Wednesday, June 16, 2010

အလကားနေအလာကား. .........ငါ.

ထိကရုန်းပင်များလား လက်နဲ့သွားတို့ကြည့်တယ် ဘာမှ မဖြစ်သွားဘူး အရွက်ကလေးတွေများ မျက်စိမှိတ်သွားမလားလို့

မြင်းခွာရွက်များလားအနားတိုးကြည့်ပြန်တယ်။ဟုတ်ပုံမရဘူး။
အမှုန်အမွားပန်းကလေးတွေ.မြက်ပန်;
ဘာမှန်းမသိတဲ့ပေါင်းပင်။
အပင်ထဲကပန်း.
















Recently မြင်မြင်သမျှ ရိုက်သူများ

steve
blueskyforest
ko paw

pan-khayan-pyar
suenwelay
khunthadar

sai sai
thurein

်သဉ္ဇာအေး
မီးမီးငယ်
မြတ်စုလှိုင်


မှတ်ချက်
လွန်တာရှိဝန္ဒာမိ

39 comments:

  1. ခင်ဦးမေက ဂိုဏ်းဖွဲ့ တာ ၀ါသနာပါပုံရတယ်။ ဒို့က မြင်မြင်သမျှရိုက်တာ မဟုတ်ဘူးကွဲ့ ။ မမြင် တာလည်း ရိုက်တာပဲ။ အသံကြားယုံနဲ့တင် ဖမ်းရိုက်ပြီးသား။ ဒါကြောင့် မြင်ရိုက်ဂိုဏ်းမှာ မပါနိုင်။ မြင်ကြားရိုက်ဘလော်ဂါဂိုဏ်းမှ ဖြစ်မယ်။ ဒါပေမဲ့ ခင်ဦးမေပုံတွေကြည့်ရတာ ကိုယ့်ထက် အဆင့်မြင့်ပုံရတယ်။ ကင်မရာ လွတ်ကျသွားလို့ အလိုလိုရိုက်မိတဲ့ပုံတွေလည်း ခပ်တည်တည်နဲ့တင်ထားတယ်နော်။ ဘာမှန်းမသိတဲ့ ပေါင်းပင်ဆိုပဲ။ သွပ်...သွပ်..သွပ်း)

    ReplyDelete
  2. မနက်ဖြန်ကြရင်လည်း မြင်သမျှ လက်ဆော့ရိုက်ထားတဲ့ ပုံတွေ တင်ဦးမှာနော်.......

    ReplyDelete
  3. မော်ဒန် မမကွန်ကွ. . .

    ( မော်ဒန်ကွန်. . . ဟု ခေါ်ဆိုနိုင်ပါကြောင်း )

    ReplyDelete
  4. ပုံတွေက အဋ္ဌကထာဆရာတွေကို ခေါင်းစားစေတယ်။

    ReplyDelete
  5. အမခင်ဦးမေရဲ့ ဓာတ်ပုံတွေကို ကြည့်ရှုသုံးသပ်ပြီးသကာလ အပေါ်က အဋ္ဌကထာဆရာတော် ဘုန်းဘုရား အုန်းစားသွားပြီ ထင်တယ်။ ဟိဟိ :P

    ReplyDelete
  6. ခွေးသေးပန်းများ ပါလာမလားလို့ ရှာကြည့်သေးတယ်။ :D

    ReplyDelete
  7. ဖွပြန်ပြီးP

    ReplyDelete
  8. နောက်တခါ စင်ကာပူက ကြောင်ကလေးတွေ ရိုက်ပါ။

    ReplyDelete
  9. ခြုံထူထူထဲဝင်ပြီး..ရှူရှူမပေါက်ရဲတော့ဘူး..
    တော်ကြာ...့သူ့ဘလော့ထဲပါသွားမှဖြင့်....

    ReplyDelete
  10. တော်သေးတယ် အနော်မပါလို့ ဟူး

    ReplyDelete
  11. Vist လို ပြောပြီး သက်ပြင်း ချသွား... ချသွား... ချသွား... ချသွား...

    သို့သော် ကိုဘလူးစကိုင်းပြောတဲ့ မြင်ကြားရိုက် ဘလော်ဂါဂိုဏ်းမှာတော့ ပါချင်ပါတယ်...

    ပုံ/
    နေရာတကာ ပါချင်သူ တဦး

    ReplyDelete
  12. ဂတိသစ္စာတည်သောခါဝယ် သြဇာလေးနက်ပေါ်ဆီတက်၍
    နွယ်မျက်သစ်ပင် ဆေးဘက်ဝင်၏ ခဏနေအုံး ဆရာဇီဝကကို ဖုန်းဆက်မေးလိုက်အုံမယ်။ဟလို...တူ.တူ.number busy.

    ReplyDelete
  13. ကင်မရာ ရှုဒေါင့် အလင်းအမှောင် အယူအဆ အိုင်ဒီယာ နဲ့ စမ်းသစ်တီထွင်နိုင်မှု အမြင်ဆန်း စတဲ့ အချက်များ တစ်ခုမှကို ပြောစရာမလိုအောင် ကောင်းသည် ဓါတ်ပုံများသည် ကြည့်သူအာရုံကို အလွန်ဆွဲဆောင်ကာ နှးလုံးသားကို သိမ်းပိုက် ညှို့ ယူသွားသည်
    ဟူးအိပ်တော့မယ်

    ReplyDelete
  14. နောက်ရေးမဲ့ အပိုင်း(၃) မှာ မြင်မြင်သမျှ ရိုက်ထားတဲ့ ပုံတွေ တင်တော့မယ် မမရေ .. အသင်းဝင် ပီသအောင်လို့ ...

    မချို (ပန်းခရမ်းပြာ)

    ReplyDelete
  15. ဂျီတော်ရျိုက်ချင် ဂယောက်ဂယက်း)

    ReplyDelete
  16. အရွက်ထဲက ပန်း ဆိုတဲ့ အပင်လေးတွေက ထိပြုတ် ပင်လို့ခေါ်တယ် အစ်မ။ ထိလိုက်တာနဲ့ အဆစ်လေးတွေ ပြုတ်ကျ ကျိုးသွားတတ်တယ်။ နွားအရမ်းကြိုက်တယ်။ ဆေးဖက်ဝင်တယ်။ ဓားပြတ်၊ တံစဉ် နဲ့ ရိပ်မိ၊ ထိခိုက်ရှနာတွေဆို ကြီတ်ပီး အုံပေးရင် အမြန်ပြောက်တယ်။ နွယ်မြတ် သစ်ပင် ဆေးဖက်ဝင် စကားရှိတယ် အညာမှာတော့ ဆေးဖက်ဝင်တယ် . ဒီမှာတော့ သိဘူး .

    ReplyDelete
  17. အရွက်ထဲက ပန်း ဆိုတာ တပင်ရွှေထီးလို့လည်း ခေါ်တယ် ထင်တာပဲ.. ကျိတ်ပြီး အုံပေးရင် အဖုအကျိတ်ပျောက်တယ်တဲ့..။

    တွေ့ရာ ဓါတ်ပုံရိုက်တဲ့နေရာမှာတော့ အတူတူပဲ.. :D

    ReplyDelete
  18. မဟုတ်ဘူးဗျ၊ အဲဒါ နင်းပြားပင်လို့ ခေါ်တယ်၊
    နင်းရင် ပြားတယ်၊
    ပြုတ်ရင် နူးတယ်၊
    ကြိတ်လိမ်းရင် စေးကပ်ကပ်နဲ့၊
    ဆွဲနှုတ်ပြီး ကိုင်ရင် ပေတယ်၊
    ခပ်များများ အိတ်ထဲထည့်ပြီး ရွက်ထားရင် လေးတယ်၊
    ဆေးဖက်ဝင်စေချင်ရင် ကျန်းမာရေးအတွက် အဲဒီအပင်တွေရှင်းသွားအောင် ပေါက်တူးနဲ့ ပေါက်ပြီးရှင်းပေးပါ။

    ဒေါနတောင်ခြေက ဇော်ဂျီ၊

    ReplyDelete
  19. နင်းပြားပင်
    ပြုတ်နူးပင်
    လိမ်းကပ်ပင်
    ကိုင်ပေပင်
    ရွက်လေးပင် ပုံ label တပ်ပေးသွားတယ်နော် :D
    ပျော်ရွှင်ချမ်းမြေ့ပါစေ မမ ရေ

    ReplyDelete
  20. ထိကရုန်းပင်ပဲ စိတ်ဝင်စားတယ်.. ထိချင်လို့
    Uထုံ

    ReplyDelete
  21. အစ်မရေ....
    ခွန့်နာမည်တွေ့လို့လန့်တောင်သွားတယ်....ဟီး
    တွေ့တာတွေရိုက်နေတာ ဟိုနေ့ကပျင်းပျင်းနဲ့
    တယောက်တည်း ပန်းခြံသွားပြီးရိုက်ထားတာတွေ
    တောင်တင်အုံးမလို့ လုပ်နေတာ ... အစ်မရေ :)

    ReplyDelete
  22. သိတယ်လေ...အဲဒီ အပင်တွေက မျိုက်ရောက်ပင်... (လစ်ပြီ)

    ReplyDelete
  23. လှတယ်... မြင်သမျှလေးတွေက သဘာဝကျနေတော့ ရိုက်ဖြစ်သွားမှာပေါ့

    ReplyDelete
  24. ချိတ်ဆက်တင်ပြပုံ ကောင်းလှပါပေတယ် ။ ဒီပိုစ့်ကလည်း quick review လိုမျိုးပဲ ။ လိုက်ခ်ခ်!!

    ReplyDelete
  25. ထိကရုန်းမြင်ရင် ထိချင်တယ်၊
    အိပ်သွားတာလေး ကြည့်ချင်လို့၊

    ReplyDelete
  26. မမ...
    ခေါင်းစဉ်က ...
    "အလကားနေ" ကတော့ ဟုတ်ပါပြီ.. နောက်က "အလာကား.. ငါ " ဆိုတာ ဘာကြောတာရဲ အင်..။

    ReplyDelete
  27. À la carte နဲ့ဘာတော်လဲ ၊ ဖြေပါ

    ReplyDelete
  28. အစ်မရေ.....
    အဲဒီအပင်တွေအားလုံးကို မျောက်ပေ ပင်လို့ခေါ်တယ်ခင်ဗျ

    ReplyDelete
  29. ကိုZT ခွေးသေးပန်း ကျနော့မှာရှိတယ်..

    မသက်ဝေမန့်တာဖတ်ပြီး ထိုင်ရယ်နေတယ်.



    Uထုံ..သိနေတယ်နော်..(ဟင်းဟင်း)
    ယောင်းစ်...


    ဆင်ဒဲလား(ဒီနာမည်မခေါ်ရတာကြာပြီ)
    အလကားနေ..အလကား..နင်..
    ဖြစ်နေပြီ..(အယ်ငှယ်)



    Xထုံ
    ( အမှန်က မထုံတော့ဘူး..
    နလပိန်းတုံး ဖြစ်ယုံတင်..)

    ReplyDelete
  30. အစ်မ ထိကရုန်းပင်ရဲ့ ဗိုလ်နာမည်က Touch me not တဲ့နော် ... ချစ်စရာလေး။ ဟိုတလောက ဂျူဂျူက မေးနေလို့ ။ အဘိဓာန်ထဲ ရှာထားတာ။

    သူ့ကို ထိကရုန်းပင်ပြထားတာ။ အရမ်းသဘောကျနေတယ်။ အခုအပင်မြင်တာနဲ့ ၀မ်းသာအားရ အပေါ်ကနေ တက်တက်ခုန်တော့တာပဲ ...

    ReplyDelete
  31. မမရေ... ကျွန်မလဲ လမ်းသွားရင် မြက်ပန်းလေးတွေက အစခံစားပြီးသွားတတ်တယ်...မြင်မြင်သမျှရိုက်လို့ ရတဲ့ ဘ၀ပေးကုသိုလ်ကလဲ နှစ်ကျပ်ခွဲရှိမှနော်...

    ReplyDelete
  32. တောတွေ တောင်တွေ များများရိုက်ပါလား အမရယ်၊
    ကျနော်တို့ဖက်မှာ မရှိလို့ ကြည့်ချင်တယ်။

    ReplyDelete
  33. မိုးရွာတယ် နေခဏပူတယ် ရေသောက်တယ်
    ဗိုက်ဆာလို့ အိပ်လိုက်တယ် ကမ္ဘာကြီးမှာ လုံချာလည်လို့


    ကြာဆံဟင်းချို

    ReplyDelete
  34.ုkom kom တစ်ယောက် စိုင်းစိုင်း c-box မှာ မဲ့ပြုံး လေးပြုံး သွားတာ တခုခုပဲလို့တော့ထင်သား..
    မြင်မြင်ရိုက်သူများ အသင်းထဲ ထည့်လိုက်တာ ကိုး...မမြင်ရင်လဲ မြင်အောင်ကိုတမင်ရိုက်တာ စိုင်းစိုင်း က ဟီးဟီး...

    ReplyDelete
  35. အိမ်ကိုလာလည်သွားလို့အမှီလိုက်လာတာ။
    မမရယ်သစ်ပင်လေးတွေ သူ့ဟာသူနေတာ။
    သွားတို့လိုက်တော့ တွန့်သွားတာပေါ့။

    နောက်ဆိုတွန့်တိုင်း မတို့ရဘူးနော်

    ReplyDelete
  36. ခတ်တယ်ခတ်တယ် ၊ လူလည်ဘဲလယ်သလိုလို ၊ သိုင်း
    ဘဲတတ်သလိုလိုနဲ့ ၊ မြတ်ပင်လေး ရိုက်ပြီး စာလေးရေး
    လိုက်လဲ ပိုစ့်တခုဖြစ်တာဘဲနော် ၊ ဘယ်သူကများ မြောက် ပေးလိုက်လို့ ကင်မရာလက်ထဲရောက်သွားတာ
    ပါလိမ့် လာလည်သွားပါတယ်.......။

    ReplyDelete
  37. ဟမ်...ဘယ်တုန်းက ဂိုဏ်းထဲဆွဲသွင်းလိုက်ပါလိမ့်

    ReplyDelete
  38. This question is not discussed.

    ReplyDelete