Wednesday, September 16, 2009

round the town


ရန်ကုန်မှာ ပျင်းရိစွာ ထိုင်နေတဲ့ကိုယ့်ကို ဘလော့ဂါ များကော. ..ဘလော့ရီဒါ များကကော မြို့ပတ်ရထား စီးပါလားလို့ ဝိုင်းအကြံပေးကြတယ်။ ပြောထားသလိုဘဲ ငယ်သူငယ်ချင်းများ နဲ့သိတ် မ ဆက်သွယ်ဘဲ အွန်လိုင်းက သူငယ်ချင်းများ နဲ့ သာ နေတဲ့ကိုယ့်မှာ အဖော် သိတ် မရှိတာ တော့လည်းအမှန်ဘဲ။ ဒါပေမဲ့ လဲမရှိလဲ နေ တတ်နေပါပြီ။

မြို့ပတ်ရထား စီးမယ်ဆိုတဲ့ အတွက် ကြောင့် ပထမဆုံး မြို့ပတ်ရထား ကို လိုက်ရှာ ရတယ။် ရန်ကုန်ဘူတာကြီးကဘဲ စစီးမယ်လို့ဆုံးဖြတ်တယ်။ အရင် သွားစုံစမ်းတယ်။ ရထားတွေ ကတော့အများကြီးဘဲ အချိန်နဲ့အမျှဘဲ။ ဒါပေမဲ့ မြို့ပါတ်ရထားစီးမှာ ဆိုတော့ သိတ်နားမလည်တော့လည်း မြို့ပါတ် ဆိုတဲ့ရထားကိုဘဲ လိုက်ရှာမိတယ်။ လက်ယာက ပတ်မှာလား ။ လက်ဝဲကပတ်မှာလား။ ဆိုတဲ့ မေးခွန်းကတော့ဖြေစရာ မလို။ ပတ်ချင်ရာက သာ ပတ်ပါ။

အကြမ်းဖျင်းအားဖြင့် မနက် ၈ နာရီခွဲ။ ၁၀ နာ့ရီခွဲ။။ဆယ်တစ်ခွဲတွေလောက်မှာ မြို့ပတ် ဆိုတဲ့ မြို့ပတ် ရထားတွေရှိတယ။် ကျန်တာတွေ လည်းအများကြီးဘဲ။ တစ်ချိန်လုံး ခဏခဏလာနေပါတယ်။ နဲနဲ သဘောပေါက်သွားပြီဆိုတော့ နောက်တစ်ရက် နစ်ရက်အားတဲ့ရက်မှာ စီးဖြစ်တယ။်

ဘူတာ ကိုမနက် ဆယ်နာရီကျော်လောက် ရောက်တယ။် အရင်ဆုံးလက်မှတ်ဝယ်တယ်။ မြန်မာငွေ ငါးဆယ် ကျပ်ပါ။့ ရန်ကုန် ဘူတာကြီးထဲ ကားဝင်ကြေးကလဲ ငါးဆယ်ကျပ်ဘဲ။ အ၀င်မှာ လက်ငါးချောင်းထောင်ပြ တော့ ငါးရာကျပ်လားမေးမိသေးတယ။် ငါးဆယ်ကျပ် ဆိုတော့ အံသြသွားမိတယ်။ တစ်ကယ်ဘဲ။ မျော်လင့် ထားတာ ထက် နည်းနေတယ။်

လက်မှတ်ဝယ်ပြီးမကြာခင်ဘဲ အဲဒီရထားကိုတက်လိုက်သွားပါလို့ ရောင်းတဲ့သူက ညွန်ကြားပါတယ။် ဘာလုပ်ဘို့လဲ ဆိုတဲ့မေးခွန်းကို ရထားပတ်စီးချင်လို့ ပါလို့ဖြေမိသေးတယ။် နိုင်ငံခြားသာ အချို့လဲ လာစီးတတ်တယ်ဆိုတယ။် အဲဒါဆို ရင်တော့ ဒေါ်လာနဲ့ထင်ပါတယ။် သိတ်မမှတ်မိတော့ဘူး. သိတ်များတယ် မထင်ပါဘူး။ မြို့ပတ်စီးတာ ဘယ်လောက်ကြာမှာလဲ ဆိုတဲ့မေးခွန်းကို လက်မှတ် ရောင်းသူက သုံးနာရီလို့ အဖြေပေးပါတယ။်

ဘူတာကြီးထဲက စင်္ကြန် အမှတ်တစ်မဟုတ်တဲ့ အလည်ဘက်နားလောက်က စင်္ကြန်ကိုရောက်တယ။် ရထားကိုတွေ့တယ။် စိတ်လှူပ်ရှားသလိုလိုဖြစ်မိသေးတယ်။ ရထားပေါ့်တက်တယ။် နေရာတွေ အများကြီးဘဲမို့ လို့ဘယ်နားထိုင်ရမလိုလိုယောင်တောင်တောင်ဖြစ်သေးတယ။် အဲဒီ အချိန်က နေ့လည်ပိုင်း ရောက်တော့ မယ်ဆိုတော့ လူရှင်းပါတယ် ။ မနက်ဆိုရင်တော့ လူများမဲ့သဘောရှိတယ။်

ရထားကို လှည့်ပတ်ကြည့်လိုက် တော့ပဲခူးသွားသလိုစီး တုံးက အမြန်ရထားလောက်တော့ သိတ် အဆင် မပြေဘူး။ ခုံတွေ ကဘေးတိုက်ဖြစ်နေတယ။် ကိုယ်တို့ စလုံး. အဲလေ. သည်းခံပါ စကာင့်္ပူက ရထားတွေ လိုဘဲ ဘေးတိုက်ပါဘဲ။ ခုံတွေ က နဲနဲမြင့်နေတယ။် ကိုယ်က အရပ်ပုတော့ခြေချရရင် သိတ်အဆင်မပြေသလိုဘဲ။ ဖြစ်တော့ဖြစ်ပါတယ။် ခုံက နဲနဲမြင့်နေတော့ လူတွေ ရဲ့ခေါင်းတွေ က ရထားပြူတင်းပေါက် ကနေ အပြင် ကိုကြည့်ချင်ရင်ခေါင်းကလေးနဲနဲစောင်း ငုံ့ပြီး ကြည့်မှ အဆင်ပြေပါတယ။် တစ်နည်း အားဖြင့် ခေါင်းြ့ပူထွက်ရင် အနွရာယ်များမှာစိုးလို့ ကာကွယ်ထားတာလို့ ကိုယ့်ဘာသာ ကိုယ် story လုပ်ပြီးတွေးလိုက်တယ်။




အဖော်ခေါ်ဘို့ကြိုးစားပါသေးတယ။်ရန်ကုန်က ကိုယ့်မိတ်ဆွေ အချို့က သိတ် အားမပေးလိုကြဘူး. သုံးနာရီကြီး ကြာလိုက်တာ ပျင်းစရာကြီး ဘာလုပ်ဘို့လဲ ခါးပိုက် နှိုက် သတိထားဦးတို့ ဘာတို့ညာတို့ ..အဲသလောက်မအားဘူး တို့ဘာတို့ညာတို့နဲ့ ဘယ်သူ့မှ ခေါ်မရပါ။ ကိုယ်ခေါ်ချင်တဲ့သူအချို့ငြင်းတာ ပြောတာပါ။


ရထားကြီး စထွက်ပြါ့ပီ။ပျော်သလိုလိုတော့ရှိသား. ဘယ်ဘက်ကပတ်တယ်မှန်းတော့မသိ. ။ ဘူတာကြီး. ပြည်လမ်း ဂျင်မခါနာ.ကြည့်မြင်တိုင်။ ကမာရွတ်။ လှည်းတန်း …လှော်ကား. .ဒညင်းကုန်း.ဂေါက်ကွင်း. လေတပ်. သမိုင်း..ကြို့ကုန်း. ဘူတာ….. အင်းစိန်....မြေက်ဥက္ကာလာ.ပုရွက်ဆိတ်ကုန်း. တံတားလေး ...ပြန်ပတ်လာတော့ ရေကုး. ပါရမီ. ဘောက်ထော်.တာမွေလေး. ........မေတ္တာညွန့်..မလွကုန်း ။ ပုဇွန်တောင်..






































ဓညင်းကုန်းဘူတာ က အစည်ဆုံးဘဲး ဈေးသည်တွေ နဲ့ ..ဆင်းတောင်
ဆင်း ကြည့် ချင်တယ်။ နောက်ရထား ကို ဘယ်လိုပြန်စီးရမှန်းမသိတာ ရယ်။ အခုစီးတာ ကိုက ဘဲ သုံး နာ ရီ ကြာ မယ်လေ. ဆိုပြီး မဆင်းဖြစ်တော့ဘူး။ အင်းစိန် စီအိုင်ဒီကို ထင်တယ် လျှက်တစ်ပြက် မြင်လိုက်ရတယ။် ဆားပုလင်းနင်းမောင် ကိုသတိရတယ။် ရထားကြီးကွေ့သွား တဲ့တစ်နေရာ ကို ဓါတ့်ပုံရိုက်လိုက်လို့မိလိုက်တယ။် ကင်မရာ လား။။။။ မရှိ..မဝယ်ဖြစ်ပါဘူး ။ တယ်လီဖုံးကင်မရာ အစုတ်ကလေးနဲ့ဘဲ ချနေတာပါ.။ မိုးလင်းကတည်းက အိမ်ကထွက်လာတဲ့သကာလမှာ ဘက်ထရီ ကုန်သွားမှာ စိုးလို့လဲချွေတာရိုက်ရပါသေးတယ။်


























ဟိုကြည့် ဒီကြည့်လူတွေ ကိုကြည့်။ လူငယ် လင်မယား တွေ့တယ။် ကြံ တစ်ချောင်း ကိုကလေးမ က အားရပါးရသွားနဲ့ကိုက်လို့..သူ့အမျိုးသားကို ချစ်မြတ်နိုးတဲ့ အယောင်နဲ့ ကြည့်လို့။ ဆင်းတော့လဲ ဈေးရောင်းဘို့ ဝယ်လာ တယ်လို့ထင်ရတဲ့ကုန်စည်းကို သူက ပိုပြီး ဆွဲလို့။ အဲဒါရောင်းလိုက့ အကျိုးအမြတ် ဘယ်လောက်ရမလဲ ကိုယ် စဉ်းစား နေမိ သေးတယ။် ကျောင်းပြေးလာပုံရတဲ့ ချာတိတ်ကလေး နစ်ယောက်ကလည်း သီချင်းကလေး တစ်အေးအေးနဲ့ ပတ်ဝန်းကျင်ရဲ့ အလှကိုခံစားလို့။ တစ်ယောက် က ကျောင်းစိမ်းပုဆိုးကို ချွတ်လိုက်တဲ့အခါ ဘောင်းဘီရှည်က ဝတ်ရက်သား. ရယ်ချင်မိသေးတယ။် ကိုယ့်တူတော့ အဲသလိုမှ စီးရရဲ့လားမသိ. ။ သူ့အမေ လိုကိထိန်းနေတာတော့တွေ့တာဘဲ။ ရထားစီးရင်း ဖျော်ဖြေရေးအဖွဲ့ ကပါ ပါလာသလိုပါဘဲ ။ သီချင်းလေးတွေ ပါနားထောင်လာရတယ။် ချာတိတ်တွေ. .ဘိုက်ဆာလို့လား ပျင်းလို့ဘဲ လား .ကြက်ဥ ဝယ်စား လို့ပျော်ရွင်စွာဘဲ။ ကိုယ်ကတော့ ဘီစကစ်ဘဲန့ ရေဘူးနဲ့ဘဲ။ လူရည်လည်သွားပြီ။ ကိုယ်ဝန်ဆောင်သည် လင်မယားကတော့ငိုက်မျဉ်း လို့.. ကုန်စိမ်းသည် အန်တီကြီး… ဟိ .. ကတော့ ပစ္စည်းတွေ ချလို့ ဟိုဟိုဒီဒီငေးမောနေလေရဲ့။ ရထားလမ်းဘေး က ရေအိုင်ထဲမှာ ပျော်ရွင်စွာ ရေကူးနေတဲ့ခလေးနစ်ယောက်ကိုလည်း မြင်ခဲ့မိသေးတယ်။ ချမ်းမြေ့ပါစေခလေးရေ..
























ပြန်အ၀င်မှာတော့ပုဇွန်တောင် ဘက်က ပြန်ဝင်ပါတယ်။ အဲဒီနေ့က နေမပူဘူး ။ မို့ညို့တယ် ပြီးတော့ မိုးဖွဲကလေးတွေ ရွာတယ်။ တိမ်တွေ ကို သဘောကျတယ်။ လူတွေ ကို သဘောကျတယ်။ ဈေးသည်လေးတွေကိုသဘောကျတယ်။ ကြက်ဥ ရောင်းတယ်။ စာကလေးခွေ ရောင်းတယ် ။ရေခဲရေရောင်းတယ်။

ရထားက တစ်ဘူတာ ကိုခဏတစ်ဖြုတ်ဘဲရပ်တာပါ။ တစ်ကယ့်ကိုစနစ်ကျပါတယ။် တစ်ကယ်ကိုသုံးနာရီ အကြာမှာ ဘူတာကြီးပြန်ရောက်လာပါတယ်။ ရထားပေါ်က ဆင်းလာ တော့ ထုံးစံ အတိုင်း.. ......နုံးချိချိ ..........ဒါပေမဲ့ စိတ်ချမ်းသာပါတယ်။



















58 comments:

  1. အင်းစိန်ဈေးလို့တော့အထင်သား...

    ReplyDelete
  2. ရထားပတ်စီးတာ ပျော်စရာကြီး...

းဝ)

    ReplyDelete
  3. ကုန်သည်တွေ ဈေးသည်တွေမှာ ဒီရထားပဲ အားကိုးကြရတာ...

    သာမာန်ပြည်သူတွေကတော့ တချို့ဆို မြို့ပတ်ရထားရှိတယ်ဆိုတောတောင် မသိကြဘူး

    ReplyDelete
  4. ငယ်ငယ်တုန်းကတော့ လိုက်စီးဖူးတယ်
    အဲ့လိုပဲ ပုစွန်တောင်ကနေ အင်းစိန်ဘူတာအထိ
    အင်းစိန်ရောက်တော့မှ လူကြီးတွေက ဈေးဝင်ဝယ်ပြီး အိမ်ပြန်ကြရော...

    ReplyDelete
  5. တခါကျတော့ ရထားပေါ်ကို ထမ်းစင်ကြီးနဲ့ လူတွေ တက်လာကြရော...

    အဲဒီထမ်းစဉ်ပေါ်မှာပါလာတာက မနက်ကမှ လောလေလတ်လတ် ရထားတိုက်ခံလိုက်ရတဲ့ သူ...

    အပေါ်ကတော့ ခြုံစောင်လွှမ်းထားပါရဲ့...
    ဒါပေမယ့် စောင်ကတိုလို့နဲ့တူတယ်...
    ခြေထောက်နေရာက လွတ်နေတယ်...

    ယင်ကောင်တွေကလဲ အုံလို့ မပြောချင်ပါဘူးဗျာ...

    လူကြီးတွေကတော့ မကြည့်နဲ့ ပြောတာပေါ့...
    ဒါပေမယ့် ကလေးပဲ စူးစမ်းချင်တော့ ကြည့်တာပေါ့...
    အဲဒါနဲ့ အဲဒီမြင်ကွင်းက ခုထက်ထိ မျက်စိထဲက မထွက်ဘူး...

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. မမကွန်ရဲ့ ကြိုးစားမျှဝေတာကို လေးစားပါတယ်။ ရန်ကုန်ကပုံတွေကြည့်ရတာ လူတွေရော အဆောက်အဦ တွေရော တော်တော် မြှင့်တင်ဖို့လိုသေးတာဘဲဆိုတာသဘောပေါက်လိုက်တယ်။ ဒါကြောင့်လဲ ဦးသန်းရွှေတို့က မြို့တော်အင်္ဂါရပ်နဲ့မညီလို့ ပိုသန့်တဲ့ဆီကိုရွှေ့သွားရတယ်ဆိုတာမြင်မိတယ်။

    ReplyDelete
  8. ရှိသေးတယ်...
    တခါတော့ ကျိုက်ထီးရိုးခရီးဆိုပြီး ရန်ကုန်ကနေ ကျိုက်ထိုကို ရထားနဲ့သွားကြတယ်...

    ရထားကလမ်းမှာ "ဂျလုံး..ဂျလုံး" နဲ့ ခုန်လိုက်တာ မပြောပါနဲ့တော့...

ိရန်ကုန်မှာတုန်းက ထမင်းမစားခဲ့ဘဲ ကျောက်ခဲတွေမြိုခဲ့မိရင်တောင် အစာကျေလောက်တယ်...

းဝ)

    ReplyDelete
  9. "ပိုသန့်တဲ့ နေရာ" ဆိုတာတော့ အာမမခံနိုင်ဘူး...

    သူတို့ရှိနေသရွေ့ ဘယ်ကိုပဲပြောင်းပြောင်း ဘယ်လိုလုပ်သန့်လာနိုင်ပါ့မလဲ...

    ဟားဟား...

းဝ)

    ReplyDelete
  10. ခေါ်မယ်ဆိုရင်တော့ လိုက်ချင်ပါသေးတယ်...
    ဘုတ်အုပ်တအုပ် ခဲတံတချောင်းနဲ့လေ...
    အဲဒီအခါကျရင်တော့

    round the world ဖြစ်ချင် ဖြစ်မှာပေါ့

    ReplyDelete
  11. ကိုလူထွေး လက်မှတ်လာထိုးပါ ဒါပဲ

    မမကွန် ဓာတ်ပုံတွေ ကြည့်ပြီး စာတွေ ဖတ်သွားတယ် ပြောရရင် မြို့ပတ်ရထားတခါမျှ မစီးဖူးပါ

    ဘိုင် တာ့တာ

    ReplyDelete
  12. ဒါမှမဟုတ်လဲ

    round the universe ဖြစ်သွားနိုင်တယ်...

    ဒေါ်လာ ၅ သန်းလောက်ပေးနိုင်ရင် ဂြိုလ်တုနဲ့ လိုက်လို့ရတယ် ဆိုလား...

    မများပါဘူး...းP

    ReplyDelete
  13. ဒါမှမဟုတ် ကို zt ကိုခေါ်ပြီး လွန်းပျံယာဉ်တစင်းလောက် ဆောက်ဖို့ပြောရအောင်...

ိလပေါ်လောက်ထိ ရောက်ရင်ကို တော်ပါပြီ...

းဝ)

    ReplyDelete
  14. တော်နေကြာ လမ်းရောက်မှ လွန်းပျံယာဉ်က ဘီးပေါက်နေရင် ဘီလိုလုပ်မလဲ...

    တာရာတို့ ကျွတ်တို့ အပိုထည့်သွားမှ ဖြစ်မှာပေါ့...

းဝ)

    ReplyDelete
  15. သြော် တနည်းတော့ရှိတယ်...

    လူမို့လို့ ဒေါ်လာတွေအများကြီးပေးရတာတဲ့...

    မျောက်ဖြစ်နေရင် တော့ အလကားလိုက်စီးလို့ရတယ်ဆိုလား...

    ကျနော်တို့တွေ လူဖြစ်တာ စောလွန်းသွားတယ် ထင်တယ်...

းဝ)

    ReplyDelete
  16. ဗမာပြည်က ဘောင်းဘီဝတ်တဲ့ မျောက်တွေကတော့ ကိုယ်ပိုင်လေယာဉ်စီးပြီး သွားချင်တဲ့နေရာ သွားနေကြတာပဲ...

    ကိုယ်ပိုင်ပစ္စည်းလို့ ပြောရအောင် သူတို့ဒီငွေတွေ ဘယ်ကနေ ရကြသလဲ မသိဘူးနော်...

    ရန်ကုန်မှာတောင် သူတောင်းစားတွေ ပေါလာတယ်တဲ့...

းဝ)

    ReplyDelete
  17. သူတောင်းစားဆိုလို့ နောက်တခေါက် ရန်ကုန်ရောက်ရင် သူတောင်းစားတွေကို အင်တာဗျူးပေးစမ်းပါအုန်း...

    ရန်ကုန်က သူတောင်းစားတွေကို ဗျူးရမှာ မကြိုက်ရင် ဟိုးးးးးး နေပြည်တော်က သူတောင်းစားတွေနဲ့ ဗျူးလဲ ရပါတယ်...

    ပုံလေးတွေပါ ရိုက်ခဲ့ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ...

းဝ)

    ReplyDelete
  18. ရန်ကုန်မှာနေလာတာ ကြာပေမယ့် တခါမှ မြို့ပတ်ရထား မစီးဖူးပါဘူး... ရန်ကုန်သွားလည်ဖြစ်တော့မှဘဲ စီးဖြစ်အောင်စီးဦးမယ်...

    mie nge

    ReplyDelete
  19. သဘောကောင်းတဲ့ မမကွမ်းကြီး
    ကိုလူထွေးကို စိတ်မဆိုးဘူးဟုတ်...

းဝ)

    ReplyDelete
  20. တခါမှ မစီးဖူးဘူး..ရန်ကုန်ပြန်ရင် စီးကြည့်ဦးမယ်..

    ReplyDelete
  21. ငယ်ငယ်က မြို့ ပတ်ရထားက မျက်နာချင်းဆိုင် ထိုင်ခုံတွေပါ ကြည့်ရတာ ထိုင်ခုံတွေ ပျက်စီးပြီး ဘေးတိုက် ဘဲ ထားတော့တာလား မသိ။

    ငယ်ငယ်က မြို့ ပတ်ရထား အိမ်နား ဖြတ်တဲ့ အချိန်ဆို ခနခန မျှော်ကြည့်ရတာ အဲဒါကြောင့် ထိုင်ခုံ က စလုံး ဘတ်စကားလို မျိုး ဆိုတာသိတာ။ ရာစုနစ်တွေ ပြောင်းလာ တယ်လို့ ဘဲ သဘောထားပါတယ်

    ReplyDelete
  22. နောက်တခါ မမနဲ့ လိုက်ခဲ့မယ်

    ReplyDelete
  23. ရန်ကုန်ပြန်ရောက်ရင် မမkomလိုဘဲ
    ရထားတစ်ပတ်စီးကြည့်မယ်...

    ReplyDelete
  24. မမ အတော်အားပါလားငှင်..

    mm

    ReplyDelete
  25. ကျနော်ဆယ်တန်းအောင်ပြီး ကျောင်းတွေပိတ်နေတုန်းကလည်း တခါတလေ ပျင်းရင် မြို့ပတ်ရထား စီးတတ်သဗျ။ ကျနော်ကတော့ အင်းစိန်ဘူတာက စစီးတာပေါ့။ လမ်းတလျှောက်က မြင်ကွင်းတွေ စိတ်ဝင်စားဖို့ကောင်းတယ်။

    “သံသရာဘုံ မလွတ်ကင်းနိုင်ကြပုံ” ကို မယ်ဒလင်လေးနဲ့ ဆိုတာ နားထောင်ခဲ့ရလား။

    ReplyDelete
  26. ဘ၀သရုပ်ဖေါ်ဝတ္ထုဖတ်ရသလို..
    တချို့မရောက်ဖူးတဲ့နေရာ..
    မမြင်ဖူးတဲ့ မြင်ကွင်း တွေကို ပြနေသလိုပါပဲ..
    မင်းလူ ၀တ္ထုတွေမှာ နေ၀င်းမြင့်ဝတ္ထုတွေမှာ..
    ဖတ်ဖူးပါတယ်..
    ဆေးကြော်ငြာတွေရော..မတွေ့ခဲ့ဘူးလား..

    Xထုံ

    ReplyDelete
  27. စိမ်းဆို ရထားဆိုတာကို စလုံးရောက်မှ စစီးဖူးတာ... မြန်မာပြည်မှာဆို ဘယ်ဆီနေမှန်းကိုမသိဘူး...

    ReplyDelete
  28. ဒါမျိုးပုံလေးတွေတင်တာ သဘောကျတယ်။ ဒါ ရန်ကုန်မြို့တော်ကြီးရဲ့ သရုပ်မှန်တွေပေါ့လေ။
    မမ ကင်မရာနဲ့ ဓာတ်ပုံရိုက်တာလဲ အများကြီး တိုးတက်လာပြီ။ ချောင်းထဲကန်ထဲမှာ ရေကူးနေတဲ့ ကလေးတွေကိုတော့ ချစ်ပါ့ မမရေ..

    (ကိုလူထွေးကတော့ မောင်ပိုင်စီးထားပါလားတော်..)

    ReplyDelete
  29. အရီးကွန်ရေ
    လွန်ခဲ့တဲ့ ဆယ်နှစ်ကလည်း မြို့ ပတ်ရထားလမ်းတစ်လျှောက် ဒီအတိုင်းပဲ
    အခုလည်း ဒီအတိုင်းပဲ
    ဘာမှ ပြောင်းလဲမလာဘူး
    ဘူတာကြီးကတော့ နဲနဲ သန့် လာတယ်

    ReplyDelete
  30. Really like your post, something like travel blog..keep going

    ReplyDelete
  31. မမ တကယ့် ဂလီပဲ...
    မြို့ပတ်ရထား ၁ ခါပဲ စီးဖူးတယ်..
    ပြည်-လက်ပံတန်း စာပို့ရထား(အနှေးရထား လို့ခေါ်တယ်) စီးဖူးတယ်.. မြို့ပတ်ရထားလို ထိုင်ခုံတွေနဲ့ပဲ...။


    sd

    ReplyDelete
  32. ;(
    အားကျတယ်မမရေ...
    ရန်ကုတ်သူစစ်စစ်ပါ...
    ရထားတစ်ခါမှ မစီးဖူးပါ..
း(

    ReplyDelete
  33. မြို့ပတ်ရထားမစီးဖူးဘူး...။ ဒီတစ်ခေါက် မြန်မာပြည်ပြန်ရင် ရန်ကုန်ကနေ ရွာကို... ရထားနဲ့ပြန်ချင်စိတ်ပေါက်သွားပြီ....။

    ReplyDelete
  34. အကောင်းဘက်က မြင်ပြီး ရေးထားလို့ တကယ်ခံစားပြီး ဖတ်သွားတယ်။ ဒီလိုပိုစ်လေးတွေ ဖတ်ရတာ ပျော်သလိုလို လွမ်းသလိုလို

    ReplyDelete
  35. ရန်ကုန်ဘူတာကြီးက နဲနဲသန့် လာသလိုဘဲ ..
    အရင်လို အမိုးနီးယား အနံ့ တထောင်းထောင်း ရခဲ့သေးလား ဟင် .. ပုံထဲမှာဆိုတော့ အနံ့ အသက်တွေ ပါမလာလို့  သန့် တာထင်ပါရဲ့ ....
    လမ်းက ရှုခင်း မြက်ခင်းစိမ်းစိမ်းတွေကတော့ လှတယ်နော်။

    မမကွန် ကံကောင်းတယ်လို့ ပြောရမယ်။
    တော်သေးတာပေါ့ ..ခါးပိုက်နှိုက်ခံ မထိခဲ့တာ ..
    ခုဆို ခါးပိုက်နှိုက် တွေ မရှိတော့ပါဘူး ..
    ရာထူးတွေ တက်ပြီး ဓါးပြတွေ ဖြစ်ကုန်ကြလို့  လေ..

    နောက်တခါ မြို့ ပတ်စီးမယ်ကြံရင် ခေါ်လေ ။။ အဖေါ်လိုက်ပေးပါမယ် ..ဟီးး
    ( လမ်းမတော်ကျောင်း ဂုံးအောက်ကနေ ဂျင်မခါနာ ထိဘဲ စီးဖူးလို့  ပါ ..အစ - ဆုံး စီးကြည့်ချင်နေတာ )

    ReplyDelete
  36. မြို့ပတ်ရထားစီးတုန်းက သူငယ်ချင်းတွေနဲ့
    ရထားပေါ်မှာ ရှမ်းကိုးမီးရိုက်တာ...
    ပြီးတော့ ကစားခဲ့တာတွေကို သတိရမိတယ်...
    တီကွန်...များမျာသွားပြီး များများတင်နိုင်ပါစေ

    ReplyDelete
  37. မမရဲ့ round the town ပိုစ့်ကို အစအဆုံးဖတ်ပြီးတဲ့နောက်မှာ မမနဲ့တူတူ မြို့ပတ်ရထားတစ်ခေါက် လိုက်စီးရသလိုမျိုး ခံစားမိတယ်။

    ReplyDelete
  38. ရထားပေါ်မှာ...
    နှာသက်သက်ပါဗျာ.. ဆိုတဲ့ ကတိုးနှာရှုဆေးရောင်းတဲ့သူ...
    အကိုကြီးစားရင် ညီမလေး ..ရွတယ်..
    အော်ပြီး ..ပဲကြီးလှော်..ရောင်းတဲ့ သူ..တွေ
    တွေ့ ခဲ့ ရဲ့ လား...

    ReplyDelete
  39. မမရေးထားလိုက်တာ အရှည်ကြီး။

    မီးလည်း မြို့ပတ်ရထားစီးဘူးတယ်.ပုရွက်ဆိတ်ကုန်းကို
    အိမ်သွားကြည့်တာလေ. အဲ့ရထားစီးဘူးတယ်.ဟုတ်
    လားတော့မသိတော့ဘူး ။မေ့ပြီ။ မြို့ပတ်ရထားပဲ ဖြစ်မှာပါ။း)
    ပုရွက်ဆိတ်ကုန်းဘူတာကနေ လမ်းလျှောက်ရင် ၁၀မိ
    နစ်မှာ လုံးချင်း ၂ထပ်တိုက်လေးကို အဲတုန်းက ၃၅ သိန်း
    ပဲရှိတယ်လေ။ အ၀ီစိတွင်းနဲ့ အိမ်ကလည်းသန့်ပါတယ်။
    နောင်ရေးအတွက် ၀ယ်ထားမလားလို့ သွားကြည့်ဖြစ်တာ
    ပါ။ နောက်တော့ မ၀ယ်လိုက်ရဘူးလေ။
    အခုဆို ဈေးတော်တော်တန်နေလောက်ပြီ ။
    စီးပွားရေး..စီးပွားရေး..း))

    ReplyDelete
  40. ရန်ကုန်-မန္တလေး ရထားစီးဖူးပါတယ်။ ရထားက မြင်းပြေးသလို ခုန်နေလို့ စိတ်လေခဲ့ရာက
    အခု ဖတ်ပြီး မြို့ပတ်ရထား စီးဘို့ စိတ်ဝင်စားသွားပြီ

    ReplyDelete
  41. မမ
    အားကျပြီးရင်းအားကျလာပြီ။ စစချင်း ပဲခူး၊ရန်ကုန်စီးတယ်ဆိုလို့ အားကျနေတာ။ မမလို လိုက်စီးရင် ကောင်းမလားလို့။ အားကျပါတယ်ဆိုမှ နောက်တမျိုး။ နောက်ရော ဘာတွေ လုပ်ခဲ့သေးလဲဟင်။
    (ကိုလူထွေးကြီးက ဘာဖြစ်နေတာလဲ၊ သူမလိုက်ရလို့နဲ့တူတယ်မမ၊ နောက်တခါသွားရင် သူ့ပါခေါ်သွားလိုက်နော်။)

    ReplyDelete
  42. ရထားတွဲတွေ က ထွက်တဲ့အနံ့ တမျိုးရှိတယ်နော်အမ...
    ကျောင်းပိတ်လို့ နယ်ပြန်ရင် ရထားစီးရတော့ အဲဒီအနံ့ နှာခေါင်းထဲစွဲနေသေးတယ်....

    ReplyDelete
  43. မြန်မာပြည်ကို ပြန်မရောက်တာ ကြာပြီဆိုတော့ အခုလို လတ်လတ်ဆတ်ဆတ် အကြောင်းအရာတွေ ဖတ်ရတာ ကျေးဇူးပါဘဲ။

    ReplyDelete
  44. ညီမလဲ မြို့ပတ်ရထားစီးဖို့ကြိုးစားခဲ့သေးတယ်.. တစ်ယောက်တည်းဖြစ်နေလို့.. မမရိုက်တဲ့ဓာတ်ပုံတွေကြည့်ရတာ.. ကိုယ်တိုင်လိုက်စီးခဲ့ရသလိုပဲ... ပျော်စရာကြီး...
    ဒါနဲ့.. ကုန်စိမ်းသည်အန်တီကြီး ဆိုပြီး.. နောက်ကနေ ဘာလို့`ဟိ´ လို့ရေးထားတာလဲ..ဟင်.:P

    ReplyDelete
  45. ချစ်စရာ မမ။

    ဒါပေမဲ့ စီးချင်ပါဘူး မမရယ်။
    မခေါ်နဲ့ မလိုက်ဘူး။

    ReplyDelete
  46. မောင်ဝေးSeptember 16, 2009 at 8:29 PM

    မခင်ဦးမေတို့များ အတော့်ကို ပေါက်ပေါက်ရှာရှာ ရန်ကုန်ကို ရထားစီးမြို့ပတ်ရတယ်လို့၊ ကဲ့ရဲ့တာ (criticism) မဟုတ်ဘူးနော၊ compliment သဘောမျိုးမှတ်ပါ။ ပြည်တော်ပြန် Globe Trekker လုပ်နေတယ်ပေါ့လေ။ အချိန်ရရင် Cbox ကို လာလည်ပါ့မယ်။ ခင်ဗျားတို့ဆီလာလည်ရတာ အလွန်ရင်းနှီးကြတဲ့ မိသားစုအုပ်စုထဲ လာလည်သလို ခံစားရပါတယ်။ ကျေးဇူးပါပဲ။

    ReplyDelete
  47. အမစီးတာ လက်ဝဲရစ်ပါ။
    ရထားနဲ့ ရေစက်ပါပုံများ ကျွန်တော်အိမ့်က ရထားလမ်းဘေး၊ ဂုံးတံတားအောက်မှာ။ (တကယ်ပါ)
    လုပ်နေတာက ရထားလမ်းဖောက်တဲ့အလုပ်။
    နောက်...။

    ReplyDelete
  48. မမေ၇ ဒီတခါ မြန်မာပြန်ရင် အဲလို မြို့ပတ်ရထားကြီး ပတ်စီးမယ်။ ကျေးဇူးပဲ ခုလိုလေး အကြံရသွားလို့။

    ReplyDelete
  49. မိုးတွေအုံ့နေတာပဲ.. မြက်တွေကလည်း ပိုစိမ်းနေတယ်ထင်တယ်.. ဈေးသည်တွေ... အပြစ်ကင်းတဲ့ကလေးငယ်တွေ... တဲပုတ်လေးတွေ.. ရထားသံလမ်းတွေ.. လွမ်းလိုက်တာ.. လွမ်းတယ်.. လွမ်းတယ်....း((((((((

    ReplyDelete
  50. မကြီးတင်ထားတဲ့ပုံတွေစာတွေကြည့်ပြီး ရန်ကုန်ကိုလွမ်းတယ်။ ရန်ကုန်ကိုသတိရတယ်။ ဆွေးတယ် :(

    ReplyDelete
  51. ရန်ကုန် မန္တလေး ရထားတော့ အခေါက်ခေါက်အခါခါ စီးဖူးပါရဲ့။ မြို့ပတ်ရထားတော့ တစ်ခါမှ မစီးဖူးဘူး။ :)

    ကိုလူထွေးထက်သာအောင် ကွန်မန့် အခု ၅၀ လောက် ရေးသွားရင် ကောင်းမလားလို့။ :D

    ReplyDelete
  52. ဟာ

    ကို zt ရေးလိုက်တာ ကော်မန့် အခု ၅၀ ကျော်သွားပါလား...

းဝ)

    ReplyDelete
  53. မကြီးရေ... တစ်ခါမှမစီးဖူးဘူး။
    လိုက်စီးကြည့်ရမယ်။
    အပေါ်က ကိုလူထွေးကြီး တော်တော် သောင်းကျန်းနေပါလား။ ဒီအတိုင်းလက်ပိုက်ကြည့်နေလို့တော့ မရဘူးဗျ။
    မှတ်လောက်သားလောက်အောင် ဆုံးမရမယ်။
    အကြံရမှ ပြန်လာဆုံးမတော့မယ်ဗျာ။

    ReplyDelete
  54. around the town in 0.125 day ဆိုပိုကောင်းသွားမလား လို့ ။

    ReplyDelete
  55. ကိုယ်တို့ စလုံး. အဲလေ. သည်းခံပါ စကာင့်္ပူက ရထားတွေ လိုဘဲ ဘေးတိုက်ပါဘဲ။

    မြန်မာပြည်သူမှဟုတ်ပါလေစ . . ?

    ReplyDelete
  56. အင်း....ကြိုသိရင်တော့ကောင်းသား...လိုက်စီးဖူးချင်တာ...မြို့ပတ်ရထားဆိုတာကြီးကို...

    ReplyDelete
  57. ကျနော်ဆယ်တန်းအောင်ပြီး ကျောင်းတွေပိတ်နေတုန်းကလည်း တခါတလေ ပျင်းရင် မြို့ပတ်ရထား စီးတတ်သဗျ။ ကျနော်ကတော့ အင်းစိန်ဘူတာက စစီးတာပေါ့။ လမ်းတလျှောက်က မြင်ကွင်းတွေ စိတ်ဝင်စားဖို့ကောင်းတယ်။ “သံသရာဘုံ မလွတ်ကင်းနိုင်ကြပုံ” ကို မယ်ဒလင်လေးနဲ့ ဆိုတာ နားထောင်ခဲ့ရလား။

    ReplyDelete
  58. ပြန်ဖတ်ရလို့ကျေးဇူးပါ။

    ReplyDelete