Wednesday, December 30, 2009

flying thought..

ဓါတ်ပုံတွေ နဲ့လုပ်စားနေတာမဟုတ်ပါဘူး. စကားလဲနည်းပါတယ်။ အစကတည်းက သိတ်ပြောတာမဟုတ်ဘူး. တစ်နေ့လုံးပြောနေရတော့ မပြောချင်တော့တာလဲပါပါတယ်။ သိတ်ခင်မိရင်တော့လဲတစ်မျိုးပေါ့လေ။

တစ်ခါတစ်လေတော့လည်း ပြောချင်ရဲ့နဲ့ မြိုချလိုက်ရတဲ့ အချိန်တွေ လဲရှိရဲ့။ ကိုယ်ကပြောချင်ပေမဲ့ သူက မပြောချင်ရင် ဆက်ပြောလို့မှ မရဘဲ။ ကိုယ်က ဆက်ပေမဲ့လဲ သူက မကိုင်ရင် ဘယ်လိုလုပ်ပြောမလဲ။ နိုင်ငံခြားဆိုတာ ကလဲ သူအားပေမဲ့ကိုယ်မအား. ကိုယ်အားပေမဲ့လဲသူမအား. နစ်ယောက်အားကာမှ အကြောင်းဆုံက မှ ပြောနိုင်တာမျိုးကော။ နောက်ဆုံးတော့ တိတ်တိတ်ကလေးနေ တာဘဲကောင်းပါတယ်။ ကိုယ်ဆက်ချင်တဲ့သူဟာ ကိုယ်နဲ့ လက်လှမ်းမီတဲ့နေရာမှာမရှိဘူး လို့ စိတ်ကူးနဲ့ ထားလိုက်လို့ ရှိရင်လော ကကြီး နေ လို့ရသွားပါတယ်။

သွားရင်းလာရင်းနဲ့ စိတ်ကူးပေါက်တာတွေတော့ဝယ်နေတာဘဲ။ ဈေးမကြီးပါဘူး တစ်ဆယ်ထက် ကျော်ရင်မဝယ်ပါါဘူး။ အဲဒီအိတ်ကလေးကြိုက်တာနဲ့ဝယ်ခဲ့သေးတယ် ။ similar နောက်ထပ် သုံးအိတ်ရှိပါသေးတယ်။ အဖြူနစ်အိတ်. အနီရောင်တစ်အိတ်။ အမျိုးတွေ ကိုဘဲပေးမှာပေါ့။ ကိုယ်လဲသုံးစရာနေရာမှ မရှိဘဲ။ ဘယ်မှလဲ သွားတာမဟုတ်. ဘာမှ လဲလုပ်တာမဟုတ်။



ရန်ကုန်ကလူတွေ ကတော့ တစ်နေ့လုံး activity တွေ အပြည့်ဆိုတော့စိတ်ကူးပေါက်ရင် အသုံးတည့်ချင်တဲ့ အချိန်သုံး လို့ရတာပေါ့ ။ ပိုက်ဆံအိတ်ကလည်းပါးပါးလေးရယ် ဘာထည့် ရမှန်ေးတာင်မသိ။ ရန်ကုန်က အမျိုးများ ထည့်ချင်ရာ သာထဲ့ကြပေတော့။ ကိုယ်ကတော့ ချစ်လို့ ဝယ်လိုက်ပြီး ထပ်ဝယ်ဘို့တောင် စိတ်ကူးသေးတယ် လေးအိတ်ဖြစ်သွာြး့ပီ ဆိုတော့ တော်လောက်ပြီဆိုပြီး ရပ်လိုက်ရတယ်။

လက်ကောက်ကလေးက ဖန်စီပါ . ချစ်စရာလေး ..ပြောရင်းနဲ့ အမေရိကားက ချစ်ခင်သူတစ်ဦး ပေးထားတဲ့ လူကြုံ သွားမယူရသေးတာ သတိရတယ်။ ခွင့်လွတ်ပါ. အချစ်။ မနက်မိုးလင်းကနေ ညအထိအိမ်မှာမရှိ။ ပြန်လာတော့ကြံဖတ်ဖြစ်နေ. အားတဲ့ရက် ကလဲ သွားချင်တဲ့နေရာနဲ့လွဲနေ။ ယူတာကတော့သွားကိုယူဦးမှာ။ စိတ်ချ။

အသက်ကြီးလာလို့လာမသိ. ဖန်စိတွေ ကြိုက်လာတယ်။ အင်း ဒါပေမဲ့လဲ ငယ်ငယ်ကတထည်း ကလဲကြိုက်ပါတယ်လေ။ အဲဒါတွေ ဝတ်လိုက်ရင် နုပျိုသွားတယ် လို့များထင်သွားမိသလား.။ အိတ်သေးသေးတွေ လဲအတော်ဝယ်ဖြစ်တယ်။ စုံနေတာဘဲ။ အိတ်သေးသေး ကလေးတွေ မျိုးစုံ။ တစ်ယောက်ဝါသနာတစ်မျိုး။ စိတ်ကူးပေါက်ရာ သူကိုလည်းပေးလို့ရတယ်။ ဖိနပ်ကတော့ လေးတာ တစ်ကြောင်း ဆိုဒ်မှားသွားရင် အလကားဖြစ်သွားတာ တစ်ကြောင်းမို့လို့ ဝယ်တာ နဲနဲနဲတယ်။ အကျီက တော့စလုံးအကျီတွေ က ဈေးကြီးလို့ မဝယ်ဖြစ်ဘူး သုံးဆယ်အောက်ကို မဆင်းဘူး။ ကိုယ့်ဘတ်ဂျက်ကိုကျော်နေတယ်။

ဂျပန်ကပြန်လာတာမှာ မုန့်ပါလာလို့ဆိုပြီးလာကျွေးတဲ့သူကလဲရှိသေးတယ် ဘီစကစ်ကို အိတ်လှလှနဲ့ ထုတ်ထားတယ်လို့ဘဲမြင်တယ။် မစားဖြစ်လိုက်ပါဘူး။ သွားရင်းလာရင်းနဲ့ ဘယ်နားချလိုက်မိသလဲမသိဘူး. မစားလိုက်ရဘူး။

စားဖြစ်လိုက်တာ ကတော့ နာစီလာမားမလေးထမင်းဘဲ။ စားဘူးလား. စလုံးနဲ့ မလေးကလူတွေ တော့စားဘူးမယ်။ အုန်းနို့နံလေ့ပါတဲ့ထမင်းကို မလေးငရုတ်သီးရည် ခေါ်မလား မလေးငပိခေါ်မလား. ထမ်းပေါ်မှာအဲဒီငပိပါတဲ့ ဖက်ရွက်ကလေးကိုမှောက်. ကြက်ဥခေါက်ကြော်ပိစိကလေးပါတာနဲ့စားမလား. ငါးကြော်နဲ့စားမလား ဆိုပြီး လာတယ်။ ငါးကြော်ကိုရွေးလိုက်တယ်။ ကြက်ဥခေါက်ကြော်က ပါလေရုံ့ကလေး. စားရင်းနဲ့အသဲနာတယ် ရေခဲသတ္တာထဲက ကြက်ဥတွေ ကိုမြင်ယောင်မိလို့ ဒီလောက်ပေါတဲ့ကြက်ဥကို မထဲ့ပေးလို့။












ပြောရင်းနဲ့ နာမည်ကြီးဆိုင်က မြီးရှည်သုပ်မှာ ပဲံပင်ပေါက်နဲလို့ဆိုပြီးစားရင်းနဲ့ ဘေးကက လေးမပြောတာသတိရတယ်။ပဲံ့ပင်ပေါက်တွေ ဒီလောက်ပေါတာဟာ .ငါတော့ ကိုယ့်ဘာသာ ကိုပဲပင်ပေါက်တွေ ဝယ်လာပြီးထဲ့စားလိုက်ရမလားဆိုတာကိုစဉ်းစားမိတယ် ဆိုတာကို သတိရရမိသေးတယ်။

ဘာဂါကတော့ ကြိုက်ပါတယ။် သူ့ဘာသာသူ ကော်လက်စထရောများတယ်ဘဲပြောပြော။ အချိုဓါတ်တွေ များတယ်ဘဲပြောပြော. အားရင်အားသလို ကြုံရင်ကြုံသလိုတော့ စားနေတာဘဲ။ အစိတ်တန် ဂဏန်းမစားဘူးတော့လဲမမြင်ဘူးမူးမြစ်ထင်သလို default setting ဖြစ်ဖြစ်သွားတယ်။ ဒါနဲ့ စကားမစပ်. ပြန်လာတော့ည က လတစ်ခြမ်းကွေး လေးသာနေတယ်။

(မှတ်ချက်. ဘယ်သူ့ကိုမှ စောင်းပြောခြင်းမဟုတ်ပါ။ သက်ဆိုင်သူများသိစေရန်သာဖြစ်၏)

Keyword
သိတ်ခင်မိရင်တော့လဲတစ်မျိုးပေါ့လေ။
တယ်လီဖုံးမကိုင်သူ။
အမေရိကားမှ ချစ်ခင်သူတစ်ဦး။
ဟမ္ဘက္ဂါ။
အစိတ်တန်ဂဏန်း။
Default setting။

45 comments:

  1. ဘီစကစ်တော့ မစားလိုက်ရဘူး တဲ့ ဓါတ်ပုံတော့ ရိုက်ခဲ့တယ် .... ။ဘယ်လိုပါလိမ့်.....

    ReplyDelete
  2. သိတ်ခင်မိရင်တော့လဲတစ်မျိုးပေါ့လေ။
    တယ်လီဖုံးမကိုင်သူ။
    အမေရိကားမှ ချစ်ခင်သူတစ်ဦး။
    ဟမ္ဘက္ဂါ။
    အစိတ်တန်ဂဏန်း။
    Default settingအကုန်လုံးမှာ တယ်လီဖုန်းမကိုင်သူ. ဆိုတာပဲ တိုက်ဆိုင်တော့...အမေရိကားမှ ချစ်ခင်သူတစ်ဦးဆိုတာ ကိုယ်မဟုတ်မှန်း အသိပေးအပ်ပါတယ် အဟဲ။

    ReplyDelete
  3. အစ်မရေးတာ ရယ်လိုက်ရတာ ... ကြက်ဥတို့ ... ပဲပင်ပေါက်တို့နေရာရောက်တော့ ... ကိုယ်နဲ့အတွေးတူနေလို့ ... ဒါပေမဲ့ အစ်မရေးထားတာ ဖတ်ရတာကိုက တွေးရင်း ရယ်ချင်စရာ ...

    ဖုန်းဆိုလို့ ဒီမှာ ဖုန်းဆက်ရင် ချက်ချင်းမကိုင်ကြတာများတယ် ကိုယ်လဲဒီလိုပဲ။... တမင်တော့ မဟုတ်ဘူး။ အခန်းထဲမှာ ဖုန်းကထားပြီး ကိုယ်ကအပြင်ရောက်နေတော့ ဖုန်းမြည်ရင် မကြားဘူးလေ။ တစ်ခါတစ်လေ shopping center တွေရောက်ရင်လဲ မကြားရဘူး။ အသံအကျယ်ဆုံးလုပ်ထားလဲမကြားရဘူး။ miss ဖြစ်သွားတာချည်းပဲ... ပြီးမှပြန်ခေါ်ရင် ဟိုဘက်က မကိုင်ပြန်ဘူး။ အဲလိုတွေ ခဏခဏဖြစ်ပါတယ်။

    ReplyDelete
  4. မမကွန် လိုင်းကြောင် :)

    ReplyDelete
  5. မိန်းကလေးတိုင်း ကိုယ်နဲ့လိုက်ဖက်မယ့် ကြိုက်နှစ်သက်ကြတဲ့ accessories လေးတွေဝယ်ကြ ၀တ်ဆင်ကြတာပါပဲ...အသက်ကြီးသည် ငယ်သည်မဟူ မိမိနဲ့လိုက်ဖက်လျှင် ၀တ်ကြတာပါပဲ.. :)

    ReplyDelete
  6. တပြုံးပြုံးနဲ့ ဖတ်သွားပါကြောင်း။
    အဲဒါ အပြုံးပန်းရဲ့ Default Setting Comment, :)

    ReplyDelete
  7. အောင်မယ် မကွန်ဆီ ရူရှား က စစ်ဗိုလ်တွေလဲ လာကြတာပဲ။ ကြိုဆိုပါတယ်။

    с новым годом

    ReplyDelete
  8. phoneမကိုင်သူ ..
    ကျနော်လည်းမဖြစ်နိုင်ဘူး။။
    ဖုန်းမကိုင်တဲ့သူကို ဆက်မနေတော့ပါနဲ့လားး။။

    ReplyDelete
  9. ပိုက်ဆံအိတ် ကိုယ်ကိုယ်တိုင်ဝယ်မသုံးဖူးဘူး။။
    တောင်းသုံးပါတယ်။။
    အခုပြထားတဲံ့ပိုဆံအိတ်ကို ဘယ်လိုသုံးရမှာလဲ။။

    ReplyDelete
  10. လူလည်.. အမျိုးပေးမယ့် ပိုက်ဆံအိတ်က ၁၀ မကျော်ဘူးတဲ့.. ဟွင်း

    ReplyDelete
  11. ဖုန်းမကိုင်တဲ့သူဆီမဆက်နဲ့မမ
    မေလေးဆီဆက်လိုက် :P

    ReplyDelete
  12. ဖုန်းကိုင်တဲ့လူဆီဆက်ပါ
    မက်စိရောဖတ်အုံးမလား ဖုံးနံပါတ်လေးသာသတ္တိရှိရင်မေးလ်ပို့ လိုက်စမ်းဘာာာာာ

    ReplyDelete
  13. ကိုယ်ကပြောချင်ပေမဲ့ သူက မပြောချင်ရင် ဆက်ပြောလို့မှ မရဘဲ.... မှန်လိုက်တာ မမရယ် နော်...း(
    ဒါနဲ့ ဖန်စီလေးကချစ်စရာ... ကြိုက်တယ်.. ဒါပေမယ့် ၁ခါမှ မ၀ယ်ဖြစ်ဘူး... ၀တ်ဖို့လဲ စိတ်မကူးဖူးဘူး... သူများတွေ ၀တ်တာပဲ ကြိုက်တာ.. နာစီလမာ့တော့ မကြိုက်ဘူး...

    ReplyDelete
  14. အစကတော့ ရိုးရိုးပဲ ဖတ်ပါတယ်။

    နောက်ဆုံး ဘယ်သူ့မှ စောင်းပြောခြင်း မဟုတ်ပါဆိုမှ ကိုယ့်များ စောင်းပြောသလား ထင်သွားတယ်။

    ReplyDelete
  15. ဂဏန်းတို့ ဖားတို့မှာစားရင် သူတို့ကို သေဒဏ်ချပေးလိုက်သလို စိတ်ထဲက ခံစားရလို့ ဂဏန်းတို့ ဖားတို့ မစားဘူး။ ဘာဂါကတော့ အမြဲမစားဖြစ်ဘူး။ ပုံမှန် စားဖြစ်တာက နာဆီလီမက်ရက်၊ မီးဂိုရင်းရယ်၊ Chicken Rice ရယ်ပဲ။

    ဒါနဲ့ ကျွန်တော့်မှာတော့ ဖုန်းပြောမယ့်သူ ပေါလွန်းလို့။ ပတ်တောင် ပြေးရတယ်။ :D

    ReplyDelete
  16. တွေ့ ရင် ၀ယ်မိလွန်းလို့  ကလစ်ဆိုင် ဖန်စီဆိုင်သွားရင် တော်တော်နဲ့ ပြန်မထွက်မိပဲ ထွက်တော့ လက်ထဲ တခုမဟုတ်တခုပါလာတာပဲ… သားက အကြောင်းသိတော့ ဟိုတနေ့ က ဆိုင်ထဲ ၀င်မလို့ လဲ လုပ်ရော မ၀င်ရအောင် အကျီင်္ကြီးအတင်းဆွဲထားတာလေ… key wordတဲ့လား… ထွင်တတ်ပါပေ့မမရယ်…

    ReplyDelete
  17. မမရေ..
    ပျော်ရွှင်စရာ ၂၀၁၀ ဖြစ်ပါစေနော်...း)

    ReplyDelete
  18. For Ma Khin Oo May
    http://www.myanmar.mmtimes.com/2009/timeout/445/joke.htm

    ReplyDelete
  19. ဟိုက တကူးတကလာကျွေးတာကို ဘယ်နားချမိမှန်းမသိ မစားလိုက်ရဘူးဆိုတာကိုတော့ ဒေါသထွက်ပါတယ်

    ReplyDelete
  20. I missed some ပဲပင်ပေါက်.

    BINO

    ReplyDelete
  21. မမ လူကြုံ ပစ္စည်း တူတူ သွားယူ ချင်ပါတယ်....

    ReplyDelete
  22. ဘီစကစ်လာစားတယ်း)

    ReplyDelete
  23. အမေရိကားနေ ချစ်ခင်သူတစ်ဦး ဆိုကတည်းက ကိုယ်မဟုတ်မှန်း သိသာပါတယ်လေ။
    (အဲ ဘာလို့ ကိုယ်လို့ ထင်နေရအောင် ကိုယ်က အဲလောက် အရေးပါနေတယ် ထင်လို့လား.. သွေးနားထင်ရောက်တာများ ပြောပါတယ် မောင်ဘရယ်) :D

    ReplyDelete
  24. ဟက်ပီးနယူးရီးယားပါ။ ဟဲဟဲဟဲ။

    ReplyDelete
  25. နာစီလာမာ့ ကို ကြက်တောင်ပံကြော်၊ ပဲသီး ငပိကြော်နဲ့ စားပါ၏။
    ဖုန်းမကိုင်သူဆိုတာ သာမီးကိုစောင်းပြောတာ မဖြစ်နိုင်ဘူး..(ထင်၏) (ကိုယ့်ကိုယ်ကိုယ် အဲလောက် အထင်မကြီးပါ)

    ReplyDelete
  26. လကလည်း မြက်ခင်းပေါ် ရောက်နေသလို

    ReplyDelete
  27. "Blogger Bino said...

    I missed some ပဲပင်ပေါက်.

    BIN"

    Not available there? We can see Bean sprout in most supermarket here. Come and join us in new year :)

    ReplyDelete
  28. မိန်းခလေးဆိုတော့ တွေ့ ရင် ၀ယ်မိတာဘဲ အခုတော့ ပစည်းတွေတပုံကြီး နဲ့ စိတ်ညစ်နေရတယ်။
    မကွန်စာဖတ်ပြီး အဖော်ရသွားလို့ ဝမ်းသာမိသေး

    ReplyDelete
  29. မမ
    ကိုကျော်ဝဏ္ဏက လူကြုံပစ္စည်းကို ပင်နီဆူလားမှာ သွားထားခိုင်းလိုက်ပါလား ပြောနေတယ်။ :))

    ReplyDelete
  30. စိတ်ချမ်းသာ ကိုယ်ကျန်းမာသော လိုရာဆန္ဒများ ပြည့်ဝသော မင်္ဂလာရှိသော ၂၀၁၀ ဖြစ်ပါစေ မခင်ဦးမေ။

    ခင်မင်စွာဖြင့်
    မအယ်

    ReplyDelete
  31. နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ အမ။

    ReplyDelete
  32. အမ မေ့သမီးလည်းအဲလိုအိတ်မျိုး ၆အိတ်တောင်ဝယ်ထားတယ်။ အရောင်စုံပဲ။ ၅ရက်နေ့အိမ်ပြန်ရင် သူငယ်ချင်းတွေပေးဖို့ဆိုပြီး။

    ReplyDelete
  33. မမရေ..လာဖတ်သွားပါတယ်။
    လိုရင်း တိုရှင်း ပျက်ဘဲ နော်..။
    လေးစားလျှက်ပါ။

    ReplyDelete
  34. ဟမ်ဘာဂါ ဆိုတာ ကျနော်များလား ဟင်င်င်..။နှစ်သစ်မှာ စိတ်ချမ်းသာ ပျော်ရွှင်ပါစေ၊

    ReplyDelete
  35. Happy new year လာနှုတ်ဆက်ပါတယ်...

    နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့ပါစေ...

းဝ)

    ReplyDelete
  36. မင်္ဂလာရှိသောနှစ်သစ်ပါ မမ...

    ReplyDelete
  37. နာစီလာ့မာ့တော့..တကယ်လွမ်းတယ်ဂျီးတော်ရာ...
    အနော့ကို..စောင်းပြောခံရတာတော့..
    နဲနဲရှက်တယ်..အဟီး....

    ReplyDelete
  38. Happy new year မမ

    nasi lemak စားချင်လိုက်တာ

    ReplyDelete
  39. ပိုက်ဆံအိတ်နက်လေး လိုချင်တယ် ဘယ်က၀ယ်တာလဲ ? နေရာလေး ပြောပြပါ မမ .

    ReplyDelete