Friday, February 26, 2010

kHz ..

kHz .. တဲ့. ကိုယ်အိမ်ထောင်မကျခင်လပိုင်းမှာ စတွေ့တယ်။ ဘယ်မှာတွေ့သလဲဆိုတော့ one of the April သင်္ကြန်မှာ. သူငယ်ချင်းတွေ နဲ့ မော်တော်ကားနဲ့ အဲဒီအချိန်က ခေတ်စားတဲ့ ဒတ်စားကားနောက်အဖွင့်နဲ့ ပေါ့။ နောက်ဆုံးနစ်ရက်.. လည်ဖြစ်တယ်။ မိန်းကလေးများပါတယ။် ယောကျာ်းလေး အချို့ ပါပေမဲ့ ကိုယ့် သူငယ်ချင်းရဲ့ ညီမရဲ့သူငယ်ချင်းများပါ။

အခုလုပ်ငန်းရှင်ကြီးဖြစ်နေတဲ့ ကိုဘယ်သူတို့ဘယ်ဝါတို့ပါသပေါ့။ ကိုယ်ဘယ်သူဘယ်ဝါက သူငယ်ချင်းဖြစ်မဲ့သာဖြစ်တာ မိန်းကလေးတွေကို ကြည့်လို့ရတာမဟုတ်ဘူး။ kHz က အလိုက်အထိုက်သမား။ ရုပ်ကလည်းဆိုးတယ် ။ ပိန်ကလည်းပိန်တယ်။ အရပ်တော့ ရှည်တယ်။ သီချင်းဆိုလဲကောင်းတယ်။ introduction များသွားပြီ။ အဲဒီမှာ ကိုယ်တို့ စသိခဲ့ကြတယ်။ ထုံးစံအတိုင်း သုံးလေးယောက်ပါတဲ့ ယောကျာ်းလေးထဲကနေ သူ့နဲ ကိုယ် သူငယ်ချင်းဖြစ်သွားခဲ့တယ်။ အသားချင်းမထိခဲ့ကြပါဘူး. လူချင်းသိခဲ့ကြတယ်။

ယူဘို့ မရည်ရွယ်ပေမဲ့ ခင်စရာကောင်းခဲ့တယ်။ သူ့မျက်လုံးတွေ ကို ကိုယ် ထင်ချင်ရာ ထင်ခဲ့တယ်။ လူကြီးများသဘောမတူလို့ တိတ်တိတ်ဆိတ်ဆိတ်စခဲ့တဲ့ ကိုယ်ရဲ့ အိမ်ထောင်ဦးကာလ မှာ ကိုယ်နေတဲ့အိမ်ကို ရအောင်ရှာပြီးလက်ဖွဲ့လာပေးခဲ့တယ်။ အခုထက်ထိလဲကိုယ့်မွေးနေ့ရောက်တိုင်းကဒ်ပြားပို့နေဆဲဘဲ။ (လူတိုင်းရဲ့ မွေးနေ့ ကိုသူမှတ် ထားပြီးပို့တတ်ပါတယ်။)

သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက်အောက်မှာ ကိုယ်တို့ရဲ့ဆက်ဆံရေးကို ဆက်လက် တည်တံစေခဲ့တယ်။ ကိုယ်ကားမောင်းသင်တော့ သူက အရေးပါတဲ့နေရာကပါခဲ့တယ်။ ကိုယ်ကလဲ slow learner ဆိုတော့အတော်သင်ယူရတယ်။ ကားနောက်ကြည့်မှန်ကနေ ကားကိုကြည့်တာ နောက်ကို လှည့်မကြည့်ဘဲ မှန်ထဲကနေ ကြည့်ပြီး ကားကိုကွေ့တာ။ နောက်ဆုတ်တတ်အောင်. ကားပါကင်ကို လှပစွာဝင်နိုင်အောင် အန်မတန်ကျဉ်းတဲ့နေရာကို ဝင်နိုင်အောင် အနေအထားအယူအဆ အားလုံး ကိုယ့်ကို စိတ်ရှည်စွာသင်ပေးခဲ့တယ်။

သူ့အိမ်က ကိုယ့်အတွက် စားအိမ်သောက်အိမ်ဖြစ်ခဲ့တယ်။ .တစ်ဦးတည်းသော သား လည်း ဖြစ်ခဲ့ပြန်တယ်။ အမျိုးတွေ စုနေတဲ့တိုက်က ထမင်းစားပွှဲမှာ ကိုယ်ဟာ ဝင် စားခွင့် ရခဲ့တယ်။ တရုတ်နစ်ကူးမှာ ဖိတ်ခေါ်ခဲ့တယ်။ အတော်လေးခင်ခဲ့ကြတယ်။ ရည်းစား စကားမပြောခဲ့ကြပါဘူး။ စိတ်ချင်းတော့ငြိခဲ့ကြတယ်။ သူနိုင်ငံခြားသွားမယ် ဆိုတော့ သူ့ရည်းစားကိုကျော်ပြီး ကိုယ်အရင်ဆုံး သိခွင်ဲရခဲ့တယ်။ ကိုယ့်အတွက်ဆို တော်တော် များများကို ဖြစ်စေခဲ့တယ်။

နစ်ယောက်ပေါင်းပြီးတော့လဲအတော်လေခဲ့ကြတယ်။

ကိုယ်စလုံးလာတော့လဲ သူရှိသေးတယ။် နောက်ပိုင်းတော့ သူငှေးသားကလဲဖြစ်ပြန်. တစ်ဦးတည်သောသားကလဲဖြစ်ပြန် စလုံးရဲ့ဒဏ်ကို မခံချင်တော့လို့ပြန်သွားခဲ့တယ်။ သူ့ဘဝက ကောင်းပါတယ်။ အမြဲဘဲအေးချမ်းတယ်။

နစ်ခါတော့မှတ်မှတ်ရရဖြစ်ခဲ့ဘူးတယ်။ တစ်ခါက စကားများကြပြီးတော့ ကိုယ် သူ့အိမ်နားမှာ သွားထိုင် နေတယ်။ ခေါ်ရင်ဆင်းလာမယ် ဆိုတာ သိပေမဲ့မခေါ်ခဲ့မိဘူး။ နောက်တစ်ခါ ကိုယ်တို့တွေ့တာ နောက်ဆုံးလို့ ထင်ရနိုင်တဲ့တစ်ခေါက် ကိုယ်တို့ တိတ်ဆိတ်စွာ လမ်းခွဲခဲ့ကြတယ်။ ဒါပေမဲ့သူဟာ ကိုယ့်ကို မပြောင်းလဲ ဘဲချစ်ခင်နေတဲ့ သူထဲက တစ်ယောက်ဘဲဖြစ်နေခဲ့တယ်။

လွမ်းမိသေးတယ် kHz ..

55 comments:

  1. first I thought u are going to write about Kilo Hz. :P

    ReplyDelete
  2. အင်ဂျင်နီယာများ..တယ်ခက်တာဘဲ။ မြင်မြင်ကရာ မူးမြစ်ထင်နေတယ်။

    ReplyDelete
  3. ကိုဟိန်းဇော် ကိုဟိန်းဇော်

    အဲ့ဒါ ကျနော့ဦးလေးအရင်းသုံးဝမ်းကွဲပါ

    ထင်ချင်တာထင်ပြီး ရေးချင်တာရေးမိသွားတယ်

    ReplyDelete
  4. မရွီးပါနဲ့ ရွာသားလေး။
    စိတ်ကူးပေါက်ရာပေးထားတာ။ဒါမျိုးတွေ ရိုး ဟိုးဟိုး နေပြီ။

    ReplyDelete
  5. သိပ်ဇာတ်လမ်းများတယ်...
    ကိုလှဇင်(ခ)ကြည်ဟိန်းဇော်...အခုဘာလုပ်နေလဲ

    ReplyDelete
  6. သိပ်ဇာတ်လမ်းများတယ်...
    ကိုလှဇင်(ခ)ကြည်ဟိန်းဇော်...အခုဘာလုပ်နေလဲ

    ReplyDelete
  7. အင်း ပထမဆုံးတော့ Kilo Heartz လို့ ထင်မိတာပ မမရယ်... Hကို အကြီး၊ zကို အသေးရေးထားသေးတာကိုး....။

    ရွာသားလေးမှားနေတယ်။ ကျော်ထင်ဇွဲပါ။

    ReplyDelete
  8. ပေါက်ဖော်ကြီး ကျင်ဟုတ်ဇွိ လည်း သံသယစာရင်းထဲပါတယ်..။

    ReplyDelete
  9. မဟုတ်ပါဘူးဆို..

    ReplyDelete
  10. ပေါက် .စင်စက် မှားနေပြီ။

    ReplyDelete
  11. အမ ဒီပို့စ်လေးဖတ်ပြီး ခံစားရပါတယ်။ တကယ်..

    ခင်မင်လျှက်
    ဂျူနီယာလွင်ဦး

    ReplyDelete
  12. ကြယ်ဇင်ဟိန်းကို သိလား

    ReplyDelete
  13. ကျေးဇူး ညီမ ဂျူနီယာလွင်ဦး

    ReplyDelete
  14. သိဘူး.။

    ပြန်မလာနဲ့ အိပ်တော့။

    ReplyDelete
  15. တစ်ခါတစ်ခါတော့လည်း ဘ၀မှာ အဲလိုအမှတ်ရစရာလူတွေ ရှိခဲ့ဖူးကြတာပဲနော်။

    ReplyDelete
  16. လွမ်းရတဲ့ အဖြစ်ကလေးတွေ....:)

    ReplyDelete
  17. kyaw htoo zaw
    khant htoo zin
    kyaw hla zaw
    khaung htike zaw
    kyaw htut zaw

    ReplyDelete
  18. nice....ကြိုက်စ်...ရေးထားတာ မိုက်စ်...
    ဘူ ဖြစ်ဖြစ် ထိ..တယ်..

    ReplyDelete
  19. ခက်ပါလားဂျီးဒေါ်
    ဂျီးဒေါ် ယောက်ကျားကို အလိုမကျတော့ဘူးထင်တယ်။
    သူငှေးသားကို လွန်းနေပြန်ဘီ။ ဟတ်ဟတ်
    ကာမေသုမိတ်စာနော် ဂျီးဒေါ်ရေ သတိလဲထားအုံး။
    ဂျီးဒေါ်ခံစားချက်ကို နားလည်ပါတယ်။ ဒါပေမဲ့ စိတ်တော့ထိန်းပါဂျီးဒေါရယ်။ ကြော်မကောင်းကျားမကောင်းတွေ ဖြစ်နေပါအုံးမယ။်
    မြှောက်ပေးတဲ့သူတွကလဲ မြှောက်ပေးကြတယ်။
    ဖတ်လို့မကောင်းဘူးဗျာ။

    ReplyDelete
  20.ြ ကြည့်စမ်း အတွင်းစိတ်ထဲက နေ ခင်မောင်သိန်းထွန်းဝင်း ကို ဖောက်ပြန်နေလိုက်ပုံက။
    သူ လဲဘာထူးသေးလဲ ဟိုရှေ့က ပို့ စ်ထဲ ကလို on off ကြီးပဲ။
    ဟိုကအပြင်က သူ ကအတွင်းက on off

    ReplyDelete
  21. မေ..
    လောကကြီးမှာ
    တစ်ချို့ သောစကားတွေက ဖွင့်ပြောစရာမလိုဘဲ
    မေဘလော့ဂ်မှာတင်မယ်လို့ လုံးဝထင်မထားမိဘူး။
    တစ်ခုသော April ကိုခုထိသတိရလျက်..
    မေ့ရဲ့ ထာဝရ
    အဝေးဆုံးက အနီးဆုံး
    သူငယ်ချင်း
    kHz

    ReplyDelete
  22. မင်းကပဲ ထားခဲ့တာလား..
    ငါကပဲ ကျန်ခဲ့တာလား...
    မဆိုင်တော့ဘူးဆိုပေမယ့်...
    ဘာလိုလိုပါ အချစ်ရယ်...
    ဘာလိုလို လာပြောကွယ်...

    (ဇော်ဝင်းထွဋ် သီချင်း..)

    ReplyDelete
  23. အင်း..ငါ့အမကြီးအသက်ကြီး
    လာတာပြတာပဲလို့ထင်မိပါကြောင်း

    ReplyDelete
  24. ကိုယ်လဲပဲ ကီလိုဟက်ဇ် အကြောင်းရေးတာလို့ထင်နေတာ။ မမက KHZ ဒါမှမဟုတ် khz လို့ မရေးဘဲ kHz လို့ ရေးတာကိုး။

    ReplyDelete
  25. Please write again about mHz.
    After that tHz.

    BINO

    ReplyDelete
  26. ဟုတ်တယ်ဂျီးတော်ရဲ့..တချို့သူငယ်ချင်းတွေက..ရည်းစားထက်ပိုရင်းနှီးတယ်..ဆရာတက္ကသ်ုလ်ဘုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲဆက်ရွေ့ခေါ်မည်ခိုင် ဟာ..အဲလိုသူငယ်ချင်းမျိုးကိုအကြောင်းပြုရေးတာတဲ့

    ReplyDelete
  27. မခင်ဦးမေရေ... သူငယ်ချင်းတစ်ယောက်ကို လွမ်းတဲ့ အလွမ်းမို့ ဘယ်သူ့ ကိုမှ မထိခိုက်နိုင်ပါဘူး... ပွင့်လင်းစွာ လွမ်းတဲ့ အစ်မကို လေးစားပါတယ်..

    ReplyDelete
  28. မမ...
    ခေါင်းစဉ်က kHz ဆိုတော့ အိမ်က လျှပ်စစ်ပစ္စည်း တခုခုအကြောင်း ရေးတယ်လို့ ထင်လိုက်တာပါပဲ...

    တခါတခါမှာ သူငယ်ချင်း မိတ်ဆွေတွေဆီမှာ သူများနဲ့ မတူတဲ့ ထူးဆန်းတဲ့ ရင်းနှီး နားလည်မှုတွေ ရှိနေတတ်တာ...း))

    ReplyDelete
  29. This comment has been removed by the author.

    ReplyDelete
  30. မေ..
    တစိမ်းလူတွေသိအောင်
    ကိုယ့်အတွင်းရေးတွေသိပ်မရေးစေချင်ဘူး
    လူဆိုတာ သူများအကြောင်းဆိုသိပ်စိတ်ဝင်စားတတ်တဲ့
    သတ၀ါကိုး
    kHz

    ReplyDelete
  31. kHz = kilohertz?

    အဟီး ထင်တာရေးတာ....

    ReplyDelete
  32. မမ...စိတ်ချင်းငြိတာက ပိုဆိုးတယ် လူချင်းငြိတာကမှ ခွဲလို့ရသေးတယ်...
    (ကိုယ် မှန်တယ် ထင်ရာပြောသွား၏....)

    ReplyDelete
  33. ရှေ့ပိုင်းမှာ ကောမန့်တွေဘာတွေ ပြန်လို့ပါလား...မမ
    :)

    ReplyDelete
  34. လွမ်းလောက်စရာပါ

    ReplyDelete
  35. တရားခံဘယ်သူလဲဟေ့....

    ReplyDelete
  36. လင့်ခ်တွေ့လို့နှိပ်ပါတယ်။ 4 kom ဆိုပြီး ပလိန်းကြီးမို့ အောင့်သက်သက်နဲ့ ပြန်လှည့်လာတာ။ ဟွင်းးးးးးး

    ReplyDelete
  37. အင်း...လွမ်းလောက်ပါပေတယ်

    ReplyDelete
  38. မမ အခုထက်ထိ
    လူပျို ကြီးပဲရှိသေး
    တယ် လားငှင်ငှင်

    ReplyDelete
  39. စိတ်လျှော့ပါ ကာကာ.. အသက်ကွာနေတယ်

    ReplyDelete
  40. အပေါ်က နာမည် ခန့်မှန်းတဲ့သူတွေ အားလုံးမွှားပါတယ်
    အန်တီကွန်က kHz မှာ z က s ကို ပြောင်းပြန်လှည့်ရေးထားတာဘာာာ။ ဒါကြောင့် ဖြစ်ချင်းဖြစ် rapper ပေါက်စ KH$= ကျော်ထွဋ်ဆွေကနီးစပ်ပါတယ်။
    လူထဲကလူတစ်ယောက်က ကိုယ့်အတွင်းစိတ်ထဲမှာပေါ်တဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်း ရေးတာ သိပ်ရှားတယ်။ အရှိအတိုင်းရေးသွားတာ သဘောကျမိတယ်။

    တတ်ယောင်ကား ပြောသွားသည်
    ခမမ

    ReplyDelete
  41. အမရဲ့ စာက ကျွန်တော့် ကို လွှမ်းစေတယ်ဗျာ။

    ReplyDelete
  42. ဒီလို ဇာတ်လမ်းလေးတွေ ဖတ်ရတာ ချိုမြိန် လွန်းလှတယ်။ ရှိသေးရင် ဆက်ရေးပါဦး။

    ဗဟုသုတ နဲတဲ့ လူတစုကတော့ KHz ကို Kilohertz လောက်ပဲသိရှာတော့ သင့်တင့် လျှောတ်ပတ်တဲ့ comment ပေးတဲ့ အဆင့်ကို ရောက်မလာနိုင်တာ တွေ့ရတော့ ဒီနေ့မြန်မာတွေ ဓားမ နောက်ခွေးကျနေတာ အံ့ဩစရာ မဟုတ်တော့ သလိုပဲ

    ReplyDelete
  43. This comment has been removed by the author.

    ReplyDelete
  44. This comment has been removed by the author.

    ReplyDelete
  45. တိုက်တိုက်ဆိုင်ဆိုင် ကိုဟိန်းဇော် နဲ့တောင် ဟိုတပတ်က ဖုန်းပြောဖြစ်သေးတယ်။

    ReplyDelete
  46. မခင်ဦးမေ ဒီလိုအကြောင်းတွေ ထားတာ တွေ့ရင် ဟိုက ကြွေနေဦးမယ်။ ပြီးတော့ အိမ်ကလည်း သဘောထားမကြီးရင် ပြဿနာရှိတယ်နော့်။

    ReplyDelete
  47. တော်တော်တော်တဲ့သူငယ်ချင်းလေးမို့
    လေးစားလောက်ပါတယ်မမမေ
    ဒီလိုကောင်းမွန်လွန်းတဲ့သူငယ်ချင်းကို
    ဘယ်တော့မှမမေ့တာလဲ ချစ်စရာကောင်းတဲ့စိတ်ဓာတ်လေးပေါ့
    ရေးထားတာကောင်းတယ်မမ
    :)

    ReplyDelete
  48. ချစ်တဲ့ ခင်

    နာမည်လေးကို ကြားတိုင်း ရင်ခုန်နေမိတယ်
    ချစ်စရာကောင်းတဲ့ ခင်ရဲ့ အပြုအမှု
    အပြောဆိုလေးတွေကလည်း ကိုယ့်ရင်ကို နွေးထွေးကြည်နုးစေခဲ့တယ်

    မင်းမရှိတော့ ကိုယ့်ရဲ့ နှလုံးသား နန်းတော်ကြီးမှာလည်း ခြောက်သွေ့လွန်းလှပါတယ် ခင် ရယ်

    ခင်ကို ချစ်တဲ့
    အတူး

    ReplyDelete
  49. steve evergreen
    ဓားမနောက်ခွေးကျ ဆိုတဲ့ စကားပုံလဲ တခါမှမကြားဖူးပါဘူးရယ်။ နိုင်ငံဂျားမှာအနေကြာလို့ ဗမာစာမေ့တာလား။ အစကတည်းက မတတ်တာလား။ သူများကိုပြောချင်ဇောနဲ့ အမှန်မသိဘဲရမ်းတုတ်နေတော့တာပဲ။ ခက်ထာ။ အမှန်စကားပုံက ဓားမနောက်ပိတ်ခွေ ပါဗျ။
    ဓားမရဲ့ အနောက်က ပိတ်ထားတဲ့သံခွေကိုပြောတာ။ သံချင်းအတူတူ အသုံးပိုဝင်ပီး အသွားထက်တဲ့ ဓား မဖြစ်ဘဲ နောက်ပိတ်ခွေတဲ့ သံဖြစ်ရတာကို ဆိုလိုတာ။ ရှင်းရတာမောထာ။ ဘလော့ပေါ်က အသုံးမကျတဲ့ ဆရာဝန်တွေထဲမှာ (၁) ခင်ဦးမေ၊ (၂) ခင်ဗျားပဲ။

    ReplyDelete
  50. "ဗဟုသုတ နဲတဲ့ လူတစုကတော့ KHz ကို Kilohertz လောက်ပဲသိရှာတော့ သင့်တင့် လျှောတ်ပတ်တဲ့ comment ပေးတဲ့ အဆင့်ကို ရောက်မလာနိုင်တာ တွေ့ရတော့ ဒီနေ့မြန်မာတွေ ဓားမ နောက်ခွေးကျနေတာ အံ့ဩစရာ မဟုတ်တော့ သလိုပဲ"ဟားဟားဟား သောက်ပေါ။ကျပ်မပြည့်တာ လူသိအောင် ကြွားနေတယ် :)

    ReplyDelete
  51. အံ့သြစရာတော့ မရှိဘူးဗျ...မိန်းကလေးတွေက ဒီလိုပဲ
    ခံစားချက်ကို အသားပေးချင် စိတ်ကူးယဉ်ချင်ကြတယ် မဟုတ်လား..သူငယ်ချင်းဖြစ်ရဲ့သားနဲ.သူများရဲ့ gf ထက်ဦးစားပေးခံချင်တာလဲ..ဒေါ်ဒေါ်ခင်တို.မိန်းမတွေပဲလေ..ဒီပို.စ်ကို မှန်တယ်လို.မထောက်ခံနိုင်ဘူး..နားတော့လည်ပေးနိုင်ပါတယ်..

    ReplyDelete
  52. ဘဝမှာ ဒီလိုပဲ အကြောင်းအမျိုးမျိုးကြောင့် လက်တွဲဖော်မဖြစ်ခဲ့တဲ့ အခင်ဆုံး အဖြူရောင် သူငယ်ချင်းလေးတွေ(သူလဲသိ ကိုယ်လဲသိပေါ့၊ တဖက်သတ်တွေကိုတော့ မဆိုလိုပါဘူး) လူတိုင်းမှာရှိမှာပါ.....မရှိရင်တော့ အတော်ထူးဆန်းတာပဲ :P .. ကျွန်တော်ဆို သုံးယောက်တောင် ဟီးဟီး..နှစ်ယောက်က အိမ်ထောင်ကျသွားပြီ .. တစ်ယောက်ကရှေ့နှစ် .. သူတို့က မင်္ဂလာဆောင်ကို မလာမနေရကို ဖိတ်တာ.. ကျွန်တော်လဲ ရောက်တဲ့နေရာကနေ မဖြစ်ဖြစ်အောင်ကို သွားပါတယ် :)

    ReplyDelete
  53. 2 နှစ်ကျော်က ဖြစ်လေးတွေ ပြန်ဖတ်တော့လည်း ရယ်နေရပါလား.. အဟိ ...။

    ReplyDelete