Thursday, October 22, 2009

Hepatitis B

ဆေးပညာဘာသာရပ်ရယ်လို့မဟုတ် ဘာသာရပ်တိုင်းကလေ့လာလိုက်စားမယ်ဆိုရင် လိုက်လို့ မကုန်လေ့လာလို့ မကုန်ဖြစ်နိုင်ပါတယ။် ဆေးကျောင်းမှာ ဘာသာရပ်အားလုံးကို လေ့လာပြီး ဆရာဝန်ဘွဲ့ရကြသလို အထူးကုအဆင့်မှာ ဘာသာရပ်တစ်မျိုးုဘဲ အထူးပြူပြီ လေ့လာကြပြန်ပါတယ်။ သုတေသန ဘက်မှာတော့ရောဂါတစ်ခုထဲကိုလေ့လာပြီးတော့ကို မဟာဘွဲ့. ။အဲဒီနေရာ့နေ အဲဒီရောဂါကို နက်ရှိုင်းစွာ တိုးဝင်လိုက်တာ ပါရဂူဘွဲ့ဖြစ်သွားနိုင်ပါတယ်။။ လေ့လာရင်မကုန်နိုင်ပါဘူး။

ဒီနေ့ပြောချင်တဲ့ အကြောင်းအရာကတော့ Hepatitis B ဘဲဖြစ်တယ်။ သူလဲဘဲပြောရင်ပြောမကုန်ပါဘူး ။ အကြမ်းအားဖြင့်စရရင် Hepatitis B ဆိုတာ hepatitis B virus (HBV) ကြောင့်ဖြစ်တဲ့ အသည်းရောဂါပါဘဲ။ ဒီရောဂါဘယ်ကရတတ်သလဲဆိုရင် များသောအားဖြင့် sex ရယ် ဆေးသုံးစွဲသူတွေ မှာ ဆေးကို ရှယ်ကြရာမှာ. ဆေးထိုးအပ်ကိုရှယ်ကြရာမှာ. လည်းဖြစ်နိုင်တယ။် တနည်းအားဖြင့် တက်တူးထိုးရာ ကနေသော်လည်း ကောင်းသေချာပိုးမသတ်ထားတဲ့ဆေးထိုးအပ်များမှာလည်းကောင်း ကူး စက်နိုင် တယ်။ ဆေးထိုးအပ် စူးမိတာမျိုး. လုပ်ငန်းခွင်မှာ ပြတ်ရှဒဏ်ရာ. နဲ့ expose ဖြစ်တာမျိုးမှာ လည်းကူးစက်နိုင်တယ်။

ကလေးဘဝမှာလည်းကူးစက်တာများတယ်။ chronic (life-long) HBV infection ရှိသူရဲ့ အသုံးအဆောင်ပစ္စည် ဥပမာ. မုတ်ဆိတ်ရိတ်ဒါး. တို့ သွားပွတ်တံတို့ တွေက နေကူးနိုင်တယ်။ ကလေးသူငယ်များကို အဲဒီ ရောဂါပိုးသယ် ဆောင်သူကနေထမင်းဝါးကျွေးတာမျိုး. ကနေလည်းကူးနိုင်တယ်။ သူတို့ရဲ့ သွေး ဒါမှမဟုတ် အရေပြားရောဂါ ဒါမှ မဟုတ် အရည်ကြည်များ နဲ့ထိတွေ့ရာကလည်းကူးစက်နိုင်ပါတယ်။

ပုံမှန်အားဖြင့်တော့လည်း ပိုးရှိသူများဟာ သာမာန်လူကောင်းလိုဘဲ ဖြစ်ကြပါတယ။် ဒါပေမဲ့လည်း အသည်းနဲ့ပက်သက်တဲ့ရောဂါဖြစ်ဘို့အတွက်ကတော့သူများထက်ပိုပြီး ဖြစ်နိုင်ချေများသွားမယ်။ ဖြစ်တတ်တာကတော့အသည်းနဲ့ပက်သက်နဲ့ရောဂါ. အသည်းခြောက် ရောဂါ. အသည်း ကင်ဆာတို့ဖြစ်ဘို့အတွက် ဖြစ်နိုင်ချေများသွားတယ။် ဒါပေမဲ့ဒီလိုပြောလို့ လည်း အားငယ်စရာမရှိပါဘူး ဖြစ်နိုင်ချေများတယ်လို့ဘဲပြောတာပါ။ ဖြစ်မယ်လို့ ပြောတာမဟုတ် ဘူး. မဖြစ်ဘဲနဲ့ ဒီလိုဘဲနေ သွားတဲ့သူ တွေလည်းအများကြီးရှိပါယ။်

ကာကွယ်ဆေးမထိုးခင် B ပိုးရှိမရှိ အရင်စစ်လေ့ရှိကြပါတယ်။ ဒီလိုစစ်ခြင်းအားဖြင့် ပိုးရှိသူကို တွေ့ခဲ့ရင်လိုအပ်သလို သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆက်လက်ပြဘို့ အတွက်ဘဲရည်ရွယ်ပါတယ။် ဒီပိုးရှိသူ ကို ကာကွယ်ဆေးထိုးခြင်းဖြင့် မကူညီနိုင်သလို အန္တရာယ်လည်းမဖြစ်စေနိုင်ပါဘူး။

အသည်းယောင်အသားဝါ ဘီပိုးကာကွယ်ဆေး မှာ အသား ဆေးဖြစ်ပါတယ်။ အသားဆေးဆိုတာ အကြောမှာထိုးတာမဟုတ်. အရေပြား မှာထိုးတာမဟုတ်. အသားထဲကိုထိုးတာလို့ဆိုလိုပါတယ်။

သုံ့းကြီမ်ထိုးရမယ်။
ပထမဆုံးအကြီမ်ကတော့ပထမဆုံးလာထိုးတဲ့ရက်စွဲ
ဒုတိယအကြိမ်ကတော့ ပထမ ဆုံးဆေးထိုးပြီး တစ်လအကြာမှ တစ်ခါထပ်ထိုးရမယ်။
တတိယအကြိမ်ကတော့ ပထမဆုံးထိုးပြီးတဲ့ အခါ ခြောက်လကြာပြီးရင် ထိုးရမယ်။

တစ်ချို့က ထိုးပြီးငါးနစ်အကြာတို့ဘာတို့မှာ စွမ်းအားကျသွားပြီဆိုပြီး ထပ်ထိုးဘို့ ကြံစည်ကြသေးပေမဲ့ များသောအားဖြင့် ကတော့အဲဒီကိစ္စကို အားမပေးပါဘူး ။ မလိုအပ်ဘုး လို့ယူဆနိုင်ပါတယ်။

ဒါပေမဲ့ တစ်ချို့သောအရပ်ဒေသ နဲ့လိုအပ်တဲ့အချိန် ဥပမာ. မိခင်က အသည်းယောင် အသားဝါ ပိုးရှိပြီးမွေးဖွားလာတဲ့ကလေး။ တစ်ချို့ ကျောက်ကပ်ဝေဒနာရှိသူများ နဲ့ကိုယ်ခံအားကျဆင်းသူ များအတွက်တော့လိုအပ်ရင် ထပ်ထိုးဘို့ဖြစ်နိုင်တယ်။

ဘယ်အခါမှာ မသုံးသင့်ဘူးဆိုတော့ ဒီဆေးမှာ ပါဝင်တဲ့ content ကို အလားဂျစ်ဖြစ်ဖူးတဲ့သူ မှာမသုံးသင့်ဘူးလို့ဆိုတယ။် အခုလောလောဆယ် တစ်စုံတစ်ရာ နေမကောင်းဖြစ်နေခဲ့ရင်လည်း ဆေးမထိုးသင့်ပါဘူး ။ ဆေးထိုးပြီးဖြစ်တတ်တဲ့ အရာလေးတွေကတော့ နဲနဲနာမယ်။ ယောင်မယ်။ အဖျားနဲနဲရှီနိုင်တယ်။ ဒါတွေ ကလည်းဖြစ်ခဲပါတယ်။ ဖြစ်ခဲ့လည်း တစ်ရက်နစ်ရက်အတွင်း ပျောက်ကင်းသွားမှာဖြစ်ပါတယ်။

Hepatitis A , B, C ဆိုပြီးရှိရာမှာ A, နဲ့ B အတွက်ကတော့ကာကွယ်ဆေးရှိပြီး C အတွက်ကာကွယ် ဆေးက တော့ မလွယ်သေးပါဘူး။

ဒီနေ့အတွက်ဒီလောက်ပါဘဲ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Reference:
http://www.immunize.org/catg.d/p4205.pdf

41 comments:

  1. ချစ်မမ ၁ များ ရမလား လာတာ...း)

    ReplyDelete
  2. ဟိဟိ မေးတခုက တခု ပြောင်းနေရတာနဲ့ ၁ နဲ့ လွဲပြန်ပေါ့...

    ReplyDelete
  3. စိတ်လိုလက်ရ စာတွေရေးလို့ ပါလား ဂျီးတော်...

    ReplyDelete
  4. next time, you better talk about Hep C. and its transmission. It is more serious virus.

    ReplyDelete
  5. ဖတ်ပြီးမှတ်သားသွားပါတယ်တီကွန်

    ReplyDelete
  6. သားသားဒီမလာခင်ကတည်းက ကာကွယ်ဆေး ထိုးခဲ့ပါတယ်...

    သုံးကြိမ်းထိုးပါတယ်...


    ထိုးပြီးသွားပါပြီးး....

    ကြွားသွားပါတယ်..

    ဘာပိုးမှမရှိပါဘူး....

    ဘလော့မှာ ရွပိုးထိုးမိတာတစ်ခုပါပဲ....

    အခုတော့ ငြိမ်နေပါတယ်...

    ပိုးသတ်ဆေးမိထားလို့ပါ.....

    ဆေးပြယ်ရင် ပိုးပြန်ထပါမယ်...

    ဒါပဲပြောပါမယ်....

    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    (အကုန်လုံးကို အသံဆွဲပြီး ဖတ်ပေါ့ မကြီးကွန်)

    ReplyDelete
  7. တိုတိုလေးနဲ့ လိုရင်းဖြစ်အောင် ဆေးပညာဝေါဟာရတွေ ရှောင်ပြီး အကုန်လုံး နားလည်အောင် ရေးထားပေးတာ သိပ်ကောင်းတယ် အစ်မ။

    ReplyDelete
  8. "ဒီရောဂါဘယ်ကရတတ်သလဲဆိုရင် များသောအားဖြင့် sex ရယ် ဆေးသုံးစွဲသူတွေ မှာ ဆေးကို ရှယ်ကြရာမှာ. ဆေးထိုးအပ်ကိုရှယ်ကြရာမှာ. လည်းဖြစ်နိုင်တယ။် တနည်းအားဖြင့် တက်တူးထိုးရာ ကနေသော်လည်း ကောင်းသေချာပိုးမသတ်ထားတဲ့ဆေးထိုးအပ်များမှာလည်းကောင်း ကူး စက်နိုင် တယ်။ ဆေးထိုးအပ် စူးမိတာမျိုး. လုပ်ငန်းခွင်မှာ ပြတ်ရှဒဏ်ရာ. နဲ့ expose ဖြစ်တာမျိုးမှာ လည်းကူးစက်နိုင်တယ်။

    ကလေးဘဝမှာလည်းကူးစက်တာများတယ်။ chronic (life-long) HBV infection ရှိသူရဲ့ အသုံးအဆောင်ပစ္စည် ဥပမာ. မုတ်ဆိတ်ရိတ်ဒါး. တို့ သွားပွတ်တံတို့ တွေက နေကူးနိုင်တယ်။ ကလေးသူငယ်များကို အဲဒီ ရောဂါပိုးသယ် ဆောင်သူကနေထမင်းဝါးကျွေးတာမျိုး. ကနေလည်းကူးနိုင်တယ်။ သူတို့ရဲ့ သွေး ဒါမှမဟုတ် အရေပြားရောဂါ ဒါမှ မဟုတ် အရည်ကြည်များ နဲ့ထိတွေ့ရာကလည်းကူးစက်နိုင်ပါတယ်။ "

    မမ ကျန်သေးတယ် လမ်းဘေးအစားအစာတွေ ဆိုင်တွေမှာ စားရာကလည်းကူးနိုင်တယ် ။။ဘယ်လိုလူမျိုးတွေကူးနိုင်လဲဆိုရင် .သွားသဖုံးသွေးယိုတတ်သူတွေ ပါးစပ်မှာအနာပေါက်နေတာသတိမထားမိသူတွေ ..အစာအိမ်မှာအနာရှိသူတွေ(အစာအိမ်မကောင်းသူတော်တော်များများဟာ အစာအိမ်မှာအနာလေးတွေရှိတတ်တယ်) ဟာ လမ်းဘေးကစင်ကြယ်အောင်ဆေးကျောမထားတဲ့ ပန်းကန်ခွက်ရောက်များနဲ့ စားမိတဲ့အခါမှာ ရောဂါပိုးရှိသူရဲ့ တံတွေး မှတဆင့်
    ပိုးနဲ့ တိုက်ရိုက်ထိတွေ့ ပြီးကူးနိုင်ပါတယ် ...
    အစားအသောက်ပြင်ဆင်သူကပိုးရှိရင်လက်အိပ်မစွပ်ပဲ ပြင်ဆင်ပေးတာစားမိတဲ့အခါ မှာလည်းကူးနိုင်ပါတယ် ။။ ( ဒါတွေကပိုများတယ် ...သိပ်သတိမထားတတ်ကြလို့ )

    ReplyDelete
  9. အစားအသောက်ပြင်ဆင်သူကပိုးရှိရင်လက်အိပ်မစွပ်ပဲ ပြင်ဆင်ပေးတာစားမိတဲ့အခါ မှာလည်းကူးနိုင်ပါတယ် ။။
    လှီးချွတ်ရင်းဒါးထိတာမျိုးပိုဆိုမယ်( ဒါတွေကပိုများတယ် ...သိပ်သတိမထားတတ်ကြလို့ )
    (Hepatitis C ဆိုပိုဆိုးမယ် ဘီ ကမှ ကာကွယ်ဆေးထိုးရင်ရသေးတယ် )

    ReplyDelete
  10. အယ် မာမီ မီးမီးကြောက်ကြောက်

    ReplyDelete
  11. လာရောက်မှတ်သားသွားပါတယ် မမကွန်။
    ကျေးကျေး

    ReplyDelete
  12. စာဖြင့် မရေးတက်သေးဘူး။ ရေးပုံက ဆရာ အထာနဲ့။ စာမဖတ်မှန်း အရမ်းသိသာတယ်။

    ReplyDelete
  13. Singapore မှာ ကျောင်းတက်မယ် အလုပ် လုပ်မယ် ဆိုရင် Hepatitis B စစ်လား .. အဲဒါလေး သိချင်ပါတယ်။

    ReplyDelete
  14. မ ရေ… ခုလို မျှဝေပေးတာ ကျေးဇူးပါ…
    ဟိုတနေ့ ကပဲ သူငယ်ချင်းတယောက်နဲ့  စကားစပ်မိရင်း တချို့ က ကာကွယ်ဆေးကို responseမလုပ်တဲ့ သူတွေ ရှိတယ်ပြောတယ်… အဲဒီတော့မှ ကြားဖူးတာပဲ… responseမလုပ်တဲ့သူတွေကျတော့ ဘာလုပ်ရမလဲအမ… ဗဟုသုတအနေနဲ့ ပါ… ကာကွယ်ဆေးထိုးသူမှာ ဘယ်လောက်%လောက်က non responseဖြစ်နိုင်သလဲ… မ သိရင်ပြောပြပေးပါနော်… နောက်တခု အပေါ်က July Dream မေးခွန်းဖြေရရင် စင်္ကာပူမှာ အလုပ်လုပ် ကျောင်းတက် ဆေးစစ်တဲ့အထဲမှာ B မပါပါဘူးလို့ … မ အစားဖြေပေးသွားတာ

    ReplyDelete
  15. ဆေးမထိုးရသေးဘူး
    ထိုးမယ် ထိုးမယ်နဲ့ လက်မောင်းကိုထိုးတယ်ဆိုလို့ သွားမထိုးတော့ဘူး .. ကြောက်လို့ .. :D
    ရောဂါဖြစ်မှာလည်း ကြောက်တယ်
    ဆေးလည်း ထိုးချင်ဘူး
း((

    ReplyDelete
  16. အသဲရောဂါထဲမှာ အသဲကွဲတာ အသဲကြေမွတာ
    ဘာညာ သာသကာ
    ဘာမှမပါ ပါလား
    =D

    ReplyDelete
  17. ဗဟုသုတရတယ် မမရေ။ ဆရာမက ပညာပေးတဲ့အပြင် သူကပဲ ကျေးဇူးတင်ပါတယ် ပြောသေး။ ဆရာသက်နု သေးတယ်။
    ပုဝါစုံချပြီး ပေတံကြီးနဲ့ စာသင်ပါ ချရာမ။ :)

    ReplyDelete
  18. ကြောက်စရာပဲ .. ကာကွယ်ဆေးထိုးဦးမှ ဖြစ်မယ်...

    ကူးပြီးသား လူတွေ အတွက်လည်း ဆောင်ရန် ရှောင်ရန် လေးတွေ ဆက်ရေးပါဦးလား အစ်မ။

    ReplyDelete
  19. ဗဟုသုတရတယ်ဗျာ ကျေးဇူးပါ

    ReplyDelete
  20. သတိရလို့ လာတာ။
    မဖတ်သေးဘူး။
    နောက်မှ ဖတ်မယ်။
    သူများကွန်ပျူတာ ငှားသုံးနေရလို့။

    ReplyDelete
  21. ဗဟုသုတရပါသည်။

    ReplyDelete
  22. ထိုးခဲ့ပေါ့... ဒါပေမယ့် မမကွန်ပြောသလို တစ်လခြား၊ ခြောက်လာခြားတော့ မဟုတ်ဘူး... တစ်ပါတ်ခြား၊ နှစ်ပါတ်ခြား၊ Booster က တစ်နှစ်နေမှ...
    နောက်ဆုံး Booster မထိုးလိုက်ရဘူး.. အဲ့သလိုဆို ဆေးက အာနိသင် အကုန်ပြယ်သွားမှာပေါ့နော်...

    ReplyDelete
  23. မမရေ.
    မီးကတော့ ကာကွယ်ဆေး ၃ကြိမ်ထိုးပြီးသွားပြီ။သမီး
    လေးမွေးတော့ အသားဝါလို့ဓါတ်ကင်ရသေးတယ်လေ.
    သမီးလေးလည်း အခုကာကွယ်ဆေး ၃ကြိမ်ထိုးပြီးခဲ့ပါ
    ပြီ။
    ကောင်းတယ်မမ.
    ကျန်းမာရေးဆောင်းပါးလေးတွေ များများရေးပါနော်.

    ReplyDelete
  24. ဆေးထိုးတာတော့ကြောက်တယ် နာလို့
    ဆေးသောက်ရမှာလည်းကြောက်တယ် ခါးလို့
    ဘီလိုလုပ်ရမလဲဟင်?

    ReplyDelete
  25. မမရေ ..... ပညာပေး ပိုစ့်လေးအတွက် ကျေးဇူးပါနော်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  26. ထိုးခဲ့တယ်အမ။
    ဘာလဲတော့ သိဘူး အိမ်ကထိုးရမယ်ဆိုလို့ သွားထိုးခဲ့တာ..၃ကြိမ်ပါ။


    အသားဆေးထိုးတာ..နာလိုက်တာ..

    အမ အဲလိုစာကောင်းပေမွန်တွေများများ ရေးနိုင်ပါစေ။

    ReplyDelete
  27. မိုးခါးလိုပဲ မမရယ် ကြောက်လို့ မထိုးရသေးဘူး။
    (ဒါနဲ့ စကားမစပ် ဖြိုးမော် ငပေါ)

    ReplyDelete
  28. မမရေ
    ပူးတေက ၃ခါ ထိုးပြီး antibody လားမသိပြန်စစ်တော့ မပြည့်သေးလို့ ဆိုပြီး နောက်ဆုံး အခါနဲ့ ၃ လခြားပြီး နောက် ၄ ကြိမ်မြောက် ပြန်ထိုးရသေးတယ်။ သူများနဲ့ မတူ ၄ ခါထိုးမှ ရတဲ့ ပူးတေ။ အဲတုန်းကဆို ငိုလိုက်ရတာ။ ဘယ်သူနဲ့မှ မတူတဲ့ ပူးတေလေ။ ကျန်းမာရေးဆို ဒီလို ဒေါင်ဒေါင်မြည်။ ဆရာဝန်မက အားပေးပါတယ်။ သူများတွေဆို ၅ ခါ ၆ ခါအထိ ထိုးရတာနဲ့။ ဟုတ်မဟုတ်တော့ မသိဘူး။ နဲနဲတော့ အငိုတိတ်သွားတယ်။ :) ခုတောင် date ပြန်ကြည့်ရဦးမယ်။ ပြည့်တော့မယ်ထင်တယ်။ :(

    ReplyDelete
  29. မရေ...
    ကလေးနဲ့ ပတ်သတ်တဲ့ရောဂါတွေသိချင်ပါတယ်။ ၀တ်သတ်တို့ ။ ရေကျောက်တို့ ။ english လို ဘယ်လိုခေါ်လဲဆိုတာရောပေါ့။ :P

    ReplyDelete
  30. ဝက်သတ် တာက Killed Pig လို့ ခေါ်ပါတယ်။
    ရေကျောက်ကတော့ Water Stone ပေါ့။

    Just kidding. :D

    ReplyDelete
  31. ပိုစ့်ထဲက ၅နှစ်ကျော်သွားလို့ low immune ဖြစ်နေတယ်ဆိုတာနဲ့ တိုက်ဆိုင်နေတယ်။ လျှော့ဆေးနဲ့ ထိုးပေးမယ် စလုံး ၆၀ကျော်ဆိုလား။ ရှိပါစေတော့လေ။

    ReplyDelete
  32. MMR vaccine for the children
    http://en.wikipedia.org/wiki/MMR_vaccine

    ReplyDelete
  33. အနော်လည်း ဘယ်တုံးကတည်းက ကာကွယ်ဆေး ထိုးမိမှန်းမမှတ်မိဘူး ကျောင်းစတက်တော့ ပြန်စစ်လိုက်တာ Immunity ကျနေလို့ ထပ်ထိုးလိုက်ရသေးတယ်။ အပ်ကလေးသာသေးတာ နောက်ရက်အထိနာထှာ

    ReplyDelete
  34. ဟုတ်တယ်မမရေ...
    ၅နှစ်ပြီးတော့ အန်တီဘော်ဒီ ပြန်စစ်ရတယ်
    တက်ရင် ထိုးစရာလိုတော့ဘူးတဲ့
    မတက်ရင်ထိုးရတယ်တဲ့
    ရောဂါရှိသူ၇ဲ့ ဘီးကို ယူဖြီးရင်တောင် ကူးတယ်ပြောပါတယ်..
    အေ့စ်ထက် ကူးစက်နှုံးမြန်ပါတယ်

    ReplyDelete
  35. မခင်ဦးမေကို စာမဖတ်ဘူးပြောတဲ့ ဟိုဘာကြီး(ကျွန်းပေါ်)ဆိုတဲ့ဟာကြီးကရော စာဘယ်လောက်ဖတ်လို့လဲဟင်... သူ့ဘလော့ဂ်မှာ သတ်ပုံဖြင့်မှန်အောင်မရေးတတ်ဘဲနဲ့.....

    ReplyDelete
  36. မှတ်သားသွားတယ် မ့ရေ..ကြောက်လို့ ရောဂါဆိုရင် အကုန်ကြောက်တယ်။

    ReplyDelete
  37. အခုလို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အမရယ်........^_^

    ReplyDelete