Tuesday, June 15, 2010

flying thought

မနက် ၈ နာရီကနေစလိုက်တာ နေ့လည် နစ်နာရီထိုးသွားတယ်. ထမင်းကို နေ့လည် နစ်နာရီမှ ဆင်းစားလိုက်ရတယ်။ ပထမတော့ထမင်းမစားဘဲမနေ့က ပြုတ်တားတဲ့ ကန်ဇွန်းဥပြုတ် ထားတာ စားမလို့ဘဲ။ ဒါပေမဲ့ စိတ်ညစ်ရင် ပိုစားတတ်တယ်။ အခန်းထဲမှာဘဲ ကန်ဇွန်းဥပြုတ်ကလေးစား ရေဘဲသောက်နေရင်စိတ်မချမ်းသာတာနဲ့ အောက်ဆင်းပြီး ထမင်းစား တေးအိုက်စ် သောက်လိုက်တယ။် တွေ့တဲ့သူနဲ့ခဏစကားပြောလိုက်တယ်။ စိတ်ပြေလက်ပျောက်ဖြစ်သွားတယ်။

မဟုတ်ရင်ခက်တယ်။ ခေါင်းထဲမှာကြပ်နေတယ်။တွေးရတာတွေ များလို့. စားပြီးတော့ နဲနဲသက်သာသွားတယ် .ဆက်လုပ်တယ်။ ညနေငါးနာရီထိုးခါနီးမှ တစ်စုံတစ်ခု မရဘူးလို့တစ်ယောက်ကသတင်းပေးတယ်။ စိတ်တိုတိုနဲ့သွားလုပ်တယ်။ အဆင်မပြေမှု တွေပြီးတော့ပြီး သွားတာဘဲ။

အထက်အရာရှိအကြောင်းဖတ်မိပြန်တော့ ကိုယ်ဘာပြောရမလဲ. ကိုယ်ကတော့ အထက်အရာရှိကိုသဘောကျပါတယ်ဘယ်လောက်ဘဲ ဘာဘဲဖြစ်ဖြစ်. တစ်ကယ်တန်းတော့ သူ့မှာတာဝန်ကြီးတယ် တစ်စုံတစ်ခုဆိုရင် သူကဘဲကိုယ့် ကိုကာရတာ ဆိုတော့အမြဲကျေးဇူးတင်ပါတယ်။

ကွန်မက်တွေ ကိုဖတ်မိရင် သိတ်များပင့်နေသလားလို့လဲ ထင်နေမိတယ်။ သိတ်တော်တာဘဲနော်သိတ်ကောင်းတာဘဲနော်တွေများ..များနေသလား. Strike ကိုသတိရမိတယ်။ သူသာဆိုရင်ဘာများပြောမလဲ ဘုတ်ကျါ်ီမြှောက်. ကျါ်ီးဘုတ်မြှောက်လို့ဘဲပြောနေမှာလား။ ထုံးစံအတိုင်း..

အွန်လိုင်းကျူရှင် ယူထားတာ ကြည့်တော့ အချိန်စေ့ကာနီးနေပြီ. Extension တိုးရမယ်။ ဘယ်နစ်ခါမြောက်တိုး ထားမှန်းတောင်မသိတော့ဘူးး ဒါနဲ့ဆို လေးခါထင်တယ်။ တစ်နစ်ဝန်းကျင်ရြှီ့ပီ. ပြီးတော့ဖတ်ဖြစ်တာလဲမဟုတ်ဘူး. ဒါပေမဲ့ အချိန်မရွေးဝင်လို့ ရတာဘဲဆိုပြီးအားရှိတယ်။ အမှန်တော့ပိုက်ဆံဖြုန်းတီးနေတာဘဲ။ ဒီတစ်ခါတော့ နဲနဲနောင်တ ရတယ်။ ပိုက်ဆံပေးရခါနီး တိုင်းနောင်တရ တာပါဘဲ။

အမှန်တော့ ဘလော့ဆိုတာကြီးကို မလုပ်သင့်ဘူး အားကြီးအချိန်ကုန်တယ်။ လိုက်ဖတ်တာ အချိန်ကုန်သလိုရေးတာလဲ အချိန်ကုန်တာဘဲ.။ စိတ်ကူးပေါက်တာ လေးဘဲရေးပြီး လိုက်မဖတ်ရင် အချိန်ကုန်သက်သာမယ်။ ဘယ်သူဘာဖြစ်ဖြစ် ကိုယ်ရေးရရင်ပြီးတာဘဲ ဆိုတဲ့စိတ်ထားရမယ်။ ဘယ်သူကတော့ ကွန်မက်ဘယ်နစ်ခုဖြစ်နြေီ့ပီဆိုတဲ့ သွားပြီးရေတွက်တဲ့ စိတ်ကိုဖျောက့်ရမယ်။ အင်ဥလေးရေးလိုက်တာ ဘယ်နစ်ယောက်လာ သွားတယ်ဆိုတာကိုပါ ဖျောက်သင့်နေပြီ။ သက်ဝေ ထမင်းပွဲက ကွန်မက် ၈၀ ကျော်သွားတယ်ဆိုတာမျိုး. အားကျလို့လိုက်ရေးမိရင် ဘယ်သူမှ လြာ့ပီးမတုံ့ပြန်ကြရင် zt ရဲ့ ဖဘ ထဲကလို ခေါင်းကို လက်နဲ့အုပ်ပြီး ဘာဖြစ်လို့ပါလိမ့်လို့တစ်တွတ်တွတ်ရေ၇ွတ်နေမိမှာစိုးလို့ဖဘကိုတော့ စတေတပ်သွားမတင်ရဲ။ ငါ့ကျေးဇူးမှာ ဘာလို့ကွန်မက်တွေ နည်းနေရပြီး. ကိုအန်ဒီမှာတော့များနေရတာလဲဆိုတဲ့ စိတ်မျိုးကိုလည်းဖျောက်ရမယ်။ Steve လို ခပ်တည်တည်နဲ့ပိုစ်တွေ ရေြးီ့ပီး လာဖတ်ပေမဲ့ဘယ်သူမှ ကွန်မက်မထားခဲ့တာမျိုး. TZA လိုစိတ်မျိုးမွေးမြုရမယ်။ နောက်ဆုံးကတော့ကိုယ်ရေးချင်တာရေးလိုက်ရဘို့ဘဲ။ ဒါကိုကောင်းစွာသဘောပေါက်ရမယ်။ ဒါကိုဖတ်ပြီးအားနာပါးနာ့ ကွန်မက်များချခဲ့လို့ ကကတော့ အသတ်ဘဲ။

အမှန်က ကိုယ့်ဘလော့ကိုလာဖတ်တဲ့သူက နဲနဲ. ပညာသုံးပြီး တွေ့သမျှ လင့် အကုန်ချိတ်ထားတော့ ဘာများအသစ်ရှိသလဲလို့လင့်လာရှာတဲ့ zt လိုလူမျိုးရယ် ကျွန်တော်ကတော့ အစ်မ ဘလော့ကို တစ်ချိန်လုံး ဖွင့်ထားပြီး နာရီဝက်တစ်ခါ refresh လုပ်ြီ့ပီး ဖတ်ပါတယ်ဆိုတဲ့ cmy တို့လို တစ်ကယ့်ဘလော့ရီဒါးတွေ ကြောင့် အဲ..နောက်တစ်ခု စီပုံးက တစ်မင်ဘဲလာဖတ်သည်ဖြစ်သည်. ရောက်လို့ဘဲ ဖတ်သွားသည်ဖြစ်စေ. ဖတ်လို့ကောင်းတာနဲ့ဘဲ ဖတ်သွားတာရယ်ကြောင့်ကိုယ့်ဘလော့ hit တွေတက်နေရခြင်းဖြစ်တယ်။ ဒါကိုပီတိ ဖြစ်နေလို့မဖြစ်ဘူး. ။

နောက်ဆုံးကတော့မိုးချုပ်ပြီ. အိပ်မှဖြစ်မယ် ဒါဘဲ။

32 comments:

  1. ဒီအဆိုကိုတော့ . . .
    ကျနော် ကြားရတာ ဒါ ဒုတိယ အကြိမ်ပဲ။
    ပထမက နာမည်ကြီး ဘလော့ဂါ တစ်ယောက်က ဖွင့်ပြောတယ်။ အခု မမကွန်ကလည်း ပြောတယ်။
    တကယ်ကို ကိုယ့်အတွက် ဘာမှ နာမည်မကြီးစေချင်တဲ့ ဆန္ဒ မပါရင် သွားမမန့်တာ တကယ်ပိုကောင်းမယ် လို့ ထင်မိတယ်။
    မမကွန် ပြောတာကို ထောက်ခံသွားတယ်ဗျာ။

    နံပါတ် ၃ နေရာလေး ကျနော် ယူချင်လိုက်တာ. .
    ကြာလေ ဒီအယူအဆက မှန်လာလေပဲ။

    ReplyDelete
  2. အောက်ဆုံးက စာသားလေး အကြိုက်ဆုံးပါပဲ။
    ဘာတဲ့ အိပ်ပြီဆိုတာလေးပေါ့။ :D

    ReplyDelete
  3. အဟီး..အမ... အမဘေးကလင့်တွေဆီနေ့တိုင်းရောက်ပါတယ်။ ဟီး..
    ဒါမဲ့ အမစာတော့ အသစ်တင်တိုင်းဖတ်ပါတယ်။


    မြတ်နိုး

    ReplyDelete
  4. ဂျီးတော်ရေ..ကျနော်ကတော့ စ ချင်နောက်ချင်လို့
    သူများတွေကို commentလိုက်ရေးတာ..
    ကိုယ့်ဆီကိုလဲ အတည်ပေါက်လာရေးတာထက် စ
    နောက်ပြီး ရေးသွားတာတွေ ဖတ်ပြီး ရီနေရတာ အရသာရှိတယ်..outlet ပေါ့လေ..

    ReplyDelete
  5. Relaxing...
    Updating Blog, visiting on blogs, Reading on some blogs (as you choose)
    is a good entertainment.
    But,It made you tired,if you think that reading and up dating blog is your duty.
    BINO

    ReplyDelete
  6. စာလည်းဖတ်တယ် ... လင့် က ကြိုက်တာတွေလည်း
    သွားဖတ်တယ် မမ ... ကျမတော့ ကော့မန့် ကို ရေးချင်တဲ့ အခါရေး တယ် .. မရေးချင်တဲ့အခါ မရေးဘူး ..မမဆီတော့ နေ့တိုင်းရောက်တယ် .... တခါတလေ ဘလော့ကြီးဖွင့်ပြီး လည်း စာမဖတ်နိုင်သေးဘဲ တခုခု လုပ်စရာရှိရင် လုပ်နေတတ်တာ မမ ရဲ့ ကိုယ်ကိုယ်တိုင်က လွတ်လပ်မှု ကို ကြိုက်သလို သူများတွေ ဘာလုပ်လုပ် လည်း ဘယ်လိုမှ သဘောမထားဘူး ... စိတ် ထဲ ရှင်းနေတာဘဲ နှစ်သက်တယ် ... ကျမတော့ ဘာမှ စိတ်ထဲ မထားဘူး ...ကိုယ်ကြိုက်တာ ကိုယ်လုပ်း)))

    mie nge

    ReplyDelete
  7. ဟစ်တက်တဲ့ထဲမှာ သာမီးကြောင့်လည်း ပါတယ်လို့ ထားလိုက်ပါ။ firefox က မှတ်ပေးထားတာ khinoomay77 က ထိပ်ဆုံးမှာပဲ ။ ဖဘ တောင် ခင်ဥမေကို မမီနိုင်ဘူး... ငှင်းငှင်း... ။

    မြှောက်တာ ပင့်တာတော့ မပြောနဲ့။ အကျင့်ကိုပါနေတာ....

    pifxHk

    ReplyDelete
  8. မမstrikeကိုပဲ တ နေတာ..
    တော်ပြီ..
    မချစ်တော့ဘူး..



    (ဘယ်သူရေးခဲ့တာလဲဆိုတာ

    ReplyDelete
  9. တော်တော် အမြင်မှန်ရလာပြီပဲ

    ကလူသစ်

    ReplyDelete
  10. blog ရေးတာ ဘယ်သူ့အတွက်မှ မဟုတ်ဘူး။ ကိုယ့်အတွက် ကိုယ်ရေးတာ။ ကိုယ့်စိတ်ကျေနပ်မှုအတွက်ပဲ။

    (လုပ်ချင်လို့ လုပ်နေတဲ့သူမှာ အချိန်ကုန်ခံတာတို့၊ အနစ်နာခံတာတို့၊ ကျေးဇူးတရားတို့ဆိုတဲ့ အတွေးတွေ မရှိဘူး)

    :)))

    အကြိမ်ပေါင်း 1000 ပြည့်အောင် ပြောမယ်။ အဲဒီ စကားလုံးကို။

    ReplyDelete
  11. မမ ဒါဆို ကွန်မန့် မထားခဲ့တော့ဘူး။

    ( အဲဒါကို ကွန်မန့် ထားပြောတာ )


    ကျေနပ်နော် ..ဟဲဟဲ

    ReplyDelete
  12. လင့်ခ်လာရှာတယ် တစ်ခါပြောမိတာ အခုထိ မှတ်မိနေတုန်းပဲ။ :D

    ReplyDelete
  13. သက်ဝေရဲ့ ထမင်းပွဲ.......................
    ကော်မန့် ၈၀ ကျော်..............
    ရှာမတွေ့ဘူး...
    လင့်ခ်လေးပေးပါ မမ......................

    XXX ထုံ

    ReplyDelete
  14. XXX ထုံ
    လျှို့ဝှက်စာတွေနဲ့ရေးထားတာလေ
    ဖဘမှ သွားရှာ :P

    အသတ်ခံရမှာစိုးလို့ ကွန်မန့်မရေးဘူးလို့ပါပဲ
    ထုံ ကိုသနားလို့

    ReplyDelete
  15. ပျော်ပျော်ရွှင်ရွှင်စာရေးတာကို သဘောကျလို့၊ ရသ သုတ လိုချင်လို့ ဘလော့တွေကို ဖတ်တာပါ။ (ဒါတောင် သုတ ကို သိပ်မဖတ်ဖြစ်တာ ၀န်ခံရမယ်)။ မမဆီကိုတော့ ခင်လို့ကို လာပါတယ်။ ကွန်မန့်ရေးချင်တဲ့အခါ ရေး၊ မရေးချင်တော့လဲ မရေးဘူးပေါ့။ စာလဲ ရေးချင်တဲ့အချိန်ရေး၊ မရေးချင်လဲ မရေးနဲ့ပေါ့။ ဘာမှ အရေးမကြီးပါဘူး။ အဓိကက ကိုယ့်စိတ်ကိုယ် ကျေနပ်တယ်ဆိုရင် ပြီးတာပါပဲ။ အားနာပါးနာတော့ ဘယ်တော့မှ ကွန်မန့်မရေးဘူးမှတ်..။ ဒါကြောင့် မမ သတ်လဲ မခံဘူးးး ဟားဟားဟား..

    ReplyDelete
  16. မှန်တာပြောကြတာပဲ မမရာ ပင့်ကြပါစေ၊ ရေးကြပါစေလား ဟက် ဟက် ၊ စိတ်ချမ်းသာအောင်နေစမ်းပါဗျာ၊ ကိုယ်ရေးချင်တာရေးရ ပြီးရော မှုတ်လား၊ ကော်မန့် အများဆုံးကို မက်ဒယ် ပေးမယ်လို့လည်း မကြားမိပါလား၊ မမ အသံမှာ ဂျေသံကြီးပါနေသလိုပဲ နော်၊ အမြင်မှန် ရှိနေရင် ပြီးတာပဲ....။ မဖတ်ရသေးရင် ဖတ်ကြည့်ပါအုံးလေ...

    http://chitkyiaye.blogspot.com/2009/12/blog-post_29.html

    ReplyDelete
  17. သက်ဝေရဲ့ ထမင်းပွဲ.......................
    ကော်မန့် ၈၀ ကျော်..............
    ရှာမတွေ့ဘူး...
    လင့်ခ်လေးပေးပါ မမ......................

    မသက်ဝေ................. အဲဒီ ထမင်းပွဲပြပါ....။

    ပုံ
    မတွေ့လိုက်ရသူတဦး

    ReplyDelete
  18. အခုက ကိုပီတိ ပါရင် ခေတ်မှီတာလား

    ဘလော်ဂါတစေ့တစောင်းလေ့လာသူတဦး

    ReplyDelete
  19. သက် ကြီးစကား သက်ငယ် ကြား ၏ ဆိုသား..
    မမကွန် ဘလော့ သံဝေဂ တရား ကို ဘာဝနာ ပွားသွားတယ်။

    မနေ့ က.. မမကွန် လာမေး လို့... စီဘောက်ထဲ လာ ရှာသေးတယ်..။ လျှောက်သောင်းကျန်းသွားသေးတယ်။ အားခွေ ဆိုတဲ့.. လူငယ်လေးလား..လူကြီးလား.. ဘူလား..သူ လား တော့ မသိဘူး..
    သေချာ လက်ဖက် တွေဘာတွေ နဲ့ ဧည့်ခံ လိုက်တယ်။

    နောက်လည်း ပျင်းရင်..အားရင် လာလည် သောင်းကျန်းအုံးမယ်..

    ပေါက် နဲ့ လည်း တွေ့တယ်..။ အမယ်..သူတို့  က..အေးဆေးပဲ..မမကွန် စီဘုံးကိုများ ငွေဆောင် က..ဘီအိုဘီ ဟိုတည် လိုပဲ..အေးအေးလူလူ..း))

    ( အားခွေ နှင့် ပေါက် ပါ ဖတ်ရန် )း)

    ReplyDelete
  20. မမ...
    ဘလော့ဂ်ကို ဝါသနာပါလို့ရေးတယ်...ပျော်လို့ရေးတယ်... ပျော်လို့ဖတ်တယ်...
    ရေးရင်း ဖတ်ရင်း တယောက်ကို တယောက် သိလာတယ်... ခင်လာတယ်... ရင်းနှီးလာတယ်...
    ကော်မန့်ကတော့ ရေးထားတဲ့စာ ကောင်းလို့ ကြိုက်လို့ ရေးတယ်... သဘောထားချင်း တိုက်ဆိုင်လို့ရေးတယ်... ထပ်တူ ခံစားရလို့ရေးတယ်... ရေးတဲ့သူကို ခင်လို့ ရေးတယ်... ရေးတဲ့သူကို ချစ်လို့ ရေးတယ်...
    နောက်ဆုံး... ရေးချင်လို့ကို ရေးတယ်ပေါ့...

    ဒီနေရာမှာ အားနာပါးနာတို့ ကျေးဇူးတို့ ဘာမှ မပါပါဘူး... သာမီးကို သတ်နဲ့နော်..............း))

    ReplyDelete
  21. မမ...
    ဘလော့ဂ်ကို ဝါသနာပါလို့ရေးတယ်...ပျော်လို့ရေးတယ်... ပျော်လို့ဖတ်တယ်...
    ရေးရင်း ဖတ်ရင်း တယောက်ကို တယောက် သိလာတယ်... ခင်လာတယ်... ရင်းနှီးလာတယ်...
    ကော်မန့်ကတော့ ရေးထားတဲ့စာ ကောင်းလို့ ကြိုက်လို့ ရေးတယ်... သဘောထားချင်း တိုက်ဆိုင်လို့ရေးတယ်... ထပ်တူ ခံစားရလို့ရေးတယ်... ရေးတဲ့သူကို ခင်လို့ ရေးတယ်... ရေးတဲ့သူကို ချစ်လို့ ရေးတယ်...
    နောက်ဆုံး... ရေးချင်လို့ကို ရေးတယ်ပေါ့...

    ဒီနေရာမှာ အားနာပါးနာတို့ ကျေးဇူးတို့ ဘာမှ မပါပါဘူး... သာမီးကို သတ်နဲ့နော်..............း))

    (မမရေ... အပေါ်က ကော်မန့်က သက်ဝေပါ ကော်မန့်ရေးချင်ဇောနဲ့ Account ကို Sign in လုပ်ဖို့ မေ့သွားလို့... အခုတော့ ကော်မန့် ၂ ခု ဖြစ်သွားဘီ... သတ်ရဘူးနော်.. နော်...)

    ReplyDelete
  22. တမင် ကို ခင်လို့ လာတာပါ..

    ReplyDelete
  23. စာဖတ်ဝါသနာပါလို့၊ ဘလော့လည်ပါတယ်
    တခုခုပြောချင်စိတ် ရှိရင် ကွန်မန့်ဝင်ရေးတယ်
    စာရေးတဲ့သူတွေကို သူတို့ရေးတဲ့စာတွေကတဆင့်
    ခင်မင်ရင်းနှီးစိတ် နဲ့လည်း ကွန်မန့်ရေးဖြစ်ပါတယ်
    အားနာလို့တော့မရေးပါဘူးအစ်မရေ..
    အစ်မဘလော့ကိုလည်း စာဖတ်ချင်စိတ်၊ခင်မင်စိတ်နဲ့လာ
    ဖြစ်ပါတယ်။(လင့်ရှာတာလဲနဲနဲတော့ပါတာပေါ့ ဟီး)

    ReplyDelete
  24. မမ ရေ ဂွတိုက တော့ ပျော်လို့စီဗုံးကိုနေ့တိုင်းရောက်ပေမဲ့
    ကော်မန့် မထားမိဘူး၊ အခုထားခဲ့တယ်နော် သတ်နဲ့နော်..

    ReplyDelete
  25. အနော်ကတော့အားနာပါးနာနဲ့ရေးဘူး
    ရေးချင်စိတ်မရှိရင်လုံးဝရေးလဲရေးဘူး
    ဖတ်လဲဖတ်ဘူး
    ခင်လို့လာ
    ချစ်လို့လာ
    ကောင်းလို့ဖတ်
    လာတော့မသတ်ပါနဲ့နော်
    ဒီပို့်စ်လေးသဘောကျတော့မန့်မိပြီ
    :D

    ReplyDelete
  26. လာ လာဖတ်ပြီး မမန့်သွားရင် မသိဘဲ နေမှာစိုးလို့
    ဟီးးးးး

    ReplyDelete
  27. Anonymous Anonymous said...
    မမstrikeကိုပဲ တ နေတာ..
    တော်ပြီ..
    မချစ်တော့ဘူး..


    (ဘယ်သူရေးခဲ့တာလဲဆိုတာ
    June 15, 2010 8:16 AM




    ဒီဟာလေးပဲ ကျနော်ရေးတာပါ..
    X၃ခု ကျနော်မဟုတ်ပါ။။။


    Xထုံ

    ReplyDelete
  28. မကေ
    ကျနော်က သွားစရာနေရာ မရှိလို့..
    ဒီမှာရှိနေတတ်တာပါ..
    beachတွေဘာတွေ မသွားနိုင်တဲ့တူတူ
    ဒီမှာပဲ အပန်းလာဖြေနေရတာပဲ..
    ငှဲငှဲ

    ReplyDelete