Sunday, September 20, 2009

run from city

ရန်ကုန်မြို့ထဲက နေ အပြင်ကို ထွက်ကြည့် ချင်နေ တဲ့ဆန္ဒက ထိန်းမရဘူး. ။ ပျင်း လာ နေ ပြီ။ ပြီးခဲ့ တဲ့ တစ်ခေါက်က ရေလည်ဘု ရား လည်း သွားပြီးပြီ ဆိုတော့ကာ အကြံထုတ်တော့ လှည်းကူး ဘက် သွားဘို့ စိတ်ကူးရပါတယ်။ အဲဒါနဲ့ လဘက်ရည် တစ်ခွက်သောက်ပြီး လစ် သွားလိုက်တယ်။ ညနေမှ အကြံရလေ တော့ပဲခူးအထိတော့မရောက်နိုင်တော့ဘူး.။ မိုးတွေ က လည်း ရွာတော့သွားရကောင်းနိုး မကောင်းနိုး ချိန်နေတာလဲပါတယ်။ နောက်ဆုံးတော့ လစ် တယ်ကွာ ဆိုပြီးသွားလိုက်တော့တယ်။

မြို့ထဲကတောံ့ထုံးစံအတိုင်းကားကြပ်တယ်။ မြို့ပြင်လို့ဆိုရမှာလား .ဆယ်မိုင်အထိက လည်း ကားသိတ် မရှင်းလှပါဘူး......ဆက်လာတော့နဲနဲရှင်းလာတယ်။ စိတ်ထဲနည်းနည်း ကျေနပ်သလိုဖြစ်မိတယ်။ ဓါတ့်ပုံတော့ သိတ်မရလိုက်ဘူး. ။ ညနေဆိုတော့ ဘက်ထရီကုန်ခါနီးဖြစ်နေပြီမို့လို့။ ဒါတောင် အင်တာနက်ဆိုင်တွေ မှာ ရောက်တာနဲ့ ဆိုင်ကို ခွင့် တောင်းပြီး ပလပ်ထိုးပြီး ဘက်ထရီအားဖြည့်တာဘဲ။ ရိုက်အားက များနေလို့ မနိုင် ဘူးဖြစ် တယ်။

လမ်းခရီးကိုကျေနပ်တယ်.။ ပတ်ဝန်းကျင်မဆိုစလောက်ကလေးပြောင်းသွားတယ်။ မိုးညို့ တယ်။ တိမ်တွေ ကိုကြည့်ရတယ်။ မဂ်လာဒုံစစ်ဆေးရုံ့ကိုဖြတ်တယ်။ ထောက်ကြန့်ရောက်တယ်။ လှည်းကူး ရောက်တယ်။ ဖောင်ကြီးသိဲု့ ဆို တဲ့ ဆိုင်းဘုတ်ကလေးကြည့်ပြီး အတိတ် ကိုသတိရတယ်။ ကိုယ် လက်ထပ်တဲ့ နေ့က သတင်းစာ ကြည့်ပြီး တစ်ည မူးကြမဲ့သူတွေ ကို သတိရမိသေးတယ် ။ ကိုယ့်ဘက်က ထင် မိတာပါ။ အဲဒီတုံးက ဖောင်ကြီးသင်တန်းက မှတ်မှတ်ရရ နစ်ယောက် ..တစ်ယောက် က မင်္ဂလာဒုံ စိုက်ပျိုးရေးခြံက မန်နေဂျာ..သူ့ကျေးဇူးနဲ့ဘွဲ့ယူတုံးက ရလိုက်တဲ့သစ်ခွတွေ ဆိုတာ သူငယ်ချင်းတွေပါ ကူညီ ခဲ့ရတယ်။ နောက်တစ်ယောက် က မုံရွာက ဆရာဝန်. နတ်သျင်နောင်သီချင်း အဆို ကောင်းသူပေါ့။ ဘယ်တွေများ ရောက်နေကြမ လဲမသိ.. သိခွင်ရှိရင်တော့ သိချင်မိသေးတယ။် ရှင်တို့ကံကောင်းတယ်ဆိုတာ လေးဘဲ ပြောခွင့် ရချင်လို့ပါ.

လမ်းခရီးမှာ တိုး ကိုလည်းဖြတ်ရသေးတယ် အဲဒီအပိုင်းက ကားလမ်းအတော်ချောတယ်။ ဘယ်လောက် ပေးရသလဲတော့မေ့သွားပြီး သုံးရာကျပ်လားမသိ..တောင်းသင့်ပါတယ် လမ်းကသိသိသာသာချောသွားတယ်။ ချောသွားတေ့ဘာဖြစ်လဲ. စိတ်ချမ်းသာတာပေါ့။ တစ်ချို့နဲရာကတော့နဲနဲကြမ်းတယ် များ သောအားဖြင့်ကတော့အဆင်ပြေပါတယ်။ မြို့တွင်းနဲ့မတူတဲ့ ဖီလင်ကိုရတယ်။ အပြန်မှာ မှောင် နေပြီ။ တစ်ချို့ နေရာတွေမှာ မီးအားသိတ်မကောင်းတော့ကားတွေ က အစုလိုက်လိုဖြစ်သွားတယ် လူစွမ်းကောင်း ကားတစ်စီးက ရှေု့ကတက်ရင် နောက်က ကားတွေ က ကပ်လိုက်ကြတယ်။ များ သောအားဖြင့် လမ်းသိနေကြသလိုဘဲ.မောင်းလိုက်ကြတာ ဝေါကနဲ့ ဝေါကနဲဘဲ.။

ထောက်ကြန့် ရောက်တော့ဈေးကလေးတစ်ဈေးတွေ့တာနဲ့မနေနိုင်တာနုဲ့ဝင်မိတယ် ။ ဗွက် တော့ ရှိသား. လုံချည်မပြီးလမ်းလျောက်ပေါ့။ ပုံတွေ က..ခိုး ရိုက်ေ တာ့နဲနဲဝါးသွားတယ။် စည်တော့စည်တယ်ဗျ. အတော်စည်တယ်။ ဈေးသည်အသံတွေ ဆိုတာ ဆူညံနေတာဘဲ။ ဟင်းသီးဟင်းရွက်မျိုးစုံး ငါးခြောက်. ပုဇွန်ချဥ်ငါးလေးချဉ်. အသီးအရွက်တွေအချဉ်. ငရုတ်သီးး ငပိ..ပဲပြုတ်. ပဲကတ္တီပါပြုတ်. ပန်းသီး ဖရဲသီး ငှက်ပျောသီး သဘော်သီး. ဘုရားပန်း မျိုးစုံး မုန့်မျိုးစုံနဲ့တစ်ကယ်ကို ဈေးအဂ်ါနဲပြည့်စုံပါပေတယ် ကားဂိတ် ကလည်းအနားမှာ ရှိသေးတယ် ။ပဲခူးကို ပဲခူးကိုလိုက်မလား ဆိုပြီး. တစ်ကယ် လိုက်သွားချင်လိုက်တာ..နောက်တစ်ခေါက် ပဲခူးကို ရောက်အောင်ထပ်သွားဦးမယ် ........ကားနဲ့။













































































36 comments:

  1. Like a travel document, interesting..

    ReplyDelete
  2. NPT သွားတဲ့ ကွန်ကရစ်လမ်းကလေးရော မောင်းခဲ့သေးလား။ မောင်းလို့ သိပ်ကောင်း ဆိုပဲ။ :D

    ReplyDelete
  3. ha ha.no.3 and i should buy SWEET tomorrow.

    ur trip is very interesting.

    ReplyDelete
  4. ပဲခူးသွားတော့လည်း တယောက်ထဲပဲလား...
    နတ်ရှင်နောင်သီချင်းလေး ဟစ်သွားတာလား...

းဝ)

    ReplyDelete
  5. ခရီးသွား တဲ့ပိုစ့်လေးတွေ ဖတ်ရလို့ ကျေးဇူးပါ..နောက်ထပ် သွားချင်တဲ့နေရာလေးတွေ ကိုလည်း အမြန်ဆုံးသွားလည်နိုင်ပါစေ။ ဟုတ်တယ် NTP ကို ကိုယ်တိုင်မောင်းပြီးသွားလည်သင့်တယ်။ နောက်တစ်ခေါက်သွားဖြစ်အောင်သွားနော်။

    ReplyDelete
  6. မုံရွာက ဆရာဝန်က ကျနော့်ဘကြီးလား မသိ ?????
    မခင်ဦးမေထီက ဒီနေ့မှ ဖွင့်တာကိုးဗျ

    ခုတလော မိုးအလင်းပေါက်စောင့်ဖတ်နေရပါလားနော်

    ReplyDelete
  7. စာလာဖတ်၊ ပုံတွေကြည့်သွားတယ်

    ReplyDelete
  8. KOM မင်္ဂံလာပွဲကြောင့် အသဲကွဲ မူးယစ်သူလူဦးရေ
    မည်မျှ ရှိကြောင်းကိုပါဖေါ်ပြသင့်ပါကြောင်း

    ReplyDelete
  9. ဟိုက် ဘယ်အချိန်တင်ပြီး ဘယ်လိုလူတွေ ဖတ်နေကြပါလိမ့်...။
    နောက်တခါ ပြည်သွားပါလား။

    ReplyDelete
  10. ရေရေလည်လည်သွားနိုင်တဲ့ ဘွားတော်ပဲ ..
    ဒါပေမယ့် ရောက်တုန်းပေါက်တုန်း အနားယူတဲ့ အနေနဲ့ တောင်ကြီးတို့ အင်းလေးတို့ ပုဂံတို့ စတဲ့ နေရာတွေ မသွားခဲ့တာ နှမြောဖို့ကောင်းတယ်။

    ReplyDelete
  11. ဓာတုကလျာ မမရေ..
    သစ်ခွပန်းတွေနဲ့ အလှကြီး လှနေမဲ့ မမ ဘွဲ့ယူတုန်းကပုံ မြင်ချင်ပါသေးတယ်။ ပြည့်သူ့ဘဏာ ယိုဖိတ်နေပါတယ် အောက်မေ့တာ မမ ခေါင်းပေါ် ရောက်နေတာကိုး။ :D

    ReplyDelete
  12. တယ်လဲ သွားနိုင်တဲ့ မမပါလား... မကြုံဖူးပေါင်တော်...
    နေရာတွေကို စုံနေတာပဲ...

    “ရှင်တို့ ကံကောင်းတယ် ဆိုတာလေး ပြောခွင့်ရချင်လို့ပါ...”

    ဟီဟိ.. မမကတော့ လုပ်ပြီ...

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete
  14. ပဲပြုတ်စားချင်တယ်

    ReplyDelete
  15. Hey..

    I lUv alllll myanmar flooowerss...

    They'r very different from Spore....

    ReplyDelete
  16. လှည်းကူးရောက်တယ်လား.... မင်္ဂလာဒုံမှာ ကျိုက္ကလို့ ကျိုက္ကလဲ့ ၀င်ဖူးခဲ့ဘူးလားလို့... :)

    ReplyDelete
  17. ခုံဖိနပ်စီး ခမောက်လေးဆောင်းပြီး မိုးတွင်းမှာ နွားကျောင်းထွက်တာ သတိရတယ်..

    ReplyDelete
  18. မမ သွားတဲ့ နေရာလေးတွေက ပြာ့အတွက် လွမ်းစရာ နေရာတွေ ချည်းပဲ နော်း)

    ReplyDelete
  19. အမရေ ရှင်တို့တော်တော်ကံကောင်းတယ်ဆိုတာလေး တအားသဘောကျသွားတယ် ..ဟားဟား

    ReplyDelete
  20. လူမုန်းSeptember 20, 2009 at 4:48 PM


    ကိုလှထုံ ရဲ့ ညီမ

    “မိုးစိုစီး” လိုချင်ပါတယ်။

    ReplyDelete
  21. တကယ်သွားနိုင်တာပဲ.. အားကျတယ်..

    ReplyDelete
  22. ကိုယ် လက်ထပ်တဲ့ နေ့က သတင်းစာ ကြည့်ပြီး တစ်ည မူးကြမဲ့သူတွေ ကို သတိရမိသေးတယ် ။

    အဟိ..

    ReplyDelete
  23. သည်တခါတော့ ခရီးသွားဆောင်းပါးရှည်ကြီးပါလား....
    အသေအချာကို ရေးထားတော့တာပဲ...
    ဖတ်ရင်းနဲ့ လွမ်းကုန်ပြီ...း(

    ReplyDelete
  24. သွားလှချည့်.. ဒလောက်သွားချင်လာချင်နေတာကိုတောင် ပြည်ကို ဖြစ်အောင်မလိုက်ဘူး ဟွန့်

    ReplyDelete
  25. ခရီးသွား မှတ်တမ်းလာဖတ်တယ်နော်။

    ReplyDelete
  26. ရေမွှေးနှင်းဆီ..

    ReplyDelete
  27. ထောက်ကြန့်ဈေးကိုကြည့်ပြီး
    ညဘက် ကြာဇံကော်ပြန့်သွားစားတတ်တဲ့
    ဖရေဇာပေါ်က ၃၈လမ်းဈေးကို
    သွားသတိရမိတယ်ဗျာ...

    ReplyDelete
  28. အရေးတစ်ကြီး ဖတ်ရန်



    http://sanooaung.wordpress.com/2008/01/24/ko-moe-thee-zones-announcement-regarding-spdc-crony-businessmen/

    ReplyDelete
  29. လူထုတိုက်ပွဲ မြေအောက်လက်စွဲ (မိုးသီးဇွန်)

    ဒီနေ့ဖြစ်နေတဲ့ လှုပ်ရှားမှုတွေတွေကို စစ်အစိုးရက အပြင်ထန်းဆုံး ဖိနှိပ်နေတယ်။
    ဘာဖြစ်လို့လဲ ဆိုတော့ ၈၈ က စတင်လာတဲ့ဒီမိုကရေစီတိုက်ပွဲဟာ အရေးအကြီးဆုံးပိုင်းကို တစတစ ရောက်ရှိလာနေလို့ ဖြစ်တယ်။
    တိုက်ပွဲက ပိုပြီးပြင်းထန်လာသလို၊ အကွေ့အကောက်တွေ များလာနိုင်တယ်။
    လှုပ်ရှားမှုတိုင်းဟာ ဒီသဘောတွေ ဆောင်နေခဲ့တယ်။ လှုပ်ရှားမှုအသေးလေးတွေက လှုပ်ရှားမှုကြီးတခုလုံးကို အဆုံးဖြတ်ပေးနိုင်တယ်။
    ဒါကြောင့်ခေါင်းဆောင်မှုဟာ အရေးကြီးလာပါတယ်။
    ခေါင်းဆောင်တိုင်း သတိထားသင့်တဲ့ လူထုတိုက်ပွဲနည်းနာတွေကို ကျနော်တို့ ၈၈ တိုက်ပွဲကာလက ရရှိခဲ့တဲ့ သခန်းစာတွေအပေါ် အခြေခံပြီး ဝေငှလိုက်ပါတယ်။

    ReplyDelete
  30. “မင်္ဂလာဒုံဖတ်ကိုသွား...ကားလေးစီးလို့ သွားမလား..ကိုယ့်ညီလေးပျော်သလား..ပျော်တယ်မဟုတ်လား ညီလေး...” ဆိုတဲ့သီချင်းလေးအတိုင်းပေါ့နော်။

    ReplyDelete
  31. မကြီး ကတော့ ခရီးတကယ်သွားနိုင်တယ်။ ပဲခူးငချဉ်လေးတောင် သတိရသွားတယ်။

    ReplyDelete
  32. ပဲခူးတောင် ပြောင်းလဲနေပြီနော်.... မရောက်တာ လဲကြာပေါ့။ ပုံလေးတွေ ကြည့်သွားပါတယ်ဗျာ... စာလဲ ဖတ်သွားတယ်နော် အဟီး

    ReplyDelete
  33. ပြောင်းလဲတာဆိုလို့ တမျိုး မထင်နဲ့ဗျ မီးတွေဘာတွေနဲပ ထိန်ထိန်ညီးနေလို့ ပြောတာပါ..။

    ReplyDelete
  34. ငါးချဉ်တုံးကြီးနဲ့ ပဲပြုတ်တောင်းကို မြင်ပြီး ခုချက်ချင်း ရန်ကုန်ပြန်ပြေး
    ချင်မိတယ်။ စိတ်သွားတိုင်း ကိုယ်ပါနေတာ အားကျစရာ.......

    ReplyDelete
  35. ဘယ်လိုပဲဖြစ်ဖြစ် ပြည်တော်နဲ့ပတ်သက်လာရင် ရင်ခုန်ရတာပါပဲ မခင်ဦးမေရယ်..
    ပုံတွေအတွက်ကျေးဇူး...

    ReplyDelete