Tuesday, September 29, 2009
show flat
တိုက်ခန်းဝယ်မလို့မဟုတ်ပါဘူး. သွားရင်းလားရင်း သူများ ဆောက် ထားတာ… .ဆောက် နေတာ လေးတွေ ..တွေ့လို့ရိုက်လာတာ။ အိမ်ရှင်တောင်မသိလိုက်ဘူး. ။ အိမ်ဝယ်မလိုလို ဘာလိုလိုနဲ့ ရူးချင်ယောင်ဆောင်ြီပီးရိုက်လာတာ။ မဆိုးဘူး.သန့်တယ်. ဘယ်တိုက် ကဘယ်ဈေးမှန်းမသိပေမဲ့ အဲဒီလမ်းထဲက မြေညီထပ် အဲသလိုမျိုးလေးခပ်ဆန်ဆန်ဘဲ လောလောဆယ် သိန်း နစ်ရာဂဏန်း ဝန်းကျင် နဲ့အရောင်းအဝယ်ဖြစ် သွားတယ် လို့ပြောတယ်။ အဲဒီလမ်း ရပ်ကွက် ထဲမှာ လုံးချင်းအိမ်ကလေးတွေလည်းရှိမယ်။ ကန်ထရိုက်လဲရှိမယ်။ မြေကြီးဘဲ ရောင်းနေတာလဲရှိမယ်။ အိမ်နဲ့ရောင်းတာလဲရှိမယ် တိုက်ခန်း ရောင်းနေတာလဲရှိမယ်။ ဝါသနာများပါမလားလို့ ။ clue လေးပေးကြည့်ဦးမယ် ။အဲဒီလမ်းတည့် တည့်ကနေသွားရင်အဲဒီရပ်ကွက်ဘက်အနီးအနားကိုရောက်မယ။်
35 comments:
  1. လိုချင်တယ်..
    တိုက်ခန်း.(သို့)..အိမ်တစ်လုံးလောက်...
    ဈေးချောင်ရင်ပြောပါ..
    ဟင်းး...
    Xထုံလို့မရတော့ဘူး
    ReplyDelete
  2. ဝမ်းသာပါတယ် ပိတ်လိုက်တာ
    အနော့်ကု ဝယ်ပေးမယ်ဆို လိုချင်တယ် မမ
    ReplyDelete
  3. စီလိန် မြင့်သားပဲ။ အသက်ရှုချောင်လိမ့်မယ်။ ပိုက်ပိုက်ရှိရင် ဝယ်သာထားလိုက်
    ReplyDelete
  4. ဟားဟားဒီလောက်ကတော့အပျော့ပဲ
    ရှေ့ဆက်သွားရင် ယုဇနပလာဇာပေါ့ဗျ ငှဲငှဲငှဲ
    :P
    ReplyDelete
  5. အငဲအိမ်လေးနားထောင်နေရင်နဲ့ မခင်ဦးမေဆီရောက်လာတာ။ဒီပိုစ်လေးဖတ်ရတော့ အိမ်ပြန်နေချင်မိသွားတယ်။အခန်းသေးသေးလေးတွေကို ငွေတွေအများကြီးပေးပြီး ဝယ်နေကြရတဲ့ ဘဝတွေဗျာ။အခွင့်ရှိရင်တော့ ခြံအကျယ်ကြီးနဲ့ နေချင်မိသေးတယ်။:)
    ReplyDelete
  6. မမ
    ကန်ထရိုက်တွေဆီက ဘယ်လောက်ပွဲခများ ရသလဲဗျို့..:)
    ReplyDelete
  7. သံလွင်ဟီးရိုးပြောတာ ဟုတ်တယ် ထင်တာပဲ...
    ReplyDelete
  8. မြို့ ထဲ က တိုက်ခန်းတွေ မဟုတ်တာတော့ သေချာပါတယ်... မြေညီထပ် သိန်း ၂၀၀ လို့ ရေးထားတာ တွေ့တယ်... ရေမှန် မီးမှန် လို့ကတော့ ဘယ်လောက် ပေးရ ပေးရ ပါ...
    ( တကယ်ပြောရင် လက်ထဲ တပြားမှမရှိလို့
    မ၀ယ်နိုင်တာတော့ အမှန်အကန်ဘဲ ဗျို့  ...ဟီး..ဟီး ).သွားလည်းသွားနိုင်တဲ့ တို့ အမ ...
    mie nge
    ReplyDelete
  9. ၀ယ်ခြင်တယ်ပိုက်ပိုက်ရှိရင်
    ReplyDelete
  10. မမဖြူတုတ်ဆီလည်:လာလည်ပါအုန်းလို့။ တငဲငဲဖိတ်ရတာ နဲနဲတောင်အားနာလာပြီ။ ဟီးဟီး
    ReplyDelete
  11. အခုကြည့်ရတာတော့လန်းတယ်..
    တနှစ်လောက်ရှိတော့မသိဘူး...
    ReplyDelete
  12. ဟောဒီက တိုက်ခန်းဆိုပါလား....
    ReplyDelete
  13. ရန်ကုန်မှာ တိုက်ခန်းဆိုရင် မြေညီမှာ မနေချင်ဘူး။ အပေါ်ထပ်တွေက ညစ်ညစ်ပတ်ပတ်တွေ လုပ်ချသမျှ အကုန်ခံရလို့။ အပေါ်ဆုံးထပ်ပဲနေချင်တယ်။ ဓါတ်လှေကားလေးနဲ့ဆို အဆင်ပြေမယ်။
    ReplyDelete
  14. ဝယ်ချင်တာပ... ဂျော်ဒီးရယ်...
    ReplyDelete
  15. မြေညီထပ်မကြိုက်ဘူး.. သုံးလွှာလောက်ဆိုအတော်ပဲ..
    ReplyDelete
  16. မမရေ.
    မီးလည်း တိုက်ခန်းပြန်ရောင်းမယ်နော်. ဟီး
    ကျောက်မြောင်း ၊ဓမ္မ၀ိဟာရလမ်းမှာ၇ လွှာကို သိန်း ၁၀၀ နဲ့။
    ဟဟား လူစည်လို့ လာကြော်ငြာသွားတာ. ရောင်းရရင်
    မမကို ပွဲခပေးမယ်. :P
    ReplyDelete
  17. အောက်ထပ်ဆိုလည်းသူများ ညစ်ပတ်သမျှခံရမယ်
    အပေါ်ဆုံးဆိုလည်းမီးမလာရေမလာရင် သေပြီ
    ဟိဟိ ဒါကြောင့် ဝယ်ပြီးဌားစားတာပဲကောင်းတယ်
    ကိုယ်တော့မနေချင်ဘူးစ်...
    ReplyDelete
  18. http://1.bp.blogspot.com/_BKNhb02MiCg/SsDiPL3yx3I/AAAAAAAADp0/Puv-GKrMdJY/s1600-h/Image005%283%29.jpg
    ကြက်လျှာဇွန်းမီးပွိုင့်ပဲ၊ တည့်တည့်သွားရင် ယုဇန ပလာဇာရောက်မယ်၊
    ဘယ်ဘက်ခြမ်းက မအူကုန်း၊ တည့်တည့်ဆက်သွားရင်ကျောက်မြောင်းရောက်မယ်၊ ယုဇန ပလာဇာ နောက်ဖက်မှာအိမ်ယာတွေရှိတယ်၊ သိသလောက်တော့ အဲ့ဒီဖက်က
    တိုက်ခန်းဈေးဒီလောက်မပေါဘူးနော်။ တခုခုတော့မှားနေပြီ။
    ReplyDelete
  19. မီခြစ်ဆံဘူးတွေ လာကြည့်သွားတယ်။ လောလောဆယ် မ၀ယ်နိုင်သေးဘူးဗျာ။ ၀ယ်နိုင်တဲ့ တနေ့ ပြောမယ်
    ReplyDelete
  20. ရန်ကုန်မှာ တိုက်ခန်းဆို ကွန်ဒိုလောက်မှ အဆင်ပြေမယ် မီးမလာလည်း မီးစက်လုပ်ပေးတယ်.. ရေလည်းမပူရဘူး.. မဟုတ်ရင် မစားသာဘူးဗျ
    ReplyDelete
  21. hummm
    ၁၂ ပေခွဲ??????
    စီလင်း မြင့်လို့တော်သေးမယ်....
    မြေညီထပ် ၁၂ပေခွဲ နေ့ပဲဖြစ်ဖြစ် ညပဲဖြစ်ဖြစ် မီးပျက်တဲ့ အချိန်တွေဆို သွားပြီ...
    နည်းနည်း မြင့်ရင် အလင်းရောင် ၀င်နိုင်သေးတယ်..
း(
    ReplyDelete
  22. This comment has been removed by the author.
    ReplyDelete
  23. အဲ့ဒါ ဟိုနားမှာလေ :)
    ReplyDelete
  24. ဘုရင့်နောင်ဘက်များလား....
    ReplyDelete
  25. မဆိုးဘူးနော်။ ပိုက်ဆံစုမယ့် အစား တိုက်ခန်းဝယ်ထားတာ ကောင်းတယ်။
    :P
    ReplyDelete
  26. သမိုင်းလမ်းဆုံ၊
    အဲဒီလမ်းအတိုင်းတည့်တည့်သွားရင် Junctin 8,
    အဲဒါပြီးရင် အမပြောတဲ့ အဲဒီရပ်ကွက်။
    ထင်တဲ့အတိုင်းရေးလိုက်တာ။ ။
    ReplyDelete
  27. သိန်း နှစ်ရာဆိုတော့ဆေးမတက်တာလား ဈေးကျတာလား။ ကိုယ်ဆိုရင်တော့မစားမသောက် ပဲစုရင် ၅လ ၆လလောက်နေမှဝယ်နိုင်မယ်ထင်တယ်။
    ReplyDelete
  28. မြေညီကို သိန်းနှစ်ရာဆိုတော့ အတော်ဈေးပေါတယ် ဆိုရမယ်။
    ပိုက်ဆံစုတာထက် တိုက်ခန်းဝယ်တာ ပိုကောင်းပါတယ်။ သိပ်ပြီး ပိုက်ဆံပေါရင်တော့ မြေကွက်သာ ၀ယ်ထားလိုက်ပါ။
    ReplyDelete
  29. ဪ...
    ကြော်ငြာတွေများတယ်နော်...
    လူတစ်ကိုစိတ်ကူးတမျိုးနဲ့ လောကကြီးကဆန်းကျယ်လှတယ် ( ဘိုဘိုဟန်ဆိုထားတာထင်တယ် )
    ကြည့်ရတာတော့နေချင်စဖွယ် တစက်မှမရှိဘာ ။
    ဂျီးကတော့ အများသား...
    တော်ပြီ...ရွာမှာတဲပုတ်နဲ့ပဲနေတော့မယ် !
    :D
    ReplyDelete
  30. နိုင်ငံခြားရေး ၀န်ကြီးဦးဉာဏ်ဝင်း ဖိနပ်ဖြင့် ပစ်ပေါက် ခံရ
    မန်မာကိုယ်စားလှယ်အဖွဲ့ တည်းခိုသည့် နယူးယောက်မြို့ ၃၉ လမ်းရှိ East Gate ဟိုတယ်ရှေ့တွင် မြန်မာ့ အရေး လှုပ်ရှားသူများက ဆန္ဒပြခဲ့ကြရာ စိတ်မထိန်းနိုင်သည့် ဆန္ဒပြသူ တချို့က နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း စီးနင်းလိုက်ပါသွားသည့် ကားကို ဖိနပ်၊ ကော်ဖီခွက်များဖြင့် ပစ်ပေါက်ကြသည်။
    ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် မိန့်ခွန်းပြောကြားမည့် ယမန်နေ့ နံနက်က မြန်မာ့ အရေးလှုပ်ရှားသည့် ဆန္ဒပြသူ ၃၀ခန့်က ယင်းဟိုတယ်ရှေ့တွင် စောင့်ဆိုင်း ဆန္ဒပြ ကြရာ မြန်မာ ကိုယ်စားလှယ် အဖွဲ့က လူတချို့ထွက်လာပြီးနောက် ဓာတ်ပုံ၊ ဗွီဒီယိုများ ရိုက်ယူခဲ့ကြကြောင်း ဗွီအိုအေ တီဗွီ သတင်း http://www.youtube.com/watch?v=SijFNXBu_v8&feature=player_embedded တွင် ဖော်ပြ ထားသည်။
    မကြာမီ အချိန်အတွင်းမှာပင် နယူးယောက်မြို့ရဲတချို့ရောက်လာပြီး ဟိုတယ်ရှေ့ဆန္ဒပြသူများကို လမ်းတဘက် တွင် သွားရောက်ဆန္ဒပြရန် ပြောဆိုကြောင်း၊ ယင်းအချိန်တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းအဖွဲ့ ထွက်လာပြီး ကားပေါ်တက်ရာတွင် ဆန္ဒပြသူများက ကားနားအထိသွားရောက် အော်ဟစ်ဆန္ဒပြသဖြင့် ရုန်းရင်း ဆန်ခတ် ဖြစ်သွားကြောင်း၊ ယင်းကားကို ဆန္ဒပြသူများက ဖိနပ်၊ ကော်ဖီခွက်များဖြင့် ပစ်ပေါက်ခဲ့ကြကြောင်း သတင်းတွင် ပါရှိသည်။
    “ဗိုလ်ချုပ်သိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဉာဏ်ဝင်းတို့က ကုလသမဂ္ဂ အစည်းအဝေးကို လာတယ်၊ သူတို့က မြန်မာကိုယ်စားလှယ်တွေ မဟုတ်ဘူး။ သူတို့ဟာ တရားဝင် ကိုယ်စားလှယ်အဖြစ် ကျနော်တို့ မသတ်မှတ်ဘူး၊ ဒီဆန္ဒပြပွဲမှာ ကျနော်တို့ ရဲဘော်တွေက နိုင်ငံခြားရေးဝန်ကြီး ဉာဏ်ဝင်းကို ဖိနပ်နဲ့ ပစ်လိုက်နိုင်ပါတယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ကိုမိုးသီးဇွန်၏ ပြောကြားချက်ကို လည်း အဆိုပါ သတင်းက ကိုးကားရေးသားထားသည်။
    ဖိနပ်ဖြင့် ပစ်ပေါက်ကြသူ တဦးကို ရဲက ဖမ်းဆီးလိုက်သော်လည်း ခဏအကြာတွင် ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းက ဆိုသည်။
    ReplyDelete
  31. တစ်ခန်းလောက်တော့ လိုချင်မိပါရဲ့။
    ဈေးကြီးတယ်။ ဟူးးးးးး
    ReplyDelete
  32. ဖိနပ်စာ မိသူများကို အစိုးရအဖွဲ့ တွင်းမထားတော့ ဟုသတင်းထွက်ပေါ်
    ဖိနပ်စာမိ၍ နာမ်နှိမ်သွားသည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း တို့ အား အစိုးရ အဖွဲ့ တွင်းမှ ထုတ် ပစ် မည် ဟု နေပြည်တော် အစိုးရ ၀န်ကြီးများ သတင်းရပ်
    ကွက် တွင် သတင်းထွက် ပေါ်နေသည်။
    ယမန်နေ့ က နယူးယောက်ရှိ ကုလ အထွေထွေ ညီလာခံ သို့ တက်ရောက်ရန် တည်းခိုရာ ဟိုတယ်
    မှ အထွက် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားသူများ၏ ဆန့် ကျင်ကန့် ကွက် ခြင်းအပြင် ဖိနပ်ဖြစ်ပစ်ပေါက်
    ၍ ရှုံချခံရသည့် နအဖ စစ်အစိုးရ အဖွဲ့ မှ ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီးကို နေပြည်တော် သို့ 
    ပြန်ရောက်ပါ က ရာထူးမှ ဖယ်ရှားပစ် မည် ဟု သတင်းရရှိသည်။
    စနေနံ ဖိနပ် ထိခြင်းသည် မြန်မာ မှု ဓလေ့ ထုံးစံအရ ကံ နှင့် နာမ် အလွန်ပင် နိမ့်ကျကြောင်း နေပြည်
    တော် မှ ညွှန်ကြားရေးမှုး တစ်ဦးက Freedom News Group သို့ ပြောသည်။
    ယခုကဲ့သို့ အင်္ဂ၀ိဇ္ဇာနည်းအရ နာမ်နှိမ် သွားသည့် သူများကို အစိုးရ အဖွဲ့ အတွင်းထားပါ က အစိုးရ
    အဖွဲ့ အတွင်းအကွဲ အပြဲများဖြစ်ပြီး ပြုတ်ကျနိုင်သည် ဟု အင်္ဂ၀ဇ္ဇာ နှင့် ဗေဒင် တတ်ကြွမ်းသူများ ၏
    သုံးသပ် ချက်များ လည်း ယနေ့ နေပြည်တော် တွင် ပေါ်ထွက် နေသည်။
    အတည်မပြုနိုင်သေးသည့် စုံစမ်းရရှိသော သတင်းတစ်ရပ် အရ ၀န်ကြီးချုပ် ဦးသိန်းစိန် နှင့် နိုင်ငံခြား
    ရေးဝန်ကြီး ဦးဥာဏ်ဝင်းတို့ အား အပြန်တွင် နေပြည်တော် သို့ တိုက်ရိုက်ဝင်ခွင့် မပြုပဲ ရန်ကုန် တွင်
    တစ်ထောက်နားပြီး ဟူးရာ ဗေဒင် ဆရာများ ဖြင့် ကံပွင့် အောင် စီမံ ဆောင် ရွက်ပြီးမှ နေပြည်တော်
    သို့ ဝင်ရောက် ခွင့် ပြုမည် ဟု သတင်းရရှိသည်။
    ကမ္ဘာ့ သမိုင်းတွင် လည်း ဆူဟာတို ၊ ကျန်ဇီမင်း ၊ပီနိုရှေး စသည့် အာဏာရှင်များမှာ ဖိနပ်ဖြင့် ပစ်
    ပေါက်ခံရပြီးနောက် အာဏာလက်လွှတ်ခဲ့ရသည်။
    အမေရိကန် သမ္မတ ဟောင်း ဂျော့ရှ်ဘုရှ်သည် ဒုတိယ သမ္မတ သက်တမ်း ကုန်ဆုံးရန် လပိုင်း အလို
    တွင် အီရတ် နိုင်ငံ၌ ဖိနပ် ဖြင့် အပေါက်ခံခဲ့ရသည်။ ၎င်း အားဖိနပ် ထိမှန်ပြီး ရက်ပိုင်း အတွင်းမှာပင်
    အမေရိကန် စီးပွားရေးပျက်ကပ် စသည်။
    ReplyDelete
  33. အားငယ်ပါတယ်လေ..
    ReplyDelete