Sunday, March 14, 2010

Green Zone




အရီးက ဗလကောင်းမှ ကြိုက်တယ်လို့ ပြောတဲ့သူတွေ ပြောကြပါစေ. ။ ကိုယ်ကတော့ Green zone ကိုရွေးလိုက်ပြီ။ Matt Damon ကိုကြိတ်ခိုက်နေတာကြာပြီ။ ကိုယ့်အချစ်တွေကလည်းအချိန်ဲနဲကအမျပြောင်းလဲလာတယ်။ ဟိုတုံးက မင်းသာြးီကီးတွေ ဘယ်သူပါလိမ့်နာမည်တောင်မေ့နေပေါ့။ အင်း.. pretty woman ထဲက Richard Gere တုံးကလည်းကြိုက်ခဲ့တာဘဲ။ ပြီးတော့တစ်ခါ Harrison Ford , Tom Cruise နောက်တဖန်ကာ Keanu Reeves. အခုတစ်လောက.Matt Damon …

မနက်မိုးလင်းကတည်းက သွားလေရာသယ်တဲ့အနွေးထည်..(ကိုယ်ကချမ်းတတ်တယ်။ ) အပါးကို အထူနဲ့လဲလိုက်တယ်။ အရိပ်ကြည့်နေတဲ့ kmsl ကဘာလုပ်ဘို့လဲဆိုတာ အပြန်ရထားပေါ်မှာအေးမှာစိုးလို့ပါမောင်ရယ်လို့ ပလိစိချောက်ချက်ပြော...

အမှန်ကတော့ရုပ်ရှင်ရုံထဲမှာအေးမှာစိုးလို့ပါမောင်ရယ်လို့မပြောရဲ။ အားတဲ့အချိန် မနားဘဲ ရုပ်ရှင်သွားကြည့်နေရင်အသတ်ခံရမှာလဲစိုးရသေး.......

လစ်တာနဲ့ရုံထဲရောက်သွားတယ်။ အရောက်နောက်ကျလို့ ထွေလာတွေလွတ်ကုန်တယ်။ ထွေလာချည်းဘဲ မိနစ် ဆယ်ငါးမိနစ်လောက်ရှိမယ်။ တော်သေးတာပေါ့ အစပိုင်းမှီလိုက်လို့ရယ်။

ရုံတွေကအများကြီး။ အဝက လက်မှတ်ဖြတ်တဲ့သူက လတ်မှတ်ဖြတ်ပေးလိုက်ရုံဘဲ ကိုယ်က ကိုယ်ကြည့်မဲ့ ရုံ ၂ ဆိုပြီး လိုက်ရှာရတယ် ။ တွေ့ပါရဲ့ ဝင်ထိုင်တယ။် စိတ်ပူနေတုံးဘဲ။ ငါဝင်ထိုင်တဲ့ရုံက မှန်ပါ့မလားဆိုပြီး နောက်ဆုံး Green Zone ဆိုတဲ့ စာတမ်းထိုးပေါ်လာတဲ့အချိန်မှာမှ သက်ပြင်းချနိုင်တယ်။

ကိုယ့်ကိုဘယ်နေရာပေးပေး ကိုယ်ကတော့ couple seat လွတ်တဲ့နေရာပြောင်းထိုင်တာဘဲ ။ချောင်ချောင်ချိချိလည်းရှိ။ ခြေထောက်တင်ထိုင်လို့လဲရ။

မြင်ကွင်းကျယ်..ကားက ..ကြည့်လို့ကောင်းတယ်။ အခုအချိန်မှာ အက်ရှင်ကားတွေဘဲ ရွေးကြည့်နေတော့တယ်။ ဒရမ်မာလဲမကြည့်ချင်ဘူး. ။ အချစ်ကားလဲ မကြည့်ချင်ဘူး. ဟိုတစ်လောကပြသွားတဲ့ကား မင်းသားအကျီချွတ်လိုက်တဲ့အခါမှာကောင်မလေးတွေ ဝိုင်းအော်ကြတယ်ဆိုလို့အံ့သြနေမိသေးတယ်။ . အခုအချိန်မှာတောု့ကိုယ့်ကို အကျီင်္လာချွှတ်ပြရုံမက တစ်ကိုယ်လုံးချွှတ်ပြတောင် တုန်လှုပ်မိတော့မယ်မထင်ဘူး။



ဇတ်အကျဉ်း
With the film set in and around Baghdad, Matt Damon plays US soldier Roy Miller, who is part of the team looking for Saddam's weapons of mass destruction.

တော်တော်လေးကြည့်လို့ကောင်းပါတယ။် ကိုယ်ကြိုက်တယ်။


မှတ်ချက်
ကိုယ်လဲ Matt Damon ဘေးမှာ ပါချင်တယ။် သတင်းထောက်လုပ်ဘို့ဟုတ်ပါဘူး . ရှူချင်လို့….......

Source
http://itn.co.uk/8b36c5c40b7af99f8436dbfe9b457059.html
http://www.imdb.com/media/rm2052558592/tt0947810

26 comments:

  1. ဟဟ မရစဖူး အရထူးနေပြီ မကြီးရေ
    တစ် တဲ့ လေ အဟိ အဟိ
    ဘာဆိုင်လည်း မမေးနဲ့ ဘာမှတော့မဆိုင်ဘူး
    မရဘူးတော့ အရထူးသွားလို့ ဟဟ

    ReplyDelete
  2. ဟိုက် မကြီး ရေ စကားပြောတာ သိပ်မပွင့်လင်းနဲ့ လေ
    မကြီးနဲ့ မတူတဲ့  ရင်ခုန်တတ်တဲ့ ညီမလေးတွေ ဆို ဘယ်နှယ့်လုပ်မလည်း
    တစ်ကိုယ်လုံးဆိုတော့ ရင်ဖို ယုံတင်မကဘူး တုန်ချင်တုန်မှာ မကြီးရ မလုပ်ကောင်းဘူး
    မင်းသားဘေးနား ဘာသွားရူမလို့ တုန်း မကြီး

    ReplyDelete
  3. တော်တော်လည်း ကံထူးနေပါလား
    သုံးအထိပဲ
    ဒီမင်းသား ကားတော့ ကြိုက်တယ်
    အက်ရှင်တွေ ကောင်းမှကောင်း
    သူ့ ထွက်သမျှ ခွေ တွေ မလွတ်သေးဘူးကြည့်နေတာ
    အားလုံးကောင်းတယ်
    တိုက်တာ ခိုက်တာရော ဒီအပတ် အလုပ်ပိတ်ရင် သွားကြည့်ဦးမယ် မကြီး
    အော်မကြီးကို အားကျလို့ အနွေးထည်တော့ ဆောင်သွားမယ် တောင်ကြီးသားပေမယ့် အေးတတ်တာပဲ ဟဟ

    ReplyDelete
  4. အယ် ကိုခလောက်သောင်းကျန်းသွားတယ် ဟွင့်
    မာမီ အပေါ်ပုံက မျက်မှန်နဲ့ ကမျိုးကျော့မြိုင်နဲ့ တူသလိုပဲ ဟိ

    ReplyDelete
  5. မမရေ ရောက်တယ်နော်း)

    ReplyDelete
  6. အမ... အမ... ရုံထဲမှာ နှစ်ယောက်ခုံကြီးပေါ်မှာ အနွေးထည်ကြီးဝတ်ပြီး တယောက်ထဲ အက်ရှင်ကားကြည့်နေရင် ဆွဲပလိုက်မှာနော်.... ဒါဗဲ...

    ReplyDelete
  7. အမယ်လေး တကယ်သောင်းကျန်းနေကြပါလား
း))

    ReplyDelete
  8. မမရေ
    ကြိတ်ခိုက်မနေနဲ့ 
    ပေါ်တင်သာခိုက်ပလိုက်ဗျာ..

    ReplyDelete
  9. အတွေးအမြင်ဆိုတာအရျွယ်ကိုလိုက်ပြီးပြောင်းတတ်တယ်ဆိုတာနဲ့ငါ့မိန်းမကငါကလွဲ၇င်အကုန်ကြိုက်တယ်ဆိုတဲ့ဟာသလေးကိုသတိ၇မိတယ်ဗျ...

    ReplyDelete
  10. Matt Damon ကာလာချွတ်ပြရင်ရော မမ .အပေါ်ပိုင်းအင်္ကျီပြောပါတယ် ။ ဟက်ဟက်။
    ဘာလို့ ရှူချင်တာတုန်းချွေးစော်နံမှာပေါ့ မင်းသားကပြေးလွှားနေတာ အော့အော့။

    ReplyDelete
  11. ကိုယ်လည်းပဲ ကြိတ်ခိုက်နေတာ မမ။
    ရှုချင်တာလား။ ရှူချင်တာလား သိပ်မကွဲဘူး။

    ဒါနဲ့ အပေါ်အင်္ကျီချွတ်လိုက်လို့ ကောင်မလေးတွေ ဝိုင်းအော်တဲ့ မင်းသားဆိုတာ ကိုဘ များလား။ ဟိုတခါ သူ အဲလို ပြောဖူးသလားလို့ပါ။ (ကြောင်ပါ့)<<< ကိုဘကို ပြောတာ။

    ReplyDelete
  12. အမရယ် ရှုချင်တာဖြစ်ပါမယ် ရှူချင်လို့ဆိုတော့ ဘယ့်နှာကြီးပါလိမ့်လို့ တွေးနေမိတယ် ဟားဟား

    ReplyDelete
  13. ကောင်းတယ်။ ပွင့်ပွင့်လင်းလင်းအမြဲရေးတက်တယ်။ ရုပ်ရှင်ကြိုက်တာတော့တူတယ်။ ကျွန်တော် Notebook သွားဝယ်တုံးကလဲ သူငယ်ချင်းတွေက ဘာprogram တွေလိုချင်သလဲမေးတာ DVD ပါရင် ကျေနပ်တယ်လို့ကိုဖြေတာ။

    ReplyDelete
  14. ဟင်...မမကွန် နောက်တခါ သွားကြည့်ရင်လေ...ခေါ်စမ်းပါ...လိုက်ကြည့်ချင်လို့...စကားမစပ် ဘာကိုရှူမှာတုန်း ကြောက်ထှာ...တက်ဂ်ထားတယ် မမကို....ရေးပေးနော်...:)

    ReplyDelete
  15. ရှူချင်လို့ ???????????? ဘဂ္ဂဒက်အငွေ့အသက်တွေကိုလား.......လား........လား.........

    ReplyDelete
  16. ကြည့် ၇သေးဘူး

    ReplyDelete
  17. အစ်မပြောပြတာလေးလောက်နဲ့ လင့်ထားတဲ့ ကြေငြာလေးပဲ ကြည့်သွားပါတယ်...

    ReplyDelete
  18. ကြည့်ပြီးသွားပြီ..၉ရက်နေ့က။ ကြိုက်တယ် မင်းသားရော...ဇာတ်ကားရော။း)

    ReplyDelete
  19. မမ..
    matt damon..ကိုတော့ချမ်းသာပေးလိုက်ပါ..
    ဒီကကြိတ်ကြိုက်နေတာကြာပြီ..
    အခွင့်မသာသေးလို့..မမကိုဖွင့်မပြောပဲနေနေတာကို..

    ReplyDelete
  20. Matt Damon တော့ သရုပ်ဆောင်တာ ကြိုက်တယ်။ Johnny Depp ကို ပိုကြိုက်မိတယ်။

    ဘာရှူချင်လို့ပါလိမ့်.. *thinking*

    ReplyDelete
  21. မကြည့်ရသေးပါလား.. ရှာကြည့်ဦးမယ်..
    Matt Damon ကိုတော့ Bourne ကားတွေမှာ ကတည်းက ကြိုက်တာ.. သူနဲ့ ဆင်တဲ့ Mark Wildberg (Shooter, Departure) ကိုလည်း ကြိုက်တာပဲ..

    ReplyDelete
  22. ပေါက် .. မမ .. matt damon အဲ့လောက် မိုက်လို့လား? အနော်ကတော့ Wolverine မှ၊ အဲ့ မင်းသား နာမည်တောင် မေ့နေတယ်..

    ReplyDelete
  23. စိတ်ပူနေတုံးဘဲ။ ငါဝင်ထိုင်တဲ့ရုံက မှန်ပါ့မလားဆိုပြီး
    ကတော့ ကျမ အတိုင်းပဲ။ ခဏခဏဖြစ်တယ်။

    အောက်ဆုံးဝါကျကိုဖတ်ပြီး ဟက်ဟက်ပက်ပက်ကို ရယ်ပစ်လိုက်မိတယ်။

    အခုချိန်မှာတော့.. ဆိုတော့ အရင်တုန်းကကောလို့ မမေးတော့ပါဘူးနော်း)

    ReplyDelete
  24. အဲဒီဇာတ်ကား ကြည့်ဖို့ရည်ရွယ်ချက်ရှိတယ်။

    ReplyDelete
  25. :O မကြီး ဘာလုပ်မှာတုန်း??? မင်းသားဘေးနားနေပြီး ရူချင်တယ်ဆိုပဲ။ :)ဒီလောက် ကြော်ငြာမှတော့ ကြည့်လိုက်ဦးမယ် Green Zone ကို

    ReplyDelete