဖတ်ရုရန်။
http://khinoomay77.blogspot.com/2008/11/nature-of-man.html
http://khinoomay77.blogspot.com/2009/01/blog-post.html
http://khinoomay77.blogspot.com/2009/02/nature-of-men-3.html
http://khinoomay77.blogspot.com/2009/06/nature-of-men-4.html


ice lemon tea




ပလာတာ


JB အဝေးပြေးကားဂိတ်


ဲJB ဘူတာရုံ


city square

38 comments:

  1. နာကွ.. ၁

    evergreenphyo

    ReplyDelete
  2. ယောင်တိုဖူး ဆိုတာ ဘာလဲ..မမ
    လည်ချင်လိုက်တာ..
    အဲ့လို...



    Xထုံ

    ReplyDelete
  3. မမ နောက်သွားလည်ရင်ခေါ်ပါ...

    ReplyDelete
  4. ခုခေတ်ကောင်မလေးများနဲ့တူသွားတဲ့ပုံပြပါဗျိုးးးး
    အသက်အရွယ်ကအရေးမကြီးဘူးဗျိုးးးးးးးးးး
    နာစီလန်းမားရောမစားခဲ့ဘူးလားဗျိုးးးးးးးးး
    မလေးရောက်တော့ မလေးကဘလာဂေါက် မောင်သားကြီးကို သတိမရဘူးလားဗျိုးးးးးးးး
    မိန်းမတစ်ယောက်တည်းရှိတာ တစ်ကယ်ပဲဆန်းသလားဗျိုးးးးးး
    မိန်းမတစ်ယောက်မှ မရှိတဲ့ကျနော်က ပိုမဆန်းဘူးလားဗျိုးးးးးးး :P

    ReplyDelete
  5. မိန်းမ တစ်ယောက်ထဲ မရှိတာ မဆန်းဘူးကွ.။ တစ်ယောက်ထဲရှိတာ ကသာ ဆန်းနေတယ်ဆြိုီ့ပီး<<<== တကယ်အဲလိုကြီးလား မမ ရယ်...
    တဖြည်းဖြည်းနဲ့ ကြောက်ကြောက်လာပြီ။
    ဘယ်လိုလုပ်ရပါ့...
း(
    အဲလိုမျိုးအကြောင်းတွေကြားရတဲ့အချိန်ဆို ဆရာတာရာမင်းဝေရဲ့စကားကို သိပ်သတိရတယ်
    `ရည်းစားဟောင်းကို နှလုံးသားအသစ်နဲ့ ချစ်ကြည့်ဖို့ မကြိုးစားတော့ဘူးလား´ တဲ့

    ReplyDelete
  6. ပလာတာကို အဲဒီမှာ ဇွန်းနဲ့ ခက်ရင်းနဲ့စားတယ်ဆိုတဲ့ ဗဟုသုတအသစ်ကို မှတ်သားသွားပါတယ်။

    ReplyDelete
  7. မိန်းမ တစ်ယောက်ထဲ မရှိတာ မဆန်းဘူးကွ.။ တစ်ယောက်ထဲရှိတာ ကသာ ဆန်းနေတယ်ဆြိုီ့ပီး။။။။။။။။။။။။။။။။။။။။။
    :(

    ပို့ စ်ပြန်တင်လိုက်ပါပြီ။ မှားတာလေးတွေပါနေလို့ ပြန်သိမ်းထားတာပါ။

    ReplyDelete
  8. nature of men 3 ထဲကဒီစာသားလေးကိုအရမ်းကြိုက်သွားပြီ......
    "အချိန်ရှိသေးရင်တော့ မိန်းကလေး မီးဖိုချောင်မှာ ချက်တတ် ပြူတ်တတ် ဖြစ်အောင် သင်ထားစေလိုကြောင်း.. မဟုတ်က အိမ်ထောင်ြ့ပူရင် အန်မတန် မျက်နှာငယ်မည် ဖြစ်ကြောင်း.. မရခင်သာ သူတို့က ရပါတယ်ကွာ လို့ပြောပြီး ရပြီးရင်တော့ မရတော့ဘူး ဟေ့ ဆိုတာကို နားလည် ဘို့လိုကြောင်း.........။"

    သင်ပြီ...သင်ပြီ....
    hee :D

    ReplyDelete
  9. ဒါနဲ့ လာကင်း ကားဂိတ်က အတော် ညစ်ပတ်တယ်နော်။ စီးတီး စကွဲယားကတော့ မဆိုးဘူး။

    ReplyDelete
  10. one of my fri wrote this in his facebook status
    If u TREAT him nicely, he says u are IN LOVE with him;
    If u Don't, he says u are PROUD.
    If u DRESS Nicely, he says u are trying to LURE him;
    If u Don't, he says u are from WILD. ... Read More
    If u ARGUE with him, he says u are STUBBORN ;
    If u keep QUIET, he says u have no BRAINS.
    If u are SMARTER than him, he'll lose FACE;
    If he's Smarter than u, he is GREAT.
    If u don't Love him, he tries to POSSESS u;
    If u Love him, he will try to LEAVE u.(very true huh?)
    If u don't make love with him., he says u don't Love him;
    If u do he says u are CHEAP .
    If u tell him your PROBLEM, he says u are TROBLESOME ;
    If u don't , he says that u don't TRUST him.
    If u SCOLD him, u are like a GRANDMOM to him;
    If he SCOLDS u , it is because he CARES for u. (Bullshit)
    If u BREAK your PROMISE, u Cannot be TRUSTED ;
    If he BREAKS hims, he is FORCED to do so.
    If u SMOKE , u are BAD girl;
    If he SMOKES , he is GENTLEMAN .
    I am aslo that kind of person....

    Guys Stink!!!
    hee hee
    :D

    ReplyDelete
  11. ဟားဟား.. မမရေးတာရီလိုက်ရတာ။
    yong tofuကိုသိပ်ကြိုက်တယ်။ မစားရတာကြာပေါ့။ ပေါက်ရေ..ဒီမှာ သွားကြည့်
    http://www.flickr.com/photos/girlyamy/2858437430/

    ReplyDelete
  12. လပ်ကင်းကို ကျနော်တခေါက်ရောက်ဖူးတယ်၊ ရန်ကုန်ဘူတာကြီးနဲ့ ဖီလင်ချင်း ခပ်ဆင်ဆင်ရယ်.. လူတိုးပုံပြောပါတယ်။

    ReplyDelete
  13. မိန်းမ တစ်ယောက်ထဲ မရှိတာ မဆန်းဘူးကွ.။ တစ်ယောက်ထဲရှိတာ ကသာ ဆန်းနေတယ်ဆြိုီ့ပီး။။။။။။။။။။။။။။။။။။။။။
    အီးဟီးဟီး.....အဲလိုကြီးတွေဆိုရင်ကျောက်ဖျာကြီး

    ReplyDelete
  14. တယောက်တည်းရှိတာက ဆန်းနေတယ်....
    ဒွတ်ခပဲ...

    ReplyDelete
  15. အမလေး.. တစ်ယောက်တည်းရှိတာ ဆန်းတယ်တဲ့လား? အဖွားက အဲ့ကြောင့် အပျိုကြီး လုပ်ခိုင်းတာနေမှာ

    လှတပတပြင်ထားတဲ့ ပုံလေး email ကနေ ပို့လိုက်ပါ မမ၊

    ReplyDelete
  16. မမရေ....မမ က လှပြီးသား ကို လှတပတ ပြင်လိုက်တော့....မြင်ချင်လိုက်တာ..။ kmsl တွေးသလို ဆိုရင်။။။။။။။။။။။။။။။။။။။။။။

    ReplyDelete
  17. ပျော်စရာကြီး… မမရဲ့ ဒီပို့ စ်ဖတ်ပြီး JBသွားပြီး ရထားပတ်စီးချင်စိတ်တောင်ဖြစ်တယ်… ဘူတာကြီးက အ၀ါရောင်ဆိုတော့ ရန်ကုန်ဘူတာကြီးနဲ့ တူသလိုပဲနော်… တခါတလေကျ အသက်ဆိုတာ နောက်တန်းမှာပါ မမရာ… အားမငယ်ပါနဲ့ …

    ReplyDelete
  18. ဖတ်ပြီးရီသွားတယ်....
    ယောင်္ကျားမျက်စေ့ထဲမှာကိုယ်လှနေဖို့ လိုအပ်တယ်တယ်ထင်တာဘဲ...

    ReplyDelete
  19. အမရေ
    ဒီမှာ မေးနေတယ်၊
    (မိန်းမ တစ်ယောက်ထဲ မရှိတာ မဆန်းဘူးကွ.။ တစ်ယောက်ထဲရှိတာ ကသာ ဆန်းနေတယ်ဆြိုီ့ပီး။။။။။။။။။။။။။။။။။။။။။)


    အဲဒါဘယ်လိုလုပ်သင့်သလဲတဲ့။
    လာနောက်နေပြီ။

    ReplyDelete
  20. ကြောက်တောင်လာပြီ :((

    ReplyDelete
  21. တော်သေးတယ် မမကွန်ရယ်..
    ပလာတာ တချပ်ကိုခံစားခြင်းဆိုပြီး စီးရီးသစ် မထုတ်လို့..ဒီနေ့  ကိုကိုချစ်လဲ မအားလို့  အိုင်စီရှိုး မကြည့်ရဘူး..တော်တော်တင်းတယ်..
    နောက်လဲ အမြဲ လှလှပြင်ပြီး ကိုမဆလာ နောက်က တဖဝါးမခွာ သာလိုက်နော်..

    ReplyDelete
  22. ကလူသစ်သမီးကို မွေးစားမလား။ ဒီလောက်အားလပ်နေကြတာ မနာလိုလို့

    ReplyDelete
  23. အလှပြင်လို့ရပေမယ့် အသက်ပြင်လို့မရဘူးပေါ့။ :D

    ReplyDelete
  24. အဲဒါကြောင့် မာမီကပြောတာ အပျိုကြီးလုပ်တဲ့...... အဟီးး ... :P

    ReplyDelete
  25. ရန်ကုန် ဘူတာကြီး က “အဝါ” ရောင်..

    တစ်ခါမှ မမြင်ဖူးဘူး.. အဲ့ဒီ အရောင်နဲ့။

    (စစ်အတွင်း က များလား) စဉ်းစားသွားပါသည်

    ReplyDelete
  26. "ကိုယ်က တနင်္ဂနွေ မှာမအားဘူးဖြစ်နေတယ်။ "

    မမ...BOB မှာတွေ့ မယ် :))

    ReplyDelete
  27. ပြင်လိုက်တော့ အတော်လှသွားမှာပေါ့နော်...။

    ReplyDelete
  28. (အဟိ) ကျွန်တော်တောင် ဆန်းမလားလို့ စမ်းကြည့်ချင်တယ်။

    ReplyDelete
  29. ခွိ.. ယွန်သောင်ဖူးကို ၈ကျပ်ပေးရတယ်ဆိုတော့ နည်းနည်းဈေးကြီး၏.. ဂျီးဒေါ်က အဲ့ဒါတွေမကောင်းတာပေါ့.. KLကိုကျမလာဘူး.. တနင်္လာဆိုအားတယ်ဂျ.. ဒီတစ်ခါလာရင် ကြိုပြော ပြုစုမယ်ဂျီးဒေါ်ကို.. kmsl မပါ..

    ReplyDelete
  30. "မိန်းမ တစ်ယောက်ထဲ မရှိတာ မဆန်းဘူးကွ...တစ်ယောက်ထဲ ရှိတာကသာ ဆန်းနေတယ်ဆိုပြီး..."

    မမရေ...
    (မမရေ ဟုသာခေါ်သွားပြီး ကျန်တာ ဘာမှ ဆက်မပြောတတ်တော့ပါကြောင်း...)

    ReplyDelete
  31. မကြီးဂွိစ် ... ပီကေ pk

    ReplyDelete
  32. တစ်ယောက်ထဲရှိတာ ဆန်းတယ်... ဟုတ်တယ်.. မှန်တယ်။။
    နာကွ.. လူဆန်းကြီးကွ ဟီဟိ

    ReplyDelete
  33. မမ ခင်ဦးမေရဲ. photo တင်ပေးပါ

    ReplyDelete
  34. အဲဒီလိုလေး လည်ချင်လိုက်တာ..

    ReplyDelete
  35. မီးလည်း မလေးရှား လိုက်လည်ချင်တယ် :|

    ReplyDelete
  36. ယောက်ျားတစ်ယောက်ထဲရှိတာကော ဆန်းလား မဆန်းဘူးလား kmsl ကိုမေးပေးပါး)

    ReplyDelete
  37. နောက်ဆက်တွဲလဲ ရှိသေးတာလား။ :D
    အသက်ကလွဲပြီး ကျန်တာ တူတယ်ပေါ့လေ။ :D

    ReplyDelete
  38. တပုဒ်လုံးမှာ “နောက်ဆက်တွဲ” အပိုင်းကို အကြိုက်ဆုံးပဲ အစ်မး)

    ReplyDelete