Tuesday, June 29, 2010

dignity

သိတ်ဆာလှသည်တော့မဟုတ်. ပျင်းရိသောကြောင့် မြန်မာဆိုင်တစ်ဆိုင်ကိုဝင်လိုက်တယ်။ အတော်စည်ကားပါတယ် တော်တော်ကြီးလဲဆုညံတယ်။ အရက်ကို ဘီယာတင်မက ကိုယ့်ပုလင်းပါ ကိုယ်ယူလာပြီး သောက်သူတွေ ရှိတယ်။ ဘီယာပုလင်းတွေကလည်းအေးစက်လို့နေတယ။် ပွဲလဲစည်သလိုလူလဲ စည်တယ်။ လူတွေ လဲစကားသံတွေ ဆူညံလို့တယ် .ဆယ်ကိုးလမ်းက အရက်ဆိုင်များရောက်သွားသလား ဘီယာဆိုင် အကင်ဆိုင်များလားလို့ အောက်မေ့မတယ်။ ပုံမှန်အားဖြင့်တော့ထိုဆိုင်တွင် သိတ်ထိုင်လေ့မရှိ.. ခေါက်ဆွဲကြော်...... ထမင်းပေါင်းကောင်းကြောင်းတစ်ယောက်က ညွန်းဆိုထားသောကြောင့်...

မီနူးလာချသည်. ဘာမှ ဖွင့်ဖတ်စရာမလို. ခေါက်ဆွဲကြော်တစ်ပွဲ မှာလိုက်သည်. အအေးတော့သောက်ချင်စိတ်မရှိ.. သောက်ရသည်မှာလည်း ဈေးကြီးသလို ခံစားရသည်.။ ရေသာသာ အအေးများကို. ဈေးကြီးပေးသောက်နေ ရသည်. ။ထောပါတ်သီးဖျော်ရည်ဖာလူဒါများမှာ ဈေးကြီးလှသည်.

တော်တော်နင့်မလာ...ကိုယ့်ဘေးကစားသူမှာ ထမင်းပေါင်းတစ်ပွဲကိုစပြီး. စားပြီးရုံမက. ဖျော်ရည်ပင် သောက်သွားပြီးဖြစ်သည်. နဲနဲတင်းလာသည်. ဇွန်းခရင်းချသွားပြီးသည်မှာလည်းအတော်ကြာပြီ. မရသေးလားဟုမေးမိသည်. ဟုတ်ကဲ့ဟိုဘက်ဝိုင်းတွေ ကများနေလို့ပါဟုဖြေသည်.

နဂိုကတည်းက ဘေးဝိုင်းများ၏ မှာကြားချက်များကို သုံးသပ်ကြည့်ရာ ရာဂဏန်းကျော်မည်ဟု သုံးသပ်မိ၏။ ကိုယ်လို လေးကျပ်တန်ခေါက်ဆွဲတစ့်ပွဲ ထည်းမှာသောကြောင့် အရေးမစိုက်လိုဟုခံစားလိုက်ရ၏. သိမ်ငယ်စိတ် ဝမ်းနည်းစိတ် ဒါဆိုရင်လဲ မချပါနဲ့တော့တစ်ခါထည်းဘဲ ထုတ်လိုက်ပါဟု မှာကြားမိ၏.

ခဏနေမှ စားပွဲသို့လာချသည်. စားလိုစိတ် မရှိတော့. ထုတ်ပေးရန်သာ ပြောမိ၏. ဖြစ်နိုင်လျှင်ထထွက်သွားလိုသည်. လူယဉ်ကျေးဖြစ်ရွေ့ယူလာခဲ့သည်. သူငယ်ချင်းဆိုင်တွင် ခဏထိုင်စားသည်. စားလို့မရတော့.......... အမျှိုက်ပုံးထဲသို့ထည့်လိုက်မိသည်. နောင် ထိုဆိုင်သို့မည်သည့်အခါတွင်မှဝင်တော့မည်မဟုတ်. ကျွန်ပ်သည် လေးကျပ်တန်စားသော်လည်း လေးကျပ်တန်တော့မဟုတ်ပါချေ.။

41 comments:

  1. ဧရာဝတီများလား???

    ReplyDelete
  2. ကျွန်တော်လည်း ညနေက ၃ ကျပ်တန် စားလာတယ်။ ဒါပေမယ့် ၃ ကျပ်တန်တော့ မဟုတ်ဘူး။ :D

    ReplyDelete
  3. ဟုတ်တယ်.. ဟုတ်တယ်။။


    ထောက်ခံတယ်။

    နောက်တခါ ဖိုးစိန်လက်ရာလာစားလှည့်


    အလကားဆိုပေမယ့် အလဟသမဖြစ်စေရဘူး...။

    ဖိုးစိန်

    ReplyDelete
  4. ကြေငြာသလိုများဖြစ်သွားသလား

    အတင်းခေါ်သလိုများ ဖြစ်သွားသလား

    ဘယ်လိုထင်ထင်

    လာမယ်ဟုတ်

    :D

    အိမ်ရှေ့ကအကြွေပုံးလေးလဲ အရင်လို မကျပ်နေတော့ဘူး။။။


    ဖိုးစိန်

    ReplyDelete
  5. အင်း ဟုတ်တယ်... မြန်မာဆိုင်တွေ တော်တော်များများက ဆက်ဆံရေးမကောင်းကျဘူး။ တခါတလေ သွားစားရတာ သိပ်စိတ်ညစ်ဖို့ ကောင်းတယ်။

    ReplyDelete
  6. ဆိုင်မှာလဲ လူကျနေလို့ အခက်အခဲဖြစ်လို့နေမှာပါ။

    ReplyDelete
  7. စိတ်မကောင်းမဖြစ်ပါနဲ့ ဘော်ဒါကြီး သူတို့ မှာလဲ ဆိုင်ခရဘို့ ( စလုံးဆိုင်ရှင်ကို သောင်းနဲ့ချီ ပေးဘို့) မနဲပျူးပြီး ရှာနေရ တာ ပါ။ ဒါပေမဲ့ ပြီ ဘလောက်ဂါ ဆိုရင်ထော့ ကြောတ်ရကောင်း မှန်းသိပါတယ်။ နောက်ဆို ငါ က ဘလောက်ဂါ ခင်ဦးမေ လို့ ပြောလိုက်။ ဆက်ဆံရေး ပြောင်းသွား စေရမယ်။

    ReplyDelete
  8. အစားထက် သူတို့က အသောက်ကို ရောင်းရရင် ပိုကျန်တယ် မမကွန်ရာ။ ဒီတော့ ဖြစ်တာပေါ့။ ဒါကြောင့် ကျနော်ဆို မြန်မာဆိုင်တွေမှာ မစားဘူး။
    လေးကျပ် တန်တော့ မဟုတ်ဘူး . . လေးချက်တော့ ချုပ်အောင် ရိုက်မိမှာ စိုးလို့. .

    ReplyDelete
  9. မသိဘူးဗျ.... ဒီမှာလဲ Asian ဆိုင်တွေ သွားစားရင် ဆက်ဆံရေးက အဖြူဆိုတမျိုး၊ ကိုယ့် Asianဆို တမျိုးဗျ။ ကျွန်တော်ဆို China Town, Korean Town ကဆိုင်တွေ စားမယ်ဆိုရင် အတော် စဉ်းစားရတယ်။ ဆက်ဆံရေးက ညံ့လို့.... ဒါပေမယ့် အမပြောတဲ့ဆိုင်လောက်တော့ မဆိုးဘူးဗျ။ အမသွားတဲ့ ဆိုင်ဆို မစားပဲ ထပြန်မှာ အသေအချာပေါ့။ စလုံး လာလည်ရင် ဒီဆိုင်တွေ ရှောင်မှ :D :P

    ReplyDelete
  10. ဘလော့ဂါကွနော်... ရဲတို့ ကြံ့ဖွတ်တို့ပြီးရင် ငါဘဲ... ဟိဟိ

    ReplyDelete
  11. မကွန်တို့ ဆီ မှာက tip မန်းနီး မပေးရ လို့ သည်အချိုးမျိုးချိုးတာ တော်သေးတယ် မှတ် ပါ ... သည်မှာတော့ တချို့ အေရှန်ဆိုင် တွေ ဆို tip မန်းနီး လည်း သည်က ထုံးစံအတိုင်း ပေးရသေးတယ် ... ဆက်ဆံရေး ကလည်း ပုတ်သိုးနေသေးတာ .... အောင့်သက်သက် နဲ့ ပေး ခဲ့ ရသေးတာ ပါ ... သည်က ဗမာဆိုင် တွေတော့ အဲ လို မရှိ ပါဘူး ....

    mie nge

    ReplyDelete
  12. ကိုယ့်အတွေးနဲ့ကိုယ် ဒေါသတွေ ထွက်နေပါ့လား။း))..။ အဲမှာနေရင်တော့ ခွင့်လွတ်ရလိမ့်မယ်ဗျ...။ အားလုံးက ဒီလိုလိုချည်းပဲ...။း))))


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  13. သူများဘက်လဲမျှတွေးပေးပါအုန်းသူတို့ ဆိုင်လခကနည်းတာမှမဟုတ်တာ

    ReplyDelete
  14. မမ cityhall သွားခါနီးတိုင်း အိမ်မှာ နာရီတဝက် တစ်နာရီလောက် တရားမှတ်သွား သည်းခံနိုင်အောင်လို့... ဒါတို့မြန်မာလေ... ခန္တီပါရမီရင့်သန်လာအောင်ကျင့်ပေးတာ ကျေးဇူးတောင်တင်ရဦးမှာပါ။

    ReplyDelete
  15. High rental fees doesn't mean that they can treat their customers differently based on their order. This is just pure discrimination, and inconsiderate of the customers. I don't know what's wrong with most Burmese shops in Peninsula.

    ReplyDelete
  16. မြန်မာဆိုင်တွေမှာ စားရတာ တော်တော်လေး သည်းခံရတယ်။ တခါက အင်းလေးမှာ လွန်လာလို့ ဆိုင်က မန်နေဂျာလားမသိ ထိပ်ပြောင်ပြောင်လူကို ပြောလိုက်တော့မှ တောင်းပန်တယ်။

    ReplyDelete
  17. All of above comments are juz Plainly B************t...

    and I don't even want to see & meet these kinds of MMar people in Society....in real world...

    Stay online always but Tooooooo Narrrow Minded....?

    Please ........be Open Mind and Relax as Developed Proud Myanmar People ?????

    ReplyDelete
  18. မကွန်ရေ။
    အဲဒီလိုအခြေအနေကို သဘောပေါက်တယ်။
    ဈေးရောင်းတွေ ဆားဗစ်စ်လုပ်ငန်းတွေက လူအများနဲ့ဆက်ဆံတာ အားလုံးအဆင်မပြေနိုင်တာ သိပေမယ့် အစားအသောက်စားခါနီးမှာဖြစ်ရတာကတော့ စိတ်တိုမိမှာပါပဲနော်။
    ခင်မင်လျှက်

    ReplyDelete
  19. Oriental House ထင်တယ်။
    ခေါက်ဆွဲကြော်ကောင်းတယ်။
    ထမင်းပေါင်းကောင်းတယ်။
    ကြာတယ်။
    ဆိုင်ရှင်ကိုယ်တိုင်ကတော့ဆက်ဆံရေးကောင်းပေ့မယ့်
    အလုပ်သမားတွေဆက်ဆံရေးသိပ်ဆိုးတယ်။

    ReplyDelete
  20. ကိုယ့် ကပ်စတမ်မာ ကို ကောင်းကောင်း မဆက်ဆံတဲ့ ဆိုင်တွေ ကို ဘယ်တော့မှ နောက်မသွားတော့ဘူး ရွှေစင်ဦး မသွားတဲ့ ဆိုင်တွေ တော်တော် များနေပြီ :(

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  21. Please ........be Open Mind and Relax as Developed Proud Myanmar People ?????

    CARE TO ELABORATE HOW SHOULD WE, BURMESE, ACT IN THOSE SITUATION? SO SORRY THAT I AM STILL NARROW-MIDED. THANKS!

    ReplyDelete
  22. ဟုတ်တယ်မမ
    မစားနဲ့ အားကြီးထောက်ခံတယ်
    သူကြင်မှ ကိုယ်ကြင် ဂျင်းစိမ်းနဲ့မိတ်သလင်ပေါ့နော
    နောက်များတော့လှည့်တောင်
်မျက်စောင်းမထိုးဘူးကွ မှတ်ထား လို့တွက်ထားလိုက်အေးရော..အဲလိုဆိုင်မျိုး

    ReplyDelete
  23. ဟီးးးးးးးးးး(သူအလုပ်ရှုပ်နေလို့နေမှာ...မမစိတ်အနှောင့်အယှက်လျော့အောင
်မမဖက်ကပါပေးတာ)
    :D

    ReplyDelete
  24. city hall ကမြန်မာဆိုင်တော်တော်များများ ဆက်ဆံရေး ညံ့ တယ်လို့ ခံစားမိပါတယ်။

    ReplyDelete
  25. မမ....
    အနော်လေ..မမဘလော့ဂ်ကို
    အားပါးတရဖတ်ရင်း
    ငပိ၇ည်ကျိုနဲ့အားပါးတရနယ်ထားတဲ့
    ထမင်းပန်းကန်ကို
    လက်နဲ့တိုက်မိလို့ အိပ်ခန်းထဲကြမ်းတိုက်လိုက်ရတယ်
    ဟားဟားဟား
    တော်သေးတာပေါ့ကုန်ခါနီးမှောက်ကျတော့
    သိပ်မပေသွားဘူး
    အဲလို...မမစာက စွဲဆောင်သွားတာ
    :)))))

    ReplyDelete
  26. အော် မမကွန် ကလဲ ... မီးချစ် ဆို အင်းလေးမှာ တခါမှာပြီးစောင့်ရတာ ကြာတာနဲ့ ... ကိုကိုချစ်နဲ့ ရသွားတာလေ...း)) စိတ်လျှော့ စိတ်လျှော့

    ReplyDelete
  27. ဟုတ်တယ်မမခင်ဦးမေ...လေးကျပ်တန်စားပေမယ့် လေးကျပ်တန်မဟုတ်ဘူးဆိုတာတော့ သူတို့သိအောင်လုပ်သင့်တယ်..။ ရန်ကုန်မှာလဲအဲလိုပဲ အရောင်းစာရေးမတွေ ဆက်ဆံရေး အချိုးမပြေတာ အမြဲတွေ့တော့ တော်တော် စိတ်ကုန်တယ်...။


    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  28. ဒီနေ့ခေတ်က ကာစတန်မာ မ ဝ ရိုက် တော့ ဘူး တဲ့ :) ။
    ကိုယ် က ဝယ် ယူ စား သုံး သူ ဆို တော့ သည်း ခံ ရ မ ပေါ့လေ ။ ဆိုင် ရှင် ခ မျာ စားသုံး သူ လူ ပေါင်း တသိန်း ကို တယောက် ထဲ ဆက် ဆံ ရ တော့ ..နားလည်ပေး လိုက် ပါ....နားလည် ပါ သည်။ ရွှေ ခေတ် ရောက် ပြီ.....ရွှေ စား သောက် ဆိုင် များ သည်..... :D

    ReplyDelete
  29. ပင်နစူလာမှာ ကျွန်တော်လုံးဝ မသွားတဲ့ဆိုင်တဆိုင်ရှိတယ်
    ဆက်ဆံရေးမကောင်းလို့ကတော့ တခါပဲသည်းခံတယ်၊
    နောက်တခါ သွားလို့လဲ အဲဒီလိုပဲဆိုရင် မောင်လေးတို့ အကြောင်းသိသွားအောင်ဘာလုပ်ခဲ့တယ်ထင်လဲ.......
    တခါတည်းထိုင်ရှိခိုးခဲ့တယ်....ဟိး)

    ReplyDelete
  30. ပီဇာ မှာပြီး နှစ်နာရီလောက် နောက်ကျပြီးလာရင် လွင့်ပစ်မှာလား

    ReplyDelete
  31. ကျွန်တော်ကတော့ ၄ကျပ်တန်ပါ ။ အဲဒိဆိုင်မှာ part time လုပ်ဖို့မေးခဲ့ဖူးပါသေးတယ် ၊ လုပ်ဖြစ်ခဲ့ရင် တစ်နာရီ ၄ကျပ်ရမှာ .. :'( ။ မြေအောက်ထပ်မှာ အဲဒိဆိုင်တစ်ခါမှ မစားဖူးဘူး ။ ငါးပတ်မွှေရတဲ့ ဆိုင်လေးမှာပဲ ... ။ ဗိုက်ဆာတဲ့အခါ တခြား ဘာဂါဆိုင် ကြက်ကြော်ဆိုင်တွေမှာ ၆ကျပ်ဖိုးစားမယ့်အစား မြန်မာဆိုင်မှာ ၅ကျပ်နဲ့ အဝစားလို့ရတယ် အမြဲခံယူထားသူတစ်ဦးပါခင်ညာ ။

    ReplyDelete
  32. ၀ါးဟားဟား

    တစ်နေ့ထဲမှာ အတူတူအတင်းပြောကြတာအရသာရှိသဗျို့။

    ဒီဆိုင်မကောင်းလို့ဟိုဆိုင်သွားတော်...
    ဟိုဆိုင်ကပိုဆိုးနေ။ နောက်တစ်ဆိုင်ကတော့ သုံးလို့မရ.....။

    ဒါနဲ့ကိုယ်တိုင်ဆိုင်ဖွင့်ဖို့ကြံ။


    အင်း... ကျုပ်တို့စားသောက်ဆိုင်ဖွင့်ရမဲ့အဆင့်လဲဟုတ်သေးပါဘူးဗျာ...နော့...။ ww

    ReplyDelete
  33. တော်တော် များများ ကွန်မန့်ပေးတဲ့သူတွေက မီးလောင်ရာ လေပင့်နေကြပါလား။ ဆိုင်တွေဘက်ကလည်း စာနာရေးကြပါအုံးလား။ ဒါမှမဟုတ် မျှမျှတတ ပေါ့။ သိပ်လည်းဒေါသမကြီးပါနဲ့ မခငိဦးမေရယ်။

    ReplyDelete
  34. ဆိုင်တွေဘက်ကိုတော့အားမနာနှိင်ဘောင် ကိုအမည်မဖေါ်လိုသူတစ်ဦးရယ်။

    ဆိုင်ဖွင့်ပါပြီဆိုမှာတော့ “ဆိုင်”ကို“ဆိုင်”တယ်။ မဆိုင်နိုင်ရင်မဖွင့်နဲ့ပေါ့။

    ကောင်းရင်ချီးမွန်းမယ်။ မကောင်းရင်ကဲ့ရဲ့မယ်။

    တားတားတို့ကတော့ဒါပဲ

    ReplyDelete
  35. တော်တော် များများ ကွန်မန့်ပေးတဲ့သူတွေက မီးလောင်ရာ လေပင့်နေကြပါလား။ ဆိုင်တွေဘက်ကလည်း စာနာရေးကြပါအုံးလား။ ဒါမှမဟုတ် မျှမျှတတ ပေါ့။ သိပ်လည်းဒေါသမကြီးပါနဲ့ မခငိဦးမေရယ်

    I WONDER WHO WOULD COMMENT LIKE THAT; SHAREHOLDER OR MOST LIKELY WAITER FROM THOSE INFAMOUS SHOPS.

    ReplyDelete
  36. ဝေဖန်တယ်၊ မိမိအမြင်ကို ပြောတာ လူတစ်ယောက်ရဲ့ အခွင့်အရေးပါ။ ဒါပေမယ့် သေသေချာချာ သက်သေတွေနဲ့ အချက်အလက် ကျကျ ဝေဖန်နိုင်ရင် ပိုကောင်းမယ် ထင်ပါတယ်။ ဒေါသတွေနဲ့ ပြောတာကတော့ အမှား အများအပြားပါနိုင်ပါတယ်။ ဒီကိစ္စကတော့ အရမ်းမကြီးတဲ့ ပြဿနာပါ။ သတင်းအချက် နည်းနည်းပါးပါး (ဒါမှမဟုတ်) တဘက်သတ် အမြင်တွေနဲ့ ဝေဖန်တာ မသင့်လျော်ပါဘူး။

    ReplyDelete
  37. This is the sub-standard service period. Unacceptable by any standard. Such a stupid restaurant ended up losing in the big civil right lawsuit in the history.

    ReplyDelete
  38. ကဲဒါဆို စီးတီးဟော ဘူတာဝကနေ စင်ကာပူမှာရှိတဲ့ဗမာ ၃သိန်းကိုစစ်တမ်းကောက်ကြစို့ဗျို့

    မြန်မာဆိုင်ကောင်းမကောင်းကို...။

    မချစ်သော်လဲအောင့်ကာနမ်း လို့
    အားလုံးပြန်ဖြေကြမလားပဲ..

    ““ဒေါသတွေနဲ့ ပြောတာကတော့ အမှား အများအပြားပါနိုင်ပါတယ်။””


    ဒေါသမထွက်ပါဘူး၊ အားလုံးကောင်းအောင်စေတနာနဲ့ပြောပေးနေကြတာပါ။ အမည်မဖေါ်လိုသူတစ်ဦး လဲ ဘယ်ကလာတယ်ဆိုတာပြောပြရင်ပိုကောင်းမှာပါ။

    ReplyDelete
  39.ဲမြန်မာဆိုင်အများစုကတော့..

    ဒေါ်မြလေး လေသံနဲ့ပဲပြောရမယ်ထင်တယ်။ တိုကျိုမှာလဲ အဲဒီအတိုင်းပဲ။ကျနော်ကတော့ အခုဆို ကိုယ်တိုင်လဲ ချက်တတ်နေပီဆိုတော့ သူတို့ဆက်ဆံရေးမကောင်းရင် ခြေဦးကိုမလှည့်ဘူး။

    မချက်တတ်ခင်တုန်းကတော့ ငွေရှင်က ငွေပေးဝယ်သလိုပဲ ဆက်ဆံပစ်တယ်။ ပိုက်ဆံပေးစားတာ အလကားစားတာမှမမဟုတ်တာ။ ချို၂သာ၂နဲပကို မတန်လို့ အထက်စီးကနေ၀ယ်စားပစ်တယ်။

    ReplyDelete
  40. リンクから見てみたんですけど見れないな。なぜでしょう。

    良かったら情報交換でもしません?

    ReplyDelete
  41. Sorry for my bad english. Thank you so much for your good post. Your post helped me in my college assignment, If you can provide me more details please email me.

    ReplyDelete