Saturday, October 24, 2009

Hlaing Thar Yar

ရွေပြည်သာ သွားမလို့စိတ်ကူးတုံးမှာ လှူိင်သာယာဘက် ရောက်သွားတယ်။ ပြည်လမ်းက နေတက်လာပြီး လေဆိပ်ကျော် ဆက်သွားပြီး အင်းစိန်ဈေးဘက်ကို ရောက်သွား တယ်ထင်တယ်။

သွားတဲ့အချိန်ကလည်းနေညိုနေပြီ။ မိုးကလည်းမှိုင်းသေးတယ။် တံတားပေါ် တက်တဲ့ လမ်းကဖြူး နေတယ။် တံတားကြီးကလည်း လှတယ်။

ဘုရင့်နောင်တံတားလား အောင်ဇေယျတံတားလား။ ရွေပြည်သာတံတားလား။ ဘာတံတားဘဲဖြစ်ဖြစ်. ကိုယ့်အတွ့က်တော့အရာရာကလှနေတာဘဲ ။စိတ်ချမ်းသာ နေလို့ လည်းဖြစ်ပါလိမ့်မယ။်စိတ်ချမ်းသာနေတဲ့သူတစ်ယောက်အတွက်ကတော့အရာရာဟာ လှ နေ ပါတယ်။

ဓါတ်ပုံတွေ များတယ်လို့ပြောချင်လား. ပြောချင်ရင်လည်းပြော. ကိုယ့်အတွက်တော့ ကြည့်လို့ကို မဝနိုင်ဘူး။ မြန်မာပြည်သားမို့လို့ မြန်မာ ရှုခင်းကို မ့ရိုးနိုင်ပါဘူး။ ဒါတောင် မြို့ပြင် မရောက်ဘူး မြို့ထဲကနေဘဲ လွမ်းလို့ကို မဆုံးနိုင်ဘူး။

အသွားလမ်းကတော့အတော့ကိုဆိုးတယ။် ကျောက်ခဲတွေများတယ်။ ကားဘီး ပေါက်မှာတောင် စိုးရိမ်မိတယ်။ ကားကြီးတွေများတယ်။ အပြန်လမ်းက တော့ အတော် ချောသွားတယ။် ကားလေးလည်းသွားတယ။် နဝဒေးအိမ်ယာဘေးကနေ ဖြတ်ခဲ့ တယ။် ဗစ်တိုးရီးယာ ကုန်တိုက်ဆိုလား ကမန်းကတန်းရအောင် ဆိုင်းဘုတ်ဖတ်ခဲ့တယ။် အဲဒီနားမှာတော့ကားအတော်များတယ။်

မှောင်စလည်းပြုနေပြီ။ ပြန်ဝင်လာတော့ကိုးမိုငးလမးဆုံဘက်ကိုရောက်တယ။် အတော် လေးတော့မျက်စိလည်သွားသေးတယ်။နောက်ဆုံးတော့မြို့ထဲပြန်ရောက်လာပါတယ်။














18 comments:

  1. နားမလည်တာခက်တယ် ပုံတွေတော့မြင်ဖူးတယ်ရှိအောင် ကြည့်သွားတယ် လှိုင်သာယာဆိုတာ ရန်ကုန်မှာမဟုတ်လား များတို့ကတောသား သိဘူးဗျ :D

    ReplyDelete
  2. ဓါတ်ပုံတွေ ကြည့်လို.ကောင်းလိုက်တာ ။

    အိမ်ပြန်ချင်မိတယ် ။

    ReplyDelete
  3. လှိုင်သာယာဆိုတော့ အဝေးကြီးပဲ... စက်မှုဇုန်တွေရှိတာတော့ သိတယ် ရောက်ဖူးဘူးပဲ...

    ReplyDelete
  4. မခင်ဦးမေရေ
    မခင်ဦးမေဘလော့ဂ်ကို အမြဲရောက်ပေမယ့် ကျွန်မ C-Box မှာ နှုတ်ဆက်တာတို့၊ မှတ်ချက်ရေးတာတို့ သိပ်မလုပ်ဖြစ်ဘူး။ ဒီတခါ C-Box မှာ ဆဲထားတာ အမြင်မတော်လို့ ဖျက်ဖို့ အကြံပြုမိတာနဲ့ ကျွန်မနာမည်နဲ့ ဘယ်ကတွေလဲ မသိဘူး တန်းစီပြီး အရေမရ အဖတ်မရတွေ ၀င်ရေးထားတာ တွေ့တယ်။ ဘယ်သူပြောတယ်ဆိုတာ IP နဲ့ပဲ ပြန်ကြည့်စေချင်တယ်။ ကျွန်မက ဘလော့ဂ်ဖတ်တာကို ၀ါသနာပါလွန်းလို့ ဖတ်သာဖတ်တယ် တကယ်တန်းကျတော့ ကျောင်းတဘက်၊ အလုပ်တဘက်၊ အိမ်မှုကိစ္စတဘက်နဲ့ အလုပ်သိပ်များတဲ့သူပါ။ ဒါကြောင့် ကျွန်မမှတ်ချက်ပဲရေးရေး C-Box မှာပဲ ရေးရေး ရင်ထဲက တကယ် အလေးအနက်ထားတာကိုပဲ ရေးဖြစ်ပါတယ်။ မခင်ဦးမေ မသိမှာစိုးလို့ ဒီမှာ သီးသန့်လာရေးပြီး ရှင်းပြတာပါ။ ပို့စ်နဲ့ မဆိုင်ပဲနဲ့ ပို့စ်အောက်မှာ ဒီဘာမဟုတ်တဲ့ အကြောင်းအရာတွေ လာရေးပြီး ရှင်းပြနေရတာ ဆောရီးပဲနော့်။

    ကျွန်မက ဒေသန္တာရ ဗဟုသုတ လေ့လာတာ သိပ်ဝါသနာပါတော့ ဒီပို့စ်လေးက ကျွန်မအတွက် သိပ်ကောင်းပါတယ်။ မြန်မာပြည်မှာ မွေးပြီး ရန်ကုန်မြို့ကို ရောက်ဖူးဖို့နေနေသာသာ မြန်မာပြည်မှာ City လို့ ခေါ်လို့ရလောက်တဲ့ မြို့ဆိုလို့ ဘယ်ကိုမှ မရောက်ဖူးတဲ့ ကျွန်မအတွက် ဒီလို ပို့စ်လေးတွေကို ကြည့်ပြီးပဲ မြန်မာပြည်က မြို့တွေအကြောင်းကို သိရတာ ဖြစ်တယ်။

    ReplyDelete
  5. မမလုပ်တာနဲ့ ကျောင်းကို လွမ်းသွားပြီ။ ပူးတေတို့ ကျောင်းဘက်ရော မရောက်ခဲ့ဘူးလား မမ။ ကျောင်းတက်တုန်းကတော့ မသွားချင်ဘူး။ ခုတော့ ခဏလောက်ဖြစ်ဖြစ် သွာားကည့်ချင်လိုက်တာ။ မမ မီးခွက်ဈေးလဲမပါဘူး။ :) အဲဒီဘက်ထိ မရောက်ခဲ့ဘူးထင်တယ်နော်။

    ReplyDelete
  6. ပုံတွေက မဲမဲကြီးတွေနော် မိုးအုံ့ တဲ့ နေ့ နဲ့ တူတယ် ရန်ကုန်ပြန်အုံးမှဘဲ

    ReplyDelete
  7. မမရေ . အင်းစိန်ဘက်က ပုံတွေနဲ့ ကြိုးတံတားလေးကို လွမ်းသွားတယ်။ အကြိမ်ကြိမ်ရောက်ဘူးပေမယ့် တခါမှ ဒီလို ဓါတ်ပုံတွေမရိုက်ဘူးခဲ့ဘူး။ လွမ်းလည်းမလွမ်းဘူး။ အခုတော့ လွမ်းလိုက်တာ မမရယ်....

    ခင်မင်လေးစားလျှက်

    ReplyDelete
  8. ကိုယ်ကျက်စားခဲ့တဲ့..နေရာလေးမို့..လွမ်းတယ်..

    ReplyDelete
  9. အရင်တုန်းကတော့ တစ်လကိုနှစ်ခေါက်လောက် လှိုင်သာယာ မှာရှိတဲ့ ဒဂုံဧရာ အဝေးပြေးကားဂိတ်ကို ရောက်ဖြစ်တယ်။ တို့ အန်တီက diamond city ကိုမဝင်ခဲ့ဘူးလား။ FMI မျက်စောင်းထိုးကလေ။

    ReplyDelete
  10. အဲလို ကားပတ်စီးရတာ ကြိုက်တယ်။ အေးအေးဆေးဆေး အားလုံးတွေ့ရတယ်။

    ReplyDelete
  11. ရန်ကုန်လို့ဆိုလိုက်ရင်သူများရေးထားတာပဲ
    ဖတ်ဖို့တတ်နိုင်ပါတယ်
    တစ်ဘဝလုံးမှရောက်ဖူးတာကနှစ်ခေါက်ပဲကိုး
    ခုနေပြန်တွေးကြည့်ရင်တောင်
    ရေးတေးတေးရယ်

    ReplyDelete
  12. နဝဒေးမှာ ရုပ်ရှင် ဝင်မကြည့်ခဲ့ဘူးလား မာမီ အရင်တုံးက သာမီးတို့ ဆို ရုပ်ရှင် တပါတ်တခါ သွားကြည့်တယ် နီးတာကိုးးးး

    ReplyDelete
  13. ဘယ်ခောတ်ဘယ်အခါမှ မရဘူးသော တိုးတက်မှုများ.. သမိုင်းတခောတ်ရဲ့ ကြေးမုံပြင်.. ဟိဟိ... :P

    ReplyDelete
  14. လှိုင်သာယာ ဗစ်တိုးရီးယား နားရောက်တာတောင် အနော့်ဆီမ၀င်ခဲ့ဘူး။
    အန်တီခင်ဦးမေ စိမ်းဂါးတယ်။း)

    ReplyDelete
  15. မခင်ဦးမေ ရေ စီဘောက်စ် ရေးမရလို့  လာကွန်မန့်ပါတယ်။
    ထုံးစံ အတိုင်းငြီးရယင် ကွန်နရှင်ပေါ့ခင်ဗျာ။
    ခုတော့ အဲဒီ လှိုင်သာယာ ရွှေပြည်သာဖက် က အတော် ဂွတ်သွားပြီဗျ။
    ဓါတ်ပုံထဲ က အတိုင်းပါပဲ။ ဟဲဟဲဟဲ နောက်တာ။
    မရောက်တာ ကြာပြီ။ ၉၆ က ပဒေသာပင်မြို့တော်မှာ
    အလုပ်လုပ်ဖူးတယ်။ FMI City ပေါ့ဗျာ။
    မခင်ဦးမေ ပြောတာ နဲ့ သွားတောင်ပြန်လည်ချင်နေပြီ။
    ခုတော့ ဝေးနေပါသေးတယ်ဗျာ။

    ReplyDelete
  16. ရန်ကုန်မြိုကြီးကိုမရောက်တာကြာတော့ပြောင်းလဲနေပြီထင်နေတာ
    အခုတော့ ဒီအတိုင်ပဲနော် လူဦးရေတော့များလာတယ်ကြားတယ်။ ဓာတ်ပုံတွေကြည့်သွားတယ် လှိုင်သာယာရောက်နေသလိုပဲ

    ReplyDelete