Monday, October 12, 2009

simple life

ကိုယ်အနေအစားရိုးပါတယ။်

အဖေ့သမီးပီသတယ်။ အဖေတို့များ အကျီ်သစ်နေရင် ခြေပြီးမှ ဝတ်တယ်လို့ကြားဘူးတယ်။ အနေရိုးသလို အဝတ်အစားလဲရိုးပါတယ။် လူလဲရိုးပါတယ။် မြင်ဘူးသူတွေ သိကြပါလိမ့်မယ။် ထောက်ခံကြပါ။ အကျီလေး ၁၀ ထည်လောက်ကိုဘဲ လှည့်ဝတ်နေတယ။် ကြို့က်မိရင အဲဒါချည်းဘဲဝတ်တော့တာဘဲ။ စကဒ်တစ်မျိုးထဲကိုဘဲ သုံးလေးထည်ဝယ်ပြီးဝတ်တယ်။ အကျီ့ကြိုက်ရင် အဲဒီအကျီကိုဘဲ ထပ်ဝယ်တယ်။ ဖိနပ်လည်း ကြိုက်မိရင် အဲဒီအရံကိုဘဲ ဆက်တိုက်ဝယ်ပါတယ်။ kmsl ကို ကံကောင်းတယ် လို့ ပြောကြတယ် ။ ကိုယ်က သိတ်မသုံးဖြုန်းတတ်လို့။ ကိုယ့်ရဲ့ လှပတဲ့အချိန်တွေက Giadano နဲ့ပြီးသွားခဲ့တယ်။

ဒီနေ့ မနက် အိမ်ကထွက်. ဘတ်စကားဂိတ်ရောက်တဲ့အချိန်မှာ မျက်စေ့မပွင့် သေးဘဲနဲ့ ထိုင်မယ်အလုပ် ဘေးကနေ အန်တီ India က ခုံ က ရေတွေ စိုနေတယ်ဆိုလို့ ကျေးဇူး တင်လိုက်တယ်။ အဲဒီမှာ သူကပြုံးပြ ကိုယ်က ပြုံ့းပြ နဲ့ မေးသမျှ မေးခွန်းတွေ ကို ဖြေလိုက်ရတယ။် ဘာဖြစ်လို့ လူတွေ က ကိုယ့်ကို မေးခွန်းထုတ်ချင်ကြသလဲမသိဘူး တက်ကစီစီးရင်လဲ မေးကြတယ်။ အခုက ဘတ်စကားဂိတ်မှာပါ မေးကုန်ကြပြီ။

ဘာလူမျိုးလဲကနေ စလိုက်တာ အလုပ်လုပ်သလား ဆိုတာ ကို ခေါင်းညိတ်ပြတော့ house မှာလားတဲ့။ အမ်. ဘာပါလိမ့် …..ပြီးတော့မှ သတိရတယ။် ဒါ ငါ့ကို maid လားလို့မေးတာဘဲဆိုပြီး .စိတ်မဆိုးပါဘူး ။ စိတ်ဓါတ်ကျသွားတာ။ ဒါတောင်ကိုယ့်ကိုယ်ကို သေသေသပ်သပ်ဝတ်ထားတယ်လို့ထင်မိတဲ့ အချိန်မှာ။ အင်း ပေါ့ .ဖော်လိုလိုက်တတ်တဲ့ ကိုယ့်အကျင့်အတိုင်း ကိုယ်လဲ maid ဖြစ်သွားတယ်။ ဒါမဆန်းပါဘူးထင်နေကြပါ။ ရန်ကုန်မှာတုံးကလဲ ကိုယ်ပန်းကန်ဆေးနေတုံး အသစ်ရောက်လာတဲ့ အကူကောင်မလေးက အစ်မ ရောက်တာ ကြာ့ပီလားလို့မေးတာ ခံရဘူးတဲ့အချိန်.... ကြာပါပြီလို့ဖြေခဲ့တာတောင် ရုပ်ရှင်ပြသလို ဖြတ်ကနဲ့ flash နဲ့သတိရလိုက်မိသေးတယ။်

တစ်နာရီ ဘယ်လောက်ယူသလဲတဲ့ ဒါလွယ်ပါတယ်။ တစ်ဆယ်ပေါ့။ ကိုယ်ခေါ်တုံးက တစ်ဆယ်ပေးရပါတယ။် ကိုယ့်နေတဲ့အိမ်သေးသေး ကလေးကို ငါးနာရီကြာအောင် သန့်ရှင်းရေးလုပ်တဲ့ အမှူရယ် ။ ကိုယ့်ရဲ့ဂန္တဝင် အိုးကလေးကို ၁၅ မိနစ်လောက်ကြာအောင် တိုက်နေတဲ့အမူရယ်။ မီ့းပူတိုက် တာကြာတဲ့ အမှူရယ်နဲ့ ကိုယ်ဆက်မခေါ်တော့တာ။ ကိုယ်ဘဲ အာယားမလုပ်ပြီး အဲဒီငါးဆယ် ကိုယ်ယူမယ်လို့ဆုံးဖြတ်လိုက်တာ အခုတော့ါ အဲဒီါငါးဆယ်တော့ယူမိတယ်. အာယားမတော့မလုပ်မိဘူး ဒါပေမဲ့ အလုပ်မြ့ပုတ်ပါဘူး ။

ဘယ်အိမ်မှာလုပ်သလဲတို့ India boss လား။ Chinese boss လား တစ်လ ဘယ်လောာက်ရသလဲတို့ အဆင်ပြေ့ရဲ့လားတို့။ ဘာတို့ညာတို့စုံနေအောင်မေးပြီးမှ ဘဲ သူစီးချင်တဲ့ ဘတ်စကားလာလို့ကိုယ့်မှာ နားအေးတော့တယ်။

ဖုံးနံပါတ်မမေးသွားလို့။ မေးလို့ကတော့စင်စင်နံပါတ် ပေးပလိုက်မှာ။

38 comments:

  1. အော် အနေရိုးး အစားရိုး လူလဲရိုးရှာသတဲ့။ မသိတဲ့သူတွေကတော့ ယုံကြမှာပဲ။ အကြောင်းသိဆိုတော့ ရီချင်တယ် မမရယ်။
    KOM အကြောင်း သိချင်တဲ့လူတွေလက်တို့လိုက်ပါ။
    အီးမေးလ်လိပ်စာသာ ပြောလိုက်။
    ဒီက ပြောချင်လွန်းလို့ဘာ။

    ReplyDelete
  2. ဟိဟိ မမရေးထားတာ ချစ်စရာ...တို့ မမ လှလှ လေးကို အဲလို မေးစရာလားးး အဲ့ အန်တီ India ကလဲ...

    ReplyDelete
  3. မေးရက်ပါ့ဗျ...
    ဒါနဲ့ မစင်စင်က တကယ်လုပ်တာလား
    ဟီး

    ReplyDelete
  4. မမခင်က တကယ်ရယ်ရတယ်တော့

    ReplyDelete
  5. စင်စင် ရင်ကျိုးရှာရော့မယ်...အိပ်ပျော်နေပြီလားမသိ။ သူရောက်မလာသေးဘူး..အဟေး။

    ReplyDelete
  6. ဒါများ မာမီရယ် ဖုံးနံပါတ်တောင်းတော့လဲပေးလိုက်ပေါ့ +၆၅၁၂၃၄၅၆၇၈၉ ဆိုပြိးတော့ပေါ့ ဟက် လွယ်လွယ်လေးဟာကို ဟီးးးးးး

    ReplyDelete
  7. စိတ်ရင်းမကြည့်ဘဲ အပြင်ပန်း လူကြည့်ပြီး ဆုံးဖြတ် အထင်မှားကြတဲ့သူတွေကို စိတ်ကုန်တယ်။

    ReplyDelete
  8. အဲဒါဆိုလည်း မမဆင် နံပါတ်ပေးပါ။ သတင်းစာထဲ ကြေငြာပေးလိုက်မယ်။

    မချိုသင်းရေ အပြင်ပန်းကြည့်ပြီး ကျွန်တော့်လည်း ကလေကချေ ထင်ခံရတာ ခဏခဏပေါ့။ :P

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. အိမ်ပိုင်ရှင်ရဲ့ မူပိုင်အာယားမဆိုတော့ အမကို အလုပ်မလုပ်လဲ ဘယ်ဖြုတ်မလဲ အမရဲ့ အမကြိုက်တဲ့ အင်္ကျီတွေအမျိုးအစား တစ်ခုထဲ ဆယ်ထဲ ၀ယ်ထားရင်လည်း ဖြုန်းတယ်လို့ ဘယ်ခေါ်မလဲ ဟားဟား

    ReplyDelete
  11. အနေ အစားရိုးတာ ကောင်းတာပေါ့။
    သူများ အထင်နဲ့ ကိုယ့်အမြင်။ သူများအမြင်နဲ့ ကိုယ့်အထင် မရောမိရင်ပြီးရောလို့ ခံယူမိတယ်။
    ရယ်လဲ ရယ်ရသား အမရေ.. နော့်။
    တစ်ခါတလေ အဲလိုမေးကြရင် ခါလီဝါလီ ဆိုပြီး ချောလဲရောထိုင်လုပ်လိုက်တာလဲ တစ်မျိုး အေးတာပဲနော်။ ရှည်ရှည်ဝေးဝေး ရှင်းနေစရာလိုတော့ဘူးပေါ့။

    ReplyDelete
  12. ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ မှတ်တမ်းအတွက် ဖိတ်ခေါ်ခြင်း

    ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့မှာ စတင်ခဲ့တဲ့ ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီးမှာ တပြည်လုံးက ကျောင်းသား၊ ကျောင်းသူတွေ၊ အလုပ်သမား၊ လယ်သမားတွေ၊ အစိုးရအမှုထမ်း အရာထမ်းတွေနဲ့ အနုပညာ သမားတွေ ၊ စာပေသမားတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပေမယ့် စစ်အစိုးရ အာဏာသိမ်းလိုက်တဲ့ စက်တင်ဘာ ၁၈ ရက်နောက်ပိုင်းမှာတော့ လမ်းပေါ် ထွက်ခဲ့သူတွေထဲက တော်တော်များများဟာ ကိုယ့်အိမ်ကိုယ့်ရာကို ပြန်မရောက်ကြဘဲ ပျောက်ချင်းမလှ ပျောက်ခဲ့ရပါတယ်။

    စစ်အာဏာသိမ်းတဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်အာဏာရှင်တွေရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ အထက်တန်းကျောင်းသူလေး မဝင်းမော်ဦးရဲ့ ရုပ်အလောင်းကို သယ်ဆောင်ပေးခဲ့တဲ့ ဆေးတက္ကသိုလ် ကျောင်းသား ၂ ဦးရဲ့ နောက်ကွယ်က ဖြစ်ရပ်ကို မကြာသေးခင်က ဧရာဝတီမဂ္ဂဇင်းမှာ “ကြယ်တွေ ကြွေတဲ့တိုင်းပြည်” ဆိုတဲ့အမည်နဲ့ ဖော်ပြခဲ့ပါတယ်။

    မဝင်းမော်ဦး သေဆုံးခဲ့ရပုံနဲ့ ပတ်သက်လို့လည်း သူ့ဘခင်ကို ဧရာဝတီမဂ္ဂဇင်းက ဆက်သွယ်မေးမြန်းပြီး ဖော်ပြခဲ့ပါတယ်။
    ဧရာဝတီမဂ္ဂဇင်း (အင်္ဂလိပ်ပိုင်း) ရဲ့ သုတေသန စာမျက်နှာမှာလည်း ၈၈ အရေးတော်ပုံကာလက စစ်ကိုင်းမှာ သေဆုံးခဲ့သူတွေရဲ့ စာရင်း http://www.irrawaddy.org/research_show.php?art_id=3531 ၊ ရန်ကုန် ဆေးရုံကြီးကနေ ရခဲ့တဲ့ သေဆုံးသူ၊ ဒဏ်ရာရသူတွေရဲ့ စာရင်း http://www.irrawaddy.org/research_show.php?art_id=441 http://www.irrawaddy.org/research_show.php?art_id=3530 ကို ဘယ်လိုပုံစံနဲ့ ဒဏ်ရာရခဲ့တယ်၊ သေဆုံးခဲ့ရတယ်ဆိုတဲ့ အချက်အလက်နဲ့ တကွ ဖော်ပြ ထားပါတယ်။

    ReplyDelete
  13. အဲဒီ အန်တီ indian ကမျက်စိ မကောင်းဘူးနဲ့ တူတယ်

    ReplyDelete
  14. မမကို ဖုန်းနံပါတ် မပေးရဲတော့ဘူး။

    ReplyDelete
  15. မမမေကိုမေးစရာလားလို့.မေးရက်ပ့ါ။
    မမချိုသင်းပြောတာကိုအပြည့်အ၀ထောက်ခံတယ်
    အဲလိုအပေါ်ယံမျက်အရေပြားတစ်ထောက်ကို
    ကြည့်ပြီးဆုံးဖြတ်သူတွေကိုအရမ်းမုန်းတာပဲ။

    ReplyDelete
  16. မေးတဲ့သူက Maid မမြင်ဖူးလို့ဖြစ်မှာ.
    Maid တွေမှ အ၀တ်စားနွမ်းနွမ်း ရိုးရိုးဝတ်ရမယ် လို့သတ်မှတ် ချက်မရှိပါဘူး..
    ကူးအိမ်မှာအလုပ်လာလုပ်တဲ့အမကြီးဆို အိကျီ၊ ဘောင်းဘီရှည်ဖိနပ်..အားလုံးဖက်ရှင်ကျကျဝတ်တာ..
    Branded ကြီးဘဲ.. china လားတော့မသိဘူး.. ကူးတောင်သူဝတ်တာလှလို့ တစ်ခါတစ်ခါတောင် ကြည့်မိသေး။
    Maid လို့အထင်ခံရတာ လမ်းပေါ်ကမိန်းကလေးတွေလို့ အထင်ခံရတာထက် ကောင်းပါတယ်လေ... ရိုးရိုးသားသားလုပ်စားတာဘဲ..

    ReplyDelete
  17. မမKOMရေ...
    စုချစ်ကတော့ အိမ်တံခါးလာခေါက်လို့ ဖွင့်ပေးလိုက်ရင် မေးတဲ့သူတိုင်းက နင့်အိမ်ရှင်ရောတဲ့....
    ကိုယ့်အိမ်ထဲကိုယ်နေလို့ အင်းကျီအစုတ်ဝတ်ထားတဲ့ဟာကိုများ...
း-)
    အင်းကျီအစုတ်လေးနဲ့မှ နေရတာ အေးတာဗျား...
    နို့မို့ အိုက်လွန်းလို့ မမရေ...
း-)

    ReplyDelete
  18. ဘယ်သူလဲဗျာ ကျနော့်တို့ အမကြီးကိုများ ထင်ရက်လေတယ်း) အဟေးဟေးးးး နောက်တခါ သွားသတိ လာသတိလေး ထား


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  19. မမရေ.

    အ၀တ်အစားကြောင့်အမြဲစိတ်ရှုပ်ရတယ်.. အ၀တ်နွမ်းလို့အထင်သေးရမယ်ဆိုရင်တော့....ဟင်း...

    ReplyDelete
  20. မမရယ်..ရေးတတ်ပါ့ :))

    ReplyDelete
  21. အင်း.... ညက အိပ်မက်ဆိုးတွေမက်နေတာ မနိုလာသူက ချောက်တွန်းဖို့ ကြံနေလို့ကိုး.....။

    ReplyDelete
  22. အိမ်ကိုတံခါးခေါက်ပြီး အာလူးကြော်လာရောင်းတဲ့လူက နင့်အိမ်ရှင်ရောတဲ့....။
    ဆေးခန်းမှာ ခင်နေတဲ့ သူနာပြုမလေးတွေက နင့်အိမ်ရှင်က ဘာလူမျိုးလဲတဲ့..။

    တကယ်လုပ်နေရရှာတဲ့ ကလေးမတွေမှာလည်း ချောချောမောမော ဖြူဖြူဖွေးဖွေးလေးတွေ မြင်ဖူးတယ်။

    ReplyDelete
  23. ပေးလိုက်စမ်းဘာာာာာ...ပေးပစ်လိုက်စမ်းဘာာာာာာာ။

    ReplyDelete
  24. အနေစုတ်ပေမဲ့ ရွှေထုပ်တဲ့ မြပုဝါ ပေါ့မကြီးရာ။ ထင်ချင်သလိုပေးထင်လိုက်တာလည်းအေးရာအေးကြောင်းပါပဲ။ သူတို့ စိတ်ချမ်းသာတော့ ကမ္ဘာကြီးငြိမ်းချမ်းရောပေါ့ :)

    ReplyDelete
  25. စင်စင့် ဖုန်းနံပါတ်.. 965491...
    ပေးလိုက်စမ်းဘာာ ဆိုလို့ပေးတာနော်

    ReplyDelete
  26. အောင်မလေး ဒုက္ခ... Giordano မ၀တ်တော့ဘူး... နဂိုကတည်းက ဥပဓိရုပ်က သိပ်ခန့်တာဆိုတော့ကာ... အင်း... :(

    ReplyDelete
  27. အော်...ဖြစ်ရမယ်

    ReplyDelete
  28. ဂျီးတော်ရယ်..
    နောက်တခါ အပြင်ထွက်ရင် နှာယောင်မှာ အနီစက်တို့
    နှာခေါင်း မှာ ဂွင်းလေးတပ်သွား...း))

    ReplyDelete
  29. အမရယ်... simple life ရဲ့ အနှစ်သာရကို ဗြဟ္မစိုရ် တရား တခါမှ မကြားဘူးတဲ့သူတွေ ဘယ်သိနိုင်ပါ့မလဲ နော်.... လွှတ်ထားလိုက်အမ...

    ReplyDelete
  30. မေးရက်ပါ့ မမရာ။ ရုံးမှာ သန့်ရှင်းရေးလုပ်နေတဲ့ ပြည်ကြီးကတရုတ်မတွေဆို ကိုယ်ထက်တောင်သာသေးတယ်။ မသိရင် ကျောင်းတက်နေသလိုလို၊ အလည်ဘဲလာသလိုလိုနဲ့။
    လူတွေခက်ပါ့ ။ အဝတ်အစားကြည့်ပြီး ဆုံးဖြတ်စရာလား။
    မေလေးအိမ်ဖော်လုပ်တုန်းကတော့ အိမ်ရှင်နဲ့ဈေးထဲလိုက်သွားရင် (အကျီကတော့အဟောင်းနဲ့ပါဘဲ) အိမ်ရှင်သမီးလေးလား အမြဲအမေးခံရတယ်။(ကြုံကြွားလေးပါ။ အဟားးးး)

    ReplyDelete
  31. သူ့လောက် ရှေ့ပိုစ့်တွေမှာ လန်ထွက်ပြန်တက်အောင် ရေးထားတာတွေက ဘာတွေလဲ။ ဖုန်း ၊ မိတ်ကပ် ၊ ရှိသမျှအရာတွေအားလုံးရေးထားပြီး အခုတော့ တောသူမ အထာပြန်ရေးပြန်ပြီ။ အောက်ကကွန်မန့်ပေးတဲ့လူတွေကလည်း မမခင်ဦးမေကွန်မန့်လာပေးလို့ပေးတဲ့ပုံမျိုး။ ဘာတွေလဲမသိဘူး။ ကိုယ့်ကို အရူးလုပ်တာတောင် မသိတဲ့သူတွေပါလားနော်။

    ReplyDelete
  32. ဒီဇာတ်လမ်းဟာ လံကြုပ်ဇာတ်လမ်းပဲ ဖြစ်ရမယ်။

    မခင်ဦးမေဟာ အိမ်ဖော်ကောင်မလေးလို့ အထင်မှားခံရတာကို ဝမ်းနည်းသလိုလိုရေးပြပြီး အမှန်က သူ့ကိုယ်သူ နုပျိုတယ်ဆိုပြီး (ပညာသားပါပါ) တဖက်လှည့်နဲ့ ကြွားတာပဲ။ ဒီဆင်ကွက်ထဲကို သူများတွေကျသလို ငါမကျအောင် သတိထားမှ။း-)

    ကျနော်ဆိုရင် မြို့ထဲမှာ တဘက်ခြုံသွားတဲ့ အသက်ရှစ်ဆယ်ကျော် အဖွားကြီးတွေကို တွေ့ရင် “ဒါ.... မခင်ဦးမေ များလား” ဆိုပြီး လိုက်ကြည့်ရတာ အမော။း-)

    ReplyDelete
  33. အမရေ
    အူနှိပ်ပြီးရယ်သွားရတယ်
    တခွီးခွီးပဲ
    :D

    ReplyDelete
  34. Ghost>>>>ကျနော့ email ပါ၊ ကျေးဇူးပြူပြီး ပို့ပေးပါ။


    bluescanner@gmail.com

    ReplyDelete
  35. အမရေ...လာဖတ်သွားတယ်..

    ReplyDelete
  36. ဘာမှ အနှစ်သာရ မရှိတဲ. စာရေးထားတာ စာဖတ်သူုကို စော်ကားတာ ပဲ

    မရေးတာကမှ ကောင်းအုံးမယ်

    ရူးသလို ပေါသလို နဲ.

    ကိုယ်.ကိုကိုယ်ုပန် သုံးသပ်အုံး

    ReplyDelete
  37. ဘာမှ အနှစ်သာရ မရှိတဲ. စာရေးထားတာ စာဖတ်သူုကို စော်ကားတာ ပဲ

    မရေးတာကမှ ကောင်းအုံးမယ်

    ရူးသလို ပေါသလို နဲ.

    ကိုယ်.ကိုကိုယ်ုပန် သုံးသပ်အုံး

    ReplyDelete
  38. ဘာမှ အနှစ်သာရ မရှိတဲ. စာရေးထားတာ စာဖတ်သူုကို စော်ကားတာ ပဲ

    မရေးတာကမှ ကောင်းအုံးမယ်

    ရူးသလို ပေါသလို နဲ.

    ကိုယ်.ကိုကိုယ်ုပန် သုံးသပ်အုံး

    ReplyDelete