Friday, August 14, 2009

Nature of women 9

ငါ့ကိုချစ်တဲ့သူ

အချစ်ဆိုတာ ပြောပြောနေကြတာဘဲ။ ကိုယ်ချစ်..သူချစ်.. သူချစ်..ကိုယ်ချစ်။ ဘယ်လိုအချစ်နဲ့တွေ့ပြီးဘယ်လို ခံစားရမလဲဆိုတာ ကတော့ကိုယ့်ကံဘဲ။

အချစ်တွေ အများကြီး ကြုံခဲ့ရဘူးပါတယ်။ ဘယ်လိုအချစ်ကို ရွေးချယ်ခဲ့သလဲဆိုရင် သူချစ်တာကိုရွေးခဲ့တယ်။ ကိုယ်ကလဲ ချစ်ပါတယ်။ ဒါပေမဲ့သူချစ်တာ က ပိုများမယ်။ ကိုယ်က ချစ်တဲ့ အချစ်လား။ နဲနဲတော့ရှိခဲ့ဘူးပါတယ။် ဒါပေမဲ့ ခံစားရတာကို ကြောက်လွန်းလို့ ခံစားပြီး ဆက်မချစ်ရဲဘူး။ ကိုယ်က ချစ်ရတယ်ဆိုတာ အန်မတန်မှ ခံစားရလွန်းပါတယ်။ သူက ပြန်ချစ်ရင် တော်သေးရဲ့။ ပြန်မချစ်ရင် သိတ်ခက်ပါတယ်။ မိန်းကလေး ဘဝမှာ. ကိုယ်က လဲ ကားတင်ပြီးမပြေးနိုင်. ချစ်မလား မချစ်ဘူးလားလို့ ဒါးထောက်ပြီးတော့လည်းမမေးနိုင်။ သူလာမှ လဲကိုယ်က တွေ့နိုင်တဲ့ဘဝ။. သူမလာရင် တွေ့ခွင့်မရှိတဲ့ ဘဝ. ကိုယ့် သူသွားလေရာနောက် တစ်ကောက်ကောက် လိုက်ပြီး ဆေးလိပ်သောက်ပြီး သူ့ကို ထိုင်ကြည့် လို့ လဲ မရ တဲ့ကိုယ်တို့ မိန်းကလေး ဘဝ ဟာ သိတ်ပြီး မတရားလွန်းတယ်။

ဒါပေမဲ့ အဲသလို အချိန်မှာ အားနာပြီးပြန်ချစ်ခဲ့ရင်တောင် ဝမ်းသာခဲ့မယ်ထင်ရဲ့။ ကိုယ်ချစ်တဲ့သူဆီက အချစ်တစ်ခုကို ရခဲ့ဘူးတယ်ဆိုပြီး ဘဝမှာ ဆက်ပြီးပျော်ရွင်သွားမှာပါ။ ချစ်သူနဲ့လွဲဘူးတာ ဆန်းသလားကွယ်။

Boyz ရဲ့ ငါ့ကို ချစ်တဲ့သူကို another version ဖြင့်ခံစားသည်။
http://heartstations.blogspot.com/2009/08/blog-post_14.html

34 comments:

  1. ခြစ်တွေရှုပ်နေတာ ဘဲ ဟိဟိ

    ReplyDelete
  2. ဧကန္တ ကိုမဆလာ တို့ အိမ်ရှေ့ ဂီတာတီး

    သွား “ကျူ” ခဲ့တာ ဖြစ်မယ်.. :-)

    ReplyDelete
  3. ကိုမဆလာကြီးကို
    ဒါးထောက်ပြီးကားတင်ပြေးခဲ.တာများလား မမရဲ.

    ReplyDelete
  4. မမ..အဲဒါဆိုရင် ကိုယ့်ကိုအရမ်းချစ်တဲ့သူ ကို မဖြစ်နိုင်မှန်း..လွဲမယ်မှန်း သိရဲ့ နဲ့ ချစ်တယ်လို့ ပြောခဲ့တာ မမှားဘူးပေါ့နော်...

    ReplyDelete
  5. မKOM, အချစ်အကြောင်းလေး သဘောကျမိရဲ့..း)
    ကိုရီးယားကားတွေထဲမှာတော့ ကောင်မလေးတွေက
    မရအရ အတင်းလိုက်ချစ်နေတာ တွေ့နေရတာပဲ..း)

    ဒါနဲ့ စကား မစပ်
    ဘယ့်နှယ် အချစ်အကြောင်း ထပြောဖို့ စိတ်ကူးရတာတုန်း..း)

    ReplyDelete
  6. :D :D ခေါင်းရှုတ်သွားပြီ

    ReplyDelete
  7. သူချစ်တာ မကောင်းဘူး။ အနေရ အထိုင်ရ ခက်တယ်။

    ဒါနဲ့ မိန်းကလေးက မစရဘူး ဆိုတာ ခေတ်မမီတော့ ပါဘူးလေ။ အခုမြင်နေရတာတော့ မိန်းကလေးတွေကချည်း စနေကြပါလား။ :D

    ReplyDelete
  8. အင်း အဖြေမှန်ထုတ်နိုင်ရင်တော့
    အချစ်နှင့်ပတ်သတ်ပြီ နိုဘယ်ဆုရနိုင်တယ်..
    bbq

    ReplyDelete
  9. တဖက်သတ်ချစ်ရတာလည်း ဖီးလ်တစ်မျိုးပဲ....၊
    ချစ်သူက သူ့သူငယ်ချင်းတွေနဲ့ နောက်ပိုးမကြီးလို့ မဟားခဲ့ရင်ပေါ့လေ....ဟီဟိ။

    ReplyDelete
  10. ဟုတ်တယ်နော်..မဆန်းဘူး။
း)
    mm

    ReplyDelete
  11. ဟိုမှာလည်း အချစ်အကြောင်း ဒီမှာလည်းအချစ်အကြောင်း ...အော် ချစ်ကြပါ၊ ချစ်ကြပါ။ သူချစ်ပဲဖြစ်ဖြစ်..ကိုယ်ချစ်ပဲဖြစ်ဖြစ် ချစ်တာအဓိကပါလေ။

    ReplyDelete
  12. မမရေ ရေးထားတာလဲ ကြိုက်တယ်။

    ကိုဂုတ်(ဇက်)တီ စကားကိုဆင်ဆင်ခြင်ခြင် ပြောပါ။ ဟွန်းးးးး

    ReplyDelete
  13. ဟုတ်ပကွယ်... သူချစ်ကိုဘဲ ကိုယ်ကချစ်လို့ရတဲ့ ဘဝ

    ReplyDelete
  14. မမရေ... ဟုတ်တယ်နော်.... သူချစ် ရွေးတာ ကောင်းပါတယ်...ကိုယ်လဲ နဲနဲ ပြန်ချစ်ရင်ပေါ့. လုံးဝ ပြန်မချစ်နိုင်ရင်တော့ ပျင်းစရာ...။

    ReplyDelete
  15. ခွချက်လုပ်လို့ရဘူးလား...
    ကျောင်းသားဆိုတော့ ချွင်းချက်နဲ့ ဒီမေးခွန်းကို ဖြေပေးပါခင်ဗျ

    ReplyDelete
  16. ဒါကလည်း လေးခုတည်းက တစ်ခုပေါ့ ဟုတ်လားမမ

    ReplyDelete
  17. သစ် နံကြားထောက်လိုက်တာ မမက

    ReplyDelete
  18. "ချစ်သူနဲ့လွဲဘူးတာ ဆန်းသလားကွယ်။"

    ချစ်သူနဲ့လွဲမှလဲ အပြင်းပြေဖတ်စရာ ဇာတ်လမ်းလေးတွေ ရှိလာမှာဆိုတော့ မှန်မှန်ကြီးလွဲနေကြတာဘဲကောင်းပါတယ်

    ReplyDelete
  19. နောက်က နေ လိုက်ပစ်တတ်မှ မုဆိုးလို့ ခေါ်တာမဟုတ်ပါဘူး.... ထောင်ချောက်ဆင်ဖမ်းတတ်ရင်လည်း မုဆိုးဖြစ်နိုင်ပါတယ်...။ (ဘီအီးဒီအောင်သိုက် လေသံဖြင့်)

    ReplyDelete
  20. ကိုယ့်ကို ချစ်မယ်မှန်းသိနေရက် နဲ့ တောင် ဘဝကခွင့် မပြုလို့ ဖွင့်မပြော နိုင်ခဲ့ဘဲ ခံစားခဲ့ရဘူးတဲ့ ဒီမောင်ကို တော့ သူခွင့်လွတ်နိုင်မယ်ထင်ပါတယ်ဗျာ..

    ReplyDelete
  21. သူလည်းခြစ် ကိုယ်လည်းခြစ် ဆိုတော့ အုန်းသီး တစ်ယောက်တစ်ခြမ်းစီလား၊ :p

    ReplyDelete
  22. "ချစ်သူနဲ့လွဲဘူးတာ ဆန်းသလားကွယ်။"

    လွမ်းလွမ်းဆွတ်ဆွတ် ခံစားသွားပါတယ် မမရယ်..။ :)

    ReplyDelete
  23. အမလေးးးးး မမရယ်

    သူလာမှ လဲကိုယ်က တွေ့နိုင်တဲ့ဘဝ။. သူမလာရင် တွေ့ခွင့်မရှိတဲ့ ဘဝ. ကိုယ့် သူသွားလေရာနောက် တစ်ကောက်ကောက် လိုက်ပြီး ဆေးလိပ်သောက်ပြီး သူ့ကို ထိုင်ကြည့် လို့ လဲ မရ တဲ့ကိုယ်တို့ မိန်းကလေး ဘဝ ဟာ သိတ်ပြီး မတရားလွန်းတယ်။

    မှန်ပြီးရင်းမှန်...
    မှန်မှန်မှန်နေလို့
    မျက်ရည်တွေ ဘူးသီးလုံးလောက်ကျချင်လာပြီ...
း((

    ReplyDelete
  24. ချစ်ဦးသူနဲ့ လွဲတာမဆန်းပါ။ အဲ... ချစ်လယ်၊ ချစ်နှောင်း၊ ချစ်ဘိတ်ရှေ့၊ ချစ်ဘိတ်နောက်တွေနဲ့ပါ လွဲနေရင်ရော...။


    (ကိုရွာသား...တိုင်ပြောမယ်)

    ReplyDelete
  25. ကိုယ်ရဲ့ လက်ရှိ ဖြစ်နေရတဲ့ ခံစားချက်နဲ့ တိုက်ဆိုင်မှု့ အပြည့်အဝ ရှိတဲ့ ပိုစ့်မို့ ကွန်မန့်ရေးခဲ့ချင်ပါတယ်။

    အချစ်ဆိုတာကို
    ပေးဆပ်ခြင်းနဲ့ပဲ ချစ်ရရ
    ရယူခြင်းနဲ့ပဲ ချစ်ရရ

    အဓိက ကတော့
    ကြင်နာယုယ မြတ်နိုးစွာ
    ချစ်နေတတ်ဖို့ပဲ လိုပါတယ်။

    ''ကိုယ်က ချစ်ရတယ်ဆိုတာ အန်မတန်မှ ခံစားရလွန်းပါတယ်။''

    ဒါတော့ သိပ်မှန်တယ်။

    အတူချစ်ခဲ့ပြီးမှ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ကို မချစ်ချင်တော့တဲ့သူကို ""I Can't make him LOVE me'' လေ။

    ဒါပေမယ့် English စကားတခုရှိတယ်. ,

    ''There will be Miracles, When you believe'' တဲ့။

    မျော်လင့်ချက်နဲ့ သက်ရှင်နေထိုင်ကြတဲ့ ဘဝမှာ ယုံကြည်မှု့ရှိရင် Miracles ဆိုတာလဲ ရှိနိုင်တာမို့ တနေ့နေ့ တချိန်ချိန်မှာ သူ ကိုယ့်ဆီ ပြန်လာနိုင်ကောင်းပါရဲ့။

    သူနဲ့အတူ ပြန်ဆုံကောင်းနိုင်ပါရဲ့။

    အဲဒီအချိန်တွေကိုသာ မျော်လင့်တမ်းတ စောင့်စားရင်း ကိုယ်တယောက်ထဲ အချိန်တွေသာ ဒီလိုနဲ့ လည်ပတ်ခဲ့ပါပြီလေ။

    SMNTL :))

    ReplyDelete
  26. သီအိုရီ သီချင်း ကြိုက်တယ် မမ
    တဖက်သတ် နှစ်ဖက်သတ် အလကားအချစ် မင်းမချစ်လို့ ငါ့မှာ ဘာမှ မဖြစ်

    ReplyDelete
  27. အဲတာ ရတာမလို လိုတာ မရတဲ့ အပျိုကြီးတွေ ပြောတဲ့ စတိုင်....။

    ReplyDelete
  28. မမက ကားတင် ပြေး၊ ဒါးထောက် မေး၊ ဆေးလိပ်သောက် ငေး ချင်သေးတာလား မသိ။
    ဘုရား ဘုရား..

    ReplyDelete
  29. ...ကိုယ်တို့ မိန်းကလေး ဘဝ ဟာ သိတ်ပြီး မတရားလွန်းတယ်။
    Nature of women 9 မှာ အချစ်အကြောင်း သီကျူးသည်လား မမKOM

    အချစ်ဆိုတာ...
    ရယူခြင်းလည်းမဟုတ်၊
    ပေးဆပ်ခြင်းလည်းမဟုတ်၊
    မြင့်မြတ်ခြင်းပါ...
    (Nature of Love)

    ReplyDelete
  30. အော်.....
    မနိုင်ဘူးနော် ။
    ဆန်းဘာဘူးကွယ်

    ReplyDelete
  31. စိတ်ကူးယဉ်တယ်ပြောပြော.. သူချစ်ကိုယ်ချစ်ကိုပဲ လိုချင်တယ်၊ သူကပဲ ချစ်လဲ ကိုယ်မချစ်ရင် နေရထိုင်ရတာ အဆင်မပြေနိုင်ဘူးထင်တယ်..

    ReplyDelete
  32. ရေးထားတာရှုပ်နေတာပဲဗျာ

    ReplyDelete