Monday, September 14, 2009
yangon- at a glance
ရန်ကုန်မြို့ကြီးကို အန်မတန်ချစ်ပါတယ်။ မြန်မာပြည်ကို အန်မတန်ချစ်ပါတယ်ဆိုပြီး ပြန်လည်တဲ့ကိုယ့်မှာ တော်တော်နဲ့အထိုင်မကျဘူး။ စိမ်းနေတယ်။ နေနေကျ နေရာ တစ်ခုမဟုတ်သလိုဘဲခံစားရတယ်။ adaptation မရနိုင်ဘူးဖြစ်တယ။် နေ့လည် နေသိတ်ပူတယ်.။ ကိုယ်ပြန်တုံးက အရမ်းပူတယ်။။ အိမ်ကနေထွက်လို့ ခဏနေရင် မိတ်ကပ် မရှိတော့ဘူး.။ သနပ်ခါးလိမ်းထားရင် မရှိတော့ဘူး။ ချွေးပေါက်ပေါက်ကျတယ်။ ချွေးဆိုတာ ရေစက်လိုမျိုးကို ဖြစ်တယ။် မနည်းသုတ်ယူရတယ။် တစ်ရုးဆိုတာ မရေတွက်နိုင် ဘူး.ထုတ်ရတယ။် နောက်ဆုံးမျက်နာသုတ်ပုဝါလိုမျိုး အသေးစားကလေးတစ်ခု နဲ့သုတ်ယူမှ ဘဲအဆင်ပြေတော့တယ။် နိုင်ငံ့ခြားမှာတော့ အပြင်ထွက်ရင်လဲ နေရာ တစ်ကာမှာ လေအေးစက်က ခံနေ တော့ ဒီလောက် ခံစားရတယ် မထင်ဘူး။ ရန်ကုန် သွားတုံးက ကိုယ့် အသားက ဖြူဖြူစင်စင် မဟုတ်တာတောင် အသားလတ်တယ်။ စလုံး ပြန်လဲလာရော… မဲသွားလိုက်တာ။ ကိုယ့်လိုဘဲ နေ့စဉ် အပြင် ထွက်တဲ့သူတွေ ရန်ကုန် မှာ ရှိ ပါတယ်။ ကိုယ့်လောက် မဆိုးဘူး။ ကိုယ်က သူတို့ထက်ပိုပြီးမခံစားနိုင်ဘူးဖြစ်တယ။် ဒါကရာသီဥတု.
အစားအသောက်… ဒါကလည်း အိမ်မှာလည်းစား အပြင်မှာလည်း စားနေရာတစ်ကာမှာ စားပါတယ။် အခု အတော်လေး ဆင်ခြင်တယ။် လမ်းဘေးစာ ကို အရမ်းမစားတော့ဘူး.။ နဲနဲမသန့်ရင် မစားတော့ဘူး.။ လမ်းဘေး သိတ်ရောက်ရင် မစားတော့ဘူး။ ဒါတောင် ခဏခဏ ၀မ်းလျောတယ်။ e ပန်းသွားပြီဆိုရင် ၀မ်းပိတ်ဆေး တစ်လုံး သို့မဟုတ် နစ်လုံး ကိုသောက်လိုက် ပိတ်သွားရော. ။ နောက် ရက်ပိုင်းနေရင် နောက်တစ်မျိုးစားပြီး တစ်ခါ ပြန် ပန်းပြန်ရော။ တစ်ခါ သောက် ရပြန် ရော........တစ်ခါ ပိတ်သွားပြန်ရော.. အဲသလိုနဲ့ လေးခါဖြစ်ပါတယ။် အဲဒိတော့ကာ ဆေးထုတ်ကို အိတ်ဆောင် ဆောင်ရ တဲ့အဖြစ်ဖြစ်ရောက် ရော..
ပိုက်ဆံပေးတဲ့ အခါမှာလဲ ဘယ်လောက်ကျသင့်ပါသလဲ မေးမိရင် ရော......ဒါပေမဲ့လဲ တော်တော်နဲ့ ကြားနေကျတွေမဟုတ်ဘူး။ ၂၅၀ ကျပ်တို့ နစ်ထောင့်နစ်ရာတို့။ တစ်သောင်း လေးထောင်လေးရာတို့ နစ်သောင်းရှစ်ထောင်တို့ ကို နားရေမ၀ မိသေးဘူး။ နားမကြားတဲ့သူတစ်ယောက်လိုဘဲ နစ်ခါ ပြန်မေးရပြီး ယောင် လည် ယောင် လည်ဖြစ် နေမိ သေးတယ်။ အကြွေငါးဆယ်မရှိရင် သကြားလုံးပြန်ပေးတာ ကိုတော့နားမလည်မိဘူး။ အဲဒါမျိုးဆို ကိုယ်သိတ်စိတ်ဆိုးတယ်။ ကိုယ်လဲသကြားလုံးဆောင်ထားပြီး ပြန်ပေးရင် ကောင်းမလားလို့တောင်စဥ်းစားမိသေးတယ်။တစ်ရာမရှိလို့ဆိုပြီး တစ်ရှုးတစ် ထုတ်ပြန်အမ်း တဲ့ဆိုင်ကို လည်းအတော်စိတ်ဆိုးတယ်။
အနေအထိုင်……..သွားလာရာမှာ လမ်းတွေ ကတော့ အတန်အသင့်ကောင်းပါတယ။် အိမ်သာ အဆင်မပြေဘူး. ။ အိမ်သာ ရှာလို့မတွေ့ဘူး. ။ . အိမ်သာ ကို ဦးစားပေး ပြောတယ် မထင်ပါနဲ့ ။ e ပန်းနေလို့ ခဏခဏ အိမ်သာလိုက်ရှာ ရတာ မှာ စိတ်ကူးထဲရောက်လာတာကို ပြောတာပါ။ ကိုယ်လဲ လူရည်မလည်တာ ဖြစ်မယ် ။ များသော အားဖြင့်ကတော့ ကိုယ် က မိုးလင်းရင် အိမ်ကနေထွက်ပြီးရင် တစ် နေရာ ပြီးတစ်နေရာသွား. ပြီးသကာလ ရောက်တဲ့အမျိုး. သို့မဟုတ် အသိအိမ်မှာ toilet ၀င် ပါတယ။် တစ်ရက်ကတော့ မြို့ထဲမှာ ဆူးလေနားမှာဘဲ လည်နေဖြစ်တယ။် ဆူးလေ မှာ ဟိုကြည့်ဒီကြည့်. ရုပ်ရှင်ကြည့်မိလို့ စိတ်ကူးတော့ စလုံးမှာ မကြာခင်က မှ မြင်ခဲ့တဲ့ကား ကိုယ်မကြည့်ချင် လို့မကြည့်ဖြစ်တဲ့ကားဆိုတော့ကာ မကြည့်ဖြစ်ောတ့ဘူး. မြန်မာ ကားက လည်း ကိုယ်သိတ်မကြည့်ဖြစ်ဘူး. စိတ်မရှိပါနဲ့။ ကုလားကားကလည်း မထူး ပါဘူးလေ ဆိုပြီးကြည့်ချင်စိတ်မရှိ. ရုပ်ရှင်ရုံတွေ နားမှာ လည်နေတယ။်
ဘားလမ်းမှာ သီချင်းခွေ သွားရှာမိသေးတယ်။ ကိုယ်တို့ ဟိုစဉ်တုံးကတော့ ဘားလမ်းဆိုတာ တေးသံသွင်းလမ်းဘဲ။ အခွေဆိုင်တွေ မှအများကြီး ။ အခု ကိုယ် လမ်းတစ်ဝက် ကုန်ဆုံးတဲ့ အထိ လမ်းလျောက်တာ အခွေ ဆိုင်မ တွေ့ဘူး.။ လျပ်စစစ်ပစ္စည်း ဆိုင်တွေ ချည်းဘဲ။ ကြာတော့ ညစ်သွားတယ။် ဆက်မရှာဖြစ်တော့ဘူး။
အဲဒီနေ့က toilet ၀င်ချင်သလိုဖြစ်တာ နဲ့ ဗိုလိချုပ်လမ်း ရုပ်ရှင်ရုံတွေ ဒေါင့်နားက လဘက်ရည်ဆိုင်ကို ၀င်တယ။် မုန့်မှာပြီး toilet ၀င်ခွင့်တောင်းတာ မရဘူးတဲ့ ကိုယ်စိတ်ညစ်သွားတယ်။ မသွားမနေရ အခြေအနေမျိုးမဟုတ်လို့တော်ပါသေးရဲ့။ ကိုယ်တို့စလုံးမှာ စားသောက်ဆိုင်တိုင်းလိုလိုမှာ အိမ်သာ ၀င်လို့ရတယ်။ food court တိုင်းမှာ အိမ်သာရှိတယ။် လဘက်ရည်ဆိုင်မှာ အိမ်သာဝင်လို့ရတယ။် အခု ဒီမှာ ကိုယ် ရှာမရဘူးဖြစ်တယ။် နောက်ပိုင်းတော့လူရည်လည်သွားတယ။် အင်နာနက်ဆိုင်က အိမ်သာဖြစ်သွားတယ။် အင်တာနက်သုံးရင်းနဲ့ဝင်လိုက်တယ်။ ဆိုင်တွေ က သိတ် များတယ်လေ။ လေးရာလောက် တော့ရင်းရတယ။် တစ်နာရီ သုံးရာ ကစလို့ လေးငါးခြောက် ရာတန်အထိရှိတာကိုး။
ရန်ကုန် မနေတာကြာတော့အသားမကျသလိုဖြစ်. လူတွေ နဲလည်းမိတ်ဆွေ ရုတ် တစ်ရက်ဖြစ်လို့မရ. သူတို့ ခင်မင်ရင်းနီစွာ အချင်းချင်း ပြောနေပေမဲ့ ကိုယ်နဲ့ မဆိုင်သလိုဘဲ။ ဒီလိုခံစားချက်မျိုး စလုံးရောက်ခါစ. လည်းဖြစ်ဘူးတယ်။ လူတွေ ကြား ထဲရောက် နေပြီး အထီးကျန်နေတယ်ဆိုတာမျိုး. အခုလည်းအဲသလိုဘဲ။ အဲဒါနဲဘဲ အမျိုး အိမ်သွားထိုင်နေလိုက်မှ အတော်လေးစိတ်ပြန်ချမ်းသာသွားတယ။်
အမျိုးတွေ နဲ့လည်း သူငယ်ချင်းများနဲ့လည်း သိတ်မတွေ့ဖြစ်ပါဘူး. ။ လွန်ခဲ့တဲ့ လေးငါးလ လောက်ကဘဲ one round ပတ်ပြီးပါပြီ။ နောက်တစ်ပါတ် မပတ်လိုတောကဘူး. ။ ဟင် .. ဘယ်တုံးကရောက်သလဲ ။ ဘာလာလုပ်တာလဲ ။ ဘယ်နေ့ပြန်မှာလ။ဲ လာလည်ဦးနော်။ ၀လာလိုက်တာ မှတ်တောင်မမှတ်မိဘူး.။ ဆိုတဲ စကားတွေ ကိုလည်း ပြန်ပြောခိုင်းရမှာ အားနာသလိုလို.။ တစ်နေရာသွားရင်လည်း တစ်နေ့တာ ကိုသုံးပိုင်းပိုင်းရင်တစ်ပိုင်း ကို တစ်နေရာ ရောက်ဘို့တောင် မနည်းသွားရတယ်။ မနက်ပိုင်းရုံးချိန် ၉ နာရီ. နဲ့ညနေ ၅ နာရီ ခြောက်နာရီလောက် များလမ်းထွက်မိရင် အနေမကျသေးတော့ရုးးသွားနိုင်တယ်။ များလိုက်တဲ့ကားတွေ ဆီတစ်ဂါလံ ၂၅၀၀ ဆိုတာ မှ မှတ်မိကြရဲ့လားမသိ။ . လမ်းပေါ်မှာ ကားတွေချည်းဘဲ။ တစ်ရက် ညနေ၅ နာရီမှာ အနော်ရထာလမ်း ထဲ ရောက်သွားတာ ဘုရားတ သွားရတယ။် မင်္ဂလာဈေးဘက်. ကျောက်မြောင်းဘက်. ဦးဝိစာရ. များလိုက်တဲ့ကားတွေ မူးတောင်လာသလိုဘဲ။ ။ သွားနေကျ မြင်နေကျတွေ လူတွေ ကို မေးကြည့်တော့ တော့အေးအေးဆေးဆေးဘဲ ဘယ်လိုမှ မခံစားရဘူးလို့ဆိုတယ်။ ညဘက် ဆယ်နာရီလောက် ဆိုရင်တော့ကားရှင်းတယ။်။ တနင်္ဂနွေ တစ်ရက်လောက်ဘဲံ ကားနဲနဲရှင်းတယ။် ဒါတောင် ညနေဆိုရင် ရှုပ်ချင်သေးတယ။်
50 comments:
  1. ခုမှပဲ ၁ ရဖူးတော့ တယ် အဟေးးအဟေးးးးးး ကျော်တယ်ကွ ဟဟဟ
    ReplyDelete
  2. ဘယ်လူမှ မလာသေးဘူးလားလို့ နာတကောင်တည်းလား ခိခိ
    ReplyDelete
  3. ပဲနံပြားစားချင်တယ် မမကွန် ဟင့် ရွှတ် ပြန်တော့မယ် သိလား အီးးးဟီးးးးးး မစားရဝ ခမန်း ပုံတွေ တင်ထားတယ် ဂျ ပြန်မယ် လာထော်နဲ့ ဒါပဲ ဘိုင်တာ့တာ
    ReplyDelete
  4. ၁ ရမလားလို့  မန့် မလို့ လာတာ လူ အဲ ... ၀က်ဝံ ဦးသွားပြီ ...
    ကျမလဲ တစ်ပါတ်ထဲ ပြန်တာ သုံးရက်မြောက်နေ့ မှာ ပန်းသွားလို့  စားခြင်သမျှ မစားခဲ့ရဘူး ...
    ReplyDelete
  5. ရန်ကုန်....ရန်ကုန်....ရန်ကုန်...
    ရန်ကုန်သူမဟုတ်လို့ ရန်ကုန်ကို သိပ်မချစ်ပါဘူး..
    ကျောင်းတက်တုန်းကလည်း ရန်ကုန်သူတွေနဲ့ဆို ပေါင်းလို့မရ..
    နယ်ကလူတွေနဲ့ပဲ ပေါင်းခဲ့လို့ ရန်ကုန်သူ သူငယ်ချင်း တယောက်တောင်မှ မရှိခဲ့.. :(
    ရန်ကုန်ပြန်ရင် e ပန်းတာကတော့ လူတိုင်းနီးပါးလို့တောင် ပြောလို့ရတယ်..
    ကိုယ်လည်း ခံခဲ့ရတယ်..
    ဒါပေမဲ့လည်း သတိရတဲ့ အထဲမှာ ရန်ကုန်ကလည်း ရှေ့ဆုံးကပါနေပါတယ်
    ReplyDelete
  6. မမကွန် ကုလားပြည် ၁ ၂ ၃ လုပ်မယ် ဆို ဟိဟိ ဘယ်တော့ ရေးမှာလဲဟင် ဟားဟားးးးးးးးးးး
    ခင်လို့ ဂျစ်လို့ စ သွားတယ်နော် စိတ်မဆိုးကြေး ချိတ်ချိုးရင် ထိပ်ထိုးမှာ ဒါဗြဲ ဟွင်းးးးးးးးး
    ReplyDelete
  7. အင်း..အစ်မပြောမှပဲ သတိထားမိတယ်ဗျာ.. ဟုတ်တယ် ရန်ကုန်ပြန်ရင် No.1, No.2 ကိစ္စက အရေးကြီးလာပြီ။ မထွက်ခင်ကတည်းက ကိစ္စအပြီးရှင်းထားမှ..အဟီး။
    yu ya
    ReplyDelete
  8. ရန်ကုန်သားက ရန်ကုန်ကို ချစ်တယ်။ မန်းလေးသားကလဲ မန်းလေးမှ မန်းလေး။ တောင်ကြီးသားဆိုလဲ အဲလိုပဲ။ ကျန်တဲ့ မြို့က လူတွေ သူတို့ မြို့ကို ချစ်ကျလားမသိဘူး။ (အဲဒီ သုံးမြို့ကလွဲရင် ကိုယ့်မြို့ကို သံယောဇဉ် ဖြစ်တာ သိပ်မကြားဘူးလို့။)
    ReplyDelete
  9. တီကွန်နဲ့ တစ်ခုတော့တူနေပြီ...
    ဟိုတစ်ခေါက်ပြန်တုန်းကအဲလိုပဲ
    ရောက်ရောက်ခြင်း ပျော်ပျော်ပါးပါးကြီး
    နေရာမရွေးလျှောက်စားတာ
    ပန်းပါလေရော...
    နောက်တော့ ပန်းလောလို့မထူးပါဘူးဆိုပြီး
    စားတာလည်းမရပ် ပြီးရင် အိတ်ထဲက
    နော်မတင်တစ်ကဒ်ထဲ့ထားပြီး
    အမြဲတမ်းသောက်နေရတယ်။
    နှစ်လလောက်နေခဲ့တော့
    ပထမတစ်လအပြီးမှာတော့ တော်တော်
    အဆင်ပြေသွားပါတယ်...သိပ်မပန်းတော့
    ဘူး... :P
    ReplyDelete
  10. အမ ဖြစ်တာ reverse culture shock ပဲ။ မနေတာ ကြာတော့ ပြောင်းလဲလာတာတွေနဲ့ စိမ်းသွားပြီး၊ နေနေကျနဲ့ ကွာခြားတာနဲ့ပါ ပေါင်းလိုက်တော့ ဂွကျကုန်တာပေါ့။
    ဒါ နိုင်ငံခြားက ပြန်လာသူ အတော်များများမှာ ဖြစ်ပါတယ်။ အမက ပွင့်လင်းလို့ ခုလို ထုတ်ရေးတာ။ ခက်တာက အဲဒါတွေကို ပြည်တွင်းက လူတွေက ကြီးကျယ်တယ်လို့ ထင်ကြတယ်။ တကယ် ဒုက္ခဖြစ်တာကို မသိကြဘူး။
    အိမ်သာ ကိစ္စကလည်း မဟာပြဿနာပဲ။ မြေအောက် အိမ်သာတွေ ရှိသေးလားတော့ သတိမထားမိဘူး။ ရှိတုံးကလည်း အတော် ညစ်ပတ်ပြီး မဟုတ်တာလုပ်တဲ့ နေရာတွေလို့ပဲ ကြားဖူးတာပဲလေ။ မထူးပါဘူး။
    ReplyDelete
  11. ဘယ်လို ကောင်းအောင် လုပ်ကြရင် ကောင်းမလဲ နော် အမ။ဘာမှ မတတ်နိုင်ကြတော့ဘူးလား။nu thwe သွေး ဆိုတဲ့ တစ်ယောက်ပြောသွားသလို စိမ်းလို့ ဖြစ်တယ်ပဲ တွေးရ ကောင်းမလား။ဘယ်လို မှ မထင်နဲနော် စာရေးတာလေး သဘောကျလို့ ဝင်မန့်တာပါ။
    ReplyDelete
  12. ပြန်ချင်တယ် မမ ရယ်း)
    ReplyDelete
  13. mixed မခင်ဦးမေ သူများတွေကို
    မြန်မာ Three ယောက်က အင်္ဂလိပ်လို နဲ့မြန်မာလို ရောပြောတဲ့အခါ ဘိုလို မြန်မာလို mixed တော့ liver ယားတယ်ဆို ကိုယ်ကျတော့ မျက်ချေး မမြင် Title က ဘိုလို စာကိုယ်က Myanmar လို မြန်မာတွေဘဲ Read တာဘဲဗျာ Myanmar လို ခေါင်းစဉ်တပ်ပေါ့ MaMa Mixed KhinဦးMay ခင်ဗျာ
    Myanmar နဲ့ အင်္ဂလိပ်လို Mixed write သွားပါသည်။
    မစ္စတာ Mixed
    ReplyDelete
  14. ပြန်ချင်ပါတယ်
    အိမ်လေးကိုပေါ့
    ReplyDelete
  15. နံပြား
    သြဇာသီး
    လွမ်းတယ်
    ReplyDelete
  16. ရှောက်သီးဆေးပြားဆောင်ထားရမယ်
    ကိုယ့်ကိုယ်ပြန်မအမ်းခင် ကိုယ်အရင်အမ်းလိုက်မယ်
    “အကြွေမရှိလို့ပါ ရော့ ဟောဒီမှာရှောက်သီးဆေးပြား ကျန်းမာရေးအတွက်အကောင်းဆုံးမြန်မာ့
    အစားအစာ အစာလည်းဆေး ဆေးလည်းအစာ.....
    နှိပ်ဟ
    ReplyDelete
  17. ရန်ကုန်ပြန်ရင်လည်း သိပ်မပျော်တော့ဘူး။ နိုင်ငံခြားလည်း မပျော်ဘူး ဆိုရင် ဘယ်နား သွားနေရမလဲ မသိဘူးနော်။ :P
    ReplyDelete
  18. ကိုယ်တို့စလုံးမှာ???
    ReplyDelete
  19. မမရေ ဘာတွေ စားမိလို့လဲ။ အပူစာ စားရင် မဖြစ်ဘူး ပြောကြတာပဲ။ နောက်တခါ ရန်ကုန်မှာ ၃ရက်လောက်နေပြီး မေမြို့သွားလည်ရအောင် (ပေါက်အိမ်မှာ ထမင်းသွားစားမယ်) :)
    ReplyDelete
  20. အမရေ အိမ်သာ က ရန်ကုန်ရဲ့ အဓိကပြသနာဘဲ..
    Tourists တွေရဲ့ အဓိက Complaints လေ...
    ReplyDelete
  21. မြန်မာပြည်ပြန်ရင် ကျမလဲ အစားသောက် သတိထားပါ တယ်။ ပထမ ၃၈လမ်းက မုန့် ကျွဲသဲ စားမိလို့ ၁၀ရက် မြောက်မှာ လျောတာနဲ့ အငွေ့ ထောင်းထောင်းထတဲ့ အစာ ဘဲ ရွေးစားတာပါ။ လေဟာပြင်က မုန့် ဟင်းစား စားပြီး လျောပါလိမ့်ရော။ နောက်ဆိုစားချင်ရင် ကိုယ့်ရှေ့ မှာ ချက်တဲ့ အစာဘဲ ရွေးစားရတယ်။ မုန့် တွေ ဆိုလဲ ၀ယ်လာ အိမ်မှာမီးနဲ့ ကင်၊ ချက်၊နွေးပြီးမှ စားရတော့တယ်။
    ReplyDelete
  22. ရန်ကုန်ကိုချစ်တယ်.....
    ReplyDelete
  23. """"Anonymous said...
    mixed မခင်ဦးမေ သူများတွေကို
    မြန်မာ Three ယောက်က အင်္ဂလိပ်လို နဲ့မြန်မာလို ရောပြောတဲ့အခါ ဘိုလို မြန်မာလို mixed တော့ liver ယားတယ်ဆို ကိုယ်ကျတော့ မျက်ချေး မမြင် Title က ဘိုလို စာကိုယ်က Myanmar လို မြန်မာတွေဘဲ Read တာဘဲဗျာ Myanmar လို ခေါင်းစဉ်တပ်ပေါ့ MaMa Mixed KhinဦးMay ခင်ဗျာ
    Myanmar နဲ့ အင်္ဂလိပ်လို Mixed write သွားပါသည်။
    မစ္စတာ Mixed"""
    ဒီတယောက်မဆိုးဘူး။ မမကွန်စဉ်းစားစရာလေးတွေ ထောက်ပြတတ်တယ်။ ဒါပေမဲ့ Anonymous အစား နာမည်တခု ခုနဲ့တတ်ရေးရင် ပိုပီပြင်မလားပဲ
    ReplyDelete
  24. မမကွန်ရေးတဲ့ရန်ကုန် အကြောင်းတွေ ဖတ်ကြည့်ရတာ ရန်ကုန်ကိုပြန်လယ်ချင်စိတ်တောင် ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားတယ်။ စာရေးတာတော်တယ်ပြောရမယ်။
    ReplyDelete
  25. မောင်အေးက ပဲပြုပ်နံပြားမဟုတ်လား..။
    ပဲပြုပ်က ညဘက်မှရတာ...
    ဆိုင်အပြင်မှာမိန်းမကြီးတစ်ယောက်သပ်သပ်
    ရောင်းတာလေ.. ပဲသေးသေးလေးတွေစားလို့ကောင်း
    တယ်..။ မလိုင်နံပြားတော့မကြိုက်ဘူး.ချိုလို့..။
    တွေ့ဖူးမြင်ဖူးဖြစ်ချင်ဖြစ်နေမှာ.. တပတ်တခါလောက်သွားစားတယ်..။
    ReplyDelete
  26. ဟုတ်တော့ဟုတ်တယ်.. ရန်ကုန်ပြန်တုန်းက ပထမ ၁ ရက် ၂ ရက်လောက် အစားအသောက်စားပြီးမျိုချလိုက်ရင် ရင်ထဲပူပူသွားတယ်..။
    ReplyDelete
  27. သဘောချင်းနှောလိုက်လေ KOM ရေ...
    ဆူးလေမှာ.. ဆိုရင်တော့..
    ကျနော်တော့ ..Trader တို့  sakura တို .
    ခပ်တည်တည် ၀င်တက်လိုက် တာ ပဲ...
    နိုင်ချံ ဂါး က ပြန်ရောက်စ ဆိုရင်...
    အသွေး အမွေးနဲ့  ရူပါကလဲ မခေသေးဘူးလေ..
    နောက်မှသာ ဗမာပြည်က ပုံတွေလို..
    ကိုယ်ပါ ညစ်စုတ်စုတ် ဖြစ်သွားတာ..
    ReplyDelete
  28. အားကျတယ်...
    ကျနော်တို့ပြန်ရင် "မောင်သောင်းဖေ" ထက် ဆိုးမယ်ထင်တယ်...
းဝ)
    ReplyDelete
  29. အမက ရန်ကုန်သွားပြီး ပန်းတနော်ရောက်ခဲ့တာကိုး။
    သတိထားစရာတွေပေါ့။
    ကြာကြာနေရင်တော့ နေသားတော့ပြန်ကျသွားတတ်ပါတယ်။
    ဒါနဲ့စကားမစပ်
    အခုလဲ အမ ၀မ်းပိတ်ဆေးဆောင်ထားရတုန်းဘဲလား။
    ပျော်ရွှင်ပါစေ အမ။
    ReplyDelete
  30. ခက်တာက အဲဒါတွေကို ပြည်တွင်းက လူတွေက ကြီးကျယ်တယ်လို့ ထင်ကြတယ်။ တကယ် ဒုက္ခဖြစ်တာကို မသိကြဘူး။
    အမ အမနုသွယ်ပြောတာ အမှန်ပါပဲ..။
    အထဲက အမျိုးတွေကိုယ်တိုင်အပါအ၀င် နားလည်မပေးနိုင်ကြဘူးးး
    ReplyDelete
  31. နံပြားလေးက စားချင်စရာ..
    ကျနော်ကတော့ ရောက်ပြီးလို့ ၃ပတ်လောက်နေရင်
    (ပြန်ချင်စိတ်)ဖြစ်တတ်ပါတယ်..
    မြန်မာကိုပြန်ကတည်းက မေမြို့ဘဲတန်းပြန်ဖြစ်တာ
    များပါတယ်..
    မမီယာအကြံမဆိုးဘူး..
    မေမြို့တက်ပါ့လား..
    Xထုံ
    ReplyDelete
  32. မောင်ဝေးSeptember 14, 2009 at 8:28 AM
    ပြောပြရင် ယုံချင်မှယုံကြလိမ့်မယ်။ တို့ ရန်ကုန်မှာနေတုန်းက ကိုယ်နေတဲ့လမ်းသွယ်ထဲက သူငယ်ချင်းတွေနဲ့ ကတ္တရာလမ်းပေါ်ထွက်ပိတ်ပြီး နှစ်သင်းခွဲ ဘော်လုံးကန်လေ့ရှိတယ်။
    ကားတစီးတလေလာမှ ခဏဖယ်ပေးပြီး ဆက်ကန်တာပဲ။ လမ်းမကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်၊ အနော်ရထာ၊ ဗန္ဓုလလမ်းတို့တော့မဟုတ်ဘူးပေါ့လေ။ ခု မခင်ဦးမေ ပြောပုံနဲ့
    အဲလိုထွက်လုပ်ရင် ကားကြိတ်လို့ နံပြားဖြစ်သွားမယ်ထင်တယ်။
    ReplyDelete
  33. မမ ပြောတာဟုတ်တယ်။ ရန်ကုန်ရောက်ရင် ပန်းမမ ဖြစ်သွားတော့တာပဲ။ ဒါပေမယ့် ရန်ကုန်နဲ့ မဆိုင်တော့ဘူးထင်တယ်။ ဒီမှာက ရန်ကုန်မှာလို ချဉ် ငန် စပ် တွေမှာ စားမနေရတာ။ ဒီမှာ တရုတ်ဆိုင်တွေမှာစားပြီး မလေးဆိုင်တို့ မြန်မာဆိုင်တို့ သွားစားရင်လဲ ပန်းတော့တာပဲ။ ပူးတေတော့ ဒီမှာနေတာတောင် ဆေးကဆောင်ထားရတယ်။ ဒီကချဉ်ပေါင်ရွက်ကြော်တို့ မုန့်ဟင်းခါးတို့ စားပြီးတာနဲ့ ဗိုက်ထဲကရစ်ပြီးနာလာတော့တာပဲ။ ဗိုက်ကအကျင့်ဖြစ်သွားလို့ နေလိမ့်မယ်။ အရင်ကဆို ရန်ကုန်မှာ လမ်းဘေးက တိုဟူးသုတ်ကို ၂ ပွဲ ၃ ပွဲ စားတာတောင်မှ အေးဆေးပဲ။ ဆိပ်ကမ်းသာလမ်းKMD ရှေ့က တို့ဟူးသုတ်ရယ်၊ သမ္မတရုံနားက တို့ဟူးသုတ်ရယ်ကို အရမ်းလွမ်းတာပဲ။ ဆေးသောက်ပြီးတော့ကို စားဦးမယ်လို့ စိတ်ကူးထားတယ် :)
    ReplyDelete
  34. "ပန်းကြိုက်တဲ့ ကျွန်တော့် ပန်းမမရယ်"
း))
    နောက်တာနော် ချိတ်ချိုးနဲ့ 
    ReplyDelete
  35. I think U all don't really like your country at all...
    your heart don't really exist & involve at Ygn..
    It's good for U....
    Uncle
    ReplyDelete
  36. အင်း ဘယ်လိုပြောရမလဲပေါ့နော်။
    မြန်မာပြည်မှာ ရန်ကုန်ကလွဲရင် ဘယ်သွားသွား ဧည့်သည်လိုပဲ ခံစားရတယ်။ ရန်ကုန်သူ မဟုတ်ပေမဲ့ ရန်ကုန်ကို (ချစ်တယ် ဆိုတာထက်) ရင်းနှီးကျွမ်းဝင်ခဲ့တယ်လို့ပဲ ပြောရမလား။ လုပ်ချင်တာ အားလုံးလုပ်နိုင်ခဲ့တဲ့ မြို့ဖြစ်လို့ ထင်ပါတယ်။
    ကိုယ်မွေးတဲ့မြို့တောင် ကိုယ့်အနေနဲ့တော့ တစိမ်းလိုပဲ။ ရန်ကုန်ကမှ ငယ်ပေါင်းကြီးဖော်လို ဖြစ်နေတာ ဆန်းပဲ ဆန်းသေးတယ်။ ဒါပေမဲ့ ဒီတခေါက်ပြန်တော့ ရန်ကုန်ကလဲ မနေပျော်ပြန်ဘူး။
    တကယ်ပဲ ကမ္ဘာကြီး အကျယ်ကြီးပေမဲ့ နေစရာ မရှိပါလားလို့ ထင်မိတယ်။
    ReplyDelete
  37. နေမြဲ နေလိုတဲ့ သဘောမို့ ချက်ချင်း အသားမကျတာ ဖြစ်တတ်ပါတယ် မမ။ မမက ရန်ကုန်ကို ချစ်သူပဲ။ တပတ် ဆယ်ရက်လောက်ကြာရင် ပြန်နေလို့ ဖြစ်ပြီး အသားကျသွားမှာပါပဲ။
    မကြိုက်ရင် မကြိုက်တဲ့အတိုင်း၊ ကြိုက်ရင် ကြိုက်တဲ့အတိုင်း ရေးတတ်တဲ့
    မမရဲ့ ရိုးသားမှုကိုတော့ ချစ်တယ်။
    (တယောက်တည်းတော့ လျှောက်သွားမနေပါနဲ့လေ။ ကိုယ့်ကိုချစ်ခင်သူတွေကိုငဲ့ပြီး ကျန်းမာရေးလေးတော့ ဂရုစိုက်စေချင်တယ်။)
    ReplyDelete
  38. ငယ်ငယ်တည်းက မြန်မာပြည်မှာမွေး နိုင်ငံခြားတိုင်းပြည်တွေမှာကြီး (အာရှ ၊ ဥရောပ စုံနေတာပဲ ) မြန်မာပြည်ပြန်ရောက်လိုက် နိုင်ငံခြားနေလိုက်နဲ.ဘယ်နေရာမှာမ အကြာကြီးနေခဲ့ရတယ်မရှိလို့ ဘယ်လိုမှမနေဘူး မေကြီးကတော့အခုရန်ကုန်မှာပြန်နေတာမို့ လို့ အမေရှိတဲ့နေရာ အိမ်လို့ ဆိုရရင်ရန်ကုန်ကအိမ်ပေါ. မေမေစလုံးလာနေပြန်ရင်စလုံးကအိမ်ပေါ့ အဲဒါကို လည်းကြိုက်ပါတယ် အစွဲတွေပြတ်တာပေါ့ ဟိဟိ
    ReplyDelete
  39. အပမ်းဖြေ ကမ်းခြေ သွားရအောင် ဘွား
    ReplyDelete
  40. http://bagothu.blogspot.com/2009/09/blog-post_13.html
    ReplyDelete
  41. သဘောကြတာလေးကတော့....
    ကိုယ်လဲသကြားလုံးဆောင်ထားပြီး ပြန်ပေးရင် ကောင်းမလားလို့တောင်စဥ်းစားမိသေးတယ်
    ဆိုတာလေးကို !
    ReplyDelete
  42. hummm...
    ရန်ကုန်
    ရန်ကုန်
    ရန်ကုန်......
    ReplyDelete
  43. တခု သိချင်လို့..မမကွန် ရေ့ 
    သကြားလုံး တလုံး ကို ဘယ်လောက်နဲ့ ဈေးဖြတ်ပြီး ပြန်အမ်း တာလဲဟင် ..
    ဒါကြောင့် မြန်မာပြည် မှာ ဆီးချိုသမားတွေ တဖြေးဖြေး ပိုများ လာတာ ဖြစ်ရမယ် ...
    ဆီးချိုချ ဆေးကုမ္ပဏီတွေ နဲ့  ပေါင်းရိုက်ထားသလား မသိဘူး နော်..
    ဟိဟိ...
    ReplyDelete
  44. အိမ်ကနေထွက်လို့ ခဏနေရင် မိတ်ကပ် မရှိတော့ဘူး.။ သနပ်ခါးလိမ်းထားရင် မရှိတော့ဘူး။
    အနော်တော့ ဘယ်နိုင်ငံသွားသွား ဖြစ်နေကျပါ၊ .. ၅ မိနစ်လောက်နေရင် မျက်နှာက ပြောင်သလင်းခါသွားရော..
    သြဇာသီးတွေ စားချင်တယ်၊ october ကျ သကြားလုံးတွေ အများကြီး စားရတော့မယ်၊
    ReplyDelete
  45. ပဲပြုတ်နံပြားလေးစားချင်လိုက်တာ... တက္ကစီ အစုတ်လေးတွေလဲ လွမ်းတယ်
    ReplyDelete
  46. ဘယ်လောက်ပဲ နေလို့ကောင်းကောင်း ရန်ကုန်မှာ ကြိတ်မှိတ်နေရတာကို ပြန်လိုချင်တယ်။
    ReplyDelete
  47. ၀က်ဝံလေး.
    နာမည်ပြောင်းသော်ငြား ….တစ်မန့်ချင်တာကတော့မပြောင်းလဲသေးပါ။ ကုလည်းပြည် ၁.၂.၃ ကတော့ .ဘာရေးရမှန်းကို မသိသေးပါ။
    အိအိ.
    နာမည်ကိုတော့ရင်းနီးနေပါပြီ။
    Myo
    ဒီရန်ကုန်သူကိုတော့ချစ်ခင်လိုက်ပါ။
    Yu Ya
    မထွက်ခင် အပြီးရှင်းလဲ လမ်းမှ ပန်းချင်တော့ခက်ပါတယ်။
    Anonymous
    ကျန်တဲ့မြို့သားတွေ ကလည်း ချစ်မှာပါ။
    သံလွင် HeRo
    စိတ်ချင်းလူချင်း အတော်တူနေတယ။်
    Nu Thwe
    ဒါတောင်လျော့ရေးထားတာပါ။ ဒီထက် ရေးရင် ခဲပေါက်ခံရကိန်းရှိပါတယ။် ပြန်လာတဲ့သူကို အမြင်ကပ်စရောတွ ကတော့အများကြီးဘဲပေါ့။
    thurakyaw
    ကောင်းကင်ပြာ
    အခွန်အရင်ဆောင်ပါ။
    Anonymous မစ္စတာ Mixed
    ဒီကိစ္စကတော့ အင်း ……ကိုယ့်အလွန်ပါဘဲ။ ခေါင်းစဉ်ကို အင်္ဂလိပ်လိုရေးတာကတော့တစ်ခါတစ်လေ မြန်မာလိုဆိုရင် တစ်ချို့စက်တွေ မှာ ကောင်ကောင်းမမြင်ရဘဲ. ကွန်၇ှင်မာ့ခ် တိုက လေးဒေါင့်တုံးတို့ပေါ်လာတတ်လို့ပါ။
    ဟိုကိစ္စကတော့ ဘာမှမပြောလိုတော့ပါ။ ဖတ်ရင်းနဲ့ကို မူးနေပါပြီ။
    သားကြီး
    Zt
    ဘယ်နေရာမှ မပျော်တာ ကိုယ်အသက်ကြီးလာလို့ဖြစ်မှာပါ။
    Anonymous
    ကိုယ်တို့စလုံးမှာ လို့သုံးမိတာ တောင်းပန်ပါတယ်။ အနေကြာတဲ့နေရာတစ်ခုကို ကိုယ့်နေရာလို့ထင်မိတာ လူ့ထုံးစံပါ။ အမှန်ကတော့ မှားပါတယ။်
    မီယာ
    အစ်မ က အစုံစားပါတယ။် မှန်တယ် နောက်တစ်ခါ ပေါက် တို့မြို့ကို သွားလည်မယ်။
    minthant2009
    အိမ်သာ က တို့ရစ်တွေ ကွန်ပလိမ့်တက်တယ်ဆိုတာ မှန်ပါလိမ့်မယ်။
    ဆောင်း
    ဝမ်းလျောတာ ကတော့ဖြစ်တတ်ာပါတယ်။ တစ်ဖြည်းဖြည်းတော့ ကျင့်သားရပြီး အဆင်ပြေသွားမှာပါ။
    Steve
    အချစ်ပေါ့အောင်မလုပ်ပါနဲ့လေ။
    Phyo Evergreen
    ပဲပြုတ်နဲ့နံပြားက မောင်အေး ကဆိုတာ မှန်ပါတယ။် မှတ်မိတတ်လိုက်တာ လွန်ပါရော ဟုတ်တယ် ညနေမှ ရပါတယ် မနက်ပိုင်းစားချင်လို့သွားတာ မစားခဲ့ရဘူး. ဘိုကိဆာဆာ မဆာဆာ ကိုယ်တို့မြင်ရင်ဝင်စားလိုက်တာဘဲ။ သဘောကျလို့ ညနေစောင်း အဲဒါစားပြီ ဘိုက်ကြီးတင်းနေလို့ကျန်တာ ဆက်စားရခက်သွားတယ။် အဲဒါစားချင်တာ နဲ့ မလိုင်နံပြားကို တောင် အလှည့်မပေးလိုက်ရဘူး။ အမျိုးတွေ တွေ့နေတာကိုး။
    Nai
    လာဖတ်နေတာ ကိုတော့သတိပြူနေမိတာ ကြာပါပြီ။ လိပ်စာမသိလို့စာမပြန်ရပါ။ စာရေးချင်ရင် khinooamy77@gmail.com ပါ။ profile မှာထည့်ထားပါတယ။် အတင်းအကြပ် မတိုက်တွန်းပါ။ ခင်မင်ပါတယ်။ ဒီကလည်း အချဉ်မဟုတ်ပါ. Sakura ဆာကူယာထဲကို ၀င်ပြီးပါပြီ. ။ ဝန်ထမ်းများအတွက်သာ လို့စာကပ်ထားပါတယ်။ တွန်းတော့မကြည့်ခဲ့မိဘူး. အဲသလိုရေးထားရင်တော့ မဝင်ချင်တော့ဘူး။ သော့ခတ်ထားမယ်လို့ တော့ထင်ပါတယ်။အထင်ပေါ့လေ။
    ကိုလူထွေး
    တို့ အမြဲလာဖတ်တယ်ဆိုတာ ယုံကြည်ပါ။
    kokomaung.uk
    ယခု ဝမ်းပိတ်ဆေးမဆောင်ရတော့ပါ။ ကျေူးဇူးတင်ပါတယ်။
    momiji
    အရင်နာမည်ကလေးကို လွမ်းနေတုံးဘဲ။တစ်ကယ်ပါ။
    ပေါက်
    ပေါက်အတိုင်းဘဲ။
    မောင်ဝေး
    လာလည်မန့်တာကျေဇူးတင်။ စီပုံးကိုတောင် လာမလည်တာကြာနေပြီ။ Nai ကိုပြောတဲ့အတိုင်းပါဘဲ။ု khinooomay77@gmail.com ပါ။ အခု လမ်းသွယ်တွေ မှာလည်းရမယ်ထင်ပါရဲ့ တို့ကလမ်းမကြီးတွေ ကို အဓိက ထားပြောတာပါ။ လမ်းသွယ်တွေ မှာလည်းရတယ်ဆိုပေမဲ့ မလွယ်ပါဘူးလေ။ ကားတွေ ကများတယ်။
    ဧပရယ် ပူးတေ.
    ခေါ်ရတာခက်တယ်. စာလုံ့းပေါင်းရိုက်ရတာ ပိုခက်သေးတယ်။ ပူးတေ ပြောတာ မှန်ပါတယ်။ အစားအသောက်ထက် ကို ဗိုက်တွေ က အကျင့်ဖြစ်သွားပြီး လက်မခံနိုင်တဲ့သဘော ပိုဆန်ပါတယ။် တို့လဲဆေးသောက်ပြီးတော့ကို စားခဲ့တာဘဲ။ စားရဘို့အရေးကြီးတယ်လေ။
    Andrew ရွက်လွှင့်ခြင်း
    ဘာဘဲဖြစ်ဖြစ်.လာဖတ်တာကိုဘဲကျေးဇူး
    Uncle Anonymous
    ကိုယ်တို့အားလုံ့း ချစ်ကြပါတယ်။ ဒါက ခဏတစ်ဖြုတ် ကျင့်သားမရသေးတဲ နစ်ပါတ်ပါ။နောက်ပိုင်းအားလုံးအိုကေပါတယ်။
    Rita
    လဲအသက်ကြီးလာပြီကိုး။
    မိုးချိုသင်း
    အမြဲလာဖတ်ပေးတာကျေးဇူး. (သူစိမ်းစကားတွေ ဆိုပလိုက်ပီ)
    ဗစ်ဗစ်
    ဟိတွေများနေတယ။်
    Phyo maw
    ကမ်းခြေသွားရင် ဖြစ်ပါ့မလား. ပီအမ်က့ history ရှိတယ်။
    စင်စင်
    ပဲခူးသူဘလော့အညွန်း အတွက်ကျေးဇူးပါ။
    NOONE
    လာဖတ်တာ ကျေူးဇူး.တင်ပါတယ်။
    sweetpeony ကိုလည်းကျေးဇူး။
    Mae
    သကြားလုံးတင်မက တစ်ရှုူးထုတ်တွေပါ ရပါလိမ့်မယ်။
    rose of sharon
    :D
    khet myint myint
    နိုင်သလောက်ဘဲဖတ်ပါ။ ရေးသလောက်မဖတ်ပါနဲ့။မူးသွားမှာစိုးလို့ပါ။
    ReplyDelete
  48. အိမ်ပြန်ချင်တယ်...
    ပဲပြုတ်နဲ့နံပြား စားချင်တယ် ...
    အုန်းမောင်းခေါက်သံ ကြားချင်တယ် ...
    စပါယ်ယာတွေ အော်သံလည်းကြားချင်တယ်...
    ReplyDelete
  49. ၀ါးးးးးး နံပြားနဲ့ ပဲပြုပ်၊ သြဇာသီး စားချင်လိုက်တာ။
    ဟုတ်ပါ့မမရေ....
    အကြွေအမ်းတာတွေ မစားချင်လဲစားရတဲ့ သကြားလုံး၊ မလိုချင်ပဲ ယူရတဲ့ သစ်သျှူးတွေရှိသေးတယ်။ ဟူးးးး
    စနစ်သစ် အကြွေအမ်းနည်း ခေါ်မလား။ သိတော့ပါဘူး။
    ReplyDelete