Monday, May 31, 2010

Myo Kyawt Myaing

သီချင်းသိတ်မခံစားတတ်ပါဘူး တော်တော်လေးကို မခံစားတတ်တာပါ. စာဖတ်တာ ပိုဝါသနာပါတယ်။ ဒါပေမဲ့လဲ ဘာဖြစ်လို့လဲမသိ. အဲဒီအချိန်တုံးက ထူးအိမ်သင် လေးဖြူနဲ့ မျိုးကျော့မြိုင် နဲ့အငဲ.. မှတ်မိသလောက်အတော်ကြိုက်ခဲ့ဘူးတယ် ။ ကားကက်ဆက်ထဲမှာထည့်ထားပြီး တောက်လျောက် ဖွင့်တယ်။ အဲသလောက်ကိုဘဲ လှည့်ဖွင့်နေတာ. အခု ဘူမိဗေဒ ငှာနက လူကြီးဖြစ်နေပြီဖြစ်တဲ့တစ်ယောက်က ကိုယ့်ကက်ဆက်ခွေတွေ ကို ကြည့်ပြီး. အော်.နင့်မလဲ အခွေတွေ ကယောက်ကျားလေးအခွေတွေကြီးပါဘဲလား. ငါလဲ အဲသလိုဘဲ.ငါ့ဆီမှာ ဆိုရင်ကောင်မလေးတွေ အခွေကြီးဘဲလို့ပြောသွားဘူးတယ်။ ဓါတ်ယူတာပေါ့ဟာတဲ့ ဒီလိုပါဘဲဆိုမှ ကိုယ်လဲကိုယ့်ကက်ဆက်ခွေတွေ ပြန်ကြည့်တာ ဟုတ်တယ် မိန်းကလေးမပါဘူး. ယောက်ကျာ်လေး အဆိုတော်တွေချည်းဘဲဖြစ်နေတယ။် ဟင်း..

ဒီနေ့ဘလော့တွေလိုက်ဖတ်တာ မျိုးကြော့မြိုင်ရဲ့ မေ၃၁ ဆိုတာကိုအတော်ရေးထားကြတယ်။ မျိုးကြော့မြိုင်က ကိုယ်တို့ခေတ်ကဆိုပေမဲ့အခုကလေးတွေ ကကြိုက်နေကြတုံးဘဲ သူ့ရဲ့သြဇာ သူ့ရဲ့သူချင်းတွေ ကို နစ်သက်နေကြတုံး. ဒီသီချင်းလေးကို စွဲစွဲလန်းလန်းကြိုက်နေကြတဲ့သူတွေ ရှိတယ်ဆိုတာတွေ့သွားခဲ့တယ်။ မနည်းဘူးဘဲ တင်ထားတာ လောလောဆယ်ကို လေးယောက်ဖြစ်နေတယ။်

အဲဒီထဲက မှ moekhit က ယူကျုမှာ တင်လိုက်တာ ကို သွားနားထောင်ဖြစ်တယ် စနားထောင်တာ က အမေရိကားကာ မွန် ဆီမှာနားထောာင်တယ် ပြီးတော့ dawn ဆီမှာ သွားနားထောင်တယ်။ ပြီးတော့သစ်သစ်ဆီရောက်သွားတယ် သစ်သစ် သီချင်းကတော့ ကိုယ်နားထောင်ဘူးတာနဲ့လွဲနေတယ် . တေးရေးကတော့မျိုးကြော့မြှိုင်လို့ဆိုတာဘဲ နိီးစပ် ရင်တော့ ဘာဖြစ်လို့များ မေ ၃၁ ကို စာဖွဲ့ရတယ်ဆိုတာ အင်တာဗျုးကြည့်ချင်ပါသေးရဲ့ ဗျူးပြီးသူများလဲရှိမယ် ကိုယ်မသိတာလဲဖြစ်မယ်။ ကြိုက်တာတော့အတော်ကြိုက်ခဲ့တယ်။ moekhit ဆီကိုတော့နောက်ဆုံးမှ ရောက်သွားတာ. အခုတောင် နားထောင်ရင်းနဲ့ ယူကျုမှာ ကိုယ့်ကြောင့် review အတော်တက်သွားတယ်။ အကျင့်ကအဲသလိုဘဲ တစ်ပုဒ်ထဲကိုဘဲလှည့်လှည့် အဲလေ. Repeat, လုပ်တယ်ခေါ်တာပေါ့. အဲဒါကိုချည်းဘဲ နားထောင်နေတာ.........

သီချင်းတင်မက.. …………ဟိုဟိုဒီဒီ.သတိရမိတာလေးတွေလဲရှိမိ..





ဖြည့်စွက်ချက်.
ဆော..
ဖဘမှာ.....ဖဘကိ မဖတ်မအောင်ကြိုးစားနေတာနဲ့လွတ်သွားတာ။


Thet Wai: မိုးတွေ ကြွေနေတဲ့ မေ ၃၁...
ကိုယ့်စိတ်တွေ လေနေတဲ့ မေ ၃၁...

Steve Evergreen:
ကိုယ်နဲ့တူလိုက်တာ

Boyz : စိတ်တွေ အရမ်းညစ် မေသုံးဆယ့်တစ်

khet myint myint: Well, it's May 31st ^

Tin Khaing Linn: စိတ်တွေလေနေတယ်.. မေ ၃၁ .. :P

Chan Mya Soe : မေ ၃၁ ... မိုးတော့မရွာသေးဘူး ဒါပေမဲ့ မိုးအုံ့နေတယ်

30 comments:

  1. ဘာတွေ သတိရတာတဲ့လဲ

    အင်တာဗျူးဦးမှ

    သွား နင်နားလိုက်တော့ လို့ မလုပ်နဲ့နော်

    ReplyDelete
  2. မမ...

    အဲဒီသီချင်း သာမီးလဲ ရေးထားတယ်...
    ဖဘ မှာ...
    (လူရာဝင်အောင် အတင်းဝင်ပြောသွားသည်...)

    ReplyDelete
  3. ကျွန်တော်လဲ ပထမဆုံးကြားဖူးတာတော့ အောင်ကောင်းမြတ် ပြန်ဆိုတာကိုပါ...ဒါပေမယ့် ကိုမျိုးကျော့ ဆိုထားတာ ပိုကြိုက်တယ်...

    ReplyDelete
  4. 31 May 10, 11:59 PM
    shwezinu: မေ ၃၁ ဆိုတာ အဲဒါလား

    ReplyDelete
  5. သစ်သစ်June 1, 2010 at 12:18 AM

    မမ ဖျက်သွားသောကွန်မန့်ကိုပြန်ရေးပေးပါ..
    ချစ်သစ်

    ReplyDelete
  6. ဘွားဘွားအဲအန်တီ သီချင်းနားထောင်တာကောင်းတာ ပေါ့
    စာပေဟောပြောပွဲအခွေတို့ တရားခွေတို့ဆိုပိုတောင် ကောင်းသေး ၊ လူသားပီသတယ်တဲ့ သီချင်းနားထောင်တာ

    ReplyDelete
  7. အန်တီ
    သားလဲ ဖဘမှာရေးထားဒယ်
    (တိုက်ရိုက်ကြီးတော့ မဟုတ်ဘူးပေါ့)
    နာမည်ပါချင်လွန်းအားကြီးလို့ အရမ်းကာရောကြော်ငြာသွားသည် ။

    ပုံ
    လူရာဝင်လိုသူတစ်ဦး :))
    ခမမ

    ReplyDelete
  8. မေ . . ၃ ၁ . . .
    မ . .မ . .မေ. .
    စိတ်. . တွေ . .ညစ်. .
    အ. ဟစ်. .အ. ဟစ် . .

    ကျနော်ကကျတော့ .ယောက်ျားလေး သီချင်းတွေပဲ နားထောင်ဖြစ်တယ်။ တစ်ခါတစ်လေတော့ မိန်းကလေးလည်း နားထောင်ဖြစ်ပါတယ်။ ထွန်းအိမ်သာပြိုကိုတော့ အရင်က နားထောင်တယ် အခု နောက်ပိုင်း ခြင်ထောင်သံ အရမ်းထွက်လို့ ထောင်ဘူး။

    ReplyDelete
  9. နားထောင်ကြည့်ဦးမှ ပါပဲ။
    အတော်ဝေးနေတယ်ခင်ဗျာ။ :)

    ReplyDelete
  10. သီချင်းလေးက ကောင်းမှကောင်း..။
    ညီမလည်း အမျိုးသားအဆိုတော်တွေ သီချင်းပဲ အလွတ်ရပြီး အမျိုးသမီးအဆိုတော်သီချင်းဆို တပိုင်းတစပဲ..း))

    ReplyDelete
  11. june 1 ဆိုတဲ့ ဘလော့ဂါအစ်မကို မတွေ့တော့ဘူးနော်..

    ReplyDelete
  12. June 01 သီချင်း နားထောင်ချင်တယ်

    ReplyDelete
  13. ရှမ်းကြီးJune 1, 2010 at 9:41 AM

    ရွာတာရွာပါ မိုးရယ် မြန်မာပြည်ကြီး အပူတွေလျော့ သွားဖို့ ရွာပါမိုးရယ်

    ReplyDelete
  14. သဒ္ဓါလည်းမျိုးကျော့မြိုင်သီချင်းအေးအေးလေးတွေကို
    ကြိုက်တယ်..။မေ၃၁သီချင်းလေးကိုနားထောင်
    သွားတယ်။
    နေကောင်းတယ်နော်မမခင်ဦး..။

    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  15. အရင်နှစ်တွေက မေလ ၃၁ ရက်နေ့ရောက်တိုင်း အဲ့သီချင်းလေး တင်ဦးမယ် ဆိုပြီး တေးထားပြီး အလုပ်မအား၊ တစ်ခုခုကြောင့် မတင်ဖြစ်လိုက်ဘူး။ ဒီနေ့တော့ အစောကြီး သတိရလိုက်တာနဲ့ တင်ဖြစ်သွားတယ်။ လာဖတ်၊ လာမန့်သွားတာ ကျေးဇူးပါ။ :)

    ReplyDelete
  16. မျိုးကျော့မြိုင် သိပ်မကြိုက်ဘူး အစ်မ။ ဒါပေမဲ့ တင်ထားတဲ့ သီချင်းလေး နားထောင်ကြည့်တာတော့ မဆိုးပါဘူး။

    စကားမစပ်... မျိုးကျော့မြိုင်က ယပင့်နဲ့ ကျော့ တာနော်...

    ReplyDelete
  17. အောင်ကောင်းထက်နဲ့ ယုဇန ပြန်ဆိုထားတဲ့ မေ၃၁ ကိုတော့ ကြိုက်တယ်..
    မေ ၃၁ မိုးတွေ.. ရွာသွန်းနေဆဲ..
    လမ်းမတလျှောက် လမ်းလျှောက်နေလည်း ကိုယ့်စိတ်က မပါသလိုပဲ..

    (ဒီမှာတော့ မိုးမရွာပါဘူး)

    ReplyDelete
  18. အစ်မ.. ကျွန်တော့်ဆီမှာ ဘာပြောချင်တာလဲ။ တိုးလိုး တန်းလန်းကြီး။ အဟဲ။

    ReplyDelete
  19. ကမ္ဘာ့အနောက်တောင်မြောက်ဘက်မှာ ငှက်တွေဟာ လေထဲမှာ ပျံသန်းကြတယ်..သူတို့က သီဆိုကြတယ် ဟိုးဘ၀က ဝေသာလီနဲ့ အာလာဝက ဟာ ညီအကိုလို့ဆိုကြတယ်..အဲဒီတော့ ရှေးဘ၀ဟာ နောက်ဘ၀နဲ့ဆက်ဆပ်နေတယ်..ဆိုတော့ လူတွေရဲ့ဘ၀မှာ အချိန်တိုတောင်းပြီး ပြင်ဆင်ချိန်နည်းတယ်...

    ဒါပေမယ့်လူတွေက ဒေါသ မောဟ လောဘတွေနဲ့ပဲ ဖုံးလွမ်းနေတော့ မပြင်ဆင်နိုင်ကြဘူး သေခါနီးမှပဲ မျက်ရည်လေးဝဲပြီး ဘုရားတကြတယ်..ဒီတော့ ကမ္ဘာ့အရှေ့ဘက်မှာရှိတဲ့ မျောက်တွေဟာ ကခုန်ရင်းနဲ့ လောကကြီးကို ရီကြတယ်..

    သာလိကာတွေကတော့ တကွိကွိနဲ့လူတွေကို အမူရာလေးတွေနဲ့ပြောဆိုရင်းနဲ့ ဘ၀ကို နိဂုံးချုပ်တယ်...

    ဂျင်ဂလိ

    ReplyDelete
  20. မေ ၃၁ အဲ့နေ့က ချစ်သူက စိတ်ကောက်တဲ့နေ့ ......

    ReplyDelete
  21. မျိုးကျော့မြိုင် ကို မကြိုက်ဘူး၊
    VIP နှင့် ဂျောက်ဂျက်တို့ ပြောသလို…..

    ReplyDelete
  22. မမရေ..နားထောင်သွားတယ်။

    ReplyDelete
  23. နားထောင်သွားတယ် အမကြီး။

    ReplyDelete
  24. မျိုးကျော့မြိုင် ကိုမကြိုက်ဖူး။ဓါတ်ယူ လို.မရလို. ...း)

    ReplyDelete
  25. သိရီဂျေမောင်မောင်ရဲ့အသံအစ်အစ်လေးနဲ့ မိုးတွေရွာနေတယ် မေသုံးဆယ့်တစ် ..၊
    ကောရပ်စ်ပိုဒ်တွေမှာ အေးချမ်းမေဆိုတဲ့ သစ္စာရှိကြေး၊ မျိုးကျော့မြိုင်ရဲ့ ဟိုးအရင်က သီချင်းများကို ကြိုက်တယ် .. မိုးတွေရွာနေချိန်ခဏ ထဲကသီချင်းတွေ

    ReplyDelete
  26. ကျနော့်နာမည်.. မျိုးကျော့မြိုင်
    ၇ မိုင်မှာနေပါတယ်


    သီချင်းအားလုံး အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ကြုံရင်နားထောင်တယ်
    မကြုံလဲဖွင့်ထားတယ်။ သူ့ဘာသူဆိုနေပစေ

    မြတ်နိုး

    ReplyDelete
  27. fb မှာ မျိုးကျော့မြိုင်သီချင်းစာသား တင်ပေးထားတယ်ဗျ။း)

    ReplyDelete
  28. အောင်ကောင်းထက်နဲ့ ယုဇန ပြန်ဆိုထားတဲ့ မေ၃၁ ကိုတော့ ကြိုက်တယ်.. မေ ၃၁ မိုးတွေ.. ရွာသွန်းနေဆဲ.. လမ်းမတလျှောက် လမ်းလျှောက်နေလည်း ကိုယ့်စိတ်က မပါသလိုပဲ.. (ဒီမှာတော့ မိုးမရွာပါဘူး)

    ReplyDelete
  29. ဟင်း..ဟင်း.... ဒီရက် ဒီနေ့ ရောက်ပြီ ဆိုမှ ဖြင့်


    pifpif

    ReplyDelete
  30. အချစ်များစွာအတွက်ကို အကြိုက်ဆုံးပါ

    ReplyDelete