Monday, May 31, 2010

full moon

ဘလော့တွေမှာစားစရာတွေချည်းဘဲတင်လို့စိတ်ညစ်မှာဘဲ။ လောကကြီးဘာမှ ထွေထွေထူးထူး ပြောစရာမရှိပါဘူး. စားတာရယ် .သွားတာရယ်။ကြွားတာရယ်လောက်ဘဲလုပ်စရာရှိတယ်။ စာတွေလည်း မရေးတတ်ပါ. မရေးတတ်တာကို လည်းဖြစ်ညှစ်ပြီးကြိုးစားရေးဘို့စိတ်ကူးမရှိတော့ပါဘူး လက်ရည်ကျ လာတယ်လို့ ပြောရအောင်လဲဘယ်တုံးကများ လက်ရည်တွေတက်ခဲ့ပါလိမ့်လို့မေးလဲ ခံရမှာပါဘဲ။

မီးရူဘူ့ဆိုတာ စားဖြစ်တယ်။ မလေးဆိုင်က အုန့်နိုးခေါက်ဆွဲလိုလိုပေမဲ့လဲအရသာမတူပါဘူး. .စားလို့တော့ လည်းမကောင်းလှဘူး. မကုန်ဘူး။ ကြက်ဥကိုထည့် ထားပေးပေမဲ့လဲမစားပါ ဘူး အိမ်မှာပေါလွန်းလို့. ။














ကျောက်ကျောလိုမျိုးလဲသောက်ဖြစ်တယ် အခုထက်ထိမခေါ်တတ်သေးပါဘူး လက်ညျိုးနဲ့ဘဲ ထိုးပြလိုက်တော့တယ်။ this one ..that one က အခုထက်ထိအသုံးဝင်နေတုံးပါ။ ခွက်ထဲကို အချိုရည်သကြားရည်ထည့်ပြီးကာမှ အဲဒီအရည်ထည့်မှာမို့လို့သကြားရည်ထဲ့မယ်လဲလုပ်ကော ကဗျာကယာ မထည့်ပါနဲ့လို့ပြောရတယ်။ ဆီးချိုဖြစ်မှာကြောက်တယ်။ စိတ်ကူးပေါက်ရင် တစ်ခါတစ်လေစစ်ဖြစ်ပါတယ်။ ဆီးချိုရှိမရှိ.. မစစ်ခင်နစ်ရက်လောက်ကတည်းက အစားဆင်ခြင်တယ်။ ပြီတော့မှ စစ်တယ် အဲဒီတော့မရှိဘူးပေါ့.စိတ်ချမ်းသာရပါတယ်။

ကိုယ့်မိတ်ဆွေကတော့အိန္ဒယဆိုင်ကဝယ်စားတယ်။ ပါပလာတေြာိ့ကိုက်တယ်။ ကိုယ်လဲစားတတ်ပါတယ်။ ကိုယ်စားရင်တော့ကြက်သားကြော်နဲ့စားတာများတယ်။

သစ်သစ်ကိုအားကျလို့ ပုံမျိုးစုံတင်နေတာမဟုတ်ပါဘူး အကြံတူသွားတာပါ။ ရန်သူတော့မဟုတ်ချေဘူး။ နောက်တစ်မျိုးကတော့ နာစီအာရမ်ဆိုတဲ့ထမင်းထုတ်ပါ. ထမင်းထုတ်ထဲမှာ ကြက်သားရယ် ခေါက်ဆွဲရယ် ငါးခြောက်သေးသေးလေးတစ်ကောင်ရယ် အုန်းသီးခြောက်ဖတ်တွေရယ်။ ဆီတွေရယ်။ အားလုံးကိုဖယ်စားလိုက်တဲ့အခါ စားဘို့ဘာမှ သိတိမကျန်လှဘူး ကိုယ်က ထမင်းစားရင် အဆီနဲ့မစားတတ်ဘူး အခြောက်စားတာများတယ် အဲဒီတော့ ထမင်းဖြူအပိုင်ါ်ရယ် ကြက်သားကဆီနစ်တွေကို ဖယ်တာရယ်ခေါက်ဆွဲနဲ့ စားတယ် ငါးခြောက်ကိုလည်းသွေးတိုးမှာစိုးလို့ တို့ရုံလောက်ဘဲတို့တယ်။ ပဲသီးကြော်လေးနဲနဲလဲပါသေးတယ်။ ဖယ်ရတာတွေများသွားတယ်။














အဲဒီညက အိမ်ပြန်မိုးချုပ်တယ်။ ပြန်ကာနီးကောင်းကင်ကိုမော့ကြည့်တော့လမင်းကြိးအတော်သာတယ် တိမ်ကဖုံးချင်သေးတယ။် ကင်မရာသာမှီလို့တော့လှမှာ.အခုတော့ ဝလုံးဘဲရလိုက်တယ် ဘာဘဲဖြစ်ဖြစ် ကိုယ်ပြန်ကြည့်ရင်ကိုယ့်စိတ်တွေ refresh ဖြစ်ရင်ပြီးတာဘဲလေ.ဘလော့ဖတ်သူတွေ တိမ်ကိုမမြင်ရပေမဲ့ ကိုယ်အတွေးထဲမှာမြင်ရပါတယ်။ နောက်တစ်နေရာကောင်းကင်ကို မော့ကြည့်ပြန်တော့ တိမ်တွေ ဖုံးနေတယ် . ဖတ်သူကတော့ပြောမယ် မဲမဲကြီးပါဆိုလဲကိုယ်ကတော့မြင်နေရတယ်။ ကောင်းကင်မှာ တိမ်ဖုံးနေတယ် လမသာနိုင်ဘူး. ကိုယ်စိတ်ထဲပြန်မြင်ရတယ်။

ပြက္ခဒိန်ကိုသွားကြည့်တော့နယုန်လပြည့်တဲ့သေချာပါတယ်။ အဲဒီနေ့က လပြည့်ကျော်တစ်ရက်နေ့. .ဒါကြောင့်လသာတာကိုး….






31 comments:

  1. ကျောက်ကျော ဆိုတာ အာဂါးအာဂါးလား။ Mee Rebus (မီးရိုဘို့စ် မဟုတ်လား။) အဲဒါ စားကောင်းတယ်။ ကြက်ဥစားပါ။ အဲဒီအထဲက ကြက်ဥက ကောင်းပါတယ်။ အရည်နဲ့ ဆိုတော့ မုန့်ဟင်းခါးထဲ ကြက်ဥထည့်စားရသလိုပဲ။ Mee Siam တော့ မကြိုက်ဘူး။

    ReplyDelete
  2. အစားအသောက်ကတော့ ကိုယ့်ရပ်ကိုယ့်ရွာက အစားအသောက်ပဲ ပိုကြိုက်တယ်.. :)

    ReplyDelete
  3. ဗိုက်ပြည့် နေလို့ လ ပုံ ကိုပဲ သေချာ ပြူး ကြည့်သွားတယ် မမ....း)

    ReplyDelete
  4. မကြိုက်ဘူး . . .မကြိုက်ဘူး. . နဲ့. .
    စားတော့ ကုန်ရော . .
    ရှောင်မယ် . . ရှောင်မယ် . . နဲ့. .
    ဝါးမိရော . .
    ကြည့်မယ်. . ကြည့်မယ် . .နဲ့. .
    ဘာမှ မပေါ်ဘူး. . ဟီး။

    ReplyDelete
  5. အစားအစာတွေ တခုမှ မကြိုက်

    လသာတာကိုပဲ ငေးသွားတယ်။

    ReplyDelete
  6. မမ ချောင်ဆိုး ပျောက်သွားပြီ ထင်တယ် .. အစား ပုံတွေ တွေ့လို့ ...


    MIE NGE

    ReplyDelete
  7. သစ်သစ်May 31, 2010 at 7:15 AM

    ဟိ...မမ သစ်သစ်လည်းဝါသနာပါတယ် ကိုယ်စားတာတွေမှတ်ထားတာလေ...း)

    ReplyDelete
  8. Nasi Katok လား ?
    ဒီကိုလာစားစမ်းပါ။
    စလုံး၁ကျပ်ထဲ၇ယ်....
    http://www.shwebrunei.blogspot.com/

    ReplyDelete
  9. တိုရှည်ပုံကျတော့ မတင်ဘူး..
    စားဖြစ်တော့ဘူးလား..
    ဟိုတလောက ဟိုနိုင်ငံသွားတာ..
    အများကြီးစားခဲ့ပါတယ်လေ..
    ဟင်းဟင်းး...



    Xထုံ

    ReplyDelete
  10. အစ်မ မလေးကို လာတာလား...ပြောရောပေါ့..စားကောင်းတာလေးတွေ လိုက်ကျွေးမှာပေါ့...Nasi Lamak က တချို့ ဆိုင်တွေ ကောင်းတယ်...ကျောက်ကျော ကို Cendol လို့ ခေါ်တယ်ထင်တာပဲ..ဟီး..နောက်တစ်ခေါက်ဆိုပြောနော် အစ်မ...

    ReplyDelete
  11. လကြီးဘယ်လောက်သာသာ အောက်ဆုံးကကျောက်သင်ပုန်းပုံ အကြိုက်ဆုံး

    ReplyDelete
  12. တိမ်မည်းကြီးတွေ

    ReplyDelete
  13. စားလိုက်သောက်လိုက် လည်လိုက်ပတ်လိုက်
    အဆင်ပြေလိုက်တာ..ဂျီးတော်ရာ

    ReplyDelete
  14. ကျောက်ကျောရည်က ချင်းချောင်း (Cincau) လေ..

    ReplyDelete
  15. bean curd မြန်မာနိုင်ငံမှာတော့ တောင်ဝှား စလုံးတွေ ခေါ်တာ အသံထွက် မတူဘူး သကြားရည်မထဲ့တော့ တို့ ဖူး အရသာဘဲ ဖြစ်မှာပေါ့ ကျောက်ကျောလို သောက်လို့ ကောင်းပါတယ် ပဲနံ့ ခံနိုင်ရင် ကောင်းပါတယ်။

    ReplyDelete
  16. ပုံကိုကြည့်တော့ နာစီအာရမ် ဟုတ်ပုံမရဘူး နာစီလာမက် (Nasi Lamak) ဖြစ်မယ်ထင်ပါတယ်။ ကျောက်ကျော က သဉ္ဖာ - Thinzar ပြောတဲ့ မဲမဲကျောက်ကျော လို့ထင်တယ် (ဆူးလေကကျောက်ကျောဖျော်ရည် လိုမျိုး)။ ကာရံဆူးပြောတဲ့ Cendol ချင်ဒိုလ်း က အုန်းနို့ကျောက်ကျော။

    ReplyDelete
  17. အမကြီး အကြံပေးတာ ကျေးဇူးကမ္ဘာ၊ အမပြောတဲ့အတိုင်း အားလုံးကို tag ထားတယ်၊ အမလည်း ကမ္ဘာ့ဖလားဘယ်သူရမလဲဆိုတာ မှန်းပေးပါအုံး။

    ReplyDelete
  18. ပုံတွေကိုတွေးကြည့်တယ်။ အတော်သာနေတဲ့ လမင်းကြီးကို တိမ်တွေ တိမ်တွေ ဖုံးတော့မလို၊ ဝိုင်းရံထားပြီပေါ့၊ ဒါပေမဲ့ လမင်းကြီးက သာနေဆဲပါပဲ၊ နောက်တစ်နေရာမှာ ကောင်းကင်က မဲမှောင်နေသည်၊ တိမ်တွေ တိမ်တွေ လပြည့်ညရဲ့ လဝန်းကို ဖုံးကွယ်ထားလိုက်တာ ဒီနေရာမှာ လမင်းကြီး မသာနိုင်ခဲ့ဘူး၊ kom အတွေးထဲကလို စိတ်ထဲပြန်မြင်လိုက်ပါသည်။

    ReplyDelete
  19. အစားရှောင်ပြီးမှဆီချိုစစ်... မရှိတော့စိတ်ချမ်းသာတယ်ဆိုတာ သဘောကျတယ်... ဘဝဆိုတာ နေတတ်ရင်ကျေနပ်စရာကြီးဆိုတာ အမကို ခန့်မှန်းမြင်ကြည့်ပြီး ယုံလိုက်တယ်...

    ReplyDelete
  20. ဖတ်ကြီးနဲ့ ထည့်ထားတယ် ကော်ပန်ကန်လေးဖြစ်၂ဆိုတော်သေးးး

    ReplyDelete
  21. အဲဒီအုန်းနို့ခေါက်ဆွဲလိုလို ဘာလိုလိုကို ဂျန်ဒင်းသွားလည်တုန်းက ညသန်းခေါင်ကြီး ဗိုက်ဆာလို့ဆိုပြီး ခေါက်ဆွဲဆိုင်ထဲဝင်လိုက်တာ ကောင်တာမှာ ပုံပြထားတာကလည်း များလိုက်တဲ့ ခေါက်ဆွဲအမျိုးပေါင်းတွေ နောက်တော့ အစ်မမှာသလိုပဲ this one that one နဲ့ လက်ညှိုးထိုးမှာလိုက်တာ စားလို့တော့ ရပါတယ် ဒါပေမယ့် အရသာသိပ်မတွေ့လို့ မကုန်ဘူး ပွဲကြီးတာလဲပါတယ်....။ အမပြောတာမှန်တယ် လူတွေဘာများသိပ်လုပ်စရာရှိလို့လဲ စားတာ ကြွားတာနဲ့ပဲလေ...။
    ခုတော့ မိုးငွေ့နည်းနည်းကြွားသွားပါသည်။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  22. ကျောက်ကျော ကို ကျင်ကျောင်း လို့ အသံထွက်ပြီး

    ပြော၇ပါတယ်

    ReplyDelete
  23.်full moon ကို သူ.ရဲ.comment တွေ နဲ.တွဲပြီး တစ်ခါပြန် ဖတ် လိုက်တာ အရသာ ပိုစုံ သွားတယ်။း)

    ReplyDelete
  24. မရောက် တာ ကြာ လို့ လာ လည် ပါတယ်..
    ဆရာမရေ.. ဆက် လက် ပြီး ....နောက် ထပ် ကြွား စရာ ရှိ ရင် အဲလေ....ရေး ပါ... ရိုက် ပါ အုံး။ :)

    ဒီ တ ခါ ဖြစ် နိုင် မယ် ဆို တူး ဒီ(2D) ပဲ ရိုက် ပေး ပါ ဗျာ...
    အ မြင် တ မျိုး ဆန်း ရ အောင် လို့ :D

    ပျော် ရွှင် နိုင် ပါ စေ ဗျား။
    with reps;

    ReplyDelete
  25. နယုန်လပြည့်နေ့က မြန်မာလို ဇွန့်မွေးနေ့ မမ။ ရန်ကုန်မှာ လပြည့်ဝန်းကြီးကို ကြည့်ခွင့်ကြုံခဲ့တယ်။း)

    စာကြွေးတွေ လာရှင်းသွားတယ် မမ။

    ReplyDelete
  26. Do you know what you said? နာစီအရမ်? This is come from Malaysia It's malaysia lgg. They mean ကြက်သာထမင်း..Imean if you stay in Myanmar i think you dont know.

    ReplyDelete
  27. Do you know what you said? နာစီအရမ်? This is come from Malaysia It's malaysia lgg. They mean ကြက်သာထမင်း..Imean if you stay in Myanmar i think you dont know.

    ReplyDelete
  28. Do you know what you said? နာစီအရမ်? This is come from Malaysia It's malaysia lgg. They mean ကြက်သာထမင်း..Imean if you stay in Myanmar i think you dont know.

    ReplyDelete
  29. Do you know what you said? နာစီအရမ်? This is come from Malaysia It's malaysia lgg. They mean ကြက်သာထမင်း..Imean if you stay in Myanmar i think you dont know.

    ReplyDelete
  30. For a price comparison on hoodia. Unique Hoodia What Can It Do For You Unique Hoodia Reviewed. Online car insurance accidents have increased a lot these days, we can blame it over a visitors and the lack of targeted visitors sense in the people.

    ReplyDelete