Wednesday, March 24, 2010

night market




ရန်ကုန်ပိုစ်ရေးရင် ဟစ်တက်တယ်လို့ ရူးမားတွေဖြစ် နေတာ နဲ့ ပန်းဆိုးတန်း နားက ညဈေးပုံတွေ ထုတ် လာခဲ့ လိုက်တယ်။ လိန်ပျံကွင်း ကပြန်လှည့်သွားတာမဟုတ်ပါဘူး စလုံးက နေ ဖန် နေတာပါ

အဲဒီဈေးအားကြီးစည်တယ်။ ညဘက် .သွားသွား လမ်း လျောက်ဖြစ် တယ်။မြို့ထဲ ဈေးဆို တော့ ပစ္စည်းလဲသန့်တယ်။

မှောင်မဲနေတာဘဲ လို့မပြောပါနဲ့လေ. အမှောင်ထဲမှာ ဘဲရအောင် ရိုက်လာတာပါ။ မြင်အောင် သာ ရှူပါ။ မမြင်ရင် ပညာမရှိလို့ဘဲ။ ဘုရင်ကြီးရဲ့ဝတ်လဲတော်လိုပေါ့။

မီးတိုင်လေးတွေထွန်းပြီရောင်းတာအားကြီးသဘောကျတယ။် ဟိုတုံးက……........ ဂျ့ပန်ဆေးရုံသစ်ကြီး အနောက် ကလမ်းကြားထဲ မှာမနက် လင်းအားကြီးမှာ ဘုရားပန်းဈေးရှိတယ်။ ဘုရားပန်း တွေချည်းဘဲ .မနက် သုံးနာရီလောက် လေးနာရီလောက် ရောင်းကြတာအားကြီးဘဲ။ ဖယောင်းတိုင် ကလေးတွေထွန်းြီ့ပီးရောင်းတာ မနက်ငါးနာရီ လောက်ဆို မရှိတော့ဘူး ဈေးကွဲ သွားပြီ. အဲဒီအချိန် ကလေးတွေကို သတိရမိစေတယ်။

လူဆိုတာမရနိုင်တဲ့အရာကိုမှ တမ်းတချင်တဲ့ အမျိုး ဆိုတော့ စလုံးမှာ ဈေးကြီး ခမ်းနားစွာ ရှိပါလဲ ဒီလို ဈေးမျိုး လေးတွေ တမ်းတနစ်သက် စွဲလမ်းနေဆဲဘဲ။

ပုဇွန်ချဉ် ငါးချဉ်မကြိုက်တဲ့မိန်းကလေးရှားမယ်ထင်ရဲ့ ကိုယ် လဲကြို့က် ပါတယ်။ ဝယ်လာပြီး ချက်ခြင်းဘဲ အိမ်ကချာတိတ်မလေးတွေ (ပြောရတာအရသာရှိလိုကတာ ဒီမှာတေ့ ရေခပ်လဲ ကိုယ်ထင်းခွေလဲကိုယ်ပါဘဲ) သုတ်ပေးတာကိုဇိမ်နဲ့ထိုင်စားပြီး ……….

လွမ်းမိသေးတယ် ရန်ကုန်..

29 comments:

  1. အားလုံးမြင် အောင်ကြည့်သွားတယ်....း)
    ပုဇွန်ချဉ်၊ ငါးဖယ်ချဉ် လဲ ကြိုက်တယ်..

    ReplyDelete
  2. ဈေးမှာ ဘာဝယ်ခဲ့လဲဗျ၊ ဓါတ်ပုံပဲ ရိုက်ခဲ့တာလား ...း)

    ReplyDelete
  3. အားလုံးမြင်တယ်မမ။ ကြည်ကြည် လင်လင် ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်းမြင်ရတယ် ( ဟိ ..ပညာရှိလို့ထင်အောင်လို့)

    ReplyDelete
  4. ဟိုက် လာပါတယ်ဆိုမှ ဒီအချိန်တက်လာရင်
    ဒီလူတွေ ပဲမြင်ပါတယ်ဆိုမှ လာတိုးနေပြန်ပြီ မကြီးေ၇ ဟဟ
    ညဈေးဘာတွေ များဝါးခဲ့သေးတုန်းဗျ မကြီးရ ထုံးစံအတိုင်းနှစ်ယောက်သားပဲလားဗျ
    ကြိုက်တယ် ငါးချဉ် ပုဇွန်ချဉ်ပိုကြိုက်တယ်
    ပဲခူးက မနီ ငါးချဉ် နဲ့ ပုဇွန်ချဉ်တောင် သတိရလာပြီ ဟဟ

    ReplyDelete
  5. အမ.. မြင်တယ်...မြင်တယ်...ဂယ်မြင်တယ်... ဟဲဟဲ

    ReplyDelete
  6. ဟင်းသီးဟင်းရွက်တွေကို မြေပြင်ပေါ်ချပြီးရောင်းတာမြင်ရတော့ မြန်မာကိုတော့ သတိရမိသား။

    ReplyDelete
  7. ရေးထားတာ ချစ်စရာကောင်းချက်တော်..

    ReplyDelete
  8. ငါးချဉ်ဆိုရင် အကောင်ချဉ်ပိုကြိုက်တယ်...အဲလိုဈေးက ဟင်းသီးဟင်းရွက်တွေ ၀ယ်စားချင်လိုက်တာ

    ReplyDelete
  9. အိမ်ကချာတိတ်မလေးတွေက ဘာနဲ့'သုတ်'ပေးတာလဲဟင်.. ဘုရင်ကြီးရဲ့ဝတ်လဲတော်နဲ့ သုတ်ပေးတာလား...။
    အော် ငါးချဉ်သုပ်လား.. ကျနော့်မိန်းမကတော့ မကြိုက်ပေါင်
    (အင်း..ပညာရှိတွေများ မနေနိုင်ကြဘူး.. လူမုန်းအောင် ပညာပြချင်တာ...။)
    kma

    ReplyDelete
  10. မာမီ သမီး အကုန်မြင်တယ်နော် ဟဲဟဲ

    ReplyDelete
  11. ညီမရန်ကုန်ပြန်တုန်းက ပန်းဆိုးတန်း ထိပ်က ချဉ်ပတ်
    မျိုးစုံ တောင် ၀ယ်စားခဲ့ သေးတယ် ... ပဲခူး က အပြန်
    လမ်းမှာ မနီ ငါးချဉ် ၀ယ် ခဲ့ တာ မကောင်းဘူး ...
    ဖက် နဲ့ ထမင်း တွေချည်းဘဲ ... ပုဇွန်ချဉ် လည်း တူတူဘဲ ... ဖျာပုံ က ပုဇွန်ချဉ် က အကောင်းဆုံးဘဲ ...
    အချဉ် တည် ထားတာ ဆို အကုန်ကြိုက်တယ် မမ ရေ ... ပြောရင်းနဲ့ တောင် ကတွင်း ထဲ ချဉ် တက် လာပြီ ...

    mie nge

    ReplyDelete
  12. အဆင်လေး တော်တော်လှတာပဲ။ လွန်းတသောင်းချိတ်။

    ReplyDelete
  13. ပုဇွန်ချဉ်ရော..ငါးချဉ်ရော...ကြိုက်တယ်။ ပုံထဲက ပုဇွန်ချဉ်သုတ်က စားချင်စရာ။ လွမ်းမိပါတယ် ရန်ကုန်က night market ကို။

    ReplyDelete
  14. ပုစွန်တုတ်ကြီးတွေ ..ဟိ

    ReplyDelete
  15. မျက်မှန် မတပ်ဘဲ
    ကြည့်သွားတာတောင်
    မြင်တယ် .. မြင်တယ် ..
    အသေ အချာကို မြင်တာ .. :P

    ငါးချဉ်သုတ်တော့
    စားချင်ထှာ ...... :D

    ReplyDelete
  16. ရှထောက်ညောင်းဒယ်

    ReplyDelete
  17. ပုဇွန်နဲ့ခရမ်းချဉ်သီးမြင်တယ်.... ငါးချဉ်သုတ်လဲမြင်တယ်....

    ReplyDelete
  18. ပုဇွန်နဲ့ခရမ်းချဉ်သီးမြင်တယ်.... ငါးချဉ်သုတ်လဲမြင်တယ်....

    ReplyDelete
  19. စားချင်သွားပြီ ပုစွန်ချဉ်..
း(

    ReplyDelete
  20. ငါးချဉ်သုပ်က သွားရေယိုစရာလေး
    ခုဒီမှာလဲ ကချင်ပြည်နယ်က ပို့လိုက်တဲ့ ငါချဉ်တွေနဲ့စားနေတာ
    စားပါဦးလား မမကွန်..

    ReplyDelete
  21. ဘုရင်ကြီးရဲ့ ဝတ်လဲတော်လို ခွေးတစီစီ ဖြစ်မှာ ကြောက် မျက်မှန်တပ်ပြီး သေချာကြည့်လိုက်ပါတယ်။
    ကြည့်ရင်း စိတ်အဆာကို ထိန်းမရတာနဲ့ ဒီနေ့ ပုဇွန်ဝယ်ချက်လိုက်တယ်။ တစ်ခါချက်ကို 7 ယူရိုကျော် ပေးလိုက်ရတယ် အစ်မရေ...အဲဒါ အစ်မကြောင့်နော်။

    ReplyDelete
  22. ငါးချဉ်ကို ရဲယိုရွက်နဲ့ကြော်ကျွေး :)

    ReplyDelete
  23. ဘူးသီး ခရမ်းသီးလည်း ပါဘူး.....:)

    ReplyDelete
  24. ပုဇွန်ချဉ်သုတ်စားတာ မလိုနာဘူး :)) ( မစားရတာ ကြာလို့)

    ReplyDelete
  25. ပညာမရှိဘူး ပြောရင်လည်း ခံရမှာပဲ ..
    "အမှောင်ထဲမှာ ဘဲရအောင် ရိုက်လာတာပါ။" ဆိုပေမယ့် ဘယ်လိုကြည့်ကြည့် ဘဲတကောင် မန်ဒါလီတမြီးမှ မတွေ့ဘူး ငါးတွေ ပုဇွန်တွေပဲ တွေ့တယ် :P

    ReplyDelete
  26. ဒီဟင်းလေးသာဆီများများမကျည်းသီးများများနဲ့သာချက်လိုက်ရင်ရှယ်ဘဲ

    ReplyDelete
  27. ပုဇွန်နဲ့ခရမ်းချဉ်သီးမြင်တယ်.... ငါးချဉ်သုတ်လဲမြင်တယ်....

    ReplyDelete