Wednesday, April 28, 2010

Yangon 2

သင်္ကြန်မဏပ်တွေကို လိုက်ကြည့်တယ။် ဘယ်လိုများနေမလဲလို့ ကြည့်တယ။် စည်ကားမဲ့ပုံဘဲ။ နေရာတွေကတော့မမှတ်မိတော့ဘူး ကြုံသလို ကြုံတဲ့နေရာမှာ ပုံတွေ ရိုက်လာတာမို့လို့။











































သွားရင်းလာရင်းနဲ့ လမ်းဘေး အသုတ်စုံစားခဲံ့ရတယ။် စားခဲ့ရသမျှထဲမှာ အဲဒါ အကြိုက်ဆုံးဘဲ။ ကြိုက်လို့နစ်ပွဲစားတယ်။ ထမင်းသုပ် တစ်ပွဲ ခေါက်ဆွဲုံသုပ်တစ်ပွဲ။ သိမ်ဖြူလမ်းဘေး လို့ထင်တယ်။ တစ်ပွဲ ခုနစ်ရာကျပ်လို့ထင်တာဘဲ ။ .ထင်တာတွေများနေတယ်။






























၃၅ လမ်းထပ်က ရုပ်ရှင်ရုံ. ဝါဆိုဖယောင်းတိုင်ဆိုတဲ့ကားရုံတင်နေတယ်။



ညဘက်ဆို တရုတ်တန်းဘက်ဘဲသွားစားရတာများတယ်/ သူကနဲနဲ စားစရာများတယ်။ ဒါပေမဲ့လဲမစားဖြစ်ပါဘူး သိတ်ပြီး အခုတစ်လေ အိမ်က ဟင်းကောင်းကောင်းတွေ ချက်ကျွေးတယ် .ကျွေးတယ်ဆိုတာ ဟင်းကောင်းတယ် ဆိုတာ ကိုယ်ကြိုက် တတ်တာလေးတွေ အိမ်ထမင်းကို ပိုမက်မောဖြစ်တော့အပြင်စာသိတ်မစားဖြစ်ဘူး. အိမ်ထမင်းဆိုတာ ကိုယ်က လဲစလုံးအိမ်မှာ ဟင်းမှ မချက်ဘဲ. အဲသတော့ ချက်ကျွေးရင်စားချင်တယ်။ အပြင်စာကတော့ ဝယ်စားရတာဘဲ လေ. ဆိုပြီးသိတ်မစားဖြစ်တော့ဘူး။






အဲဒါကတော့တရုတ်တန်းက ဝက်သားထုပ်ပါ။ ပုံတွေကတော့မှောင်တယ်။ မှောင်ဆို ညဘက်ရိုက်တာကိုး။































မှတ်ချက်
ရေးပြီးသွားတော့ထိုင်စဉ်းစားနေတယ်။ အရည်မရအဖတ်မရတွေဖြစ်ပြီး. နာမည်ကြီးချင်လို့ ဆက် ရေးနေတာလား လို့ စဉ်းစားနေတယ်။ ဒါတွေကမရေးလဲရတာဘဲမဟုတ်လား.။ လူတိုင်းလဲသွား နေကြတာဘဲ။ ကိုယ်က ဘာလို့ရေးချင်ရတာလဲ။ ဒါတွေ အထူးအဆန်းလုပ်လို့ရေးစရာလား. .။

79 comments:

  1. ရေး ရမှာပေါ့ . မမကွန်ရေးတာပိုဖတ်ကောင်းတယ်
    ပြန်တဲ့လူချင်းတော့တူတူပါပဲ ၊ ဘလော့ရေးတာလည်းတူတူပါပဲ စတိုင်ကွာတယ်လေ။
    ခရီးသွားဆောင်းပါးတွေလို ပေါ့ သူလည်းရေးတယ် သူလည်းသွားတယ် ၊ပြန်ရေးတဲ့ အခါ
    စာရေးသူရဲ့ ရေးနည်းအလိုက် ရသမတူဘူးလေ။

    ဒါနဲ့ လမ်းဘေးအသုတ်စုံကတောင် ၇၀၀ကျပ်တဲ့ လား။ ၂ပွဲ ၇၀၀များလားမမရယ်။

    ReplyDelete
  2. အဲသလိုတော့မြှောက်ပင့်မရေးပါနဲ့လေ.
    တစ်ပွဲ ရ၀၀ ဖြစ်ပါလိမ့်မယ်။

    ReplyDelete
  3. ဂစ် ..တကယ်ကြီးလား ...။တော်တော်ဈေးတက်နေပီနော်။

    မြှောက်ပင့်မပြောပါဘူး..တကယ်ပါ။
    ဒါ့ပုံပဲကြည်အောင်ရိုက်ပါ ဂျီးတော်ရယ် စာအရေးအသားကချစ်ဖို့ ကောင်းပီးသား။
    ဒါ့ပုံကြည်တော့ရှလွတ်ရတာပိုကောင်းတာပေါ့လို့ ။

    ReplyDelete
  4. ဘာပဲဖြစ်ဖြစ် ရေးပါနော်။ ဖတ်လို့ကောင်းပါတယ်။ ပေါ့ပေါ့ပါးပါးလေးတွေ၊ ရီစရာလေးတွေ၊ ပျော်စရာလေးတွေပဲ ဖတ်ချင်တယ်။ ကျေးဇူး

    ReplyDelete
  5. တပွဲ ၇၀၀ပေါ့ ဗျစ်ရဲ့ ၅၀၀ဆို ဘာမှမရတော့ဘူး..
    မုန့်ဟင်းခါးတပွဲလည်း ၅၀၀နဲ့ ၈၀၀ကြားမှာရှိတယ်..

    မမ ရန်ကုန် ၁ ကဘယ်မှာလဲ..
    ၁ပျောက်နေတယ်..

    (ဗျစ်ကဲ့သို့ ပြန်စာရမလားဟု မျှော်နေပါသည်)

    ReplyDelete
  6. သို့
    ဗစ်.
    ကြည်အောင်တော့ရိုက်လို့မရပါ.ဖုံးကင်မလာနဲ့ခိုးရိုက်ရပါသည်။

    ReplyDelete
  7. သို့
    Anonymous
    မရယ်ရရင်စိတ်မဆိုးကြေး။

    ReplyDelete
  8. I'm regular reader of ur blog . but never comment ...
    Anyway, carry on ma ma.
    You and TZA have different styles in blogging. sometimes interesting, sometimes lovely, sometimes funny even though you two write simple topics. always make me smile or LOL :)

    ReplyDelete
  9. သို့
    မျိုး.
    စာပြန်လိုက်ပါသည်။
    push ကို ရန်ကုန် ၁ လို့ယူဆလိုက်ပါသည်။ ရန်ကုန်ကိုသွားတဲ့လေယဉ်ကြီးနဲ့သွားတာဆိုတော့ ရန်ကုန် ၁ ပေါ့.ဇွတ်..

    မှတ်ချက်
    စာပြန်ပြီးပြီ။
    တာဝန်ကျေပြီး။

    ReplyDelete
  10. ဟမ်
    ကွန်မက်တွေ ပွားကုန်ပြီ။
    လုပ်စားဦးမှဘဲ။

    ReplyDelete
  11. မမ ဘယ်လိုရေးရေး ဘာရေးရေး ဖတ်လို့ ကောင်းလို့ လာဖတ်သည်... ကိုဗစ်ပြောသလိုပဲ အရသာမတူပါ..း)

    ReplyDelete
  12. သို့
    sweetpeony
    ကိုဗစ်တဲ့
    အဟိဟိ..

    ReplyDelete
  13. Anonymous said...

    I'm regular reader of ur blog . but never comment ...
    Anyway, carry on ma ma.
    You and TZA have different styles in blogging. sometimes interesting, sometimes lovely, sometimes funny even though you two write simple topics. always make me smile or LOL :)

    အနော်မနက်တွေများနေပါလား.ပိတ်ပလိုက်မှနဲ့တူတယ်။ ဒါမှနာမည်ထွက်လာမယ်။ အမည်မဖော်လိုသူ ဘလော့ရီဒါများကလည်းအတော်များတယ်။ အရေးအသာကတော့မိန်းကလေးများလား. ရယ်ရလို့လာဖတ်တယ်ဆိုတော့ရေးပြီးတိုင်း ကိုယ့်ဘာသာကိုယ်ပြန်ဖတ်နေရတယ်။ရယ်ရလားဟင် ဆိုပြီး. ကွိုင်ဘဲ။

    ကွန်မက်မထားခဲ့လဲရပါတယ။် ဟစ်တွေ တက်နေရင်ဒါ တစ်စုံတစ်ယောက်အလည်ရောက်ခဲ့တဲသ့သဘောဘဲ ကျေနပ်ပါတယ်။

    TZA ကပါလာပြန်ပြီ. သူလဲခေတ်မှီသူတစ်ဦးဖြစ်သွားပါရော့လား။

    ReplyDelete
  14. သို့ မမကွန်
    အနော်လည်း ဈေးတွေဆို
    ဖုန်းကင်မလာနဲ့ ပဲရိုက်ပါတယ်။
    ဤတွင်ရှု
    http://vistazplanet.blogspot.com/2009/12/blog-post_28.html

    ကင်မလာကောင်းသောဖုန်းကိုရှာဝယ်ပါ။
    လူများအဆွယ်ကောင်း၍ဈေးကြီးသော်လည်း ဒါ့ပုံအရာတွင် သုံးစားမရသောဖုန်းများမဝယ်ပါနှင့်။
    လျှက်တစ်ပျက်ပင်ရိုက်ပါလည်း ကြည်လင်နေသောပုံရိပ်များထွက်သည့်
    ကင်မလာပါသော ဖုန်းကိုဝယ်ပါ။
    ပုံ
    ကိုဗစ်

    ReplyDelete
  15. khin oo may Says:
    April 28, 2010 11:55 AM

    ဟုတ်ပါ့
    ကြည်နေတာဘဲ။

    ReplyDelete
  16. ဟင်
    ငါ ..အတော်အားနေပါကလား။။

    ReplyDelete
  17. မပန်းခဲ့ဘူးလား ?ဟဟ ဆက်ေ၇းပါ။မေ၇းလျင် fine ချမည်..

    ReplyDelete
  18. သို့
    ကိုနိုင်း
    ဒီတစ်မပန်းပါ. ဆေးဆောင်ထားတာတောင်မပန်း. ဆေးဘို့းရှုံးသွားသည်။ ဆက်ကတော့ရေးမည်.ဆင်ဆာ တော့ဖြတ်မည်။

    ReplyDelete
  19. Yangon1ကိုရှာနေတာ ခုသိသွားပါပြီ၊

    ReplyDelete
  20. ထမင်းစားသွားခါနီး ခေါက်ဆွဲသုတ်လေးမြင်တော့ သွားရေယိုသွားတယ်.... ဒီတခေါက်ပြန်ရင် တယောက်ထဲပဲပြန်ချင်တယ်... ဒါမှ ကိုယ်သွားချင်တဲ့နေရာတွေ လျှောက်သွားလျှောက်စားလို့ရမှာ..မမကို အားကျမိတယ်.. ရန်ကုန် ခဏခဏပြန်ရလို့

    ရေးသာရေးပါမမရာ..
    ညညလသာသာ..

    မဆီမဆိုင် ကဗျာဆပ်သွားတယ်... :D

    ReplyDelete
  21. သို့
    စိုစိဂါးဒိုး
    ရှင်းပြမှ သိသွားတာမဟုတ်လား.



    သို့
    ပူးတေ
    တစ်ယောက်စီသွားတာ သွားချင်လို့မဟုတ်ပါဘူး သူကမလိုက်ချင်ဘူးဆိုလို့ပါ။
    ကိုယ်လိုက်ချင်ရင်လဲ နေခဲ့ပါ.ခင်ရယ်ဆိုတာနဲ့ဘဲ....ဘဲ

    ကဗျာဆပ်=စပ်.စာလုံးပေါင်းမှားနေသည်။

    ReplyDelete
  22. ရန်ကုန် တရုပ်တန်းက ဝက်သား ကောက်ညှင်းထုတ် ကလေး ကိုတော့ လွမ်းတယ်ဗျာ မန္တလေး မှာ မရှိဘူး

    ReplyDelete
  23. စလု့းံမှာတော့ရှိတယ် SHWE ZIN U

    ReplyDelete
  24. အော... မမ ရဲ့ ရန်ကုန်ပိုစ့်တွေ စပြီ....
    မိုက်တယ်... အလွမ်းပြေ ဖတ်ရလို့ ကျေနပ်ကြောင်း...

    ထူးထူးဆန်းဆန်း မမ ကော်မန့်တွေ ပြန်နေလို့ အမြန် အမြန် လာရေးသွာသည်... အများသူငါတွေကို ပြန်ရေးသလို ကိုယ့်ကိုလဲ ပြန်ရေးလိမ့်မည်ဟု မျှော်လင့်နေပါကြောင်း...

    ReplyDelete
  25. သို့
    သက်ဝေ
    ဒီမှာ ကွန်မက်တွေပွားနေတာ..

    ReplyDelete
  26. ၂၅ ခုတောင်ရပြီ။

    ReplyDelete
  27. khin oo may said...
    သို့
    ဗစ်.
    ကြည်အောင်တော့ရိုက်လို့မရပါ.ဖုံးကင်မလာနဲ့ခိုးရိုက်ရပါသည်။

    April 28, 2010 11:29 AM

    "ကြည်အောင်" တော့ရိုက်လို့မရပါ... မမခင်ဦးမေပဲရိုက်လို့ရပါသည်...:P

    ReplyDelete
  28. နွေးနေခြည်April 28, 2010 at 1:53 PM

    ဆက်ရေးပါ။ ဆက်တင်ပါ။ မမကွန်

    ရန်ကုန်သူမို့ ရန်ကုန်ကို ချစ်ပါတယ်ဆိုတဲ့ မမလိုပဲ.. ဒီကရန်ကုန်သူလည်း အလွမ်းပြေကြည့်ပါရစေ...း)

    ReplyDelete
  29. ပူးတေက တမင်ကလာ မမမြင်မလားလို့ စာလုံးပေါင်း မှားချင်ယောင်ဆောင်ပြီး ရေးကြည့်လိုက်တာပါနော်... :P ဟိ ဟိ... သူက မြင်သားပဲ ဟွန့်

    comment တွေပွားနေတယ်ဆိုလို့ မမကို ကူညီရင်းဝင်ပွားလိုက်ပါတယ်... ၃ ခုတေကာင်ရှိတွားပီနော်...

    ReplyDelete
  30. ရန်ကုန်သင်္ကြန်ထဲမှာ ကျောင်းအမပျောက်နေလို့ လိုက်ရှာနေမိသေး။ မုန်တီလက်သုတ်ခေါ်လေမလား။ နန်းကြီးသုတ်ခေါ်လေမလား လွမ်းသွား၏။ စလုံးမှာလို ပင်နီဆူလာကြွလို့ မရ၊ ချပါတီနှင့် အားလူးကလည်း ကြာတော့ အလုပ်မဖြစ်၊ အိမ်ပြန်ကြသူများကို ဘုန်းကြီးတန်မဲ့ မနာလိုဖြစ်မိ၊ အော် ထန်းသီးခိုင်ကြီးကလည်း အမေ့ရွာနဲ့ အဖေ့ထန်းတောကိုလွမ်းစရာ။ ဇာတ်ပေါင်းသော် လွမ်းမိပါသတည်း။

    ReplyDelete
  31. လူတိုင်းပြန်ပေမယ့် လူတိုင်းတစ်နေရာထဲကို ရိုက်လာကြတာမှမဟုတ်တာ.. ပြီးတော့ မပြန်ဖြစ်တဲ့လူတွေ အများကြီး... ဘလော့ဂ်လိုက်ဖတ်ပြီး အလွမ်းဖြေနေရတဲ့သူပေါလို့..
    အရေမရ အဖတ်မရထင်ရင် ထင်တဲ့လူ လာမဖတ်နဲ့ပေါ့
    ဆက်ရေးရန်တိုက်တွန်းပါ၏..
    ဒါနဲ့ အသုတ် ၇၀၀ တော့ တော်တော်များတာပဲ..။

    ReplyDelete
  32. မန့်ပြီးမှ ပြန်ဖတ်ကြည့်တာ အဓိပ္ပာယ်တစ်မျိုးဖြစ်နေတယ် “ဘလော့ဂ်လိုက်ဖတ်ပြီး အလွမ်းဖြေနေရတဲ့သူပေါလို့..” အလွမ်းဖြေနေရတဲ့ သူတွေအများကြီးလို့ ပြောတာ :)
    တော်ကြာ ဘလော့ဖတ်အလွမ်းဖြေတဲ့သူ ငပေါလို့ အဓိပ္ပာယ်ရောက်သွားရင် နေရင်းထိုင်ရင်း ကိုယ်ပါငပေါဖြစ်ရဦးတော့မယ်...
    ကိုယ်ကလည်း အလွမ်းလာဖြေတာကိုး...

    ReplyDelete
  33. ဧပရယ်လ်ပူး@ပူးတေ
    ကျေးဇူး for your contribution.

    နွေးနေခြည်
    တို့လဲ အလွမ်းပြေ ထိုင်ကြည့်နေတာဘဲ
    စားချင်လိုက်တာ. ရှလွတ်.

    ဝေလင်း
    အသုတ် ၇၀၀ များတယ်ထင်သလား. ထင်သလား...ငှငှ်းှုငှင်း လာဦးမယ်။
    ငပေါလို့လားမထင်ပါဘူး မထင်ပါဘူး ဟင်းဟင်းဟင်း.

    ReplyDelete
  34. 28 Apr 10, 02:09 PM
    စင်ကာပူရောက်မြန်မာ: ခုက ဦးချတာ လှူစရာမ လို့

    28 Apr 10, 02:09 PM
    steve: မင်လာပါ သတ်တဝါတွေ ကျန်းမာချန်းသာကြပါစေ

    28 Apr 10, 02:09 PM
    kom: ဒါက ဘုန်းကြီးကြါလာလို့ ဦးချတာလေ။
    28 Apr 10, 02:09 PM



    myo: ဟုတ်တယ် နောက်ကိုသေးထည့်မပြောမှ :sneezing: မမမှတ်ပါ ဟိ

    28 Apr 10, 02:08 PM
    စင်ကာပူရောက်မြန်မာ: ဆွမ်းလာခံလို့ လှူစရာမရှိရင် ကန်တော့ ဆွမ်းလို့ ထည့်ပြောတယ်လေ

    28 Apr 10, 02:07 PM
    ခရမ်းချဉ်သီး: ကန်တော့ပါတယ် ဘုရား.. ဦးချပါတယ် ဘုရား ဆိုရင်ကော

    28 Apr 10, 02:07 PM
    mm: welcome ပါဘုန်းဘုန်းလို့ပြောလို့
    လဲမဖြစ်ဘူးထင်တယ်

    28 Apr 10, 02:07 PM
    kom: စင်ကာပူရောက်မြန်မာရေ ရှင်းဦး

    28 Apr 10, 02:07 PM
    myo: ကန်တော့တာနဲ့ ဦးချတာ မတူဘူးလား စလုံးသား

    28 Apr 10, 02:07 PM
    kom: နစ်နာရီကျော်ပါပြီလေ. ဆွမးခံမကြွတော့ပါဘူး

    28 Apr 10, 02:07 PM
    ခရမ်းချဉ်သီး: heeeeeeeeeeeeeeeeee heeeeeeeeeeeeeeeeeeeeee

    28 Apr 10, 02:06 PM
    စင်ကာပူရောက်မြန်မာ: မကွန် ကဦးချပါသေးရဲ့ဘုရား လို့ေ့ပြာတာ ပါ မျိုး
    28 Apr 10, 02:06 PM
    ခရမ်းချဉ်သီး: :D

    28 Apr 10, 02:06 PM
    kom: အဲသဟာဆိုရင်ဘယ်လိုပြောရမလဲ သင်ပေးလေ။

    28 Apr 10, 02:06 PM
    myo: တော်ကြာ ဘုန်းဘုန်းက ဘလော့ထဲ ဆွမ်းလာခံတယ်ထင်လို့ ဦးချတယ်ထင်ပြီး နောက်မလာပဲ နေဦးမယ်


    28 Apr 10, 02:05 PM
    myo: ဆွမ်းလာခံလို့ လှူစရာမရှိရင် ကန်တော့ပါသေးရဲ့ဘုရားလို့ပြောတာလေ

    28 Apr 10, 02:04 PM
    myo: မသိဘူးလေ ကန်တော့ဆွမ်းလို့ပြောသလိုချည်းမို့လို့

    28 Apr 10, 02:04 PM
    kom: ဘုန်းကြီးကိုကြွလာတော့ကန်တော့တာလေ. ဘယ်လိုပြောရမှာတုံး

    28 Apr 10, 02:04 PM
    myo: အဲ့ဒါဘာပြောတာလဲ မမ :thinking:

    28 Apr 10, 02:01 PM
    kom: :respect1: ဦးချပါသေးရဲ့ဘုရား.

    28 Apr 10, 02:00 PM
    myo: ဘယ်မှာလိုက်ရှာတာလဲ ဦးဇင်း

    28 Apr 10, 01:59 PM
    Vista: ဘုန်းဘုန်းတောင်လွမ်းသွားပီ မမကွန်

    28 Apr 10, 01:55 PM
    ဓမ္မဂင်္ဂါ: ရန်ကုန်သင်္ကြန်ထဲမှာ ကျောင်းအမပျောက်နေလို့ လိုက်ရှာနေမိသေး။ မုန်တီလက်သုတ်ခေါ်လေမလား။ နန်းကြီးသုတ်ခေါ်လေမလား လွမ်းသွား၏။ စလုံးမှာလို ပင်နီဆူလာကြွလို့ မရ၊ ချပါတီနှင့် အားလူးကလည်း ကြာတော့ အလုပ်မဖြစ်၊ အိမ်ပြန်ကြသူများကို ဘုန်းကြီးတန်မဲ့ မနာလိုဖြစ်မိ၊ အော် ထန်းသီးခိုင်ကြီးကလည်း အမေ့ရွာနဲ့ အဖေ့ထန်းတောကိုလွမ်းစရာ။ ဇာတ်ပေါင်းသော် လွမ်းမိပါသတည်း။

    ReplyDelete
  35. " နာမည်ကြီးချင်လို့ ဆက် ရေးနေတာလား လို့ စဉ်းစားနေတယ်။ ..."
    ဆိုတာသိပ် မရှင်းဘူး။ မခင်ဦးမေက ကိုယ့်ကိုကိုယ် နာမည်ကြီး လို့ ဆိုလိုချင်တာလား ။လူသိများအောင်လုပ်ဖို့ ကလွယ်ပါတယ်။ ဘလော့ဂ်တွေလည်။နှုတ်ဆက်ပေါ့..

    ဘလော့ဂ်ဖတ်သူတစ်ဦး

    ReplyDelete
  36. ဟုတ်ကဲ့ ဘလော့တကာ ကို မှန်မှန်သွားပြီးမဖတ်ဘဲနဲ့ :cool: ဆြိုီပီး နှူတ်ဆက်ပြီးလူသိများအောင် လုပ်ပါတယ်။

    ReplyDelete
  37. အမြင်ကပ်ကုန်ကြပြီ. တိတ်တိတ်ကလေးနေလိုက်ဦးမယ်။

    ReplyDelete
  38. ငွေမကုန် လူမပမ်း ရင်းဖတ်ချင်သူတွေဖတ်ပေါ့ ရန်ကုန်ကခေါက်ဆွဲ မြစ်ကြီးနားခေါက်ဆွဲ ဆွဲတာခြင်းအတူတူ အရသာတူနှိင်ဘူးလေ

    ReplyDelete
  39. ပြန်တာချင်းတူတယ်ဆိုပေမယ့် မြန်မာပြည်က ဓါတ်ပုံတွေ တင်ရင် အလွမ်းပြေကြည့်ရတာပဲ အမရဲ့။ ဘယ်သူဘာပြောပြော ဂရုမစိုက်ပါနဲ့လို့ ပြောထားတယ်လေ။ :D

    ReplyDelete
  40. အားလုံးမန့်သွားကြသလိုပဲ ပုံတွေဘယ်လိုပဲမကြည်ကြည် ခင်ဦးမေရေး၍ ဖတ်လို့ကောင်းပါသည်ပဲ...။ စတိုင်နဲ့ရသတော့ကွာပါတယ်...။ အဲလိုစတိုင်လေးနဲ့ မထိတထိရေးဟန်ကောင်းတယ်...။ အသုပ်တစ်ပွဲ700 ဖြစ်နိုင်ပါတယ် သင်္ကြန်ဆို ဈေးကနှစ်ဆယူတယ်လေ...။
    ခင်ဦးမေကိုလင့်ထားလိုက်မယ်...ဘလောဂ်မှာ..လာလည်လှည့်ပါဦး မိုးငွေ့ဆီကိုလည်း ဖိတ်ပါတယ်...။
    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  41. ရန်ကုန်ကို မျက်မှန်မပါဘဲ ပြန်သွားရသလိုပဲ။ ဝါးတား၊ ဝါးတားနဲ့။

    ထန်းသီး နဲ့ ထမင်းသုပ်မြင်တော့ စားချင်တယ်။

    ReplyDelete
  42. ဝက်သားထုပ်ဆိုင်က ကြက်သားပေါင်း
    အဲဒီဆိုင်နံဘေးက ပဲစုံသောက်ချင်တယ်

    ReplyDelete
  43. ကိုပေါပြောသလိုပဲ..
    ထသီးဆံ စားချင်တယ်..
    (ထန်းသီးဆံ)
    ထရေ တော့ မသောက်ဘူး..
    လက်သုတ်ဈေးတွေကြီးထှာ..
    မြန်မာပြန်ပြီး လက်သုတ်ရောင်းစားမှပဲ..
    ဘလော့ဂ်ဂါတွေပြန်ရင်အားပေးကြနော်..
    ဘလော့ဂ်ဂါတွေဆို ၁၀%လျှော့ဈေးနဲ့ရောင်းပါ့မယ်..



    ဘလောက်ဂါပေါ်
    အသုတ်စုံဆိုင်..

    ReplyDelete
  44. မမ တော်တော်ဆိုးပါ့ ကိုယ့်ကော်မန့်လေးရေးမလို့ ပြီးရင် မမ ပြန်ရေးမလား မှတ်တယ် တိတ်တိတ်လေး နေလိုက်ဦးမယ် တဲ့.... ကံဆိုးသူပါကွယ်...

    ReplyDelete
  45. ထန်းသီးတွေပဲ စားချင်တယ်

    ReplyDelete
  46. ရှလွှတ်. . .ခုတလော ရောက်လေရာမှာ သွားရည်ကျရတယ်။
    မမမေ ရေးထားတာ ကောင်းပါတယ်ဗျာ။
    အရည် မရ ၊ အဖတ်မရတာတွေ ထက် စာရင် အတွေးပါ တာလေးတွေပဲ ဖတ်ချင်တယ်။ ခံစား နေရတာတွေ ခပ် ဖီးလ်မလာဘူး. .

    နောက်ထပ် မျှော်လျှက် . . .
    ( မုန့်တွေရော ၊ စာတွေရော )

    ReplyDelete
  47. ရောက်ပါတယ်။ ၀က်သားတုပ်..ထန်းသီး...
    အသုပ်စုံကောင်းကောင်း....စားချင်ပါတယ်။

    ReplyDelete
  48. မမကို အားကျလို့ ဇွန်လည်းပြန်ဦးမှာ။ ;)

    ReplyDelete
  49. မမကွန်- စီဘောက်မှာ နှုတ်ဆက်ချင်ပေမယ့် ၊ မချစ်ကြည်အေး ပြောသလိုပဲ ဓါတ်လှေခါး နဲ့ ဆင်းမှ ရမှာ.. မို့ လာလည်သွားကြောင်း သတင်းပို့တယ်နော် ။ ပျော်ရွှင်ပါစေ ။

    ReplyDelete
  50. အပြင်မှာမတွေ့ချင်ပါဘူးညီမလေးရယ့် ကွန်ပြူတာရှေ့ထိုငိလိုက်ရင် ကိုယ့်ကိုယ်ကို သုံးဆယ်လို့ဘဲ ထင်နေမိတဲ့ခံစားချက်ကလေးကိုကြိုက်လို့ပါ။

    Anonymous သို့
    ခေါက်ဆွဲ ဆွဲချင်တာဆွဲပေါ့လေ. ကိုယ်လဲရေးချင်တာရေး..

    ဂရုမစိုက်ပေမဲ့လဲ စာဖတ်သူရဲ့ဝေဖန်ချက်ကိုတော့အလေးထားရပါတယ် မေ့သမီး..

    မိုးငွေ့ဆီလာလည်ပြီးပါပြီ. နစ်သက်မိပါတယ်။

    ဘာဘဲဖြစ်ဖြစ်ကိုပေါလာဖတ်တယ်။ ကျေနပ်တယ်။

    သံလွင်ဟီးရိုးနဲ့တို့နဲ့က အရွယ်သာကွာတာ ဘရုတ်ကျတာချင်း လမ်းများတာချင်း အကျင့်အကုန်တူတယ်။

    ဘလော့ဂါပေါ်အသုတ်ဆိုင်က ဘယ်သူလဲမသိဘူး ပေါက်လား. ပေါက်ဆိုရင်တော့xထုံဆိုပြီးလာမှာဘဲ. အလကာ်းကျွေးရင်ပိုကောင်းမယ။်

    ချစ်ကြည်အေးရယ်
    ကိုယ်က အိုက်တင်လုပ်တာပါ...

    YoungGun
    တို့စားခဲ့တယ်။ :D
    စားချင်နေတုံးဘဲ။

    ကိုဇော်
    မျက်စိမကောင်းသိတ်မဖတ်နဲ့လေ
    အတွေးလဲမပါပါဘူးလေ.
    တစ်ကြောင်းနစ်ကြောင်းပါ။

    ရှင်လေး
    တို့လဲသတိတရစားချင်တယ်။

    ပြန်ပါ ပြန်ပါ ဇွန်မိုးစက်.
    ပိုက်ဆံတော့များများယူသွားပါ။

    ဝေ
    သတင်းပို့တာကျေး

    ReplyDelete
  51. အသုတ်စုံစားချင်လိုက်တာ၊ :'(
    ဂွတ်နိုက်၊ ဂေါ့ဒ်ဘလက်စ်ယူ

    ReplyDelete
  52. မမ အတည်ပေါက်ကြီး စာပြန်နေပြီတော့..ဟားဟား..

    ReplyDelete
  53. phyo phyo
    တို့လဲစားချင်တယ်။

    မိုးချိုသင်း
    ရယ်စရာလား ဟင်း.

    ReplyDelete
  54. ဂျီးတော်ကြီး..စာတွေပျံနေပြီဆိုလို့ အပြေးအလွှားလာကြည့်တာ..တကယ်အဟုတ်ဗျ..
    အံ့ဘွယ်သုတပါတကား....

    ReplyDelete
  55. ဖြိုးမော်.
    ဖတ်ပြီးမှ :cool: တာလား မဖတ်ဘဲနဲ့ :cool: တာလား.


    သို့
    ကိုကိုကျောက်
    အံ့ဘွယ်သုတမဟုတ်.
    ရယ်စရာမဂ္ဂဇင်းဖြစ်သည်။

    ReplyDelete
  56. အသုပ်စုံက ဈေးကြီးလိုက်တာ အရင်တုန်းက ငါးဖယ်နဲ့မှာ ၃၅၀ ပဲပေးရတယ်။း)
    ရေးပါ မမကွန်ရဲ့ ရန်ကုန်အလွမ်းပြေပေါ့။ ပြန်နိုင်သူတွေဆိုတော့လည်း လုပ်ထားပေါ့နော်။

    ခင်မင်လေးစားလျှက်
    ဒဏ္ဍာရီ

    ReplyDelete
  57. မေ့လိုက်တော့ အချစ်ကလေးရေ...

    ReplyDelete
  58. ကျွန်မ စိတ်အထင် မြန်မာဘလော့ဂ်ဂါတွေထဲမှာ ဓာတ်ပုံလေးတွေ တင်ပြီး အဲ့ဒီနေ့ကတော့ ဘာတွေ ဘာတွေ လုပ်တယ် ဆိုပြီး ဘလော့ဂ်ရေးတဲ့သူ ရှားတယ် ထင်ပါတယ်။ မြန်မာပြည်ထဲမှာဆို ပိုတောင် ရှားသေးတယ်။ မြန်မာပြည်မှာက ဓာတ်ပုံရိုက်ရတာ နည်းနည်း လက်တွန့်ကြတယ်လေ။ ဟိုကြည့် ဒီကြည့်လည်း လုပ်ရသေးတယ်။ :D ဒီတော့ ဆက်ရေး၊ ဆက်တင်ပါ.. အားပေးလျက် ရှိပါတယ် လို့..

    P.S: အသုပ် တစ်ပွဲ - ၇၀၀ ဈေးကြီးကြောင်း။
    P.P.S: နာမည်ကြီးပြီးသူ ဖြစ်တဲ့အတွက်ကြောင့် ထပ်မံ နာမည်ကြီးအောင် လုပ်စရာလိုမည် မဟုတ်ကြောင်း...

    ReplyDelete
  59. ကိုယ်ရေးချင်တာရေးတာ အကောင်းဆုံးပါ ကြိုက်တာမကြိုက်တာက ဖတ်သူအလုပ်လေ..ကျွန်မက အစ်မဘလော့က အခြားဘလော့တွေ ချိတ်ပေးတာ သဘောကျတယ် အသစ်၇ှာ၇တာလွယ်လို့ပါ...

    ReplyDelete
  60. ရေးမရေးကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါလေ... စာလုံးပေါင်းတွေတော့ အတော်မှားတယ်ကော...
    ရ(ရကောက်) နဲ့ ၇(ခုနှစ်) ကိုလည်း ကွဲကွဲပြားပြားသိအောင် လုပ်ပါလေ...

    ReplyDelete
  61. သြော် ထန်းသီး ထန်းသီး
    ထန်းသီး နုနု အဆံနဲ့ အရည်ကို စိတ်ရှည်လက်ရှည်ထုတ်။ ပြီးတော့ ရေခဲသေတ္တာထဲ ထည့်ထား။ အေးလာမှ ထုတ်စား။

    ဟိုး လွန်လေပြီးသော အခါက ပါလေ။ မီးတွေလာတုန်း ရေခဲသေတ္တာ သုံးလို့ရတုန်းကပေါ့။

    ReplyDelete
  62. ဓာတ်ပုံကို ဖုံးကင်မလာနဲ့ ခိုးကြောင်ခိုးဝှက်ရိုက်ရတယ်လို့ပဲ.. TZA လို ရဲရင့်စမ်းဘာ..
    အကြတ်နေ့က ...မဏ္ဍမှာ ခိုးကြောင်ခိုးဝှက်ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ တင်လိုက်စမ်းဘာ..

    ReplyDelete
  63. သူများပြောတာ နားမယောင်နဲ့ မမ။
    နောက်တခေါက် ရန်ကုန်ပြန်လို့ မရဘဲ နေလိမ့်မယ်။

    ReplyDelete
  64. ဖတ်လို့ကောင်း၊ ကြည့်လို့ကောင်း။

    ReplyDelete
  65. ဟုတ် ကိုကျော်ကျော်.ကျွန်မက လက်င်္ကက်ကျင့်တုန်းမို့ပါ..

    ReplyDelete
  66. ဖတ်ပါတယ်ဗျ။ ရန်ကုန်အကြောင်း ကိုယ်တိုင် ပြန်ဖို့ မဖြစ်နိုင်သေးတော့ ဖတ်ပေမယ့် ဝင်မပြောချင်
    မသိသလိုလို မလွမ်းသလိုလို ဟိုလိုလို ဒီလိုလို
    ဂလိုနဲ့ :cool: ဖြစ်သွားတာပဲ ဘွားရယ်။

    ReplyDelete
  67. အာရုဏ်ဦး
    ပြောတာမှန်တယ်။ ကိုယ်လဲတွန့်ပါတယ်။

    မာမာကတော့ မာမာဘဲထား.

    ကျော်ကျော်က မာမာကို ပြောတာလား. ဘယ်သူ့ကိုပြောတာလဲ ကိုယ်ကိုယ်တိုင်က လဲ စာလုံးပေါင်းမမှန်သေး ရေးချင်ရင်တော့ရေးမှာဘဲ / အင်း ရေးချင်တိုင်းလဲရေးလို့မဖြစ်သေးတာတွေ ကရှိသေးတယ်။

    Rita
    အခုလဲစားလို့ရပါတယ်။ ကြုံ ကြုံသလိုပေါ့။

    kma
    TZA သည် သတ္တိကောင်းသူဖြစ်သည်။. မိုက်ရူးရဲလည်းဖြစ်သည်။ တစ်ဇွတ်ထိုးလဲဖြစ်သည်။ ကိုယ်ကတော့ပညာရှိဖြစ်ပါသည်။

    An Asian Tour Operator
    ဘာမျှမရေးရသေးပါဘူး.:D. ပုံတွေနဲ့လုပ်စားနေတာပါ။

    တို့လဲ pm ရဲ့ ပိုစ်အသစ်ကိုဖတ်ပြီးအဲသလိုဖြစ်သွားတာပါဘဲ pm ရယ်

    ReplyDelete
  68. နာမည်ကြီးတော့ မျက်မှန်မလိုတော့ဘူးပေါ့။ ဒါလည်း လူတွေကို အကျိုးပြုတာပဲ ခိခိ

    အသုပ်ကတော့ သင်္ကြန်မို့လို့ ရိုးရာအရ ဈေးကြီးတာပဲဖြစ်မှာပါလေ..။

    ReplyDelete
  69. မမ ရေးထားတာ..
    ပုံလေးတွေ ကြည့်ပြီး အလွမ်းတွေ ပြေပါ့...

    ReplyDelete
  70. aumrefYjyefaewmawGYvdkY.. omrD;udkvnf; pmysHbmaemf/


    pifpif

    ReplyDelete
  71. ထန်းသီးလေးတွေကတော့ တကယ်ပဲ သွားရေကျချင်စရာ...
    ရန်ကုန်သင်္ကြန်ရောက်သွားတယ်ပေါ့
    ကိုယ်က မရောက်ဖြစ်လိုက်တဲ့အတွက်
    မမကို အားကျသွားပါတယ်..
    ပျော်ရွှင်သောခရီး ဖြစ်ခဲ့လိမ့်မယ်ထင်ပါတယ်..

    ခင်မင်စွာ

    ချော

    ReplyDelete
  72. သို့
    ကျော်ညိုသွေး
    နာမည်ကြီးတာမကောင်းပါ။

    ကောင်းကင်ပြာ
    တို့လဲအဲသလိုစေတနာထားပါတယ်။

    အမည်မဖော်လိုသူစင်စင်
    aumrefYjyefaewmawGYvdkY.. omrD;udkvnf; pmysHbmaemf/
    ကောမန်ပပြန်နေတာတေါပလိုပ. သာမိ. ကိုလည်. စာလျ့ဘာနော်


    PmNYefvkdufygonf/

    စင်စင်
    ဒါလေးနဲ့မြန်မာလိုရိုက်ကြည့်ပါလား အဆင်ပြေမှာပါ။
    http://www.peterzawlinn.f2s.com/zawgyi/WebTextEditor.htm

    ReplyDelete
  73. ဟုတ်တယ်.ချော.
    မြန်မာလူမျိုးမှန်ရင်တော့ဒီထန်းသီးကလေးတွေ တွေ့တိုင်း မလွမ်းမဲ့ သူမရှိဘူး လို့တို့ ယုံကြည်ပါတယ်။

    ReplyDelete
  74. ရော် ချစ်လို့ လာလည်တာပါဆိုး))))

    ReplyDelete
  75. ဒီကလည်းချစ်..်ချစ်...

    ReplyDelete
  76. သို့
    ရေတမာ

    ရေတမာ.သိတ်ရစ်သည်.
    စကရူ (screw)

    ReplyDelete
  77. ချစ်မ ကွန့်မန့် ပြန်တာလေး ပြန် လာဖတ်တာ....း)))

    ReplyDelete