Wednesday, January 6, 2010

I am bored!

ဖတ်နိုင်ရင်ဖတ်.။

ဒီနေ့အတော်ပျင်းနေတယ်။ kmsl အိမ်ပြန်မအိပ်ဘူး ဆိုလို့ဖြစ်မယ။် အချစ်ဟာ ဒီလောက်အရေးပါပါသလား။ လောကကြီးက ချက်ခြင်းဘဲ အတော်ကြီး ပျင်းစရာ ကောင်း သွားတယ။်

အိမ်မှာနေတော့လည်း တယ်နားညည်းသကိုး.။ သောကြာသား အတော် ပြောနိုင်တယ်။ ခက်တာ က ပြောတာက ကိုယ်စိတ်မဝင်စားတာတွေ ဖြစ်နေတယ်။ ဥပမာလေး ပေးပရစေဦး. ။

အ ခု အာစီယံ နိုင်ငံတွေ မီးရထားလမ်းဖောက်နေတာ သိလား ။ ဟိုနားတော့ ရောက်နေပြီး. ရဲတခွန် ကနေ ဂက်စ်တွေ ကနေ ပိုက်ဆံဘယ်လောက်ရောက်နေတယ။် ဒီနေ့ အောင်ဆန်း အက်တလီစာချုပ် ရှာဖတ်နေတယ။် သိတ်စိတ်ဝင်စားဘို့ကောင်းတယ။် အင်းစိန်နားက မြေကွက်မှာ ဆောက်ထားတဲ့တိုက်တွေ တောင်ဈေး မသေးတော့ဘူး ။ သိန်းသုံး ထောင်ဖြစ်နေပြီဆိုဘဲ။ ဒီနေ့ငွေဈေးကဖြင့်ဘယ်လောက် ရန်ကုန်ဈေးကဘယ်လောက်။ goole earth ကြည့်ရာကနေ . ဒီနားလာကြည့်လှဲ့စမ်း နယ်စပ်မွှာ ဒါဆောက် ထားတာကြည့်စမ်း ။ ကီလိုမီတာ ဘယ်လောက်သွားလိုက်ရင် နယ်စပ်ရောက်သွားပြီး ဘာလုပ်ဘို့လဲမသိ.......အစရှိသဖြင့်သူစိတ်ကူးပေါက်ရာတွေ ကို ကိုယ်စိတ်မဝင်စားဘဲ အဲလေ. ကိုယ်က စိတ်ဝင်စားချင် ယောင်ဆောင်ပြီး နားထောင်ခေါင်းညိတ်ရတယ်။

ပျင်းလွန်းလို့ အီမေးလ်ကြည့်တော့တစ်နေ့လုံးမှာမှ steve ပို့ထားတဲ့မေးလ်တစ်ခုဘဲရှိတယ။် Steve: i am oncall today. do you know that? တဲ့ ကြောင်တောင်တောင်ဖြစ်သွားတယ်။ စာပြန်လိုက်တယ်။ မြန်မာလိုပြန်ရင် နားညည်းနေဦးမှာနဲ့ တတ်သလောက်မှတ် သလောက်အီးလိုပြန်လိုက်တယ။် လိုရင်းကတော့ ဘာအကြောင်းရှိလို့ ဘာပြုလို့ ပြောချင်ရတာလဲလို့။ Steve: any reason. anything to say. i just let you know i m on call လို့ဆိုတယ်။ ဒါဆိုလဲပြီးတာဘဲ။ အဲဒါနဲ့ ကိုယ်လဲပြန်လိုက်တယ်။ kinoomay to Steve: I feel very bored.



ညနေအိမ်ပြန်တော့ပြန်ကာနီးအလုပ်တစ်ခု ပေါ်လာလို့စိတ်ဆိုးသွားသေးတယ။် နောက် ဆုံးတော့ လမ်းပေါ် ရောက်သွားတယ်။ ဆိုင်တွေထဲရောက်သွားတယ။် ရုပ်ရှင်တော့ မကြည့်ဖြစ် တော့ဘူး ။ လုပ်စရာ ရှိနေတာနဲ့။အကျီဆိုင် ရောက်သွားတယ် ။ kmsl ဘို့ကတစ်ထည်။ ကိုယ့်အတွက် သုံးထည် ဝယ်ဖြစ်တယ။် ဈေးပေါပါ တယ။် မကြီးပါဘူး။ ဘယ်နားဝတ်ရမလဲ လဲမသိ။ အလုပ်ခွင်မှာကလည်း ရိုးရိုးဘဲ ဝတ်ရတယ် ဆိုတော့ဆန်းတာတွေ ကို ဘယ်နား သွားဝတ်ရမလဲဖြစ်တယ်။ နဂိုကတည်းက တောသူမ ရုပ်က ရိုးလွန်း အားကြီး လို့ ရိုးသားစိန်တောင်ဖြစ်နေပြီ။

ညီမလေးတစ်ယောက် (ForeverSK said…) မေးထားတယ်။ ပြီးခဲ့တဲ့ ထဲက ဝယ်တဲ့ အထဲက ပိုက်ဆံအိတ် ကလေးကြိုက်လို့ အမဲရောင်ကလေး ဘယ်နားက ဝယ်ပါသလဲဆိုတာ အဲသလိုလျောက်သွားရင်း ချောင်ချိုချောင်ကြားက ဆွဲလာတာဘဲ။ ကိုယ်ဝယ်တာနဲ့တောင် အတော်ကုန်သွားပြီး။ အမဲရောင် မရှိတော့ဘူးဆိုတာ သက်သေနဲ့တစ့်ကွဖြေဆိုပါတယ။် ကျန်ဖြတ်တွေ ဆိုတော့ကာရှိတာ အကုန်ပါဘဲ။ new piece တွေ ဘာတွေ လာမမေးပါနဲ့ ။ မရှိပါ။














ဖိနပ်ပြတ်သွားတယ်။ သွားရင်းလာရင်းနေ့လည်ကတည်းက.... ကြိုးများတဲ့ ဖိနပ်ဆိုတော့ မှေးစီး နေ လိုက်တယ်။ အဲဒီဖိနပ်က တိန်ဘာလန်ပါ။ ဈေးကြီးတယ။် မကြီးလို့လဲမဖြစ်ဘူး လမ်းဘဲလျောက်နေရတာ ဈေးမကြီးရင် ဖိနပ်မကောင်းဘူး။ ဖိနပ်မကောင်းရင် လမ်းမလျောက်နိုင်ဘူး.။ ဝယ်ထားတဲ့ဖိနပ်တွ အားလုံးက လှတပတကြီးဘဲ ။ တစ်ကယ်တန်းလျောက်မယ်ဆိုရင် မစီးနိုင်တော့ဘူး ။ အလှစီးဖိနပ်ဘဲဖြစ်သွားတယ်။ ဒေါက်လဲမစီးနိုင်. ။ အလုပ်ခွင်မှ စလစ်ပါ လဲစီးလို့မဖြစ်။



အဲဒါနဲ့ စီးနေ့ကျဖြစ်ခဲ့ဘူးတဲ့ စကိုးဆီကိုရောက်သွားတယ်။ စကိုးဆို တော့ သိတဲ့ အတိုင်း နဲနဲတော့ ဈေးကြီးတာပေါ့ .။ နဲနဲရင်ခံသွားတယ။် ဒီထက် ရင်ခံဘို့ ရှိသေးတယ်။ သံရုံး သွားဘို့ရှိသေးတယ။် အခွန်က မဆောင်ချင်လို့မဟုတ်. ဆောင်ပြီးရင် နဂိုကတည်းက မှမရှိတဲ့ပိုက်ဆံက ကဒ်ပြားထဲမှာ ခါလီဖြစ်သွားတာ.။။ နဂိုကတည်းက ရတဲ့လခက အိမ်လခ. ရေဘိုးမီးဘိုး တယ်လီဖုံးဘိုး.။ အင်း… ….တီဗွီလိုင်စင် အခွန်ပေးဘို့လဲမေ့နေတယ်။ ပေးလိုက်ရတာ ကလည်း တစ်ခြု့ပီတစ်ခုဘဲ ။ မေ့သွားလို့ မှန်မှန်ကြီး အတိုး တက် သွါး တာတွေ ကလည်း ရှိသေးတယ်။ အိမ်က စာတိုက်ပုံး ကလည်း ဘီလ်နဲ့ ကြော်ငြာစာရွက်ဘဲရှိတယ်။ တစ်ခါတစ်လေ မလောက်လို့ kmsl ဆီကနေ တစ်ပါတ်ကို ၅၀ တောင်းသုံးရသေးတယ်။

အရေးကြီးတာက m one ကို ပရီပိတ်ကဒ် သွားဝယ်ဘို့ဘဲ။ အဲဒါကြောင့်မို့ လို့ ရုပ်ရှင်တောင် မကြည့် ဘဲ သွားဝယ်ရတယ်။ ရန်ကုန်ကို ခေါ်တာ 1818 ကို အိမ်ဖုံးနဲ့ မခေါ်ဖြစ်ဘဲ လိုင်းဖုံးနဲ့ဘဲခေါ်လိုက်တာ local call charge တွေ မနည်းတက်သွားလို့ အီသွားတယ်။ prepaid မှာတော့ local call charge မယူဘူး. . စလုံးမှာနေတာလဲ မျက်စိကိုဒေါက်ကြီးထောက်ထားပြီး မနည်း နားလည်အောင်လုပ်ထားရတယ်။

အဲဒါနဲ့ ဘဲ ဖုံးတွေ များလာလိုက်တာ ကိုယ့်ဘာသာတောင် နံပါတ်တွေ မမှတ်မိတော့ဘူး ။ အဲဒီ prepaid card ဝယ်ရင် ဖုံးကိုဈေးလျော့ဦးမယ်ဆိုတယ်။ ဝယ်ခဲ့ဦးမလို့ အိမ်မှာ အလွတ်ချထားတဲ့ ဖုံးသုံးလုံး မျက်နာကို ထောက်ထားပြီး မဝယ်ခဲ့တော့ဘူး. . ။ ရှိတာတွေ ကို ရန်ကုန်က အမျိုးတွေ ကိုလည်းသွားပြီး အင် ထုပြီးပေးလို့မရတော့ဘူး။ သူတို့က ကိုယ် မတက်ခ်ျခင်က ထည်းက တက်ခ်ျ လုပ်နေကျပြီ။ ကိုယ် ဝယ်လာရင်လဲ kmsl က ဒီတစ်ခါ ဓါးမကြီ့းပဲ့တာတော့လက်ခံတော့မယ်မထင်ဘူး။ အင်.း. ဒါနဲ့. စကားမစပ် ကိုယ့်ရဲ့ ရိုမေးနီးယားဖုံးကြီးက နစ်လ အတွင်းမှ စလုံး ၁၀၀ ဈေ့းကျသွားတယ်။။ ရင်နာရပြန်ပေါ့။

အော်စီနိုတွေ ဈေးချနေတာ တွေ့လို့ဝယ်ခဲ့မိပြန် တယ်။ မျက်နာသုတ်ပုဝါ အိပ်ရာခင်း .စောင် ဘာညာ. ဘာညာ။ မိန်းကလေးများက တန်ရင်ဝယ်ကြပြီး ယောက်ကျားလေးများကကြိုက်ရင် ဈေးမဆစ်ဘူးဆိုတဲ့ ပညာရှင်ပြောသလိုပါဘဲ။



အဲဒါနဲ့ ဒီနေ့ပိုက်ပိုက်အတော်ကုန်သွားတယ်။ လူလစ်တုံး………
သူမြင်ရင် စိတ်မကောင်းဖြစ်မှာ စိုးတာနဲ့ အမြန်ဆုံး ဖွက်ထားလိုက်တယ။် မသိလေ ကောင်းလေ..

တို့တွေ နီးနေမှဖြစ်မယ်မောင်...

34 comments:

  1. ဝါး....ဖတ်ရင်းနဲ့ ပျင်းသွားတယ်။ :D

    ReplyDelete
  2. တို့တတွေ နီးမှဖြစ်မယ်မောင် ဒဲ့... ဟိ

    ReplyDelete
  3. မမရေ ဒီမှာလည်း နှင်းတွေကျလို့ အလုပ် မသွားရဘူး... ပျော်လိုက်တာ.. ဈေးတွေ လျှောက်ဝယ်တော့ ပိုက်ပိုက် ကုန်ရောပေါ့... အချစ် အနားမှာ မရှိတော့ စိတ်လေနေတာလား

    ReplyDelete
  4. တို့တွေနီးမှ ဖြစ်မယ်မောင်..ဆိုတာပဲ
    မှတ်မိတယ်..။။

    ReplyDelete
  5. ကြီးလျက်နဲ့ သေး။
    နီးလျက်နဲ့ ဝေး။

    ထီးတစ်လက်နဲ့ တွေး။
    ပြီးလျက်နဲ့ ဆွေး။

    ပျင်းနေလား။ နှင်းကျနေတယ်။
    အဆင်းလှတယ်။ လာကြည့်လိုက်။ မမကွန်ရေ။

    ReplyDelete
  6. " ရိုးသားစိန် " မိုက်တယ် :)

    မပျင်းဘူး ။
    မမရေးသမျှဖတ်တယ်။ စာရေးဟန်ကရိုးသားလို. ဖတ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်နေရင်းကျေနပ်တဲ့စိတ်အမြဲခံစားရတယ် ။

    ရေးချင်စိတ်ပေါ်လာသမျှ ချရေးနိုင်ပါစေမမရေ ..။

    (စကားမစပ် >> အော်စီနို တွေဘယ်အရပ်မှာဈေးချနေတာပါလဲဟင် ။ )

    ReplyDelete
  7. တီကွန်ကလည်း စကောထက်မိုက်တဲ့
    ချားစ်အန်ကစ် တို့လုပ်ပါ....စကောထက်လည်း
    ဈေးမကြီး....

    ReplyDelete
  8. အစ်မရေ...
    လာအားပေးသွားတယ်နော်...
    ဟိဟိး)
    အားမနာတမ်းပြောရရင်
    နောက်ဆုံးအဆုံးသတ် စာသားလေး ကြိုက်တယ်.
    ဘာတဲ့.
    တို့တွေနီးနေမှ ဖြစ်မယ်မောင်..

    ReplyDelete
  9. His recent stories အာစီယံ နိုင်ငံတွေ မီးရထားလမ်းဖောက်နေတာ, သိလား ။ ဟိုနားတော့ ရောက်နေပြီး. ရဲတခွန် ကနေ ဂက်စ်တွေ ကနေ ပိုက်ဆံဘယ်လောက်ရောက်နေတယ။, really bore you?

    If so, you have to work, such as cleaning the kitchen, bed room and bath room.

    The blood circulation become warming up and make feel good.

    I've not time to bore.

    I'm busy at all time.

    BINO

    ReplyDelete
  10. ဟားဟားဟား ရယ်မောသွားတယ် အရေးအသားကတော့ ရှယ်ဘဲ လှပ်လှပ်ထနေတာဘဲ ကောင်းတယ်ဗျာ အရေးအသားပုံစံသစ်ဖတ်ရတယ်

    ReplyDelete
  11. မကြီးဘာတွေ ပြောာသွားမှန်းမသိလိုက်ဘူး ဟဟ
    ဘာကိုဝှက်ထားလိုက်တာလည်း ပိုက်ပိုက်လား

    ReplyDelete
  12. အဲဒီလောက်ပျင်းနေတာတောင် ဖိုးစိန်ကို ခေါ်ပြီး
    ထမင်းမကျွေး ကော်ဖီမတိုက်

    ဖုန်းမဆက်

    အကြောင်းမကြား

    အတွေ့မခံ...


    စိတ်တော်တော်နာတယ်...


    အမတော်ရတာ စိတ်နာတယ်... ဂယ်ပဲ.. ဂယ်ပဲ....


    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  13. kmsl နဲ့ ကျနော်နဲ့ အကျင့်တူတယ်။

    ReplyDelete
  14. အမျိုးတွေလဲ အင်ထုလို့မရ
    အိမ်မှာလဲံပိုနေမဲ့တူတူ
    ပိုနေတဲ့ ဖုန်း ၃လုံးထဲက တစ်လုံးလောက်
    လက်ဆောင်ပေးပါလားဟင်
    ပိုက်ပိုက်မရှီပါဘူးဆိုမှ
    ဖုန်းကပျက်သွားလို့း(
    အလှူအကြောင်းကတော့ မပြောကိုမပြောချင်ဘူး
    ဒါပေမဲ့ပြောလိုက်အုန်းမယ်
    နောက် ၅ လလောက်ဆို အော့ချက်က မီးဖိုချောင်အဆောက်အအုံကြီးဆီသွားပြီးး
    မလှူချင်သောအလှူတစ်ခုလုပ်ရအုန်းမယ်း(((

    ReplyDelete
  15. မဦးရေ....

    တကယ့်ကို တပြုံးပြုံးနဲ့ ဖတ်မိတယ် သိလား..!!

    ဖတ်ပြီး ခေါင်းတွေညိတ်ရင်း ပြုံးပြုံးကြီး ပြန်သွားတယ်..

    :) :D

    ReplyDelete
  16. "ဈေးမကြီးရင် ဖိနပ်မကောင်းဘူး။ ဖိနပ်မကောင်းရင် လမ်းမလျောက်နိုင်ဘူး.။" မှန်တယ် မမရေ။

    နောက်ဆုံးစာကြောင်းလေး စွဲသွားပြီ။း)

    ReplyDelete
  17. ချစ်သူတွေ နောက်ဆုံးတစ်နေရာရာမှာ မတွေ့ကြဘူး။
    သူတို့တောက်လျှောက် တစ်ယောက်အထဲမှာ တစ်ယောက်။
    (မောင်သာနိုးဘာသာပြန် ရူမီ၏ကဗျာများက နောက်ဆုံးပိုဒ် ..း) ) အမရေးတဲ့ နောက်ဆုံးစာကြောင်းလေးကို မြင်လို့

    ReplyDelete
  18. အင်းကိုမဆလာကြီးရေ အနားကပ်နေပါမှ ပိုက်ပိုက် ကုန်သက်သာမနော် ...
    မမ အားကစားလုပ်ပါလား ..ချွှေးထွက်ပြီးနေလို့ ကောင်းသွားမယ် ..

    ReplyDelete
  19. ဓို့ဓွေ ဏီးဏေမ ဖျစ်မယ် မောင်
    ဠွန်းဠိုက်ထာ မမယယ်
    :)))

    (PS ကိုပေါလည်း kmsl လို ပျင်းစရာကြီးနေမှာ)

    ReplyDelete
  20. လူကြီးတွေများ.. ချစ်စရာကောင်းကြပါပေတယ်..

    ReplyDelete
  21. နောက်ဆုံးစာသား အကြိုက်ဆုံးးးးးးး
း)))))))))))))))))

    ReplyDelete
  22. တို့တွေ နီးနေမှဖြစ်မယ် မောင်...

    မမက တော်တော်ချစ်ဖို့ကောင်းအောင် ရေးတတ်တယ်...

    ReplyDelete
  23.ေ၇းထားတာ တော်တော် ကောင်းပါတယ် စာသားလေးတွေ ညက်နေတာပဲ အကြိုက်ဆုံးကတော့ နောက်ဆုံးစာသားလေးပဲပေါ့

    ReplyDelete
  24. ဖတ်လဲဖတ် ငိုက်လဲငိုက် ပေါ့ကွယ်

    ReplyDelete
  25. တောအကြောင်း တောင်အကြောင်း ထင်လို့ ပြီးမှ မောင် ခေါ်သံကြားလို့ ငိုက်နေရာ က ထပြန်ခဲ့တယ်။

    ReplyDelete
  26. စာရေးတာလေးက တစ်ညိုးလေး ..
    ချစ်စရာ ကောင်းသလိုဘဲ ..
    လိုရင်တိုရှင်းဘဲ...
    အောက်ဆုံးစာလေး အကြိုက်ဆုံးပါဘဲ မမ..

    ReplyDelete
  27. ဖတ်ပြီး စာရေးချင်စိတ်တွေ ပေါ်လာပြန်ရော ..။
    အချိန်မပေးနိုင်သေးတော့လဲ တေးထားရတာပေါ့။
    ဖတ်လို့ ကောင်းတယ်။ ဖတ်ချင်လို့ကို လာဖတ်ပါတယ်။

    ReplyDelete
  28. M1 ဆိုလို့
    http://img260.imageshack.us/img260/2521/snc00168.jpg

    ReplyDelete
  29. မခိုင်ဦးမေရေ...လိင့်ကို ချိတ်ထားပြီး ပိုစ် အသစ်တင်တိုင်း စာလာဖတ်နေတာ ကြာပါပြီး။ မမန်းမိတာပဲရှိတယ်။ အခုတော့ မန်းခဲ့ပါတယ်။ ဥုံဖွ၊ မမေဦး ဆက်ရေးနိုင်ပါစေ။ နှစ်သစ်မှာ အတွေးသစ်တွေနဲ့ ပိုစ် အသစ်တွေ ရေးနိုင်ပါစေ။ www.royaltunn.blogspot.com
    အားရင် လာကြည့်ပါအုံးနော်။

    ReplyDelete
  30. ဂျီးတော်ရေ..ကဗျာကယာလာဖတ်သွားတယ်

    ReplyDelete
  31. နောက်ဆုံးစာကြောင်းတော့ အခိုက်ဆုံးပဲ
    :D

    ReplyDelete
  32. I was a silent reader and often visited your blog. Are you shopaholic? I was. I kept buying stuffs years years ago without thinking too much. But at the end of the day, most of the stuff go to bin, recycle or charity. I felt great spending .Now I try not to buy unless I really need it. But sometime I can't resist some burgain sale specially b4 Xmas, New year sale. et cetera, et cetera, et cetera.

    with love,

    ReplyDelete