Tuesday, May 25, 2010
fever… burger……towel …blogger…
အိပဲ့ အိပဲ့နဲ့ဖျားနေတာ. သုံးလေးရက်ရှိပြီ.အဖျားလဲမကြီး ချမ်းစိမ့်စိမ့်ဖြစ်. နာစေး လည်ပင်းနာ ချောင်းဆိုးပုံသေနည်းပါဘဲ။ ဒီလိုနဲ့ပါရာစီတမောသောက်ပြီးလုပ်နေတယ်။ မနက်ကတော့ တော်တော်လေး ချောင်းဆိုးတာနဲ့ဆေးခန်းသွားပြတယ်။ ကိုယ့်ဆီက ရောဂါ သူများတွေ ဆီကူးကုန်မယ်လေ ဆိုပြီးတော့...နားမှဖြစ်မယ်ဆိုပြီး...လည်ပင်းကလဲ အတော်နာတယ်။
ရေမချိုးဘဲလမ်းမထွက်တတ်တဲ့အကျင့်ကြောင့် မရှိတဲ့အဖျားက အေးစက်လို့တောင်သွား သေးတယ။် မနက်က ဆိုးလိုက်တဲ့ချောင်းက ဆရာဝန်ရှေ့ရောက်တော့ မဆိုးတော့ဘူး. ။ ကိုယ်ကိုယ်တိုင် က မဆိုးဖြစ်အောင် အောင့် ထားတာလဲ ပါတယ်။ တစ်ခါတစ်လေ ဆရာဝန်ရှေ့ရောက်မှ ချောင်းဆိုးရင် သိတ် အသည်းယားတယ။်
လူနာကတော့ထင်မှာပေါ့ / ငါ ချောင်းဆိုးတာ ဆရာဝန်သိသင့်တယ်လို့. ။ ဟိ... ဒါပေမဲ့ ဆရာဝန်ကလည်းထင်နိုင်တာဘဲ ။။ ဘုရားဘုရား..ငါ့ကိုတော့ ကူးတော့မှာဘဲ ..ဟိုဘက်ကလေး လှည့်ပြီးချောင်းဆိုးပါခင်ဗျာလို့လဲ ပြောလို့မဖြစ်...အားနာတော့ အသက်ရှုကလေးသာ အောင့်ထားရမဲ့ အဖြစ်ကို အားနာလို့ ဆိုးချင်တဲ့ချောင်းလဲ ပျောက်သွားတာနဲ . ဆေးခွင့်တစ်ရက်ဘဲ ရခဲ့တယ။် :(
မတ်တပ်နာဆိုတော့အပြန်မှာ လမ်းကြုံတယ်ဆိုပြီးဈေးဝင်ခဲ့သေးတယ။် ကိုယ်ပြန်လာရင် မှတ်သားစရာ တွေပါမလာပေမဲ့ ပိုက်ဆံအိတ်တော့ပါလာရလိမ့်မယ်။ တစ်ကယ် ဘုရားစူး.. ပါလါတယ်။
ဟမ်ဘက်ဂါလဲ ဝယ်ခဲ့တယ။်
နောက်တစ်မျိုး...တစ်ခုတစ်ကျပ်. ဆယ်ခုဝယ်ရင် တစ်ခု အပိုပေးမယ်ဆိုတာကို ခြောက်ခု ဘဲဝယ်ခဲ့မိလို့နဲနဲရှုံးသွားတယ။်
ဒါတောင် မျက်နာသုတ်ပုဝါ သုံးခု တစ်ဆယ် လက်သုတ် ပြားငါးဆယ် မျက်နာသုတ် တစ်ကျပ်ခွဲလည်းဝင်္ယဦးမလို့ထုတ်ပြီးကာမှ အင်း ဒါတွေ ဟာ မသုံးဖြစ်ရင် အမှိုက်တွေပါဘဲလေ ဆိုပြီး အိမ်မှာရှိသေးတာတွေ ကိုမြင်ယောင်. ပြန်ချခဲ့တယ်။ မနက်က ဖတ်ခဲ့တဲ သူရိန်ရဲ့ ဘလော့ပိုစ်ကျေးဇူးပေါ့။ ပညာဆိုတာ ယူတတ်ရင်ရတာဘဲ.. အဲသဟာနဲ တစ်ဆယ်ကျော်ဘိုးသက်သာသွားတယ။်
ငွေချေတော့ကိုယ်က တုန်တုန်ရီရီနဲ့ တစ်ဆယ်ချေတဲ့ အချိန်မှာ ကိုယ့ှ်ရှေ့က အမျိုးသမီးက အားကစားဘောင်းဘီ လိုမျိုးကို စလုံးသုံးဆယ်ကျော်ပေးဝယ်သွားလို့ အားကျရမလား. မိုက်လှချည်လား လို့ဘယ်လိုမြင်ရမှန်းမသိဖြစ်တယ။် facial form နဲ့ဆပ်ပြာနဲ့ကတော့တစ်ကျပ်နဲ့ရဘူး။ ဝါသနာပါရင်တော့သီချင်းဆိုလို့ရတယ။် ကိုယ်ဟာ တစ်ကျပ်တန်လေးပါဆိုပြီးး.. (ကိုယ်ဟာ လူကြမ်းလးပါ ဆိုတဲ့ ချစ်ကောင်းအလိုက်နဲ့တော့ဖြစ်ရမယ်. )...
ရှော့ပင်စင်တာကြီးတွေမှာတော့မဝယ်တာကြာပါပြီ. ကိုယ်ဝယ်တာက တစ်ဆယ်ဘိုး ကိုယ့်ေ၇ှ့က လူငွေချေတာ က စလုံး နစ်ရာဝန်းကျင်တွေ ..သွားနောက်သလိုဖြစ်နေပါ့ မယ်ဆိုပြီးမဝယ်တာကြာရောပေါ့. ။
စာတိုက်ပုံးထေဲမှ စာတွေ သိပ်များနေတယ။် ကိုယ့်အတွက်တော့ဘီလ်ဘဲ လိုတယ်။ ကျန်တာတွေ ကတော့ကြော်ငြာတွေ များလွန်းလို့ပစ်ရတာတောင်အားနာတယ်။
မီးလောင်နေတုံးစောင်းတီးတယ်မထင်ပါနဲ့လေ.. တစ်ကယ်စိတ်မကောင်းပါဘူး. အများကြီးစိတ်မကောင်းဖြစ်ရပါတယ။် လူတွေ ဆုံးရှုံးတာ ထိတ်လန့်ရတာ. ဝမ်းနည်းရတာတွေ အတွက် တစ်ကယ်ကို စိတ်မကောင်းဖြစ်ရပါတယ။်
အဲ..တစ်ခုတော့တွေးလိုက်သေးတယ။် အဲဒီအချိန်မှာ မီးလောင်ပဟေ့ဆိုတဲ့အချိန်မှာ ကိုယ်တို့ရန်ကုန် ဘလော့ဂါများရဲ့ရင်ထဲ ဘယ်လိုများရှိနေမှာပါလိမ့်.. စိတ်မကောင်းဖြစ် ရပေမဲ့ ပုံထွက်တော့ကောင်းတော့မယ်ဟဲ့ ဆိုပြီးထိတ်ကနဲများ..ဝမ်းသာသွားမလား သိချင်မိသေးတယ။် အသေမသတ်ကြေး။။။။။။။။။။။။။။။
မှတ်ချက်.
ကြိုက်ရင် like ပါ.
28 comments:
  1. ရောက်တယ်မမ...နေကောင်းအောင်နေနော်
    ReplyDelete
  2. ဟွန်းး အမကလဲ နေမကောင်းဘူးလဲပြောသေး ပိုက်ဆံအိတ်တော့ပါအောင်ဝယ်ခဲ့နိုင်တယ် ချီးကျူးပါတယ်..။ မုန့်များများစားနေကောင်းအောင်နေနော်...။
    ဒီမှာတော့ မီးလန့်နေကြတုန်းပဲ...။
    ခင်မင်စွာဖြင့်
    မိုးငွေ့
    ReplyDelete
  3. ကျနော်လည်း ဒီပုံသေနည်းအတိုင်း ဟိုတစ်ပတ်ကဖျားပြီးပြီ။ တစ်ရက်တစ်မျိုးနဲ့
    သုံးရက်ကြာတယ်....း(
    မြန်မြန်ကောင်းပါစေ တီကွန်
    ReplyDelete
  4. onion rings တွေ။ဘာဂါကတော့ ကျနော်လုပ်နေကြ။သိလား hardee's charbroiled burger
    ReplyDelete
  5. အယ်အယ် ပြောရဦးမယ် linkလေးချိန်းပေးပါလား။အသစ်နဲ့။
    www.nyanlynnhtoo.blogspot.com
    ReplyDelete
  6. ဝယ်နိုင်ပါစေဗျာ စလုံး ၂ဝ၀ ဘိုး ၂၀၀၀ ဘိုး
    ReplyDelete
  7. နေမကောင်းပေလို့။။။။
    ရန်ကုန်သတင်းတွေအတွက် ဝိုင်းဆုတောင်းပေးကြပါ။
    ReplyDelete
  8. ကြိုက်လို့ like သွားတယ် အမ... နေကောင်းပါစေလို့ဆုတောင်းပေးသွားပါတယ်
    ReplyDelete
  9. မမမေ
    မြန်မြန်နေကောင်းပါစေနော်..
    ကျန်းမာရေး ဂရုစိုက်ပါ..
    အစားတော့လျှော့နော်း)
    ReplyDelete
  10. နေမြန်မြန်ပြန် ကောင်းပါစေ မမkom
    ReplyDelete
  11. မမရယ် ခဏခဏ ဖျားလှချည်လား...ခဏခဏ သွားလှချည်လား...ခဏခဏ စားလှချည်လား......လား.....လား......လား.....
    ReplyDelete
  12. ကျန်းမာရေးဟာ အဓိက၊ ကျန်းမာမှ……နိုင်မည်၊ ကျန်းမာမှ……နိုင်မည်၊ ကျန်းမာမှ……နိုင်မည်၊ကြားဘူးမှာပါ။
    ReplyDelete
  13. မမKOM
    နေမကောင်းဘူးလား.. ။ မြန်မြန်နေကောင်း၊ စလုံး များများကိုင်ပြီး များများဝယ်၊ များများစားနိုင်ပါစေလို့ ဆုတောင်းသွားပါတယ်း))
    ReplyDelete
  14. မမ ... ကျမ လည်း ပြီးခဲ့တဲ့ အပတ်ကတည်းက လည်ပင်းနာ ချောင်း တွေ တအား ဆိုးနေ ခဲ့ တာ အခုချိန်ထိ ဘဲ ... ခလေး ကျောင်း တဖက် ရှိ တာမို့ ရယ် ခလေးထိန်းရ မှာ တွေကြောင့် ဆရာဝန် ဆီလည်း
    မသွားဖြစ် ဆေးလည်း မသောက်ဘဲ နေနေတာ မသက်သာ လို့ နောက်ဆုံး ရန်ကုန်က ပါလာတဲ့ ပိုးသတ်ဆေး ဘဲ သောက် လိုက်တယ် ... အိပ် ဖို့ အချိန်မပေးနိုင်လို့ ချောင်းဆိုးပျောက်ဆေး မသောက်ရဲဘူး ... ချောင်းဆိုးရလွန်းလို့ ဗိုက်အောင့် လည်ပင်းနာ ခေါင်းတွေတောင် ကြိမ်း တယ် ... တပတ် လောက်ရှိပြီ ည မအိပ်ရတာ ...ဒီနေ့တော့ နည်းနည်းလေး သက်သာ သလိုတော့ရှိတယ် ...မြေခြားရေခြားမှာ ဆွေမရှိမျိုးမရှိ နဲ့ နေထိုင် မကောင်းဖြစ်ရင် သိပ် စိတ်ညစ်တယ် ... နေမကောင်းပေမယ့် လုပ်စရာရှိတာတွေ လုပ်နေကျ တွေ တော့ လုပ် နေရတာ ဘဲ မို့လား ... ကိုယ်တွေ မှ မလုပ်ရင် ဘယ်သူ လုပ်မလဲ ... မ နား ရ ပါဘူး မမကွမ် ရယ်း( ( မမ .. သနား အောင် ပြော သွား တယ် ....
    mie nge
    ReplyDelete
  15. မမမေ ကလည်း ကျန်းမာရေး ဂရုစိုက်ဗျ။
    အစားတွေပဲ လှိမ့်စားနေတာကိုး . . ဟီး ကိုယ်မစားရလို့။
    ပြည်သူတွေလည်း မီးလန့်ရ ၊ ဗုံးလန့်ရ ၊ ဟိုဟာလန့်ရ စုံနေတာပါပဲဗျာ။
    ReplyDelete
  16. ဖျားတာတောင်..အိပဲ့အိပဲ့..ဆိုတော့ ဒီအဖျားတော်တော်
    ဝ လို့နေမှာ..
    ReplyDelete
  17. မြန်မြန်နေကောင်းပါစေ မမ၊ နေမကောင်းတာ ဘာဂါစားတယ်လား?
    နေကောင်းရင်တော့ အသေသတ်ခံရတော့မယ် မြင်ယောင်နေတယ်
    ReplyDelete
  18. စလုံး အဖျား(ဖျားနာခြင်း) က... သွား နိုင် လည် နိုင် ၊ ဝယ် နိုင် ခြမ်း နိုင် ၊ စား နိုင် သောက် နိုင် .... ဆို တော့... ဖျား ချင် ချင်...
    တိတ်ကဲ...
    ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။
    ReplyDelete
  19. ကျနော်လဲ လည်ချောင်းနာ နှာစေးဖြစ်နေတာ
    အဖျားမရှိ.ချောင်းမဆိုး..
    ဆေးခန်းသွားတယ်..
    စောကပဲ ဆားရည်ငုံလိုက်သေးတယ်..
    လည်ချောင်းနာတာ...မခံစားနိုင်တော့လို့...
    Xထုံ(ခ)
    လွမ်းထုံ
    ReplyDelete
  20. မီးလောင်နေတုံးစောင်းတီးတယ်မထင်ပါဘူး တယောတီးတယ်သာထင်တာပါ ဟိဟိ။
    ပုံထွက်ကောင်းတော့မယ်တော့ထင်မလားမသိဘူး၊
    ကိုယ်တိုင်လည်း ဒါ့ပုံသမားဆိုတော့ ။ မထင်ရင်တောင်မှ
    ပုံထွက်ကောင်းအောင်ရိုက်မယ်ဆိုတာတော့ရှိကြပါတယ်။
    ဒါမှလည်း သူများတွေကြည့်တော့အဆင်ပြေမှာပေါ့။
    ReplyDelete
  21. မမ နေ မြန်မြန် ကောင်းပါစေ..
    ReplyDelete
  22. ဒါ့ပုံဆရာတွေပြောဒယ်ပေါ့လေ... anyway မတ်တတ်နာကျန်းမာရေးလည်း ပြန်ကောင်းပါစေ.. မရောက်တာကြာလို့ လာခဲ့ပါတယ် မမရေ.. ပျော်ရွှင်ပါစေ
    ReplyDelete
  23. Lovely KOM
    Wishing u get well soon
    ReplyDelete
  24. Lovely KOM
    Wishing u get well soon.
    ReplyDelete
  25. မတ်တပ်နာ မြန်မြန်ပျောက်ပါစေ မမကွန်။
    ReplyDelete
  26. သူ နေမြန်မြန်ကောင်းပါမှ..
    နေမကောင်းလို့ ဆေးခန်းသွားတာတောင် ပိုက်ဆံအိတ် နဲ့ တိုလီမုတ်စ ပါလာသေးလို့..။
    (ကိုမဆလာ ရင်တွင်းစကား)
    ReplyDelete
  27. စာဖတ်သူMay 27, 2010 at 7:54 PM
    မခင်ဦးမေ..အစ်မက.. သူများတွေရန်ဖြစ်ရင်ဝမ်းသာတတ်သူလား...
    ၁)တောင်ပေါ်သားတုန်းကလည်း သူ့ ဘလော့ မှာ.. ခရက်ဒစ်ပေးထားတယ်နော်ဘာညာရေး...ပြီးတော့  ရီတာဆီမှာ.. ဟိုဘလော့ သွားဖတ်ဆိုပြီးညွှန်းတော့ ... ရီတာကပက်ပက်စက်စက်ပြော...
    ၂)ညီလင်းဆက်ကဆရာဝန်တွေကို ဒီလိုရေးထားတယ်လို့  Steve ကိုပြော... Steve က အစ်မရဲ့ CBox မှာ ညီလင်းဆက်နဲ့ အပေါင်းအပါတွေကိုဆဲ..
    အစ်မရဲ့ အရေးအသား အပြောအဆိုအရ..အခုဖြစ်တဲ့ တောင်ပေါ်သား ..ရီတာ..ညီလင်းဆက်..Steve တို့ ထက်အသက်ကြီးမည်လို့ ခန့် မှန်းရပါတယ်..
    အသိညဏ်မရှိတဲ့ ...ကြက်တွေကိုရန်ဖြစ်အောင်တိုက်ပေးတဲ့ ...ကြက်သမားတွေတောင်ငရဲကြီးရင်...အသိညဏ်ရှိတဲ့ လူတွေကိုတိုက်ပေးရင်..စဉ်းစားကြည့်ပါ၊
    ReplyDelete
  28. လူတွေငေးပြေး ဟိုအဝေး...ပေးဆပ်ရ ဒီဘ၀...အချစ်ကြောင့်ရှူး အချစ်နဲ့ဝေး တစ်ခါတစ်လေတော့လည်း အဝေးကိုပြေး...တွေဝေခြင်း ဟန်ဆောင်ခြင်း ကင်းဝေးမှ....
    လွမ်းစရာလေးတွေတွေ့ရင်ပြောပြပေးပါ သိပ်ချစ်လို့
    မမကို အရမ်းချစ်တယ်..........
    လွမ်းဝေ
    ReplyDelete