Friday, September 11, 2009

bottle + umbrella


ရုတ်တစ်ရက် ဘာများလည်း ထင်မိမယ်။ ဘာပါလိမ့်။ သေချာကြည့်တော့ အရက် ပုလင်းဖြစ်နေတယ်။ ဟမ်. ဘာကြီးတုံးထင်မိမယ်။ ဘေးကရော .ဘာပါလိမ့်။ ထပ်ကြည့်ပါဦး။ အချောင်းကြီးကရော..ဘာလဲ။ ထီးပါ။ သေချာလား. မေးရင်သေချာတယ်။

ဘယ်လိုဖြစ်တာလဲ ရှင်းပါဦးဆိုရင်တော့လဲ ပြန်လာတော့ အရက် ပုလင်းတစ်လုံးသွားဝယ်တယ်။ မှတ်ထားတာ က အရက်ပုလင်း အဲဒီစင်နားကိုသွား. ပုလင်းယူ. ပိုက်ဆံ စလုံး လေးဆယ်ကျော်ပေး.. ရှင်းတယ်နော်.။ ရှင်းပါတယ်။ ဘာခက်တာမှတ်လို့လွယ်လွယ်လေး။ ငှက်ပျောသီးနွှာစားတာထက်တောင်လွယ်သေးတယ။် အိုကေ.. ဒါလေးများ. သွားဝယ်ပြီဟေး.......ဆိုင်ရောက်တယ် ကြည့်တယ။် ပုလင်းကိုင်ကြည့်တယ။် တစ်မျိုးလေးတော့ဖြစ်နေသလိုဘဲ။

ဘာများဖြစ်လို့ပါလဲ. ဘာ့ကူညီရမလဲ ဆိုတော့ တစ်မျိုးလေးဘဲနော်. အရင်ကနဲ့မတူသလိုပါဘဲလားဆိုတော့ အင်း……..ပရိုမိုးရှင်းလုပ်နေလို့ပါ။ ဒါတွေ က မေတ္တာလက်ဆောင်ပါ။ အော်…ဒီလိုလား. ကောင်းပါတယ် ကောင်းပါတယ်။ ဒါကိုယူသွားပါမယ။်

ထီးကလေးလဲ မေတ္တာလက်ဆောင်ပေးလိုက်ပါမယ်နော်။ ရင်ထဲက ၀မ်းသာ သွားလို့တပြုံးပြုံး..... ပုလင်းကြီးပိုက် .ထီးကြီး စိုက်လို့ မတ်မတ်မဲ့ ရင်ကော့လျောက်လာ....

ဘာတွေ တုံးကွ မေးသူကို ဒီလိုဘဲကွ လို့ ပြုံးပြုံးလေးဖြေ. ပြစမ်းပါဦး မင်း ဟာတွေ.. ကဲရော့ရော့ကြည့်...........

kmsl: ဟာ............ကွာ. မင်းဘာတွေဝယ်လာတာတုံး.

kom: မြင်တဲ့ အတိုင်းဘဲလေ. …….

kmsl: ရော် .မင်းပုလင်းမင်းပြန်ကြည့်ဦး. 1 liter မဟုတ်ဘူး. 700 စီစီဘဲ ရှိတယ်။ဘယ်လောက်ပေးရသတုံး..........

kom: စလုံးလေးဆယ်ကျော်ပါမောင်....(မျက်နှာငယ်လေးနဲ့ကိုယ်ဖြေ…….).

kmsl: မင်းကွာ.....လဒူဘဲ...နောက်ထပ် … ကျပ်ဆိုရင်တောင် ပုလင်းကြီး ရနေပြီသိရဲ့လား။ ဒီသေးသေးလေး ကိုဘာလုပ်ရမှာလဲ. ကဲပြော………

kom: ထီးကြီးက ကောင်းပါတယ်မောင်ရယ် ……သူ့ကိုယ်တိုင်ကိုက တစ် ဆယ် လောက် တန်ပါတယ။်

kmsl: ဟာကွာ…. အရက်ဝယ်တာ ကွ. ထီးဝယ်တာ မဟုတ်ဘူး……..

kom: ဟင်း……..( kom သက်ပြင်းချသံ)

အဲဒါနဲ့ kmsl မမြင်နိုင်တဲ့နေရာ ချောင်မှာ သွားထိုးထားတာပါ. မြင်တိုင်း ဒေါသ တွေ ထွက်နေ ရင်မကောင်းဘူးလေ။

31 comments:

  1. အရက် ဘာလုပ်ဖို့တုန်း? အတူသောက်ဖို့လား။ ဒါဆို တစ်ယောက်ထဲ မြန်မြန်ကိစ္စရှင်းလိုက်တော့။ မြင်နေရင် ဒေါသထွက်နေဦးမယ်။။ခွိခွိ။

    ReplyDelete
  2. That's right.
    No umbrella can make anybody drunk..... :))

    ReplyDelete
  3. တခါတလေတော့ ဒီလိုပဲ ဖြစ်တယ်ပါတယ် အမခင်ဦးမေ ...
    ပုလင်းကြီးပိုက် ထီးကြီးစိုက် ပြန်လာတဲ့ အမကို မြင်ယောင်ကာပြုံးမိတယ်။
    kmsl ကို ပြန်ပြောဖို့ ...
    ထီးက ရေရှည်ဆောင်းလို့ရတယ်။
    အရက်က သောက်ပြီးရင် ရှူရှူးဖြစ်သွားမှာ .. လို့။
    :)

    ReplyDelete
  4. ဟီး...ဖြစ်မှ ဖြစ်၇လေ အစ်မရယ်..ထီးက သောက်လို့မှ မရတာ..
    ဒါမျိုးကျ ယောက်ျားလေးချင်းကိုယ်ချင်းစာတယ်..
    ကျွန်တော်တို့က ပို နှမျော တတ်တယ်..။

    ReplyDelete
  5. စိတ်တိုတိုနဲ့  အရက်ကို အကုန် သောက်ပစ်လိုက်ဗျာ
    ပြီးရင် ထီးကို ကျွန်တော်ပေး
    လွယ်လွယ်လေး ရှင်းလို့ ရပါတယ်ဗျာ
း))

    ReplyDelete
  6. ဒီလိုပဲ ဖြစ်တတ်*ပါတယ် လို့ရေးတာ ... ဟီး
    စာလုံးပေါင်းတွေတောင် မှားကုန်ပြီ။
    ငှက်ပျောသီး အခွံနွှာတာ မြင်ပြီး ယောင်ကုန်လို့ ... :D

    ReplyDelete
  7. ပုလင်းတွေ အလှုခံပါတယ် ချောင်တော့ထိုးမထားပါနဲ့လေ

    ReplyDelete
  8. ထီးတော့ ယူထားလိုက်ပါ။ အရက်ပုလင်းကို ဘယ်နားလာယူရမလဲ sms ပို့ပြီး အကြောင်းကြားလိုက်ပါ။ မမြင်အောင် စေတနာနဲ့ လာကူပါမယ်။

    ReplyDelete
  9. ဒီလိုဘဲ လက်ဆောင်ပေးတာကို မက်ပြီး
    မလိုအပ်တဲ့ ပစဏည်းတွေ ၀ယ်ပေါင်းများပြီ..
    ဒီနေ့လဲ ၇-၁၁ မှာတွေ့ခဲ့တယ်..
    ဟန်နီကန် ၆ဘူးလားမသိဘူး ခရီးဆောင်ထိုင်ခုံတစ်ခု
    ပေးတာ ထင်တယ်..လိုချင်လိုက်တာ..
    မမ တန်တယ်..သိလား


    Xထုံ

    ReplyDelete
  10. ဟားဟား မမရယ် ဖြစ်မှဖြစ်ရလေ ပုလင်းကြီးပိုက် ထီးကြီးစိုက် ဟဲဟဲ မြင်ယောင်သွားတယ် အမပုံကို။ အရက်က သောက်ပြီးရှုးဖြစ်သွားမှာ ဟုတ်သားဘဲ။ :) ထီးက မပျောက်မချင်း... :)

    ReplyDelete
  11. ဟုတ်တယ်
    မြင်တိုင်းဒေါသထွက်နေရမယ်
    ပေး ကျနော့အခန်းမှာသိမ်းထားပေးမယ်
    မြင်စရာမလိုတော့ဘူး ဟိဟိ

    ReplyDelete
  12. ထီး လေး လာယူမယ် မမး)

    ReplyDelete
  13. ကူညီပါရစေ ကူညီပါရစေခင်ဗျ

    ReplyDelete
  14. အရက်ပုလင်းကို ယောက်ျားလေး ဘလော့ဂါများကို စွန့်ကြဲလိုက်ပါ။ ပြီးရင် kmsl အတွက် ပုလင်းကြီး တစ်လုံး ပြန်ဝယ်ပေးလိုက်ပါ။ ဒါဆို အားလုံး အဆင်ပြေ သွားရော။ :D

    ReplyDelete
  15. အမ် ဘယ်သူ့ မှမပေးနဲ့ အနော့ကိုပေး
    ချောင်ထဲမထိုးထားနဲ့ 
    မြင်တိုင်းဒေါသထွက်တယ်ဆိုတော့
    မမြင်အောင် ပုလင်းလိုက် ဖျောက်ပေးမယ် မမ
    ယုံတယ်ဟုတ် အိုက်ခီလောက်ပါဆို မမရယ် ကြိုက်ပြီးသား

    ReplyDelete
  16. သေးသေးကြီးကြီး အရက်က အတူတူပဲ ဟုတ်ဘူးလားလို့
    ထီးစိတ်ဝင်စားတယ် မမ

    ReplyDelete
  17. ကူညီပြစေဆိုတဲ့ ဘလော့ဂါ ကိုကိုတွေ များလှချေလားကွယ်တို့

    ReplyDelete
  18. အမြင်မတူတဲ့အခါလဲ ရှိမှာပေါ့.. အဟတ်

    ReplyDelete
  19. မမကွန်တို့က ညနေစာစားရင်း သောက်ကြတာနဲ့တူတယ်။ အဲဒါဆိုဝိုင်လဲကောင်းပါတယ်။

    ReplyDelete
  20. ၃၀၀ml လျော့ သွားလို့  မမkom အော်ခံရ တယ် မြန်မြန်သောက်ပြီး ပြန်ရစ်လုပ်မမ

    ReplyDelete
  21. ဂလိုခံရပေါင်းများလို့ စောဖေတို့ တော့နောကြေနေပြီ

    ReplyDelete
  22. ထီးလည်း သုံးတတ်ရင်မူးပါတယ်နော် အမ KOM
    =) သုံးပြလိုက်ပါ။

    ReplyDelete
  23. ပုလင်းအလှူခံတွေများလှချေလား...
း))))
    ထီးတော့ ချောင်မထိုးထားပါနဲ့ မမရယ်..
    ပုလင်းသေးသွားတော့ နည်းနည်းပဲ သောက်ရတော့တယ် ဒီတော့ ကျန်းမာရေးနဲ့ ပိုညီညွတ်လာတယ် စေတနာပါလို့ပြောလိုက်ပါ မမရယ်...
း)

    ReplyDelete
  24. အရက်ကိုသောက်ပြီး
    ကိုမဆလာကို ထီးနဲ့ ကောက်ရိုက်လိုက်ပါ မမ
    “ ဘာလဒူလဲ နာ့ကိုဘယ်လိုကြောတယ် “ ဆိုပြီး
    ဒါအကောင်းဆုံးနည်းလမ်းပဲ အရက်လည်းကုန် ထီးလည်းကျိုးတော့ပြစ်ပလိုက်ပေါ့
    သူနောက်မမြင်တော့ဘူး

    ReplyDelete
  25. ကိုမဆလာက မမကို လဒူလို့ပြောတာ... ဂျားထဲက အနော် အချောင် ဝမ်းနည်းသွားတယ်.....
    ဟွန့်...
    ယောက်ကျားတွေများနော်.... အရင်တုန်းကတော့ တမျိုး....
    မုန်းစရာကြီး..

    ReplyDelete
  26. ဟားဟား ရီရတယ်..... ဖြစ်တတ်ပါတယ်

    ReplyDelete
  27. သူက မမကို ဒီလိုပဲ ပြောသလား...
    မခံနဲ့ မမ...
    ပုလင်းထဲက ဟာတွေ သွန်ပစ်လိုက်...

    ReplyDelete
  28. ပြန်ဖတ်ကြည့်တယ်။ အဲလောက်ကြီးတဲ့ထီးကြီး ဘယ်မှာသုံးမလဲစဉ်စားနေတာ။ ဒီမှာတော့ တောင်းတောင်းပန်ပန်အလကားလိုက်ပေးရင်တောင် ယူမဲ့ သူရှိပါ့မလားဘဲ။ ဒီတခါတော့ kmsl ပြောတာ ပြောသင့်တယ်ထင်တာပဲ။ ဟဲဟဲ။ ထီးကို ထပ်တွေ့နေရင် စိတ်တိုပြီး အဲဒါကြီးနဲ့ အရိုက်ခံနေရဦးမယ်။ ကားဝယ်ဖို့မတတ်နိုင်လို့နေပူထဲမှာလမ်းလျှောက် ရတဲ့သူ တယောက် ယောက်ကို ပေးလိုက်ပေါ့။

    ReplyDelete
  29. စလုံးလေးဆယ်ကျော်ပါမောင်....(မျက်နှာငယ်လေးနဲ့ကိုယ်ဖြေ…….)

    ဒီစာကြောင်းဖတ်ပြီး ရီလိုက်ရတာ။ မမကိုက ကိုယ်မသောက်ဘဲ အရက်သွားဝယ်တာကိုက မှားတာ။ မမ သူ့ရှေ့မှာ သွန်ပစ်လိုက်။ သူ့ရှေ့မှာနော်..မမ၊ မမေ့နဲ့။

    ReplyDelete
  30. ကိုယ်ချင်းစာပါတယ်.. အစ်မကိုပါ။

    ReplyDelete