Monday, June 14, 2010

king-and-queen

Singapore ကို KMSL က အ ရင် ရောက် ပါ တယ်။ ပထမဆုံး ထုံး စံ အ တိုင်း သူများ ဆီ မှာ နေ တယ်။ ပြီး တော. သုံး ယောက် တစ် ခန်း နေ တယ်။ အ တူ နေ တဲ. အစ် ကို ကြီး က အ ရက် သောက် လေ တော.သူ. မှာ ဧည်. ခန်း ထွက် ပြီး အိပ် ရတယ်။ တစ် ခါ နှစ် ယောက် တစ် ခန်း ပြောင်း နေ ပြန် တော. အတူ နေ တဲ. သူ ငယ် ချင်း က အိပ် ရင် ဟောက် တတ် ပြန် တော. သူ.မှာ တရား ခွေ လေး ကို နားမှာ ကပ် လို.ကြိုး စား ပြီး အိပ် ရ ပြန် ပါတယ်. နောက်ဆုံး တော. အ အိပ် မက် တဲ. သူ. ခမြာ ပိုက် ဆံ အ ကုန် ခံ ပြီး တစ် ခန်း ထဲ တစ် ယောက် ထဲ နေ ပါ တယ်။ ကျန် တဲ. နေ ရာ မှာ ချွေ တာ ရ တာ ပေါ.။ သူ က နား အေး ချင် တာ ကိုး။

အဲဒီ မှာ အိမ် က ပြောင်း တာ များ လေ တော. အ ထုတ် ကလေး တထုတ် နဲ. ဟို ပြောင်း လိုက် ဒီ ပြောင်း လိုက် . ရောက် တဲ. နေ ရာ မှာ တစ် ယောက် အိပ် မွေ. ရာ ကလေး ချ ပြီး အိပ် လိုက် ပြန် တာ ပါ ဘဲ။ အဲ ဒီ အိမ်တွေ မှာ ကုတင် မ ရှိ သ လို သူ က လဲ ဝယ် ဘို. စိတ် ကူး မ ရှိ ပါ ဘူး။ သူ. ရဲ. တောင်.တ ချင် ကေ တာ. ရန် ကုန် ကို ပြန် ချင် တာ ပါ ဘဲ.။ နေ. တိုင်း စိတ် ကူး နဲ. ရန် ကုန် ပြန် ပါတယ်။ ရန် ကုန် ပြန် ရင် အဆင် သင်. အထုပ် က လေး ဆွဲ ပြီး သံ ယောဇဉ် ကင်းစွာ ပြန် နိုင် ဘို. အတွက် စလုံး မှာ ဘာ မှ ဝယ် ဘို. စိတ် မကူးပါ ဘူး။

ကိုယ် ရောက် လာ တော. အဆင် သင်. အခန်း လေး ထဲ ကို နောက် ထပ် မွေယာ က လေး တစ် ခု ထည်. လိုက် ပြီး နေ ရာ ယူ လိုက် ပါ တယ်။ ဒီ လို နဲ. နေ တာ နှစ် တွေ အ တော် ကြာ သွား တယ်။ ရန် ကုန် လဲ မပြန် ဖြစ် ပါ ဘူး။ နောက် ဆုံး ရန် ကုန် က အ မျိုး လူ ကြီး သူ မ တစ် ယောက် လာလည် တော. အောက် မှာ မအိပ် ကြ နဲ. လေ ဖြတ် မယ် ဆို ပြီး အ တော် ဆူ ပူ ကြိမ်း မောင်း လိုက် တော. KMSL က ကိုယ်. ကို မ ပြော မ ဆို နဲ. ကုတင် သွား ဝယ် တော. Queen size ကု တင် အိမ် ရောက် လာ ပါတယ်။ သူ က အရပ် ရှည် လေ တော. တည်.တည်.အိပ် ရင် ကုတင် မဆန်.ပါ ဘူး။ ဘာဖြစ် လို. King size မဝယ် တာ လဲ မောင် ရယ် ဆို တော. စ လုံး က ကိုယ် တို.ငှား နေ တဲ. အိပ် ခန်း ၂ ခန်း ပါ အိမ် လေး တွေက ကျဉ်း ကျဉ်း လေး ဆို တော. အိမ် ကျပ် မှာ စိုး လို.ပါ လို. ဖြေရှင်း ချက် ပေး ပါတယ်။

အိမ် ပြောင်း ရင် တော. ဒီ Queen ကို လွှင်. ပြစ် ခဲ. မယ် ကွာ လို. ကိုယ် ကပြော တော. သူ က သဘော တူ ပါတယ်. ကံ က ဆိုး ချင် တော. အခု အိမ် က unfinished ဆို ပြီး ငှား တော. ကိုယ် တို. ရှိ တာ တွေ အ ကုန် မ လာ ရ ပြန် တော. Queen လဲ ပါ လာ ပြန် ပါတယ်..

အဲဒီ တော. ကိုယ် တို.မှာ အိမ် မ ကျပ် ပေ နဲ. လူ ကြပ် နေ ပါတယ်။ တစ် အိမ် လုံး မှာ နှစ် ယောက် ထဲံ နေြ့ပီး အိပ် တဲ. အ ခါ ကျ တော. ကျပ် ကျပ် သတ်သတ် လေး တိုး ခွေ. အိပ် ရ ပါတယ်။ အိမ် ထောင် ဦး ဆိုရင် လဲ အ ကောင်းသား ။ အခု တော. ကြား လေ သွေး ဝေး တယ် လို. ထင် ရ မဲ. အချိန် လဲ မ ဟုတ် တော. အ ခက် သား။ အသက် ကြီး လာ တော. လူ တွေက လဲ size တွေက ကြီး လာ ပြန် တော. အ တော် ကြပ် ပါတယ်။ သူ က တော. အောက် ဆင်း အိပ် ဘို. တော. စိတ် ကူး မရှိ ပါဘူး။ ကိုယ် ဘဲ ကဒီး ကဒီး အောက် ဆင်း အိပ် ရ ပါ တယ်။ ပြီး တော. ကိုယ်. အနား ကို လည်း ကပ် ကပ် ပြီး အိပ် သေး တယ်. မင်း က ဘယ် လိုလဲ ကွာ. ငါ.နား ကပ် ကပ် အိပ် နေ တာ ဘာ ဖြစ် လို. လဲ. ကိုယ်. ကို သိပ် ချစ် လို. လား မေး တော. သူ အောက် ကို ပြုတ် ကျ မှာ စိုး လို.ပ့ါ လို. ကိုယ်. ကို ဖြေ ရှင်းပေး ပါတယ်။

http://khinoomay77.blogspot.com/2008/05/king-and-queen_18.html


မှတ်ချက်.

ရေးပြီးသားတွေပြန်တင်တာခေတ်စားနေလို့ပါ။ မယုံရင်..


pandora

ko paw


်သဉ္ဇာအေး

26 comments:

  1. အရင်က မဖတ်ရသေးဘူး.. အခုမှ ဖတ်သွားတာ..

    ReplyDelete
  2. ချစ်လို့ ကပ်တာပါ မမရယ်...

    ReplyDelete
  3. မမkom
    အစား အသောက် ပြီးတော.
    အိပ် တဲ.ဘက် ပြန် လှည်.လာ ပြန် ပြီ လား ။

    ReplyDelete
  4. ဟုတ်ပါ့ဂျီးတော်ရာ...
    အဟောင်းတွေ ပြန်ခေတ်စားနေတယ်..
    မူလလက်ဟောင်းအိမ်ရှင်မများ..ဝမ်းမြောက်ဖွယ်...

    ReplyDelete
  5. အခု အိမ် က unfinished ဆို ပြီး

    did you mean unfurnished?

    ReplyDelete
  6. ဟိဟိ...
    ဘိရှော့လေး တစ်ကောင်ပါ ထပ်ပါလာရင် ပျော်စရာ ကောင်းမှာပဲ။

    ReplyDelete
  7. အမကြီးရဲ့ ပြန်ဆိုတေးပေါ့ ...း)

    ReplyDelete
  8. တီဇက်အေလည်းပါတယ်။
    http://degolar.blogspot.com/2010/06/mid-june-04-to-10.html

    စင်စင်

    ReplyDelete
  9. အိပ်ယာကြပ်တဲ့ ပြဿနာ ကျနော့်တို့မှာလည်း ရှိပါတယ်။ ဒီကြားထဲ မဒမ်ပေါကလည်း နယ်ချဲ့သေလို့ ဝင်စားသလားထင်ရတယ်။ ညဖက်ဆိုရင် ကိုယ့်ဖက်ခြမ်းကို တိုးတိုးလာတယ်။ ကျနော့်မှာ မွေ့ရာအစွန်မှာ ကုတ်ကပ် အိပ်ရတယ်။

    ကုတင် မွေ့ယာ တီထွင်သူများကလည်း လူဝတွေအတွက် ထည့်သွင်းစဉ်းစားခဲ့ပုံမပေါ်ဘူး။ ဆရာဖေမြင့်ရေးတဲ့ ဝတ္ထုထဲမှာ ရေးသလိုပဲ။ ဝတဲ့လူတွေကို Discriminate လုပ်တာနဲ့တူတယ်။ လူဝသမဂ္ဂတည်ထောင်ပြီး ကုသသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်ကို တိုင်တန်းဖို့ စိတ်ကူးမိတယ်။

    ReplyDelete
  10. စာပိုဒ်တွေကို adjust လုပ်တတ်လာပြီ။
    Bravo ဂျီးဒေါ် ... !
    :P

    ReplyDelete
  11. မဖတ်သေးသူအတွက် အသစ်ပဲ

    ReplyDelete
  12. နေပူတုန်း ဆားချက်ထားကြပေါ့ကွာ...:p

    ReplyDelete
  13. "ရန် ကုန် ပြန် ရင် အဆင် သင်. အထုပ် က လေး ဆွဲ ပြီး သံ ယောဇဉ် ကင်းစွာ ပြန် နိုင် ဘို. အတွက် စလုံး မှာ ဘာ မှ ဝယ် ဘို. စိတ် မကူးပါ ဘူး။" ကိုကြီး KMSL ကိုလေးစားလို့ 

    ReplyDelete
  14.ှKMSL ကပ်အိပ်တာ ပြောချင်တာနဲ့ပဲ ကိုပေါတို့ ပန်ပန်တို့ခမျာ အမှုတွဲဖြစ်ရပြန်တယ်။ :)

    ReplyDelete
  15. မဖတ်ရသေးပါဘူး ဖတ်လို့ကောင်းပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ်အိပ်ပျော်မှာပါ၊

    ReplyDelete
  16. အရင်ကမဖတ်ရသေးတော့အသစ်လေးပဲမမရေ
    ရေးထားတာလေးကချစ်စရာ
    ကိုပေါရဲ့ကွန့်မန့်ကိုဖတ်ပြီးလဲရီမိတယ်
    မမရဲ့ပို့စ်ကိုဖတ်ပြီးတော့လဲပြုံးရီမိတယ်

    ReplyDelete
  17. မ တကယ်ဆိုအောက်မှာခင်းအိပ်တာ ပိုပျော်ဖို့ကောင်းတာနော်...မဆံ့လည်းပြုတ်မှမကျတာ ခစ်

    ReplyDelete
  18. ဂလိုဆို King ဆိုဒ် ဆို ၃ ယောက်လောက် အိပ်လို့ရနိုင်တာပေါ့

    ReplyDelete
  19. ခုမှဖတ်ဖူးတာ အမ ဘာဖြစ်လဲ ဆားချက်လဲချက်ပေါ့နော် ကောင်းတယ်ဖတ်လို့...။ ညီမလေးတောင် အဟောင်းပြန်တင်ဖို့စိတ်ကူးနေတ အမဦးသွားပြီ

    ReplyDelete
  20. တယောက်တခန်းအိပ်ပေါ့ မမရယ်.. queen တယောက်တလုံးနဲ့

    အနော်လဲ ဒီရောက်ကာစက ဘာမှ မဝယ်ဘူး၊ ကြာကြာနေမှာမဟုတ်ပဲ ဆိုပြီးတော့၊၊ ခုတော့ တစစနဲ့ အိုးတွေ ပန်းကန်တွေ ဝယ်တယ်၊ ဧည့်သည်အတွက် စောင်အပို လေမွေ့ရာ..

    အလုပ်ပြောင်းရင် နိုင်ငံပြောင်းရမှာနဲ့ ခု စ ရှင်းနေရပြီ၊

    ReplyDelete
  21. ပြီး တော. ကိုယ်. အနား ကို လည်း ကပ် ကပ် ပြီး အိပ် သေး တယ်. မင်း က ဘယ် လိုလဲ ကွာ. ငါ.နား ကပ် ကပ် အိပ် နေ တာ ဘာ ဖြစ် လို. လဲ. ကိုယ်. ကို သိပ် ချစ် လို. လား မေး တော. သူ အောက် ကို ပြုတ် ကျ မှာ စိုး လို.ပ့ါ လို. ကိုယ်. ကို ဖြေ ရှင်းပေး ပါတယ်။

    အဲ ဝါကျ အကြိုက်ဆုံးပဲ..။:P

    ReplyDelete
  22. မကြီးရွက်က ချဉ်တယ် တမာက ခါးတယ်
    လယ်ထွန်သွားတော့ ဗွက်ပေတယ်
    ရွာတောင်ပိုင်းက ဆူညံနေတယ်
    ကမ္ဘာကြီးပူနွေးလာတယ်
    အဲဒါနဲ့ ကျွန်တော့်ချစ်သူက မင်္ဂလာဆောင်မယ်ပြောတယ်
    ကျွန်တော်စဉ်းစားတယ်...မဆောင်သေးဘူး..အလုပ်ရှုပ်လို့
    နောက်တော့ပြန်စဉ်းစားတယ်..ဒါပဲထွက်တယ်
    နောက်တော့လည်း ဆောင်လိုက်တာ ကလေး ၁၀ ယောက်တောင်ပါပဲ...

    ဂျူပီတာ

    ReplyDelete
  23. အဟောင်းလေးပေမယ့် ကောင်းနေဆဲပါ ဆိုတဲ့သဘော
    ပေါ့လေ.... တကယ်လည်း ဖတ်လို့ကောင်းပါကြောင်း
    နောက်ဆုံးစာစုလေးတွေကိုတော့အကြိုက်ဆုံးပဲ။

    ReplyDelete
  24. ဟိုတရက်ကပဲ အိပ်နေရင်း ကုတင်ပေါ်က ပြုတ်ကျလို့ ချစ်ဇနီးကလည်း သဘောတွေကျပြီးရယ်လိုက်တာ။ ကုတင်က ကျယ်ပေမဲ့ (King Size မှာတောင် California King ) ကိုယ်အိပ်နေကျ နံရံဘက်မှာမဟုတ်ပဲ အိပ်မိလို့ပြုတ်ကျသွားတယ်။ အဲဒီညက အိပ်ချင်မူးတူးနဲ့ ပျော်ခဲ့ရသေးတယ်။ Comment က အခုမှလာမှာ။ ဖတ်လို့ကောင်းတယ်။ မဖတ်ဖူးတော့ အသစ်ပေါ့။ ဒီလိုကောင်းတဲ့အဟောင်းတွေရှိသေးရင် လုပ်ပါဦး။

    ReplyDelete
  25. အစ်မပို့စ်အဟောင်းတွေ အကုန်မြေလှန်ဖတ်ပြီးသားဆိုတော့ ဒါတော့ ဖတ်ဘူးသလိုပဲလို့ ထင်နေတာ ...

    အခုရော queen လေးရှိသေးလား။ အိမ်မှာတော့ ခုလောလောဆယ် queen ဆိုဒ်ပဲ ရသေးတယ်။

    ReplyDelete