Monday, August 3, 2009
recall
တို့တွေကတော့ဂျီးမများဘူး. စားလို့ရတာ အကုန်စားတယ်။ ကိုယ် မချက်ရရင်ပြီး ရော။ထမင်း ရှိရင် ဖြစ်တယ။် ဘဲဥ နဲ့ လည်းရတယ် ။ လဘက်နဲ့လည်းရတယ်။ ငပိကြော်နဲ့လည်းရတယ။် ပုဇွန်ခြောက် နဲ့လည်းရတယ။် ငပိ ရည်နဲ့လည်းရတယ။် ပုန်းရည်ကြီးနဲ့လည်းရတယ။် ခေါက်ဆွဲသုတ်နဲ့လည်းရတယ။် ဟင်းချိုက ပဲပင်ပေါက် ကလေးနဲ့ဂေါ်ီဖီိကလည်းနဲ့ဆိုရင်တော့ပိုကောင်းတာပေါ့။ ဘာမှ မရှိရင်တော့လည်း ခေါက်ဆွဲပြုတ် လည်းဖြစ်ပါတယ်။ ကုလားဆိုင်က ကြက်ကြော်ကတော့ဂဒီးဂဒီးဝယ်လွန်းလို့ ကုလားနဲ့တောင် ရည်းစား ဖြစ်တော့မယ်။ ဘာမှ မရှိရင်တော့ လည်းငပိသုပ်နဲ့လည်းဖြစ်ပါတယ။် ပဲဟင်းချိုက တော့လွယ်တာ ပေါ့။ ကြာဇံတွေ ထည့်ပြီးစားလည်း ကောင်းတာဘဲ။ တစ်ခါတစ်လေ လည်း တရုတ်ဆိုင် က ဝယ်လာတဲ့ ဝက်သားပြားနဲ့ ထမင်းနဲ့ လည်းစားလိုက်တာဘဲ။
ဝက်အူချောင်းလည်းမဆိုးပါဘူး။ ဟင်းဖြစ်တယ်။ ဘယာကြော်ငါးမူးဘိုး ဆိုလည်းဟင်းတစ်ခွက်ဘဲ။ နောက်ဆုံးဘာမှ မရှိရင် ထမင်းနဲ့ငံပြာရည်နဲ့ ဆမ်းပြီး။ ငရုတ်သီးမှုန့်လေးနဲ့နယ်။ ကြက်သွန်ဖြူကလေးကိုက်လိုက်ရင်လည်း လောကနိဗန်ဘဲ။ ဘဲဥကိုအိုးထဲ ထည့်ပြူတ် တာကတော့ရိုးနေပြီပေါ့။ ခေါက်ဆွဲမြင်ရင်တော့အီနြေမဆောင်နိုင်ဘူး. တရုတ် မင်္ဂလာဆောင်သွားလည်း အပြင် စားသောက်ဆိုင်သွားစားလဲခေါကှ်ဆွဲကြော်ဘဲမို့လို့ တရုတ်သူငယ်ချင်းက မဖိတ်တော့ဘူး.။ နင့်ကိုဖိတ်ရတာ ရှုံးတယ်တဲ့။တခြားဟာတွေ စားမှ တန်မှာကို ခေါက်ဆွဲကြော် ချည်းဘဲစားနေရသလားတဲ့။ ရှမ်းခေါက်ဆွဲလေများ စားရရင် အဲဒါ လူဖြစ်ရကျိုးနပ်ပြီ။ ပါပလာကြော်လေး လဲကြိုက်တယ်။ ကြွပ်ရင်ကြိုက်တာ ချည်းဘဲ။
ကောက်ညှင်းကျည်တောက် လဲကောင်းတာဘဲ။ ကောက်ညျင်းပေါင်း လေဲးကောင်းတာဘဲ။ ငါးချိတ်ပေါင်း လဲကောင်းတယ။် ပြန်ပေါင်းဆိုတာကောသိလား။ အုန်းနို့နဲ့ ပေါင်းထားတဲ့ကောက်ညှင်းပေါင်းပေါ့.။ အဲံဒါလေးမျှားစားလိုက်ရ ရွှလွတ်ဘဲ။ နောက် တစ်ခုရှိသေးတယ်။ လမ်းထဲမှာ ထမ်းပြီးရောင်းတာ. ဘာပါလိမ့်။ အင်း မုန့်သေးသေးအလုံးကလေးတွေ အော်.အဲဒါ မုန့်ကြာစေ့...စားဘူးလား။ သိတ်ကောင်းတယ်။ တစ်ခါစား နစ်ပွဲဘဲ။ မုန်စိမ်းပေါင်း လဲကောင်းတာဘဲ။ ကောက်ညှင်း ထုပ်လဲကောင်းတာဘဲ။ ရွေရင်အေးကတော့မစားမဖြစ်.မစားရင်တာဝန်မကျေသလိုဖြစ်မယ။် တို့ဟူးသုပ်လည်း ရွှောက်ရွက် ကလေးနဲ့များ။ ဟင်း........ အခုတောင် အိတ်ထဲမှာ ပေါက်စီနဲ့မြေပဲလှော် (မြန်မာဆိုင်) ကဝယ်ထားတာ တစ်ကျပ်ခွဲတန် ရှိသေးတယ် စားမလားစိတ်ကူးနေတုံး။
မှတ်ချက်
ကိုယ့်ဘာသာကိုယ်ပြန်ဖတ်ရင်းနဲ့တောင်ဘိုက်ဆာလာသလိုဘဲ။
36 comments:
  1. တရုတ်ဆိုင်က အစာတွေ မစားဘူး..
    မြန်မာအစာတွေ တိုရှည်တွေစားချင်တယ်..
    လက်ဖက်နဲ့လဲ ဖြစ်ပါတယ်..
    ငပိထောင်းလဲ ကြိုက်ပါတယ်။။
    ကိုဘလို ရွှန်းရွှန်းဝေအောင် မပြောတတ်ပါဘူး။။
    Xထုံ
    ReplyDelete
  2. မုန့်ကြာစေ့ ဒီနှစ်ရန်ကုန်ပြန်မှ စ စားဖူးတာ..
    အုန်းသီးများများနဲ့ ကောင်းမှ ကောင်းး။
    ကိုဘ မမြင်ဖူးသေးဘူးနဲ့တူတယ်..
    ကျနော့မှာရှိတယ်မမ..
    ပို့လိုက်ရမလားး
    Xထုံ
    ReplyDelete
  3. သန်းခေါင်တိုင်မှ ဗိုက်ဆာအောင်လုပ်တယ်ဗျို့
    ReplyDelete
  4. ဒီနေ့က အစားအသောက် အကြောင်း ဇယားကျကြတယ် ထင်တယ်။ ဖတ်မိသမျှ အစားအသောက် အကြောင်းတွေကြီးပဲ။ လာသေးတယ်။ လူပျိုကြီးက ခုတ်မယ်ထစ်မယ် ပါးပါးလှီးမယ် တဲ့။
    ကိုတီနဲ့ကိုဘ တို့ရဲ့ ရှမ်း အစားအစာတွေက တစ်မျိုး။
    နောက်ပြီးတော့ ကျွန်တော့်ရဲ့ ပိုစ့်ကလည်း တမ်းခြင်းပဲ။
    ReplyDelete
  5. ဗိုက်ဆာသွားတယ်၊
    ညနေစာချက်ဖို့ ပျင်းနေတာ မမ ရေးတာ ဖတ်ပြီး.. အခု လဖက်ပဲ သုပ်စားရကောင်းမလား စဉ်းစားနေပြီ၊
    ReplyDelete
  6. ပေါက်စီနဲ့မြေပဲလှော် စားမလားစိတ်ကူးနေတုန်း
    ဆိုတော့ မစားရသေးဘူးပေါ့နော်
    ကျနော့်ကိုကျွေးလိုက်ပါလား ဟီးးးး :P
    ReplyDelete
  7. ကုလားနဲ့တော့ရည်းစားမဖြစ်နဲ့ကွယ်
    ဒို့များအားလုံးကြေကွဲရလိမ့်မယ် :P
    ReplyDelete
  8. ရေးသမျှ အားလုံးဖတ်ရင်း စားချင်လာပြီ။ ဗိုက်ဆာနေချိန်ကျရင် ဘာစားစား မြိန်ပါတယ်နော့။
    ReplyDelete
  9. မမ ကကြွပ်ရင်ကြိုက်တယ်ဆိုတော့ ရွရင်ရော မကြိုက်ဖူးလား...စာနဲ့ကျွေးလိုက် ပုံနဲ့ကျွေးလိုက်နဲ့..
    အခုတောင် ဂေါ်ရခါးသီးကြော်နဲ့ ပုဇွန်ဆိတ်ဆီပြန်ဟင်းနဲ့
    ထမင်းစားရင်း ဒီပို့စ်ဖတ်နေရတာ..မနက်ကလည်း ကိုလူထွေးဆီမှာ မနက်စာ..ပြီးတော့လူပျိုကြီးဆီမှာ
    ခုတ်တာထစ်တာ အခုတခါ မမကွန်က စာနဲ့တခါ နှိပ်စက်
    ကြတာဆိုတော့ ဒီဘလော့ဂ်ဂါတွေ လွန်ပြီထင်တယ်...ဟီး...
    မမရေ..ဗမာမုန့်တွေ အရမ်းစားချင်တယ် ...မုန့်စိမ်းပေါင်း နဲ့ ကောက်လှိုင်းတီမုန့် နဲ့ ရေးမုန့် ကိုအစားချင်ဆုံးဘဲ...ကျန်တာဒီမှာစားရတယ်...အမျိုးသားက ဆမူဆာ ပလာတာ မုန့်ဟင်းခါး အုန်းနို့ ခေါက်ဆွဲံ ကော်ရည်ခေါက်ဆွဲ တော်တော်လေးလုပ်တတ်တော့ ဒီမှာစားရတယ်..ဆမူဆာက ရေကျော်မောင်အေးအတိုင်းဘဲ စားကောင်းတယ်..
    မမတို့ဆီမှာ အုန်းနို့ခေါက်ဆွဲဝယ်စားရင် ဘဲသွေးရောပါလား...ဒီမှာမရလို့ စားချင်တယ်..
    mie nge
    ReplyDelete
  10. ခု ထမင်းပြန်စားနေပါတယ်၊ငါးခြောက်ဖုတ်လေးနဲ့:)
    ReplyDelete
  11. မမ.. ပေါက် ရဲ့ အိမ်ကို သွားလည်တုန်းက ကျနော့်ကို ဘာလို့ ၀င်တိုက်သွားတာလဲ.. ဒါကြောင့် မမကို ကျနော်မြင်တယ်ဆိုတာ လာပြောတာနော်.. :D စောစောကပဲ မမ အိမ်ကို ရောက်လာသေးတယ်.. အမ ရေးထားတဲ့ စားစရာတွေ ဖတ်ပြီး ဗိုက်ဆာနေတာ.. :(
    ReplyDelete
  12. မမပို့စ် ဖတ်ပြီး အဘိုးလေး ပြောတာ သတိရသွားတယ်။
    ထမင်းဆို ဆီနဲ့ဆားနဲ့ ဆမ်းပြီး တစ်မျိုးတည်းလည်း စားတတ်တယ်။ ဒါပေမဲ့လည်း ငါးခူကြော်လေးနဲ့ဆို ပိုပြီးစားလို့ဝင်မယ်။ ဟင်းချိုမပါတော့ နင်မှစိုးလို့ ပဲဟင်းချိုလေးနဲ့ဆို သိပ်လိုက်ပေါ့။ ပဲဟင်းချိုလေးနဲ့ဆို သရက်ချဉ်သုပ်လေးနဲ့။ သရက်ချဉ်သုပ် ပါတယ်ဆို ဝက်သားဆီပြန်လေးပါရင် ပိုကောင်းးး ဆိုပြီး ထမင်းဆီဆမ်းကနေစလိုက်တာ ... ဟင်း မျိုးစုံ ကုန်ရောပဲ။ :)
    ReplyDelete
  13. အမပြောတာတွေအားလုံးစားချင်လိုက်တာ။ ဒီမှာက မတည့်တာတွေများလို့ ငတ်နေတာ။ :D
    ReplyDelete
  14. မြေပဲ ရှိရင် ဆီဆမ်းပြီး ထမင်းစားလို့ရပါတယ်။ မြေပဲ မရှိရင် ပဲကြမ်းကြော်နဲ့လည်း ဖြစ်တာပဲ။ ဒါမှ မရှိသေးရင် ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူ လှီးပြီး ထမင်းနဲ့ ဒီအတိုင်း စားတယ်။
    သူများတွေလို မြန်မာစာ စားရမှ ရယ်လည်း မဟုတ်ပါဘူး။ နိုင်ငံခြားမှာ အာလူးကြော်၊ ကော်ပြန့်ကြော် ဒါမှမဟုတ် ဓာတ်ဆီဆိုင်က ဝယ်တဲ့ ဆင်းဒဝစ်နဲ့ ကော်ဖီတစ်ခွက် သောက်ပြီး ပြီးခဲ့ရတဲ့ ညစာလည်း မနည်းလှပါဘူး။
    စားလို့ ရတာ အကုန်စား။ :D
    ReplyDelete
  15. စားချင်လိုက်တာ...လက်ဖက်သုပ်လေးနဲ့ ..
    ReplyDelete
  16. "တို့တွေကတော့ဂျီးမများဘူး. စားလို့ရတာ အကုန်စားတယ်။ ကိုယ် မချက်ရရင်ပြီး ရော။"
    အဲဒါကြောင့်လဲ မမကွန်နဲ့ကိုက်တဲ့ Singapore မှာနေလို့ကောင်းနေတာပေါ့။
    မမလိုသာလမ်းဘေးစာတွေနဲ့ ဖြစ်သလို စားနေရလို့ကတော့ ကိုယ့်ဘာသာတောင် သတ်သေမိမလားမသိ
    ReplyDelete
  17. recall ကလည်းအစားအကြောင်းတွေချည်းဘဲ။ ဒီကစိတ်မခိုင်ပါဘူးဆိုမှ..
    ReplyDelete
  18. အမရဲ့ ဖြစ်သလိုစားတတ်ကြောင်း ရေးထားတဲ့ ဒီပို့စ်ကို ထမင်းနဲ့ ငါးပိကြော် စားရင်း ဖတ်သွားပါတယ်။း)
    ReplyDelete
  19. ဟယ်.... ဖြစ်သလိုလေး စားတာကလဲ... ဗိုက်တောင် ဆာလာပြီ...။
    ReplyDelete
  20. ဟုတ်ပ ဟုတ်ပ
    သူများလဲ မမလိုပဲ ချေးမများပါဘူး
း)
    စားလို့ရတာ အကုန်စားတယ်
    ထမင်းကို ဆီချက်နဲ့ ပုစွန်ခြောက်မှုန့်လေးနဲ့နယ်စား ဒါလဲကောင်းတယ်။
    ကြက်ဥကိုပြုတ် ကြက်သွန်နီလေးပါးပါးလှီးပြီး သုပ်စား ဒါလဲကောင်းတာပဲ။
    မုန့်ဗိုင်းတောင့်
    မုန့်လင်မယား
    မုန့်ကျွဲသဲ
    မုန့်ဦးနှောက်
    မုန့် .......
    ........
    ........
    ........
    ReplyDelete
  21. ငံပြာရည်တွေ ငပိတွေတော့ အရမ်းမစားပါနဲ့ မမရယ်
    သွေးတက်နေဦးမယ်...
း)
    ReplyDelete
  22. အော် ဘလောက်ခ့်ဖတ်ရတဲ့ ဒုက္ခပါလားနော်။ ဟိုဘလောက့်ခ်ဖတ်လိုက်တော့လည်း သွားရေကျ..ဒီဘလောက်ခ့်ဖတ်တော့လည်း သွားရည်ကျနဲ့။ ကိုယ့်ကိုကိုယ်တောင် သနားလာပြီ။ အီးးးးးရွတ်ာာာာာာာာာာာ။
    ReplyDelete
  23. ဒွတ်ခ ဘလော့ဂါဆိုသူများသည် အစားအသောက်များကို ရေး၍လည်းကောင်း ဓါတ်ပုံဖြင့်လည်းကောင်း နှိပ်စက်တတ်ကြသူများပါပေတကား..
    (ကော်မန့်တခုနဲ့ ဘလော့တော်တော်များများ ရေးလို့ရသွားတယ်)
    ReplyDelete
  24. အခု မမအိတ်ထဲပါလာတဲ့ ၂ ခုက လွဲလို့ ကျန်တာ အကုန်ကြိုက်၊ ကောက်ညှင်းပြန်ပေါင်းစားချင်လို့တောင်ပြောနေမိသေးတယ်။
    ReplyDelete
  25. အိမ်ထောင်မှု နိုင်နင်းကြောင်း ကြွားနေတာလား ဟင်...
    ထမင်းစားခါနီး ဖတ်လို့ ဗိုက်ထဲမှာ ဂွီဂွမ်တွေတောင် မြည်ကုန်ပြီ။
    ဘာမဆိုင် ညာမဆိုင် ...
    ချစ်သူလေးကိုလည်း သတိရမိပြန်တယ်။ အဟက်...
    ReplyDelete
  26. ဖတ်ပြီးရီချင်သွားတယ်... စားလို့ရတာအကုန်စားတယ်ဆိုတဲ့အတိုင်း... စားလို့ရသမျှအကုန်ချရေးထားတာဘဲနော်...
    ReplyDelete
  27. ကုလားဆိုင်က ကြက်ကြော်ကတော့ဂဒီးဂဒီးဝယ်လွန်းလို့ ကုလားနဲ့တောင် ရည်းစား ဖြစ်တော့မယ်။ ဆိုလို့ ပြုံးမိတယ်။
    မကြီးရေးထားတာလေးတွေက ကြိုက်ချင်စရာလေးတွေပဲကိုး။ အဲလိုတို့ တို့ တိတိလေးတွေစားရတာက အလှူထမင်းဟင်းထက်ပိုအရသာရှိသလိုပဲနော်။
    ReplyDelete
  28. အစားအသောက်နဲ့ ပတ်သက်လို့ လူနတ်ဗြဟ္မာ၊ သတ္တ၀ါတို့ရဲ့ အကျိုးကို ရှေ့ရှုပြီးခြင်းသကာလ ဘိုးတော်ဆြာကေ မေတ္တာရှေ့ထား မိန့်ဆိုမယ်။
    ခြေလေးချောင်းသား ဆိုလား။ ၀က်သား၊ အမဲသား။ တွေ့မရှောင် အကုန်စား။ ခြေနှစ်ချောင်းသားတော့ ရှောင်ဖို့သင့်တယ်။ လူနဲ့ ပိုနီးစပ်တယ်လေ။ ဖိနပ်စီးတာနဲ့ မစီးတာပဲ ကွာတယ် မဟုတ်လား။
    ကြက်ဥကို အသက်ရှိတယ်ဆိုပြီး ရှောင်တဲ့သူက ရှိသေး။ အံ့ပါရဲ့။ တို့များစားတဲ့ ကြက်ဥက လေဥ။ အသက် ပြန်ရှင်ဦး မတဲ့လား။ ဒီလိုဆို ကန်စွန်းရွက်ကို ဘယ်လိုပြောမလဲ။ တွေ့ကရာနေရာ ပစ်ချ အပင်ပြန်ပေါက်တယ်။ အသက်ရှိသေးလို့ပေါ့။ (ဒီတော့ကာ တို့ပရိတ်သတ်တို့) ကန်စွန်းရွက်ကို ရှောင်သင့်တယ်မှတ်။
    အခု အိမ်ပြန်ရောက်ရင် တရုတ်ကလာတဲ့ မိတ်ဒ်အင်ချိုင်းနား ခေါက်ဆွဲထုပ်ကို ပြုတ်စားဦးမယ်။ ဟင်းချိုမှုန့်လေး ခတ်လို့ပေါ့။ သေကာမှ သေရော။ သက်သတ်လွတ်စားတယ်။ သတ္တ၀ါတွေကို မေတ္တာထားလို့ကွဲ့။
    ReplyDelete
  29. တူတူပဲ.. ဖြစ်သလိုစားတတ်တယ်။
    ReplyDelete
  30. တော်တော်ကိုဂျီးများဘာသည် ( ဟိုဂျီးမဟုတ် )
    မထင်ရေးချမထင်
    ငတ်နေတဲ့အချိန်ဆိုရင်တော့ရမယ် ( ကို့ကိုကိုပြောချင်း )
    ဖတ်လိုက်ရတဲ့ အမယ်တွေကတော့ စားချင်စရာတွေကြီးဗျာ ။
    :(
    ReplyDelete
  31. 4 Aug 09, 02:13 AM
    steve: အခုပြေ့သွာပြီ girl1 http://tinyurl.com/mpm5bo
    4 Aug 09, 02:13 AM
    steve: စုထားတာ 300 ရှိသွားပြီ။Nikon P90 ဝယ်မလို့ မသာကရတဲ့ငွေစုနေတာကွ။
    4 Aug 09, 02:09 AM
    steve: ဒါပေမဲ့အရင်သေသွားတဲ့မသာမတယောက် မြေချခွင့်လက်မှတ်အတွက် 74 ပေါင်ရတယ်
    4 Aug 09, 02:07 AM
    Boyz: မကြွတော့ မကောင်းလား
    4 Aug 09, 02:07 AM
    Boyz: အလောင်းစားနေတာလား။ အိုကေ.. အေးအေး ဆက်စားလိုက်
    4 Aug 09, 02:07 AM
    steve: ဒီနေ့တယောတ်မှမကြွဘူး
    4 Aug 09, 02:05 AM
    steve: စားနေလို့
    4 Aug 09, 02:02 AM
    Boyz: ဟင်.. နောက်ကျတယ်ဆို.. တက်လဲ တက်မလာပါ့လား။
    4 Aug 09, 01:45 AM
    Boyz: ကဲ.စတိ ဒီနေ့ ဘယ်နှစ်လောင်းလဲ...။
    4 Aug 09, 01:43 AM
    khet myint myint: လစ်လိုက်ဦးမယ် တာ့တာ အားလုံး
    4 Aug 09, 01:42 AM
    khet myint myint: ဟုတ်ကဲ့.. စားပါ
    4 Aug 09, 01:41 AM
    steve: going to have supper
    4 Aug 09, 01:41 AM
    khet myint myint: ဟင် .. semi ရိုက်လိုက်တာ ဘယ်နှယ် အရုပ်မကြီးပေါ်လာတာတုန်း
    4 Aug 09, 01:41 AM
    steve: မိုးကည ကိုးနာရီမှချုပ်မှာ
    4 Aug 09, 01:41 AM
    khet myint myint: ဒါနဲ့ .. အထက်မှလာသော semi-demo လောက်နဲ့ ဖြည်းဖြည်းချင်းကျင့်ရမယ် ဆိုတာကြီးကလဲ တမျိုးကြီးနော်
    4 Aug 09, 01:40 AM
    khet myint myint: အော်ဟုတ်သားပဲ။ ညဘက်ချိန် ဖြစ်နေမှာပေါ့
    4 Aug 09, 01:39 AM
    steve: 18:39 hours at thet moment
    4 Aug 09, 01:38 AM
    khet myint myint: မနက် လင်းလင်းချင်းချင်းရှိနေတဲ့ အချိန်မျိုးလား
    4 Aug 09, 01:38 AM
    steve: ဒီမိုကရေစီကတော်တော်မကောင်းတဲ့စနစ်ပဲ
    4 Aug 09, 01:37 AM
    steve: _7:30 hours
    ReplyDelete
  32. မမဂွိစ် .. ဂဒီးဂဒီး များများရေးပါ ၊၊ :-)
    ReplyDelete
  33. သားရေတွေကျပြီး ပြန်သွားတယ်...။ ရှလွတ်...။ :)
    ReplyDelete
  34. အိမ်လာလည်ရင် ရှမ်းခေါက်ဆွဲလုပ်ကျွေးမယ်…
    ReplyDelete
  35. http://www.maungbobo.blogspot.com
    ReplyDelete
  36. မြင်ယောင်မိတယ်...ဟဲဟဲ...
    ReplyDelete