Friday, September 11, 2009

dengue infection

သွေးလွန်တုတ်ကွေး

ဟိုတုံးကတော့ သွေးလွန်တုတ်ကွေးဆိုရင် ကလေးတွေ မှာဘဲဖြစ်တယ်လို့ထင်မိခဲ့တယ။် နောက်ပိုင်းကျမှ လူကြီးတွေ မှာလဲဖြစ်တယ်ဆိုတာကို သိတယ်လို့ပြောရင် ညံ့ဖျင်းရာများကျနေမလား။ ညံ့တာကတော့ လူတိုင်းသိပြီးသားမို့လို့ အထွေအထူးတော့ မပြောချင်တော့ပါ.။

JD ရဲ့ချစ်သူ သွေးလွန်တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ထားရတယ် ဆိုလို့ရှာဖတ်ကြည့်မိ တယ။် ရေးထားတာတွေ တော့ အများကြီးဖြစ်မှာပါ။ ကိုယ်နားလည်သလိုဘဲ ဘာသာ ပြန်လိုက်တယ်။ ဘယ်လိုကုသ ရမလဲဆိုတဲ့အပိုင်းကို စိတ်ဝင်စားပါတယ။် ကိုယ်ဖြစ်ခဲ့ရင်လည်းဆရာဝန်တွေ ဘယ်လိုကုသမလဲဆိုတာကို စိတ်ဝင်စားတယ်လေ. ။

အကြမ်းဖျင်းဖျားတာ ကို ၁၀ ရက်ပိုင်းထားတယ။် ပထမပိုင်း တစ်ရက်နေ သုံးရက်အထိက အဖျားရှိတဲ့အပိုင်း. ဖျားမယ်။ ရေဓါတ်နည်းမယ်။ လေးရက်နဲ့ငါးရက်က အရေးကြီးတဲ့အပိုင်း. ရှော့ခ်ဖြစ်နိုင်တယ်. သွေးလွန်နိုင်တယ်။ အပိုင်း ခြောက်ရက် နဲ့ ဆယ်ရက် အထိက ပြန်လည်နာလံထူတဲံအပိုင်းဆိုပြီး သုံးပိုင်းခွဲထားတယ် . ။

သွေးလွန်တုတ်ကွေး ဟုတ်မဟုတ်ဆိုတာကိုတော့ လူနာကို စစ်ဆေးတွေ့ရှိချက်ရယ်။ ဓါတ်ခွဲခန်းအဖြေရယ်ကို ကြည့်ရလိမ့်မယ်။

အဲံဒီနေရာမှာ HCT (haemotocrit) တစ်နည်းအားဖြင့် PCV ( packed cell volume) လို့ခေါ်တဲ့ အရာ က များနေခဲ့လို့ရှိရင် အရေးကြီးတယ်လို့ခံယူရပါမယ်။

ပြီးတော့တစ်ခါ warning sign လို့ခေါ်တဲ့အရေးကြီးတဲ့ အချက်အလက်တွေ ကိုလည်း စောင့်ကြည့်ရပါလိမ့်မယ်။ shock ရပြီလို့ယူဆတာနဲ့ မြန်ဆန်တဲ့ တုံပြန်မှူ ရေဓါတ်ဖြည့်ဆည်းမှူ့ ကို အလျင်အမြန်လုပ်ဆောင်ရပါမယ်။ တစ်ခါတစ်လေမှာ သွေးသွင်းမှူဟာ သိတ်ပြီးတော့ မလိုအပ်ဘူး ဆိုတာကိုလည်းနားလည်ရပါမယ်။ အခြေအနေနဲ့ အချိန်အခါပေါ်မူတည်ပါတယ်။

ဘယ်အခါမှာ သွေးလွန်တုတ်ကွေးလို့သံသယရှိမလဲ
လူတစ်ယာက်က ရုတ်တရက်ဖျားလာပြီး အအောက်ပါအချက်အလက်ထဲက နစ်ခုလောက်ရှိခဲရင် သံသယရှိပါပြီ။
ခန္ဒာကိုယ်မှာ အနျီစက်.အနီပြင် တွေထွက်မယ်။
ကြွက်သားတွေ နာမယ်။
ခေါင်းကိုက်မယ်။
အဆစ်အမြစ်တွေလည်းနာမယ်။
သွေးစစ်တဲ့အခါမှာ ( platelet ) ကျနေမယ်။
မျက်စိအနီးအနားတဝိုက်မှာ နာနေနေမယ်။
သွေးထွက်မှူရှီမယ်။ ဥပမာ သွားဖုံးသွေးယိုမယ်။

သံသယရှိခဲ့ရင် သက်ဆိုင်ရာ့ကျန်းမာရေး ရုံ့းကို မပျက်မကွက် သက်ဆိုင်ရာ ဆရာဝန်မှ သတင်းပို့ရပါမယ်။

Warning sign
ဝမ်နင်ဆိုင်းရှိသလားလို့မေးလေ့ရှိကြပါတယ် ဘာတွေလဲ ဆိုရင်..
ဗိုက်အောင့်မယ်။ နာမယ်။
အန်မယ်။
ဗိုက်ထဲမှာရေရှိမယ်။ အဆုတ်ထဲမှာရေရှိမယ။်
သွားဖုံးသွေးယိုမယ်။
အားမရှိဘူး
ဂယောက်ဂယက်ဖြစ်မယ်။
အသည်းနဲနဲကြီးလာမယ်။
သွေးထဲမှာ HCV တက်ြ့ပီး
Platelet ကျလာမယ်။

သွေးစမ်းသပ်မှူ
Dengue serology test လို့ခေါ်ပါတယ်။
dengue IgM/IgG ဆိုပြီးရှိပါတယ်။
IgM ကလက်ရှိအတွက် ပိုအရေးပါပါတယ်။ IgM negative ဆိုတာ လောလောဆယ်အတွက် ရောဂါမရှိလို့အဓိပါယ်ရပါတယ်။ တကယ်လို့များ negative လို့ ခုနစ်ရက်မတိုင်ခင် အဖြေရခဲ့ရင် ထပ်ပို့ဘို့လိုအပ်ပါတယ်။ Dengue Non-structural protein -1 (NS1 Antigen) ဆိုတာကတော့ ငါးရက်မတိုင်ခင်မှာ စစ်နိုင်ခဲံရင် ရောဂါအမည်တပ်ဘို့အတွက် အထောက်အကူဖြစ်နိုင်ပါတယ်။

လူနာကိုကြည့်တဲ့အခါ
ရောဂါကိုထုံးစံအတိုင်းမေးမြန်းပြီးသကာလ. ဖျားတာ ဘယ်နစ်ရက်ရှိပြီလဲဆိုတာ အန်မတန်အရေးကြီးပါတယ။် အဲဒီပေါ်ကမှ အဆင့်တွေ ကိုခွဲသွားလို့ပါ။ အစားအသောက်ဝင့်ဲရဲ့လားဆိုတာလည်းအရေးကြီးတာဘဲ ။မစားနိုင်ဘူးဆိုတာ မကောင်းဘူး. စားနိုင်တယ်ဆိုတာကောင်းတယ။် စောစောက ပြောထားတဲ့ဝမ်နင်ဆိုင်းတွေ ကိုမေးကြည့်ရပါမယ။် မရှိရင်ကောင်းတယ။် ရှိရင်မကောင်းဘူးပေါ့။

ဝမ်းလျောလားဆိုတဲမေးခွန်းကိုလည်းမေးရမယ်။ မှတ်ထားရမှာက ထုံးစံအတိုင်းမရှိရင်ကောင်းတယ။် ရှိရင်မကောင်းဘူးလို့ မှတ်ရမယ။် သွေးဘယ်နားကယိုသလဲမေးရမယ်။ သွားဖုံးမျှားသွေးယိုသလား. နခေါင်းသွေးများလျှံသလား။ ရာသီသွေးများ သူ့ရက်မဟုတ်ဘဲနဲ့များထပ်လာနေသလား.. တစ်လထဲ နစ်ခါဖြစ်နေပြီလား။ မူးသလား. ဂယောက်ဂယက်များဖြစ်သလား. တက်များသွားသေးလား။ ဆီးရောသွားရဲ့လား။ နည်းသလား ဘယ်တုံးက နောက်ဆုံ့းသွားပါလိမ့် ။ အဲဒီလို မျိုးတွေ နဲ့လေ့လာရမယ်။

သွေးဖောက်ဘို့လိုမယ်။ စောစောက ပြောခဲ့တာတွေ ကိုကြည့်ဘို့အတွက် ..အဲဒီ လိုမျိုး မတတ်နိုင်ခဲ့ရင်တတ်နိုင်တဲ့ ဆေးရုံကို ချက်ချင်းလွတ်ရပါမယ်။

သွေးကို စဉ်ဆက်မပျက် အကြမ်းဖျင်း လိုအပ်သလို ဖောက်ကြည့်နေရမယ။် အထူးသဖြင့်ဖျားပြီးသုံးရက်နောက်ပိုင်းမှာ ပိုပြီးအရေးကြီးတယ် အဲဒီအချိန်ဟာ အရေးကြီးတဲ့အချိန်ဖြစ်တယ်လို့ပြောခဲ့ပြီးပြီ။ လူနာက အဖျားပျောက်ဆေးမသောက်ဘဲနဲ့ အဖျားမရှိတော့တာ တစ်ရက် နစ်ရက်ကြာခဲ့ပြီ ဆိုရင်တော့ အတော်လေး စိတ်ချလာရပြီလို့ဆိုမယ် ။

ဘယ်အချိန်ဆေးရု့ပို့မလဲ
ဝမ်နင်ဆိုင်းတွေ ရှိခဲ့ပြီဆိုရင်
သွေးယိုစီးမှူရှိခဲ့ပြီဆိုရင်
အစားအသောက်မစားနိုင်ဘူးဆိုရင်
ဆီးနည်းခဲ့မယ်ဆိုရင်
တက်သွားခြဲ့ပီဆိုရင်
ခနွာကိုရေဓ်ါတ်ခြောက်ခန်းခဲရင်
သွေးပေါင်ချိန်ကျခဲ့ရင်ဆေးရုံပို့ပါ။

ပိုသတိပြူရမဲ့လူနာမျိုး
အသက်ကြီး ၆၅ အထက်
ဆီးချိုး သွေးတိုးနလုံး ရောဂါစုံရှီသူများ
ကိုယ်ဝန်ရှိသူများ
ဆေးရု့ဆေးခန်းနဲ့ဝေးသူများ တစ်ယောက်ထဲနေထိုင်သူများ..

သွေးကို ဘယ်အချိန်ဘယ်လိုဖောက်တယ်ဆိုတာတော့ကျော်လိုက်တော့မယ်။

အရည်ဓါတ်လိုအပ်မှူ
ရေဓါတ်က လူနာအတွက် အန်မတန်မှ အရေးကြီးပါတယ။် အစားအသောက်ကလည်းမ၀င်. အန်ကလည်းအန်နေပြီဆိုမှတော့ ဓါတ်ရည်သွင်းဘို့လိုအပ်နေပြါ့ပီ.။ဒါကြောင့်မို့လည်း ဆေးရုံ့တင်သေချာစောင်ကြည့်တာပါ။ ဘယ်လိုပေးမယ်ဆိုတာလဲကျော်လိုက်ပြီ။

သွေးသွင်းကုသမှူ
သွေးနဲနဲယိုစီးမှူ. ဆိုလိုတာက နာခေါင်းသွေးယို. သွားဖုံးသွေးယို. ရာသီလာ. ခနွာကိုယ်မှာအနီစက်ထွက်. တိုင်းမှာ သွေးသွင်းဘို့မလိုအပ်ပါဘူး။ အဆက်မပြတ် သွေးယိုစီးတဲ့အခါ လိုအပ်တဲ့အခါ မှသာ သွေးသွင်းဘို့လိုအပ်ပါတယ။် အစာအိမ်မှန်ပြောင်းကြည့်တာမျိုး . အဆုတ်ထဲက ရေထုတ်တာမျိုးဆိုတဲ့ စစ်ဆေးမှူမျိုးကို တော့ဒီအချိန်မှာ မလုပ်သင့်ပါဘူး။

Reference:
http://moh.gov.my/MohPortal/cpgDetail.jsp?action=view&id=60

24 comments:

  1. ဖတ်သွား မှတ်သွားပါသည်..
    ကျန်းမာရေးနှင့်ပတ်သတ်၍ ဗဟုသုတ အလွန်နည်းပါးသည်.. ကိုယ်တိုင်က ကျန်းမာကောင်းနေလို့လည်း ဖြစ်မည်..။

    ReplyDelete
  2. ကျေးဇူးအထူးတင်ပါတယ်။
    မျှဝေပေးတာ ကျေးဇူးပါ။

    ReplyDelete
  3. ကြောက်ချာကြီးတကယ်ပါ
    ကိုယ်မဖြစ်ဖူးပါဘူး ကိုကိုငယ်ငယ်တက္ကသိုလ်တတိယနှစ်လောက်ကဖြစ်ဖူးတယ် ကိုကိုဖြစ်တုံးကအဖျားဒီဂရီ ၁၀၅ ကျော်တယ်
    ဆေးရုံမှာထိုင်စောင့်နေကြရတယ်
    ဒါတောင်လူကောင်ကြီးကြီးအားကစားသမားမို့ လို့ ကျနော်တို့ လိုသေးသေးမကျန်းမမာလေးတွေဆိုရင်သေပြီ
    တော်တော်ဆိုးတာမှန်းသိလိုက်တယ်

    ReplyDelete
  4. တော်ထှာ မမ...

    လူကြီးသွေးလွန်တုတ်ကွေးအကြောင်းမသိသေးလို့... သေချာဖတ်သွားပါတယ်...။
    လူကြီးလည်း ခြင်ကိုက်ခံရလို့ပဲ ဖြစ်မယ်ထင်တယ်နော်


    စင်ထုံ

    ReplyDelete
  5. ဟုတ်ပ မမရေ..
    သွေးလွန်တုတ်ကွေးက အင်မတန်ကြောက်ဖို့ကောင်းတာ..
    မဖြစ်ဖူးပေးမယ့် တွေ့ဖူးတော့ ကြောက်တယ်..

    ReplyDelete
  6. ဖတ်သွားတယ်... မှတ်သွားတယ်.... ဗဟုသုတ ရပြီးအကျိုးရှိပါတယ်

    ReplyDelete
  7. ဗဟုသုတ အလွန်ရပါသည်
    ကျန်းမာရေး ပညာပေးလေးတွေ ရေးတဲ့အတွက် မမကို ကျေးဇူးတင်ပါသည်

    ReplyDelete
  8. မှတ်သားဖတ်သွားပါတယ်..

    ခုတစ်လော သားလဲ ကျမ်းမာရေးက မကောင်းး


    အိမ်လည်မထွက်နိုင်

    ခုအိမ်လည်ထွက်ပြန်တော့ လေအေးက မိ

    ချောင်းက ဆိုး အဟွတ်အဟွတ်...


    ပြန်ပါဦးမည် ..း)

    ချစ်ခင်လေးစားစွာဖြင့်


    ဖိုးစိန်

    ReplyDelete
  9. သွေးလွန်တုတ်ကွေးအကြောင်းဖတ်ရလို့ တစ်ချိန်က
    မြန်မာပြည်ကို ကိုင်လှုပ်ခဲ့ တဲ့ ရောဂါကြီးတစ်ခုဆို
    တာအမှတ်ရမိပါတယ်။ တောမှာနေခဲ့ ရလို့ တော
    ဓလေ့ အတိုင်း မြေအိုးဖုန်းပက်လက်လှန်ပြီးနနွင်းတက်
    ကိုမီးသွေးရဲရဲလေးပေါ်မှာတင်ပြီးယက်ခတ်မှုင်းတိုက်
    ပြီးတဆစ်ဆစ်ကိုက်ကိုက်နေတဲ့ ခြင်တွေကိုအံတုရင်း
    ကြီးပြင်းလာခဲ့ ရတာကို အမှတ်ရမိတယ်ဗျို့ ။

    ReplyDelete
  10. အင်း..ရောဂါလက္ခဏာတွေ အကုန်နီးပါးတူနေ တယ်.. သွေးတိုးနှလုံးကလဲ အခြေခံလေးရှိတော့ ဒီတစ်ခါတော့ တစ်ကယ်ကွေးတော့မယ်ထင်တယ် မမရေ..း((( ၀ါးးးးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  11. မူကြိုတုန်းက မျက်နှာချင်းဆိုင်ခုံမှာထိုင်တဲ့ကောင်မလေး သွေးလွန်တုပ်ကွေးနဲ့ ဆုံးသွားတာ မှတ်မိနေပါတယ်.. သန်သန်မာမာ ဝဝကစ်ကစ်လေး.. ရွှန်းမီလို ပျော့နွဲ့နွဲ့ မဟုတ်ဘူး.. သူဆေးရုံရောက်သွားပြီ.. သူဆုံးပြီဆိုတာ မူကြိုမလာတော့တာ လို့ပဲ ရေးရေးသိခဲ့တာ.. ဒါပေမယ့် နောက်တစ်ရက်မှာ ခြင်ဆေးဖျန်းဖို့ မူကြိုပိတ်တယ်.. ကလေးဆိုတော့ မူကြိုမတက်ရ ပွတာပဲလို့ မှတ်တာပဲ..

    ReplyDelete
  12. ငယ်ငယ်တုန်းက ဆေးရုံ လချီတက်ရတဲ့အထိ ဖြစ်ဖူးတယ်။ မသေတာ ကံကောင်းပဲ။ စ ဖျားကတည်းက ပြတဲ့ဆရာဝန်ကလဲ သွေးလွန်တုပ်ကွေး မှန်း မသိလို့ အတော်ခံလိုက်ရတယ်။

    ReplyDelete
  13. ဒီမှာလည်း ခြင်ကိုက်တယ်။ သွေးလွန်တုတ်ကွေးဖြစ်မှာ တောင် ကြောက်ရတယ်

    ReplyDelete
  14.့ အဲလို ရောဂါ အပေါစားတွေစိတ်မဝင်စားပါ။ကုလဲမကုပါ။ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  15. ဘာလို့လဲဆိုတော့ ဒီရောဂါက လက်ဦးမယ် ၊ ဆရာဝန်ကလဲ competent ဖြစ်မယ်ဆို သေစရာ မရှိပါ။

    Prognosis

    * Morens states that the rapid clinical response to aggressive fluids and electrolytes in even moribund children with DHF/DSS "is among the most dramatic events in clinical medicine." Treated promptly, children in shock and coma can wake up and return to near normalcy within hours.
    * Convalescence may be prolonged, with weakness and mental depression.
    * Continued bone pain, bradycardia, and premature ventricular contractions (PVCs) are common.
    * Survival is related directly to early hospitalization and aggressive supportive care.
    * Dengue fever is not contagious through person-to-person contact.

    Source: http://emedicine.medscape.com/article/781961-followup

    ReplyDelete
  16. "Moe Cho Thinn said...

    ငယ်ငယ်တုန်းက ဆေးရုံ လချီတက်ရတဲ့အထိ ဖြစ်ဖူးတယ်။ မသေတာ ကံကောင်းပဲ။ စ ဖျားကတည်းက ပြတဲ့ဆရာဝန်ကလဲ သွေးလွန်တုပ်ကွေး မှန်း မသိလို့ အတော်ခံလိုက်ရတယ်။""""

    သွေးလွန်တုတ်ကွေးမှာ ပေးစရာ Specific ဆေး တိတိကျကျမရှိပါ။ Supportive measure နဲ့ပဲအဓိက ကုရတာပါ....ဖြစ်တဲ့အခြေအနေပေါ်ကြည့်ပြီး ပဲ အပူကျဆေးနဲ့ သွေးပေါင်ချိန်ကိုထိန်းဖို့ လိုရင်အကြောဆေးပေးရတာဖြစ်ပါတယ်။ Blood and blood products တွေကတော့ (Blood results )သွေးအဖြေအတိုင်းပေါ့လေ။ ဆရာဝန်ကရောဂါသိပေမဲ့လဲ Natural course of disease ကိုတားမပေးနိုင်ပါ။ ခန္တာကိုယ်က ခွင့်ပြုရင်ပြန်ပြီးထူထူထောင်ထောင်ဖြစ်လာမှာပါပဲ။

    ReplyDelete
  17. JD ဆိုတာ... ဘယ်သူများပါလိမ့်။
    ဒါနဲ့ ဟိုကိစ္စက ခုထိ ဒုံရင်းပါပဲဗျာ။

    ReplyDelete
  18. ဖတ်မယ် နေရာ လာဦးတာ ဟွင်းး

    ReplyDelete
  19. မှတ်သွားတယ် မမကွန် အဲဒါက ခြင်ကိုက်မှ ဖြစ်တာ မလား အဟီးးး ဂမှာ ခြင်မရှိဘူး ဂလိုဆို စိတ်ချရပြီပေါ့နော် ဟိဟိ

    တနားပါဒယ် မမကွန် တယောက် စာဖတ်ပြီး မူးသွားပြီ တကြောင်းပဲ မန့်နိုင်ရှာတယ် ဟိဟိ

    ReplyDelete
  20. အင်းအနေအထိုင်ကပဲ ကောင်းနေလားမသိဘူး ဗျ
    ခုထိဘာမှမဖြစ်သေးတာအမှန်ပဲ မမ
    ပတ်ဝန်းကျင်ကလည်း သန့် ရှင်းနေတာပါပဲ
    ဘာမှမဖြစ်လောက်ပါဘူးနော်
    ပေါ့ပေါ့တော့မနေရဲပါဘူး
    နည်းနည်းဖြစ်တာနဲ့ ဆေးခန်းကိုပြေးပါတယ်
    ဆေးခန်းသွားတိုင်းဆေးထိုးလိုက်ရမှ ကျေနပ်တဲ့လူစားမျိုးကိုး
    သောက်ဆေးပေးတာနဲ့ မကျေနပ်တော့
    လက်မောင်းဖြစ်ဖြစ် ဆေးတော့ထိုးလိုက်ရမှ
    နေသာထိုင်သာဖြစ်သွားတာကိုး
    ဒီတော့ ဘာမှတော့မဖြစ်လောက်ဘူးလို့ ထင်တာပါပဲလေ မမ

    ReplyDelete
  21. အရီးကွန်ရေ
    သွေးလွန်တုပ်ကွေး အကြောင်းဖတ်သွားပါတယ်
    တခါတလေလည်း ဒီလိုလေးတွေတော့
    ဖြစ်သားပဲ
း))

    ReplyDelete
  22. သေချာ မှတ်သွားပါတယ် မမ ရေး)

    ReplyDelete
  23. Steve Evergreen said...

    အဲလို ရောဂါ အပေါစားတွေစိတ်မဝင်စားပါ။ကုလဲမကုပါ။ ကျေးဇူးတင်ပါတယ်။
    Steve Evergreen said...

    ဘာလို့လဲဆိုတော့ ဒီရောဂါက လက်ဦးမယ် ၊ ဆရာဝန်ကလဲ competent ဖြစ်မယ်ဆို သေစရာ မရှိပါ။

    Steve ရယ် အလောင်းစည်သူမှန်းလူသိအောင်ပြောနေပြန်ပြီ
    သူကသေမယ်လို့ သေချာတဲ့လူနာပဲကုတာ ဟက်ဟက်

    ReplyDelete
  24. ဟဲ ဟဲ မသေရင် ပုံမှန်လခပဲ။ သေရင် သင်းချိုင်းခ ခုနှစ်ဆယ့်လေးပေါင် အပိုရတယ်

    ReplyDelete