Sunday, June 6, 2010

lunch

အကြောင်းရှိလို့ အပြင်မှာသွားစားကြတယ်။ ကိစ္စရှိလို့ပါဆို. မရှိလို့ကတော့မလိုက်သေးဘူး. ခင်တာတော့ ခင်ပါတယ် ခက်တာကကိုယ်က တီလုပ်စကားက မတတ်.. အဲသလိုအချိန်မှာအများအားဖြင့်ပြောကြတာက တီလုပ်စကား. စားခ်ျန်သောက်ချိန်ဆိုတာ ကိုယ့်ဘာသာစကားဘဲပြောချင်ကြတဲ့အချိန်ကိုး. အဂ်လိပ်လိုတော့ ပြောာတာပေါ့. ဒါပေမဲ့များသောအာဖြင့်က ချန်နယ်ဖိုက်ကနေ ချန်နယ် အိပ်ကို ပြောင်းပြောင်းသွား လို့နားမလည်ဘူး.. နားမလည်လဲ လည်ချင်ယောင်ဆောင်. ပြုံးပြုံးလေးနဲ့နေ. တယ် ဇတ်ညောင်း ပါးညောင်း.တာဘဲ လူမှူရေးဆိုတာကို နားလည်ပေမဲ့မလဲ မလုပ်ချင်သူမို့ခက်တယ်။

စားပြန်တော့လဲ ဘာမှန်းမသိတဲ့ဟာ မှာတယ်. နင်ဘာစားမလဲ တဲ့ နင်တို့ဘာစားမှာလဲ ဆိုတောတ့ ထမင်းပေါ်မှာ vegetable တင်ပြီး. ဟင်းရည်ဆမ်းစားတဲ့ဟာ တဲ့ အေးလေ.စားတာပေါ့ဆိုပြီးမှာတယ် ရောက်လာတယ် ။

မုန့်“ဟင်းခါးကို သတိရတယ် အဲသလို ထမင်းပုံပေါ်မှာဟင်းသီးဟင်းရွက် အစိမ်းနံ့ရတယ် အဲဒါကို တင်. ဟင်းရည်ခပ်စိမ်းစိမ်း ဆမ်းပြီးသော်လည်းကောင်း အားလုံးသွန်ထည့်လိုက်ပြီးသောလ်လည်းကောင်း မုန့်ဟင်းခါးလိုဖြစ်သွားတဲ့အခါစားရတယ် ကောင်းသလားမေးတော့ အားနာလို့အိုကေလို့ပြောလိုက်တယ် ကျွေးတဲ့သူက စိတ်မကောင်းရှာဘူး အိုကေဆိုတော့ nice မဟုတ်ဘူးပေါ့ နားလည်ပါတယ်လို့သုံးသပ်တယ် အားနာလိုက်တာ. ကိုယ်ကလဲ good လို့ညာမပြောလိုက်မိဘူး. အဂ်လိပ်စကားများခက်ပါတယ။်

အဲဒီအချိန်မှာကိုယ့်စိတ်ထဲမှာ တစ်ကယ်သတိရနေတာကတော့ mr bean ဘဲ. ကြည့်ဘူးတယ်မဟုတ်လား. သူ့ ဆိုင်မှာသွားစားတာ မကုန်ုနိုင်တာလား မကောင်းတာဘဲလား မသိ. သူ့မှာ ဟိုဖွက် ဒီဖွက်. ကာဖီအိုးထဲ ထည့်လိုထည့်. အရိုးပန်းကန်ထဲထည့်လိုထည့် ကာဖီခွက်ထဲထည့် ပြီးရင် ပြန်အုပ်ထား သူများမမြင်အောင်လို့. ။ သူများပိုက်ဆံအိတ်ထဲထည့်လိုထည့် ဘေးက serve လုပ်တဲ့သူက မေးတော့ကောင်းတယ် လို့ မချိမဆံန့်မျက်နာကြီးနဲ့ဖြေ. သူ့ခမျာ ရှိသမျှ ဟာတွေ ကို ဖွက်ပြီးကုန်ပါတယ်လုပ်နေရတယ်. ကိုယ်သိတ်သတိရတာဘဲ mr bean ကို.

တစ်ကယ်အားနာတယ် အားလုံးက ကုန်ကြတယ် ကိုယ်တစ်ယောက်ထဲမကုန်.သိတ်လဲမစားတောဲ့ကျွေးသူက စိတ်မကောင်းရှာဘူး. အရမ်းအားနာတယ် ။ ထပ်ထပ်ပြီးအားနာနေမိလို့ကြိုးစားစားတာဘဲ လူမလစ်လို့။ လစ်လို့ကတော့အောက်ကို အသာလေးသွန်လိုက်ပြီး ကုန်သွားပြီလို့ညာပြောလိုက်မှာ တစ်ကယ် အခုတော့သိတ်ခက်တယ်.ဟင်း.

12 comments:

  1. နောက်တစ်ခေါက်တော့ အခုလောက် မခက်တော့ဘူး ထင်တာပဲ။ အလည်လာရင်း တွေး တွေးသွားသည်။

    ReplyDelete
  2. Mr Bean က သူ မကြိုက်လို့ မမကွန်ရဲ့၊
    သူ့မှာ ကုန်တယ် ဖြစ်အောင် လျှောက်ဝှက်နေတာလေ။
    နောက်ဆုံးမှာ စားပွဲထိုးက ချော်လဲတော့ သူ့ကို နောက်ထပ် တစ်ပန်းကန် အသစ်ပေးတဲ့ ဇာတ်လမ်းလေး မဟုတ်လား။
    ဒါဆိုရင်တော့ မမကွန် သွားပြီး သွန်လိုက်ရင် သူတို့က သူအရမ်းကြိုက်တယ် ထင်တယ်ဟ ဆိုပြီး နောက်တစ်ပွဲ ဆိုရင် ဘယ်လို လုပ်မလဲ. . ဟိ :P

    ReplyDelete
  3. ဘာခေါ်တာလဲ မမ.အဲ့ဒါ........

    ReplyDelete
  4. အင်း...ကြီးတော်KOMကလဲမြန်မာပီသစွာ...
    အားနာတဲ့အကျင့်ကစွဲနေသေးသကို...ဟဟ

    ReplyDelete
  5. @:) Lui Char Fan 擂茶飯 လို့ခေါ်တယ်၊ လက်ဖက်ရွက်နဲ့ လုပ်ထားတာ၊ ဟာ့ကာလူမျိုးတွေရဲ့ ရိုးရာအစားအစာပါ။ ကျနော်လည်း အရီးလိုပဲ မကြိုက်ဘူး။

    http://hi.baidu.com/henley/blog/item/3a1860898aa2ebb30e2444ad.html

    ReplyDelete
  6.ွှအရည် စိမ်း၂ကြီးထည့် မစားရင်စားလို့ကောင်းတယ် မမရဲ့....း))

    ReplyDelete
  7. ထမင်းပေါ်အရွက်စိမ်းကြော်အုပ်ပေးတာ
    ထမင်းပေါင်း မဟုတ်လား..

    နောက်တခါ စကားပြန်လိုက်ပေးမယ်..
    စားတော့ မစားခိုင်းနဲ့နော်..
    လုံးဝ ငြင်းမှာပဲ..

    Xထုံ

    ReplyDelete
  8. အဲဒီအပေါ် ငါးပိရည်လေး ဆမ်းပြီး စားလိုက်ပါလား မမကွန်ရဲ့းဝ)

    ReplyDelete
  9. ထမင်းပေါင်းလား အမကြီး။

    ReplyDelete
  10. မြန်မာစာနဲ့ တရုတ်စာ ဘာကွာတာမှတ်လို့ ။ အဲဒါတောင်ဂျေးများချင်နေတာ လန်ဒန်ရောက်လို့ ကာရစ်ဘီယံစားသောက်ဆိုင်များ ခေါ်သွားမိရင် တခါထဲကို သိမ်းမြစ်ထဲခုံချသွားမလား မသိဘူး

    ReplyDelete
  11. မခင်ဦးမေက လဲ အတတ်ရန်ကော ရောက်လာတာ ကို ဘာမှ မသိသေးယင် အယင်မြည်းကြည့် မကြိုက်ယင်
    နောက်တစ်ပွဲမှာ မင်နူးကြည့် နောက် ၂ ပွဲလောက်ထပ်မှာ အဲဂလို လုပ်ယင် သူတို့ နောက်တခါ ကိုယ့် ကို မခေါ်တော့ဘူးမှတ်။ :)
    ဘာမှ အားမနာ နဲ့ သူတို့ ကျွေးဖို့ ခေါ်လာတာပဲနော
    ရှင်းလိမ့်မပေါ့ဗျာ ။

    ReplyDelete
  12. လန့် ကို ဆပ်ပါနား နီးမှ လာဖတ် ဖြစ်တော့တယ် မမရယ်...

    ReplyDelete