Thursday, November 19, 2009

not cheap man!

ခင်တဲ့ရှားရှားပါးပါးတစ်ယောက်ကို လိုက်ရှာတယ်။ နာမည်ကြီးမို့လို့ မနည်းလိုက်ရှာပြီး ရတဲ့ အချိန်ကလေးမှာ လုပြီး မုန့်သွားစားကြတယ်။ သိတ်အချိန်မရလို့ နီးစပ်ရာ မှာ ဘဲ စားလိုက်ကြရတယ်။ ရန်ကုန်မြို့ကြီးလဲ တိုးတက်ပြောင်းလဲနေပါပြီ။ ရှော့ပန်းစင်တာ အလည်မှာ ပရိုမိုးရှင်းတွေ လုပ်နေတယ။်

ဘာစားရပါ့မလဲ ဆိုတာလဲ လှည့်ပြီး စဉ်းစားရသေးတယ။် စလုံးဆန်တာတွေ တော့ လည်း မစား ချင်သေး ဘူး.နောက်ဆုံး နစ်ဦးသဘောတူဆိုင် တစ်ဆိုင်ရွေးလိုက်ကြတယ်။ ရှော့ပန်းစင်တာ ထဲ မှာ ဘဲ စားသောက် ဆိုင်တွေ ရှိနေပါပြီ။ သန့်လည်းသန့်ပါတယ်။ ဈေးလဲကြီးပါတယ်။

စာ့းပွဲမှာ ကိုယ်တိုင်ယူ စနစ်မဟုတ်ဘဲ ဝန်ထမ်းတွေ ရှိပါတယ်။ သူငယ်ချင်း က ငပိထမင်းသုပ်မှာတယ်။ မြည်းကြည့် တော့ကောင်းတယ်။ အင်း ဒါပေမဲ့ ကွာ အိမ်မှာ ငပိနဲ့နယ်စားလိုက်ရတာဘဲ ဆိုတော့ကာ …….. လို့ စဉ်းစားလိုက်မိသေးတာနဲ့မမှာတော့ဘူး။

ကိုယ်ကတော့ရိုးရာမပျက် ခေါက်ဆွဲ စားတယ်။ ခေါက်ဆွဲကြိုက်တယ်။ အချိုပွဲကိုတော့သူက ဒိန်ချဉ်ကို ထညက်ရည်နဲ့သောက်တယ်။ ကိုယ်က ဒိန်ချဉ်တော့မရွေးဘဲ ဖာလူဒါ ရွေးလိုက်တယ်။ နစ်ယောက်ကို အဲဒါလေး စားတာ မြန်မာငွေ တစ်သောင်းပြည့် ဘို့ ရာဂဏန်းဘဲလိုပါတယ်။














36 comments:

  1. မမ အဲဒါ ဘယ် shopping centre လဲ ဟင်
    မြန်မာငွေ တစ်သောင်းပြည့် ဘို့ ရာဂဏန်းဘဲလိုတယ်ဆိုတော့
    right, not cheap man!

    ReplyDelete
  2. ငပိထမင်းစားချင်တယ်
    ကောင်းမယ့်ပုံပဲ

    ReplyDelete
  3. အိပ်ခါ နီး ဗိုက်ဆာ နေတာ မမ ရယ်..ဂလု.

    ReplyDelete
  4. မမ ဘယ် Shopping Centre လဲရှောင်ရအောင်လို့

    ReplyDelete
  5. ငပိ ထမင်းသုတ် တဲ့။ မစားဖူးသေးဘူး။ လုပ်နည်းလေး သိချင်လိုက်တာ..။ ခေါက်ဆွဲကြော် ကောင်းကောင်း ကြော်တတ်တယ် မမ။ လာစားလှည့်ပါ။

    ReplyDelete
  6. သွားရည်ယိုပါတယ်..

    လာရင်ထွက်ပြေးမှာကိုလဲသိတယ်..

    ငါးနှစ်ကို အတိုးချပြီး ငါးပတ်ပြန်တာ လေ

    ကျွေးပါ မွေးပါ..း)


    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  7. တော်ပြီ shopping center မသွားတော့ဘူး

    ReplyDelete
  8. တသောင်းဆိုတာ နှစ်ရွက်စာပဲ ရှိတော့တာပါလေ...

းဝ)

    ReplyDelete
  9. :)... East Point ထင်ပါတယ်.. ဟုတ်တယ်.. မြန်မာပြည်က ဈေးမပေါပါဘူး.. ပြန်သွားရင် ငွေကို ပလူပြီးကို ပျံထွက်တယ်...း(

    ReplyDelete
  10. မမkom ဘယ်ရှော့ပန်းစင်တာ လဲဗျာ ဒီဇင်ဘာပြန်ရင် သွားတုတ်အုံးမှ ငပိထမင်းသုပ် ဆိုမိုက်မယ် အမဲကြော်နဲ့  ဆို ရှယ်ပဲ

    ReplyDelete
  11. ဟုတ်တယ် ဘယ်ဈေးချိုပါ့မလဲ။ လမ်းဘေး ဒုတ်ထိုးစား လက်သုတ်စာစားသူတွေအတွက် ဒါက ဘယ်ဈေးချိုပါ့မလဲ။ တခါတလေအဲဒါမျိုးလေးစားပေါ့။ တချိန်လုံး လမ်းဘေးမှာ စားပြီး အလေအလွှတ်အလုပ်တွေ လုပ်နေတာ မကောင်းပါဘူး။ စင်ကာပူလောက်နေပြီး ကိုယ့်ကိုကိုယ် အဆင့်မြင့်နေတဲ့သူတွေ ရန်ကုန်မှာဒါမျိုးကို ဈေူးကြီးတယ်လို့ ထင်တယ်ပေါ့။ အဲ့ဒါဘာလဲ ဆိုတော့ အဆင့်မြင်တဲ့နေရာရောက်တိုင်း အဆင့်မြင့်တာမဟုတ်ဘူး။ ကိုယ်ကိုတိုင် အဆင့်မြင့်အောင် နေထိုင်လုပ်ကိုင်မှ အဆင့်မြင့်တယ်လို့ခေါ်တယ်။ ဥပမာ ကြီးဒေါါ်ကိုကြည့် အဆင့်မြင်တဲ့ ရုပ်ဝတ္ထုတွေကို ကိုင်တွယ်သုံးစွဲနေပေမယ့် ကြီးဒေါ်ရဲ့ အတွေးအခေါ် အပြောအဆိုတွေက အဆင့်မမြင့်ဘူးဆိုတာ ကြီးဒေါ် စာတွေ ဖတ်ရုံနဲ့ သိပါတယ်။ အဆင့်မြင့်နိုင်ပါစေ။

    ReplyDelete
  12. East Point ပေါ်ကိုရောက်သွားကကိုးဗျား)
    ပေါ်ပြူလာမဝင်ခဲ့ဘူးလား

    ReplyDelete
  13. မြေနီကုန်းမီးပွိုင့်နားက အဘိုးကြီးတုတ်ထိုး သွားစားရောပေါ့.. ရှယ်ပဲ.. တစ်ချောင်း ၃၀၀.. ၂ ယောက်စားရင် ၁ သောင်းဖိုးလောက်စားမှ အတော်ပဲ.. (လမ်းဘေးတုတ်ထိုးဆိုတိုင်းလဲ မနိမ့်ပါဘူးနော့)

    ReplyDelete
  14. မမရေ… ဓာတ်ပုံထဲကလိုပဲ…ဟိုတနေ့ က ဒီက အိုရီရန်တယ်ဟောစ်မှာ စားဖြစ်တယ်… သူတို့ က ငါးပိထမင်းကြော်လို့ ခေါ်တယ်… ကောင်းလို့ စားတာ ၂ခါရှိပြီ… ရေတော့ငတ်တယ်… အလွမ်းပြေပေါ့

    ReplyDelete
  15. မမမေေ၇
    အနော်ကတော့အစားကောင်းခပ်ကြိုက်ကြိုက်
    အစားအသောက်ခပ်မက်မက်
    တွေ့ပြီ
    ဒါမျိုးတွေပဲခဏခဏတွေ့
    သွားရည်ယိုပြီးပြန်
    အလုပ်ကိုဖြစ်လို့
    အဟဲ

    ReplyDelete
  16. ဆိုင်အားလုံး လမ်းဘေးမှာဖွင့်တာချည်းပဲ..
    လမ်းပေါ်တက်ဖွင့်တဲ့ဆိုင် မမြင်ဖူးပေါင်....

    ReplyDelete
  17. အလကားရတိုင်းနင်းကန်စားတဲ့သူ သို့မဟုတ် ခွေးလို ၀က်လို စားတဲ့ သူတွေ ဆို ၁၀၀၀၀ လောက်ကုန်မယ်ဆိုတာ ယုံတယ်။

    ReplyDelete
  18. အော် လူတွေက အံ့သြစရာ
    ငါ့ အမကြီး .. နေကောင်းအဆင်ပြေပါစေဗျား

    ReplyDelete
  19. ma cho thinn,
    ငပိ ထမင်းသုတ် is that dish called Olive rice in Thai restaurants, they said its the favourite dish of King Chulalonkong. i agree with a yee KOM, i think our nga pi yay and rice mix at home will taste better. hehehe

    ReplyDelete
  20. လာမကြွားပါနဲ့ မမ .. အနော်လဲ ဖာလူဒါသောက်လာပါတယ်

    ReplyDelete
  21. အရီးကွန်း.. စားချင်လိုက်တာဗျ.. ခံတွင်းပျက်နေလို့..:)

    ReplyDelete
  22. Point of view by BINO
    The more you eat the more you less.
    The less you eat the more you gain.

    BINO

    ReplyDelete
  23. This comment has been removed by the author.

    ReplyDelete
  24. Sorry, its not olive rice.
    its "Khao Kluk Kapi Talay" translated into "Fragrant shrimp paste fried rice with seafood"

    ReplyDelete
  25. အစစ အရာရာ ဈေးကြီး၏။ ခွင့်ပြန်ရင် အိမ်ထမင်းအိမ်ဟင်းပဲ စားတော့မယ် ။

    ReplyDelete
  26. ဟုတ်ပါ့ မမရေ... not cheap man!!
    ဒါနဲ့ နန်းညီ နဲ့ မဆင်ဒလာ ကော့မန့်ကို အကြိုက်ဆုံးးး
း)

    ReplyDelete
  27. ရန်ကုန်မှာတော့ ရိတ်လို့ရယင် ရိတ်မယ့်ဆိုင်ချည်းပါပဲ။
    ကုန်ပစ္စည်းဈေးတက်တာ ကို အကြောင်းပြပြီး တော့
    တက်ချည်းပြနေတော့တာ ဆိုတော့ လဲ စားသုံးသူများ
    ကတော့ ခံဖက်ကချည်းပါပဲ။
    တစ်လောက အင်တာနက်ဂျာနယ်မှာဖတ်လိုက်ရတယ်။
    နန်းသီတာဆိပ်ကမ်းနားက နာမယ်ကြီးစားသောက်ဆိုင်
    ဟာ တစ်နေ့ ရောင်းရငွေ သိန်း ၂၀ ရှိတယ်ဆိုပဲဗျ။
    တစ်နေ့ ဒေါ်လာ ၂၀၀၀ ဖိုးပေါ့ဗျာ။
    စားနိုင်တဲ့သူတွေ ကလည်းစားကြမှာကိုဗျ။
    ဒီလိုပါပဲ။ ခေတ် အဆက်ဆက်။
    လက်ထဲ ငွေလေး ၅သောင်းလောက်ထည့်သွားယင်
    အိမ်ပြန်လာယင် ပြောင်သွားတာက များနေလို့  အပြင်တောင်သိပ်မထွက်ရဲဘူး။ ထွက်ယင်လဲ တစ်သိန်းလောက်ထည့်ထည့်သွားရမလိုပဲ။ဟဟဟ
    ရှေ့ ရေးများ မျှော်တွေးလေ ကြောက်စရာပေပဲမခင်ဦးမရေ။

    ReplyDelete
  28. ခေါက်ဆွဲကိုြ့ပုတ်သောက်တဲ့ ရယ်ဒီမိတ်အထုပ်လောက်ပဲကြိုက်တာ..
    ဖာလူဒါသောက်ချင်တယ် ။

    ReplyDelete
  29. နေရာလေးသိရရင်ကောင်းမယ်... ရန်ကုန်ရောက်ရင်စားဘို့

    ReplyDelete
  30. ကိုထူကိုယ်ထ ၊ ကိုယ်က စ


ုဗုဒဓဘာသာဝင် အများစုနေထိုင်ရာ ဗမာပြည်က လူအများစုမှာ ကံကိုယုံကြည်ကြပါသည်။ ကျနော်လဲ ဗမာပြည်သား ဗုဒ္ဓြွဘာသာဝင်တဦးပီပီ ကံကိုယုံပါသည်။ ဆင်းရဲချမ်းသာ ဆူကြုံနိမ့်မြင့် ကွာခြားတာတွေကို ရှေးကံ အကျိုးပေးဟု ယူကြတာကိုလဲ ကျနော်တို့ ဗမာပြည်သားတွေ အ သားတကြ ရှိကြပါသည်။ အတော်အတန်ကတော့ ပြဿနာ ဟုမယူဆကြပါ။
    ဒါပေမဲ့ ဒီ လက်ရှိအချိန်မှာ ဗမာပြည်ပုဂ္ဂိုလ်ကြီးငယ်တို့ ထူထောင်ထားသော ကုသိုလ်ကံ အယူအဆကတော့ လွန်လွန်းသည်။ သူတို့ရယူနေသမျှ အားလုံးကိုတော့ သူတို့ရဲ့ ဘုန်းကံကြောင့်ဟု သတ်မှတ်ယူဆကြသည်။ သူတို့က လုပ်ပေးရသည့် ကိစ္စဟူသမျှကိုတော့ သူတို့ရဲ့ စိတ်စေတနာ ဂရုဏာတော် အဖြစ် ဟိတ်ဟန်ထုတ်ကြသည်။
    နိုင်ငံရေး အာဏာကို လက်နက်အားကိုးဖြင့် မတရားလုယူ သိမ်းပိုက်ထားသော နအဖ ဗိုလ်ချုပ် များ နှင့် အဆင့်ဆင့်သော အရာရှိ ကြီးငယ်များကလဲ တိုင်းပြည်၏ သံယံဇာတ ဘဏ္ဍာ တော်တွေ ခိုးဝှက်ခြင်း နှင့်တကွ လဒ် စားရယူသမျှကို သူတို့ရဲ့ဖုန်းကံ ပါရမီကြောင့်ဟု ရုပ်လုံးဖေါ် ချင်ကြသည်။ တိုင်းပြည်အုပ်ချုပ်သူ ရာထူးအဆင့်တာဝန် ယူထားသူအနေနဲ့ လုပ်ကြရမည့် ဖွံ့ဖြိုး ရေးအပါအဝင် တာဝန်ဝတ္တရားများကိုတော့ သူတို့ရဲ့ စိတ်စေတနာ မဟာဂရုဏာတော် အဖြစ် ပုံဖေါ်တတ်ကြပြီး သက်ဆိုင်တဲ့ ပြည်သူအများက ကျေးဇူးတင် ရှိခိုးဦးခိုက်ကြရဦးမည့် အဖြစ် ရောက်အောင် ဖန်တီးချင်ကြသည်။ သူတို့ နအဖတွေဘာလို့ ဒီလိုလုပ်နေတာလဲ၊ တခြားအကြောင်းတွေလဲ အများကြီးရှိပါလိမ္မည် ကျနော့အနေနဲ့ သူတို့ရဲ့ စိတ်ကူးပုံရိပ်ကို ဒီခန့်မှန်းကြည့် မိသည်၊ “ ဂျပန်တွေက မေဂျီပြုပြင်ပြောင်းလွဲရေးခေတ် တွင် ဆာမူရိုင်းစစ်ဘုရင်မိသားစုကြီး များက ကာဝါဆာကီ မစ်ဆူဘီချီ ဆူဇူကီ စသော စစ်ဓနရှင်အုပ်စုကြီးများ အဖြစ်အသွင်ပြောင်း ပြီး စီးပွါးရေး နိုင်ငံရေး အာဏာကိုဆက်ကိုင်ပြီး အုပ်စိုးသူလူတန်းစားအဖြစ် ဆက်သယ်ဆောင် ရပ်တည်သွားခဲ့တဲ့တယ်၊ စက်မှုတည်ထောင် ဖွံဖြိုးမှုနဲ့အတူ ပေါ်လာတဲ့ ပစ္စည်းမဲ့ စက်ရုံလုပ်သား လူတန်းစားရဲ့ ဦးဆောင် ကွန်မြူနစ်တွေကတော့ ဖြိုခွဲနှိပ်ကွပ်ခံလိုက်ရတယ် “ နအဖ ဗိုလ်ချုပ်တွေကလဲ အဲဒီလိုဖြစ်ချင်ကြပုံပေါ်တယ်။ ဒါပေမဲ့ ဒီနေ့ ဗမာပြည်ကို ၁၈-ရာစုက ဂျပန် ပြည်လို ကိုင်တွယ်လို့တော့ ရမယ်လို့ ကျနော်မထင်ဘူး။

    http://komoethee.blogspot.com/2009/11/blog-post_20.html

    ReplyDelete
  31. ဗိုလ်ချုပ် စောထွန်း သမီးနဲ့ သားမတ် မူးယစ်ဆေးဝါးများ ဖြန့် ဖြူး


    ဗိုလ်ချုပ်စောထွန်းသမီး ( သိဂီင်္ထွန်း )နဲ့ သားမတ် ( သားပေါက်) ဟာ မူးယစ်ဆေးဝါးများကို ဖြန့် ဖြူးနေပါတယ်။ သူတို့ ဖြန့် ဖြူးတဲ့ စနစ်ကတော့
    အိမ်မှာ ပါတီပွဲတွေပေး ပြီး ဖြန့် ဖြူးနေခြင်းဖြစ်တယ်။သူတို့ ကိုယ်တိုင် လည်း မူးယစ်ဆေးဝါးသုံးစွဲပါတယ်။ သူတို့ အဓိက ဖြန့် ဖြူးတဲ့ မူးယစ် ဆေးဝါး တွေကတော့ အက်သာဆီ ( Ecstacy) နဲ့ ယာဘား တို့ ဖြစ်ပါ
    တယ်။ အက်သာဆီကို အမေရိကန်က သွားတဲ့မြန်မာ တွေက သယ်
    ဆောင်သွား ပေးတာဖြစ်ပါတယ်။ ယာဘားကတော့ အပြစ် ခတ်ရပ်စဲ
    ရေးလုပ်ထားတဲ့ အဖွဲ့ ဝင်တချို့ နဲ့နယ်မြေခံ
်ထောက်လှမ်းရေးတွေပေါင်းပြီး ထုတ်လုပ်နေကြတာဖြစ်ပါတယ်။

    ReplyDelete
  32. ပြည်လမ်းစိန်ဂေဟာထင်တယ် စိန်ဂျွမ်းက...။ ယုဇနပလာဇာထက်တော့ သွားလို့ကောင်းပါတယ်။

    ReplyDelete
  33. အင်း..

    ခေါင်းစဉ်လေး သဘောကျတယ်..း)

    ReplyDelete
  34. ၁ သောင်း နားနီးတယ်ဆိုပါလား
    တိုတော့ မပြန်သေးဘူး။

    နန်းညီပြောတဲ့ မြေနီကုန်းမီးပွိုင့်နားက အဘိုးကြီးတုတ်ထိုး
    ကို သိသလိုပဲ ရွှေမန်းရုပ်ရှင်ရုံဘေးနားက လားမသိဘူး
    ဟော ပြောရင်း ပြန်သတိရလာပြန်ပြီ။

    ReplyDelete
  35. မမမေေ၇ အနော်ကတော့အစားကောင်းခပ်ကြိုက်ကြိုက် အစားအသောက်ခပ်မက်မက် တွေ့ပြီ ဒါမျိုးတွေပဲခဏခဏတွေ့ သွားရည်ယိုပြီးပြန် အလုပ်ကိုဖြစ်လို့ အဟဲ

    ReplyDelete
  36. ကျေးဇူး ပါ. ပြန်ပြန်ဖတ်ရလို့။

    ReplyDelete