Sunday, January 10, 2010

thet wai

သက်ဝေရေးတာဖတ်ပြီး ကိုယ့်ဘာသာ ကိုယ် tag လိုက်ပါတယ်။

ကိုယ်ကအန်မတန်နေးပါတယ်။ ဆုံးဖြတ်ချက်လဲနှေးတယ်။ လုပ်တာလဲ နေးတယ် အားကြီးလဲစဉ်းစားပါတယ်။ သူများတွေ ကဖုံးလဲပြော .စီပုံးလဲ ချက်။ ဂျီဘောက် မှာလဲပြော။ ပိုစ်လဲရေးနိုင်တဲ့ အချိန်မှာ ကိုယ်က တစ်ခုဘဲ လုပ်လို့ရပါတယ်။

မနက်ကို ခြောက်နာရီထအိပ်ရာကထတယ်။ ညကတည်းက မနက်အတွက် ကော်ဖီကိုဖျော်ထားပါတယ။် kmsl က ကိုယ့်အရင်ထပြီး ခဏစကားပြောပြီး အရင်ထွက်သွားတယ်။ ကိုယ်က သူထွက်တာ နဲ့ဘလော့ကိုအရင်ဆုံးပြေးဖွင့်တယ်။ စီပုံးကိုလည်း ကမန်းတန်းဖတ်။ အသစ်တက်လာတာတွေ ကိုလည်းအမြန်ဆုံးဖတ်။ ပြီးရင် ရေချိုး အလှပြင် ။ အကျီကလည်း ညကတည်းက ထုတ်ပြီးသားပါ။ အထုပ်ကလည်း ညကတည်းက ထည့်ပြိးသားပါ။ အဲဒါနဲ့ဘဲ နောက်ကျသွားရင် ရနာရီဝန်းကျင်ဖြစ်သွားရင် နောက်ကျသွားပါပြီ။ အိမ် ကနေ ခြောက်နာရီခွဲ ဆင်းသွားကာမှ တော်ရုံကျပါတယ်။ ဒီနစ်တော့ မနက် ဘလော့တော့ဖွင့်ြီ့ပီး ဘလော့ လည်ဖတ်တဲ့အလုပ်ကိုတော့ လျော့လိုက်ပါပြီ ။ ညမှ ဘဲဖတ်ပါတော့မယ်လို့ ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ချက်ချလိုက် ရပါတယ်။

အလုပ်က ၈ နာရီ တက်ပါတယ်။ ထမင်းစားချိန် တစ်နာရီဝန်းကျင်ရပါတယ။် တစ်ခါတစ်လေတော့ လည်းအလုပ်များလို့ စားချိန်မမှန်ဘူး။ နောက်ကျတယ။် တစ်ခါတစ်လေတော့ လည်းစောတယ်။ တစ်ခါတစ်လေတော့ လည်းတစ်နာရီလောက် အားတယ။် တစ်ခါတစ်လေတော့လည်း လုံးဝမအားလိုက်ဘူး။ အဲဒိတော့ သွားကတည်းက မုန့်တွေ ထည့်ထားတယ်။ အဓိက ကတော့ကော်ဖီဘူးပါဘဲ .။ Nescafe ဘူးကို သောက်ဖြစ်တယ်။ အခုတော့လည်းများများ မသောက်ဖြစ်အောင် ဆင်ချင်ပါတယ။် ကာဖီတွေ သိတ်များလာရင် နလုံးထိမှာ စိုးတာရယ် three in one တွေ က သိတ်ချိုပြီး ဝမှာစိုးတာရယ်။ နဲနဲတော့လျော့ဖြစ်တယ်။

ပေါက်စီ. ဘီစကစ်။ ပေါင်မုန့်။ ကတော့ အမြဲ ပါလေ့ရှိတာတွေ ပေါ့။ မနက် အဝင်ကတည်းက တစ်ခါတည်း စားပြီး ဝင်တယ။် ကြားထဲထပ်ဆာရင်ထပ်စားတယ် ။ မိတ်ဆွေ ပါကန်စတန် တစ်ယောက် က she is very good eater လို့မှတ်ချက်ပေးဘူးတယ်။ မနက်စာ ကို သင့်တင့်ရုံ ထပ်စားတယ် ။ များသောအားဖြင့် မလေးနဲ့ ကုလားဆိုင်က ဖြစ်တယ်။

ညနေ အလုပ်က ၅နာရီဆင်းတယ်ဆိုပေမဲ့ ငါးနာရီအတိပြန်ရတဲ့ ရက်က ခပ်ရှားရှားရယ် တစ်ခုမဟတ် တစ်ခုနဲ့ပါတ်ခြာလည်ပြီး ငါးခွဲ လောက်ဖြစ်တတ်တယ်။ ခြောက်နာရိ လောက်ဖြစ်သွားတာတွေ ရှိသေးတယ်။ တတ်နိုင်သလောက်တော့ လစ်ဘို့တော့ ကြိုးစားတာဘဲ။

အိမ်နဲ့အလုပ်နဲ့က လည်းဝေးတယ်။ ကိုယ့်ရဲ့အသွားအပြန် ခရီးစဉ်ကို သာရေးပြရရင် ကိုယ့်ကို သနားလို့မျက်ရည်တောက်တောက် ကျသွားနိုင်တယ်။အိမ်ကို ခုနစ်နာရီကျော်မှ ပြန်ရောက်တယ်။ ထမင်းသွားဝယ်ရသေးတယ်.။ အရင် ရောက်တဲ့သူကို သွားဝယ်ပါလား လို့ကွန်ပလိမ့်တက်ရင် မချက်ခိုင်းတာ ကျေးဇူးတင်လို့ပြောသေးတယ်။

ဂနာရီကနေ ဆယ်နာရီဝန်းကျင်အထိကတော့သူ့အချိန်ဘဲ။ သူအိပ်သွားရင်တော့ ကိုယ့်အချိန်ဖြစ်သွားပြီ။ စာဖတ်ချင်ယောင် ဆောင်ပြီးဘလော့တယ်။ အသစ်တွေ တက်လာတာ ဖတ်တယ်။ ဖေ့ဘုတ်ကိုတော့ သိတ်မဝင်တော့ဘူး။ ဒီထက်ပိုများလာရင် ခက်မယ်။ ဂျီမှာတော့သိတ်ပြောလေ့ မရှီပါဘူး ကိုယ့်ကိုလည်းဘယ်သူမှ လာမပြောသလို ကိုယ်ကလဲ အားနာတတ်တယ်။

စီပုံးမှာ ဝင်ချက်မိရင်ပိုဆိုးကုန်လို့ တစ်ခါတစ်ခါတော့လည်း ရူးချင်ယောင်ဆောင်ပြီး ဝင်မပြောဘူးး ထိုင်တော့ဖတ်နေတယ်။။ အလုပ်နစ်ခုမလုပ် တတ်သူမို့လို့ ဝင်ချက်မိရင် ဘာမ မပြီးတော့ဘူး ။ အားလုံးက ဝမ်အမ်းသွားမှ ကိုယ့်အလုပ်တွေ ကိုစလုပ်ရသမို့ လူလဲ မျက်တွင်းဟောက်ပက်ဖြစ်နေပြီ။ ဒီနစ်တော့နဲနဲ စောအိပ်မယ်လို့ဆုံးဖြတ်ထားတယ်။ ဘောလာ့ဖတ်တာလဲ လျော့နေပါတယ်။ မခင်လို့ မချစ်လို့ မဖတ်ချင်လို့မဟုတ်။ ဘဝအတွက် အချိန်မသံုးဖြစ်ဘဲ ဘလော့ကြီးဘဲနေရင် ကြာရင်ခက်လိမ့်မယ်။ အဲဒါတောင် လိုက်ဖတ်ရင်းနဲ့ မနိုင်တော့လို့ ရေးနိုင်လိုက်တာ ဆိုပြီးစိတ်ထဲကနေ ဆူမိသေးတယ်။ သူတို့ရေးတော့ကိုယ်သွားဖတ်ရတာပေါ့ ။ အဲဒါနဲ့ဘဲ အချိန်ကမလောက်နိုင်ဘူး ။ အဲဒါကြောင့်အခုတစ်လော ကိုယ်လဲဘလော့ရေးတာ လျော့ထားတယ်။ လျော့ထားတာတောင် နေ့တိုင်းလို ရေးနိုင်နေမိသေးတယ်။ လာဖတ်မဲ့သူတွေ ကိုယ့်ကို စိတ်ဆိုးနေမှာ စိုး လို့ အသာလေး လျော့ တင်နေတာပါ။

ဟင်းကတော့ဘယ်လိုမှ မချက်ဖြစ်ဘူး။ မချက်ဖြစ်တာ ကြာလှရော့ ။ ကြက်ဥတောင ပုပ်တယ် ဆိုရင်သဘောပေါက။် ကြ့က်သွန်နီတစ်ကျပ် ဘိုးတော့အားလူး တစ်ကျပ်ဘိုးတို့တော့ပုပ်တာကြာရော့။ ပြန်လာတော့လဲ မောတယ်။ ချက်ဘို့ အား မရှိတော့ဘူး။ ချက်တာလဲ နေးတယ်။ အချိုးလဲသိတ်မကျလှဘူး pressure cooker ဆိုတာ အိမ်မှာလဲမရှိဘူး ။ တစ်သက်ကလုံးလဲ မသုံးဘူးဘူး။ သုံးလဲမသုံးတတ်ဘူး ။ အသီးဖျော်တဲ့ စက်တောင်ဝယ်မလို့သွားကြည့်သေးတယ်။ ။ မဝယ်တတ်တာနဲ့ သွားကြည့် ပြီးပြန်လာ ခဲ့ တယ။် သူကလည်းအမျိုးမျိုးရှိတာကိုး။ မရွေးချယ်တတ်တတော့ဘူး။

အိုဗင် oven ဆိုတာတော့ဟင်းနွေးဘို့လောက်ဘဲ အသုံးချတတ်တယ်.။ အခု များတော့ ဟင်း မနွေးဖြစ်ရုံသာမက။ သူ့အပေါ်မှာတင်ထားမိလိုက်တာ စုံနေတာဘဲ။ ဖွင့်လို့တောင်မရတော့ဘူး။ အရှေ့မှာလည်းဟိုချ.ဒီချ. အထဲမှာပါဘီရိုမလုပ်မိတာ ကိုယ့်ဘာသာကိုယ်အံသြနေမိသေးတယ်။

အဝတ်လျေ်တာတော့ဝါသနာပါတယ။် ခဏခဏလျော်တယ်။ လျော်စရာမရှိရင် လျော်ပြီးသားတွေ ပြန်လျော်တယ်။ လျော်ထားတာကိုလည်း တစ်ခါနဲ့မကျေနပ် မစင်ဘူးထင်လီု့ နစ်ခါပြန်လှည့်တာမျိုးလဲ လုပ်သေးတယ်။ အောက်ဆင်းပြီး လမ်းလျေက်တာမျိုး ကတော့စိတ်တောင်မကူတော့ဘူး။ တစ်နေ့လုံးလျောက်ခဲ့ ရလို့ တစ်ခါတစ်လေ အိမ်ပြန်ဘို့ အားမရှီလို့ပြန်ခါနီး ကော်ဖီတစ်ခွက် သောက်ပြိးမှ ပြန်ရတဲ့နေ့ တွေလည်းရှီိတယ်။

တီဗွီကတော့ဖွှုင့်ချင်လဲဖွင့်တယ်။ များသောအားဖြင့်ပိတ်ထားတာများတယ် အသက်ြ့ကီးလာ လို့ လားမသိဘူး ။ မျက်စိနောက်လာတယ်။ သိပ်ခံစားလို့မရတော့ဘူး ။ ပြတာတွေ ကလည်း ကိုယ်သိတ်မကြိုက်တာတွေဖြစ်နေတယ် ။ မီးပူတိုက်တာဝါသနာပါတယ် ။ အိမ်မရှင်းဘူး။ ဖုံန်စုပ်စက်မရှိပါ.။ စက္ကူ ကလေး တပ်ပြီး တုတ်ကလေးနဲ့ လျောက်တိုက်ရတဲ့ တုတ်တံကလေးနဲ့ဘဲ ဟို့ပွတ်ဒီပွတ် လိုက်တယ်။ ဖုန်ကလေး နဲနဲသက်သာသွားတယ ။်အဲသလောက်ဘဲ။

ဘာ..သောကြာနေ့ family day out………ဘာ out မှ မရှိဘူး ပြန်လာရင်ကြံဖတ်ဘဲ။ စနေတနဂ်နွေက ရံဖန်ရံခါ အလုပ်သွားရသေးတယ်။ အားယူနေရတယ်။ kmsl ကလည်းဘယ်မှ မသွားဘူး.။ အိမ်မြဲလိုက်သမျှ သူက အိမ်မှာချည်းဘဲ။ ကိုယ်သာလမ်းသလားတာ။ သူမသွားတော့ ကိုယ်ဘယ်လိုလုပ်သွားမလဲ။ ဘုန်းကြီး ကျောင်းဆိုရင် ရန်ကုန်က အမျိုးလာမှ ဘဲ လိုက်ပို့ဖြစ်တယ်။ စလုံးနေတယ်ဆိုတာ နာမည်ခံဘဲ ပင်နီစူလာနဲ့အိမ်ဘဲသိတ်တယ်။ east cost ဆိုတာ တစ်ခါမှ မရောက်ဘူးဘူး။ west coast ဆိုတာဘာမှန်းမသိ.။ Clementi နေတာလဲ နစ်ပေါင်းများစွာ။ တနင်္ဂနွေလဲဘယ်မှ မသွားပါဘူး ။ ဘယ်ကမှ လဲမဖိတ်သလို အရင်တုံးကတော့ ဖိတ်ကြပါတယ် သူက ဘယ်မှ မသွားတော့ နောက်ပိုင်းဖိတ်သူတွေ လဲ ငြစိကုန်လို့ ထပ်မဖိတ်ကြတော့ဘူး။ အိမ်မှာဘဲ ။ အော.။ မယုံဘူးလား။ ယောက်ကျာ်း ကြောက်ရပါတယ်ဆို...

29 comments:

  1. မမရေ...
    ဖတ်ပြီး တအား သဘောကျသွားတယ်...
    Great...!!
    အစက အဲဒီ့ပိုစ့်ကို Tag ပိုစ့်လုပ်ပြီး သူငယ်ချင်းတွေကို ရေးခိုင်းဖို့ စဉ်းစားမိသေးတယ်... အဲလို စဉ်းစားရင်း အချိန်တွေတော်တော်ကုန်သွားလို့ စိတ်လျှော့ပြီး မြန်မြန်တင်လိုက်တာ.. ဆက်စဉ်းစားနေရင် ပိုစ့်ကို ဟိုကလိ ဒီကလိနဲ့ တော်တော်နဲ့ တင်ဖြစ်မှာမဟုတ်...း))
    မမက မ Tag ရပဲနဲ့ ရေးပေးတာ ကျေးဇူး အကြီးကြီး တင်တယ်နော်...

    ချစ်တဲ့

    သက်ဝေ

    ReplyDelete
  2. မီးကြွေတိုက်တာ ၀ါသနာမပါဘူး။။
    ဟင်းချက်တာလည်း ၀ါသနာမပါဘူး။။
    ( မဖြစ်မနေမို့သာ ချက်ရတာ)
    အိမ်ရှင်းတာလည်း ၀ါသနာ မပါဘူး။။
    အိပ်ယာခင်းလဲတာတော့ ၀ါသနာပါတယ်။။
    အ၀တ်လဲ လျှော်တာဝါသနာပါတယ်။။
    အားရက် ဘယ်မှ မသွားချင်ဘူး..
    ပျင်းလို့။။

    ReplyDelete
  3. တီကွန်ရဲ့ လုပ်ဆောင်ချက်တွေကိုမှတ်သားထားပါပြီး)

    ReplyDelete
  4. ယောက်ျား ကြောက်ရတယ်...:O
    နား၇က် လေးတွေ မြန်မြန်ရပါစေ..

    ReplyDelete
  5. ယုံဒယ်...မမဂျီးး)

    ReplyDelete
  6. take it easy ပေါ့ မမရယ်။

    ဒီစာကြောင်းလေးနဲ့ ကျေနပ်လိုက်မယ်နော် “မခင်လို့ မချစ်လို့ မဖတ်ချင်လို့မဟုတ်”.

    Have a good week ahead!

    ReplyDelete
  7. လူတကိုယ် ၀ါသနာ တမျိုးပေါ့ မမရေ.. ကိုယ် မရေးပေမယ့် မမ ပို့စ် အသစ် မတက်ရင် ဘာလို့ အသစ် မတင်လဲလို့ မေးချင်နေတာ... အခုတော့ ကိုယ်ကိုယ်တိုင် စစ်စရာ မလိုဘူး.. ယောကျာ်းက သတင်းပေးတယ် ခင်ဦးမေ အသစ် ရေးထားပြီ မဖတ်သေးဘူးလားတဲ့... သူအရင်ဖတ်ပြီးမှ လာပြောတာလေ...

    ReplyDelete
  8. :)ဟားဟား..သဘောကျတယ်။

    ReplyDelete
  9. မမရေ… ဒီဗားရှင်းက မမkomဗားရှင်းပေါ့… ဟိဟိ… အိမ်ပြန်ရောက်တဲ့ အချိန်ချင်း မတိမ်းမယိမ်းပါပဲ မမရေ… အားမငယ်နဲ့ နော်… အဖော်ရှိပါတယ်… သက်ဝေဆီ သင်တန်းသွားတက်ရအောင်လား

    ReplyDelete
  10. မမကွန်..
    ယောက်ျားကြောက်ရတယ်တာ ပြောတယ်။ တစ်ရက်လုံးမှ သူ့အတွက် နှစ်နာရီထဲ။းဝ

    ပျော်ရွှင်ပါစေ။

    ReplyDelete
  11. ယောကျာ်းကြောက်ရတယ် အော်...... မှတ်သားပါတယ်သွား

    ReplyDelete
  12. သိပ်မထူးပါဘူး။ အတူတူ ပါပဲ။ :D

    ReplyDelete
  13. ဗစ် ကိုတော့ သိတယ် အမျိုးကောင်း သမီးလေး။ သက်ဝေကိုတော့ ကောင်းကောင်း မသိပါ။

    ဘယ်တော့ စတိ ဆိုပြီး ခေါင်းစဉ်တပ် ရေးမလဲဆိုတာ မေးချင်ပါသည်။

    ReplyDelete
  14. ဗစ် ကိုတော့ သိတယ် အမျိုးကောင်း သမီးလေး။ သက်ဝေကိုတော့ ကောင်းကောင်း မသိပါ။

    ဘယ်တော့ စတိ ဆိုပြီး ခေါင်းစဉ်တပ် ရေးမလဲဆိုတာ မေးချင်ပါသည်။

    ReplyDelete
  15. မခင်ဦးမေနဲ့ ကျွန်မနဲ့ က အလုပ်နှစ်ခုကို တပြိုင်တည်းလုပ်လို့ မရတာချင်း အလုပ်လုပ်တာ နှေးတာချင်းတော့ ချွတ်စွပ်တူသွားပြီ။ သားနဲ့အမျိုးသားဆိုရင် သီချင်းလေးနားထောင်ရင်း ဒါမှမဟုတ် ညဉ်းရင်းနဲ့ Study လုပ်လို့ရတယ်။ ကျွန်မကတော့ ကိုယ်ကြိုက်တဲ့သီချင်း ဒါမှမဟုတ် ရုပ်ရှင်တခု ဘေးနားမှာ ဖွင့်ထားရင် လုပ်နေတဲ့စာကို အာရုံလုံးဝမရောက်လို့မရဘူး။ တခုတော့ရှိတယ် စိတ်မ၀င်စားတဲ့၊ မကြိုက်တဲ့သီချင်းတို့ ရုပ်ရှင်တို့ဆိုရင်တော့ ဆူဆူညံညံမဟုတ်ရင် ကျွန်မအာရုံထဲမရောက်ဘူး စာဆက်လုပ်လို့ရတယ်။ ဟင်းတခုခု ချက်ရင် အထူးသဖြင့် မြန်မာတမင်းမြန်မာဟင်း ချက်ရင် ထောင်းရထုရနဲ့ ကျွန်မ သိပ်နှေးတယ်။ ဒါကြောင့် အိမ်မှာ ထိုင်းဟင်းပဲချက်စားတာ များတယ်။

    ReplyDelete
  16. Steve Evergreen said...

    * ဗစ် ကိုတော့ သိတယ် အမျိုးကောင်း သမီးလေး။ ( ကျေးဇူးပါ စတိ ..မေမေ့ကို ကော်ပီကူးပီး email ပို့ လိုက်ပမယ် ။)

    * သက်ဝေကိုတော့ ကောင်းကောင်း မသိပါ။ (တော်သေးတယ်မသိလို့ မမသက်ဝေရေ့ )

    * ဘယ်တော့ စတိ ဆိုပြီး ခေါင်းစဉ်တပ် ရေးမလဲဆိုတာ မေးချင်ပါသည်။ (လာတော့မှာ ..မျှော့ )

    (မမကွန် ..oven ကိုတော့ ဘီရိုမလုပ်ပါနဲ့ နော် )သိပ်ရယ်ချင်တယ် အဲဒါဖတ်ပြီးတော့။

    ReplyDelete
  17. တနင်္ဂနွေလဲဘယ်မှ မသွားပါဘူး ။ ဘယ်ကမှ လဲမဖိတ်သလို အရင်တုံးကတော့ ဖိတ်ကြပါတယ် သူက ဘယ်မှ မသွားတော့ နောက်ပိုင်းဖိတ်သူတွေ လဲ ငြစိကုန်လို့ ထပ်မဖိတ်ကြတော့ဘူး။

    မမကွန် ပူးတေဖိတ်ပါတယ်လေ။ လာဖြင့်မလာဘူး။ နောက်တခေါက်ကျ ထပ်ဖိတ်မယ်နော်။ အဲဒီကျ လာဖြစ်အောင်လာပါနော်...

    :)

    ReplyDelete
  18. ယောင်္ကျားကြောက်တာ ယုံပါဘူး

    ReplyDelete
  19. ယောကျာ်းကြောက်ရတယ်????
    ဟားဟ..
    ယုံပါဘူး မမရယ်....
း))))))

    ReplyDelete
  20. အဟီးဟီးလို့ပဲ ရယ်ချင်ပါတော့သည်

    ReplyDelete
  21. အသက်ြ့ကီးလာ လို့ လားမသိဘူး

    I saw above sentence in your post at all time.

    May be you are so worry that you're getting old.

    BINO

    ReplyDelete
  22. oven ကိုတော့ ဘီရိုမလုပ်လိုက်ပါနဲ့ မမရယ် :-)

    ReplyDelete
  23. ခွေဖြူလဲ အချိန်တွေမလောက်ဖြစ်နေတယ် ဒီကိုလာ ကိုတောင်မှန်မှန် မသွားဖြစ်ဘူး၊ မမကမှ ၇နာရီကျော်ပြန်ရောက်သေး ခွေဖြူဆို ၈နာရီအမြဲကျော်တယ် clementi ဆိုတော့ queenstown နဲ့နီးတယ်၊ ခွေဖြူက queenstown မှာနေတာ

    ReplyDelete
  24. 'နောက်ပိုင်းဖိတ်သူတွေ လဲ ငြစိကုန်လို့ ထပ်မဖိတ်ကြတော့ဘူး။ '
    အဲဒါ ဘာအဓိပ္ပါယ်လဲ မမ ;D

    ဘလော့ လျှော့မယ် တဲ့။ မရေးသာ မရေးတာ၊ စီဘောက်စ်တော့ စောင့်ကြည့်နေသား မဟုတ်လား။ ရီလိုက်ရတာ..

    ReplyDelete
  25. "နောက်ပိုင်းဖိတ်သူတွေ လဲ ငြိမ် ကုန်လို့ ထပ်မဖိတ်ကြတော့ဘူး.. " လို့ နားလည်ပေးပါ ချိုသင်း...
    မမ မောမှာစိုးသဖြင့် မမကိုယ်စား ရှင်းပေးသွားသည်...။
    ဟုတ် မဟုတ် အကြောင်းပြန်ပါ မမ..း))

    ReplyDelete
  26. အရီးကလည်း ကြောက်ချင်ယောင်ဆောင်မနေပါနဲ့ဗျာ..
    ခပ်တည်တည်နဲ့ ဟောက်ပစ်လိုက်စမ်းပါ။
    အဟေ့ဟေ့ ..

    ReplyDelete
  27. ဟဲဟဲ ဟဲဟဲ .. ရီရတာ မောတောင်မောသွားတယ် .. ဟာသအထုံဗီဇ ရှိမယ့်ပုံ .. ခင်မင်လျှက်

    ReplyDelete
  28. Visited via pho sein .. I aldy read this post but may b I didn't put comment.

    Pifpif

    ReplyDelete