Tuesday, May 4, 2010

ပြောပြော အခုပြော

ဘလော့ရေးတာလွယ်တယ်ထင်သလား. ။

ကိုယ့်အကြောင်းကိုရေးပေမဲ့လဲ ကိုယ်ဘယ်သူဆိုတာ ဖွက်ထားရသေးတယ် ။သိသာသိစေ။ မမြင်စေနဲ့ ဆိုသလိုဘဲ။ မဟုတ်ရင် အရသာပျက်တယ်။

အချိန်ပေးရတာလူတိုင်းသိတယ်။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ။

ဘာဘာညာညာမပါအောင်လဲရေးရတယ်။. စားစရာတွေချည်းဘဲရိုက်ပြနေရင်လဲ အစ်မရယ် ဒီနေ့တစ်နေ့လုံး ဘလော့လည်ရင်းနဲ့ စားရလွန်းလို့ saliva တောင်မထွက်နိုင်တော့ပါဘူးဆိုရင် ကိုယ့်စားစရာတွေကို ပြန်ဖွက်ထားလိုက်ရသေးတယ် ။

ဒီနေ့ဘာလုပ်တယ် ညာလုပ်တယ်ဆိုတာကလည်း ရိုးနေပြန်ပြီ။ ဘယ်သွားတယ်ညာသွားတယ်ကလဲ သိတ်စိတ်ဝင်စားကြတာမဟုတ်ဘူး။ ဝယ်ပြန်တယ် ခြမ်းပြန်တယ်ဆိုတော့လဲ မွဲပြာထမိန်ဖြစ်နေပြီလို့ ပြောတဲ့သူကလဲရှိသေးတယ်။

ဟိုရောက်ဒီရောက်သွားတယ်ဆိုလဲပါမစ်ပါလားမေးကြသေးတယ်။ သိတ်ခက်တယ်။ ဘာလုပ်လို့ လုပ်ရမှန်း တောင် မသိတော့ဘူး။

ဓါတ်ပုံရိုက်တင်ပါလားဆိုတော့လည်းသွားလေရာကင်မလာအိတ်ကြီးထမ်းသွားရမယ်ဆိုတာ ဟင်း.။ အရင်းကလည်းကြီးသေးတယ။် ဖုံးနဲ့ရိုက်တော့လဲ ဝါးတယ် ပြောကြပြန်တယ်။ ဆောင်းပါးဆိုတာကလည်း ကိုယ်ကမရေးတတ်။ ကွန်ပြူတာ. လဲမကျွမ်းကျင်။

အခုညစဉ်းစားနေတာကတော့ အမည်မဖော်လိုသှူထုံဆီက အီမေလ်ကြောင့် မမ. Shakira ရဲ့She Wolf ကိုတင်ပါမမ။အဲဒါပိုကြိုက်တယ် :) ဆိုတာနဲ့ သီချင်းခေါင်းစဉ်ကလေးကိုင်ပြီး ရှာရင်းရှာရင်းနဲ့ ကိုယ်လဲ့ကြိုက်လာတယ်။ ယူကျူမှာရှာရင်းနဲ့ တွေ့တာလည်းရှိ ။ This video contains content from Vevo, who has blocked it in your country on copyright grounds. အဲသလိုရေးထားတာလည်းရှိ။ ဟိုဟိုဒီဒီကြည့်ရင်းနဲ အဲဒီကို ရောက်သွားပြန်တယ်။ ကြည့်ရင်းနဲ့ ကိုယ်ကိုယ်တိုင်တောင် အတော်လေးကို ရင်တွေ ခုန်လာတာနဲ့ ရိုးသားတာ ရှာဦးမှပါလေ ဆိုပြီး ယူကျူ မှာ သွားရှာပြန်တယ်။ အင်း ဒါပေမဲ့ အဲဒါက BBC Radio 1's Live Lounge ကဖြစ်နေတယ်။

အဲဒါတွေ တင်မယ်လုပ်ပြန်တော့ဒါတွေက ကော်ပီရိုက်နဲ့ များညိနေမလားဆိုတဲ့ အတွေးတွေ ဝင်လာပြန်တယ်။ ရှာဖတ်မိပြန်တယ်။ နားလည်သလောက်ကတော့မတင်ရင်ကော်ငးမယ်လို့ အတွေးတွေဝင်လာမိပြန်တယ။် ဘယ်လိုသဘောရသလဲ။ လင့်ပေးတာတောင် အနွရယ်ရှိသလို ခံစားလာရတယ။် ကြောက်တတ်ရင် ကြောက်စရာကြီးပါအေ။ အဲသလိုနဲ့ ထိုင်လိုက် ထလိုက်စဉ်းစားလိုက် ဟိုဖတ်လိုက် ဒီဖတ်လိုက် သီချင်းနားထောင်လိုက် လုပ်နေတာ သုံးနာရီကြာသွားတယ။်

ကဲ …
ဘာရေးရမလဲ။


မှတ်ချက်
ပြောပြော အခုပြောဆိုတာ TZA ဆီက ကူးချတာဖြစ်ပြီး ဘာရေးရမလဲဟင်ဆိုတာက ကိုကိုဒီဘီဆီက ကူးချတာဖြစ်တယ်။

35 comments:

  1. ရေးချင်တာရေး၊အားပေးပီးသားပါ။

    ReplyDelete
  2. ရေးချင်တာရေး၊အားပေးပီးသားပါ။

    ReplyDelete
  3. ရေးပြီးပြီးလေ... ဖတ်တောင်ဖတ်လိုက်ရတယ်

    BBQ

    ReplyDelete
  4. ဟ ဟ ဟ ဟ. . .ငါ့အမ ဆားချက် ချက်ကတော့ဗျာ . . .ပြော မပြောချင်ဘူး . .
    တော်ချက် . .

    ReplyDelete
  5. အသက်ကြီးပြီး အချိန်မစီးဘူးဆိုတာ ဒါမျိုးနေမှာ

    ReplyDelete
  6. မမ kom ရေးချင်တာရေးပါ အမြဲ အားပေးနေပါတယ်

    ReplyDelete
  7. အော် အဖွားလဲ
    မနေတတ်မထိုင်တတ်နဲ့ ဒုက္ခရောက်နေပြီ
    လုပ်ချင်တာသာလုပ်
    ရေးချင်တာသာရေးလို့ ပြောပြန်ရင်လဲ
    တကယ်ပြောနေတာလား
    ရွဲ့ပြောနေတာလားလို့ ထပ်စဉ်းစားနေမိအုံးမယ်ဆိုတော့
    ဘာမှမပြောတော့ဘူးလို့ ပဲ လာပြောသွားပါတယ်
    အော် လူဖြစ်ရတဲ့ ဒုက္ခ
    နာမည်ကြီးရတဲ့ ဒုက္ခ

    ReplyDelete
  8. ဟီးဟီ..


    လမ်းပျောက်နေသော..
    Xထုံ

    ReplyDelete
  9. Shakira မကြိုက်ဘူး..
    မတင်တာပဲကောင်းတယ်..မမ


    Xထုံ

    ReplyDelete
  10. မေးလ်မရေးဖြစ်လို့ ဒီမှာအလွမ်းသယ်လိုက်မယ်..
    မတွေ့တာကြာတော့ မမကိုလွမ်းနေတယ်...။
    အားလုံးကို လည်းလွမ်းနေတယ်။
    အားလုံးကတော့ လွမ်းနေပုံမရပါဘူး..။။


    လမ်းဆုံက လွမ်းထုံ
    (ခ)
    Xထုံ


    ကော်မန့်တွေ ဗရဘွ ဖြစ်အောင်လုပ်နေမိပြီ..။။

    ReplyDelete
  11. အဲဒီ ဘာရေးရမှန်း မသိဘူးနဲ့ပဲ မမ လုပ်စားနေတာ မသိဘူးများ ထင်နေလား။

    ReplyDelete
  12. မခင်ဦးမေ

    ဘာဘဲဖြစ်ဖြစ် ရိုးသားစွာ ရေးတဲ့ အတွက် လေးစားပါတယ်

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  13. ဘာလေးပဲ ရေးရေး အများ ကြိုက်အောင်၊ ချစ်တတ်အောင် ရေးတတ်တာကိုက talent လို့ ဆိုရမယ်။ ဘာရေးရမလဲ ဆိုတာနဲ့ပဲ ပိုစ့်တပုဒ် ရသွားတာက ပညာ ဆို မမှားပါဘူး။

    Anonymous ကို allow မလုပ်ပဲ ID နဲ့ ကွန်မန့် ကောင်းတာ ကောင်းမယ်လို့ ထင်တယ်။ ID သီးသန့်နဲ့ ကွန်မန့်တော့ သတ်သတ်မှတ်မှတ် ရှိတာပေါ့။ ဆရာ လုပ်တာ မဟုတ်ဘူးနော်။ :)

    SMNTL

    ReplyDelete
  14. ဘယ်လိုပဲဖြစ်ဖြစ် လာဖတ်တာပဲ....း)

    ReplyDelete
  15. မမkom ဘာရေးရေး လာဖတ်ပါသည်။

    ပြီးခဲ့တဲ့အပတ်က American Idol မှာ Shakira က Gypsy သီချင်းဆိုပြီး သီချင်းနဲ့အလိုက် ငြိမ့်ငြိမ့်ယဉ်ယဉ်လေး ကသွားတာ ကောင်းမှကောင်း။
    လေဒီဂါဂါးထက် သူ့ကို ပိုကြိုက်တယ်။

    ReplyDelete
  16. ဟိဟိ... စိတ်ငစ်နေတာ အမစာဖတ်လိုက်ရတာ ငယ်သူငယ်ချင်းတယောက်တွေ့လိုက်ရသလိုပဲ... သူငယ်ပြန်ချင်သွားတယ်.. သူငယ်မလေးတွေလိုပျော်လို့လေ....

    ReplyDelete
  17. နာမည် ပါလာလို့ လာပြီး စုံစမ်းသွားတယ်။ :P

    ReplyDelete
  18. Shakira ရဲ့She Wolf ကိုတင်ခိုင်းတဲ့ နာမည်မဖော်လိုသူကို သိနေသလိုလိုပဲ ငှဲငှဲ

    ReplyDelete
  19. "Shakira" က စီစစ်တယ်ဗျ

    တော်ရုံလောက်ကတော့ ဖိနပ်ကို မပါတော့ဘူး :-)

    Anonymous 'Y'

    ReplyDelete
  20. ရေးချင်တဲ့ဟာကိုရေး
    မရေးချင်နေတာကိုလည်းရေး
    ရေးစရာရှိတဲ့ဟာကိုရေး
    ရေးစရာမရှိတာကိုလည်းရေး

    ဟဟား အကိုတယောက်ကျနော့်ကိုမောင်းသွားတဲ့စကား
    ပြန်မျှတယ်

    ReplyDelete
  21. စိတ်ချမ်းသာရင်.. ပြီးသာပဲ။

    ReplyDelete
  22. လန့်ထှာ ဘာပြောရမှန်းတောင် မသိတော့ဘူး ငြိမ်ငြိမ်လေးနေနေတယ်။ မပြောတော့ပါဘူးလေ

    ReplyDelete
  23. ရေးချင်တာရေးလို့ ပြောထားတယ်နော်။ ကိုယ်လည်း ရေးချင်တာရေး။ ဖတ်တဲ့သူလည်း ဖတ်ချင်ရင်ဖတ်၊ မဖတ်ချင်ရင် အစတည်းကမလာနဲ့ပေါ့။ ကိုယ်မကြိုက်တာ ရေးထားလည်း ပိတ်လိုက်လို့ရတာပဲဟာ။ အေးဆေးပါ မမရယ်။ “ပျော်သလိုနေပါကွယ်” (အောင်ရင်သီချင်း ဆိုပြတာ)

    ReplyDelete
  24. လူတွေအကုန်လုံးရဲ့ အပြောလွတ်အောင်တော့ ဘယ်လိုလုပ်နိုင်မလဲ အစ်မရယ်..
    အဓိကကတော့ ကိုယ့်Blog လေးနဲ့ကိုယ် စိတ်ချမ်းသာနေဖို့ပဲလေ. အချိန်လည်းပေးရသေး.။ စိတ်လည်းညစ်ရသေးဆိုရင်တော့ ဘာများ အကျိုးရှိမှာလဲ

    ReplyDelete
  25. ဘာဘဲရေးရေး လာဖတ်မယ်လေ
    စိတ်ချမ်းသာတာ ရေးပါ..
    လူချစ်လူခင်များတာရော၊ လူမုန်းများတာရော၊ လူသိများတာရော
    အားလုံးဟာ အရည်အချင်းတစ်ရပ်ပါဘဲလို့....
    လူတိုင်း ဒီလို မဖြစ်နိုင်တာတော့ သေချာပါတယ်..

    ReplyDelete
  26. မဂွိစ်.. သိပ်ကောင်းတယ်.. ဟဟ

    ReplyDelete
  27. အော်...မမKom...ရေ....
    ဘာရေးရမှန်းမသိဘူးဆိုပြီးစလိုက်တာ....ဖတ်ရင်း
    ဖတ်ရင်း..သီချင်းပဲနားထောင်ရတော့မလိုလိုနဲ့ post
    တစ်ခုလုံးပြီးသွားလိုက်တော့...ဘာမှန်းမသိတဲ့..ရသ
    တွေနဲ့ ကျန်ခဲ့ရော...ကြိုက်တယ်။
    comment တွေလဲစဖတ်လိုက်ကတည်းက..
    ကိုယ့်ဘာသာတောင်ကိုယ်မသိပဲ...ရယ်နေမိတာ.
    ment28 ခုလဲပြီးရော...ရှေ့ သွားကြီးကြီးနှစ်ချောင်းလဲ
    အအေးပတ်သွားရော...:)
    ...ခင်မင်လေးစားလျှက်..ခင်မာလာအောင်...:)

    ReplyDelete
  28. ဆ၇ာက ဆ၇ာပါ ဆ၇ာ၇ယ်။း)
    လေးစားလျှက်....

    ReplyDelete
  29. အမရယ် ပြောပြော...အခုပြောဆိုလို့ ပြောလိုက်မယ်နော်......
    ရေးသာရေးအားပေးလို့နေဦးမယ်။

    ReplyDelete
  30. She Wolf အများကြီးထဲက ဒီတခုမှ ရွေး ရင်ခုန်ရသလားးး
    (ဒါလဲ အပြစ်ပြောတယ် ဖြစ်ပြန်အုံးတော့မယ်..) :))

    ReplyDelete
  31. ရေးစရာမရှိတာကို ချရေးနိုင်တာကကို ပညာ..။
    အစ..ဆုံး ထိအောင် ဖတ်ဖြစ်သွားနိုင်အောင် ရေးနိုင်တာက...သဘာ..။
    ဘာပဲရေးရေး ဖတ်ချင်နေပါတယ်။
    ရေးသားရေးပါ မkomရေ..။

    ခင်မင်စွာ..
    မြသွေးနီ

    ReplyDelete
  32. ပို့စ်အစက စာကြောင်းလေးအတိုင်း ကွန်မန့်ထပ်ပေးမယ်

    ဘလောဂ့်ဖတ်ရတယ် ဆိုတာ လွယ်တယ်ထင်သလား ခိခိ :P

    ReplyDelete
  33. ဟုတ်တယ် ဘလောက်ရေးရတာလွယ်တယ်ထင်လား....
    ဘာပဲဖြစ်ဖြစ် ဘာရေးရမှန်းမသိဘဲနဲ့လဲ ပို့စ်တစ်ခုဖြစ်သွားတာပဲမဟုတ်လား....
    တော်ချက်ကတော့....

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete