Friday, July 30, 2010

blogger ရဲ့ day …today..


















စိတ်ညစ်နေတာနဲ့ ခွင့်တစ်ရက်ယူလိုက်တယ်။ ပင်ပန်းတာထက် စိတ်ညစ်တာစိတ်ညစ်တယ်။ ခွင့်ဆိုတာ စိတ်ညစ်ရင်လဲယူဘို့ဘဲ။ အမေရိကားက သူငယ်ချင်းနဲ့ဒီနေ့တွေ့မယ်။ မတွေ့တာကြာပြီ.။ မတွေ့တာကြာတဲ့ သူတွေနဲ့ခေတ်စားနေလို့လိုက်တွေ့တယ်မထင်ပါနဲ့။ တိုက်ဆိုင်သွားတာပါ။ ကျောင်းပြီးက တည်းက မတွေ့လိုက်ရတဲ့သူငယ်ချင်းကိုတွေ့ချင်ပါတယ်။ နောင်ဘယ်တော့ပြန်တွေ့ ရမှန်းမသိတဲ့သူတစ်ယောက်ကိုပေါ့။ သူကတော့တွေ့ရင်ဖက်မယ်လို့ပြောတာဘဲ။ အထင်မလွဲပါနဲ့လေ. Hug လုပ်တာဖြစ်မှာပါ။


ကျောင်းတုံးက တော့အငယ်တန်းက ကောင်မလေးတွေ ကို တွေ့ရင် ခေါ်ခေါ်ပြီးစာသင်တာဘဲ။ အဲသလို

အမေရိကားမှာဒေါ်လာဘယ်လောက်ရသလဲဆိုတာတော့မေးခဲ့ပါဦးမယ်။ အားတော့မကျချင်ပါဘူး. အခု လက်ရှိဘဝမှာပျော်ပါတယ်။ ထမင်းနစ်နပ်ဘဲစားတာဘဲဟာ. အလုပ်လုပ်ပြီးတော့ လဲကြက်ဥဘဲတစ်ပါတ်သုံးရက်စားနေရတဲ့ဟာ လောက်ပါတယ။် ဒေါ်လာတစ်သောင်းရစရာမလိုပါဘူး။

အခုလို ဘလော့ဂင်းလေးလုပ်.လိုက် .. အလုပ်ထဲသွားပြီး ဟိုလျှောက်အော် ဒီလျောက်အော်// ဒေါ်ရှောက်အော် လုပ်လိုက်..ကိုယ့်ထက် ပါဝါရိမ်းဂျားများတဲ့သူနဲ့တွေ့ရင်တော့ခပ်ကုပ်ကုပ်နဲ့စိတ်ညစ်ပြီး ခွင့်ကလေးယူလိုက်. ဟိုသွားလိုက်ဒီသွားလိုက် ငယ်ချစ်ဟောင်းကလေးနဲ့တွေ့လိုက်..ငယ်ချစ်ဟောင်းကလေး ဝတုတ်ကြီးဖြစ်နေမှာတော့စိုးရိမ်သား.။ ဒီက အသစ်ကလေးတွေ တွေ့နေတာ။ ဘဝဟာ နေပျော်တတ်ရင်ပျော်စရာကြီးပါ ရု့းံ်မသွားရမှာ ပိုပျော်သေးတယ်။အလုပ်ရှိပြီး အလုပ်မသွားရတာလဲပျော်စရာကောင်းတာဘဲ။

အချစ်ကတော့မိန့်ခွန်းအသစ်တွေ ချွေနေတယ်။ အလုပ်လုပ်မှ ထမင်းစားရတာမဟုတ်ဘူး. ပိုက်ဆံကိုလူနဲ့ရင်းပြီးရှာတာ သိတ်ပင်ပန်းတယ်။ အချိန်တွေ လဲအများကြီးပေးရတယ်။ ဒီမှာမင်းသိလား ပိုက်ဆံကို ပိုက်ဆံနဲ့ရှာရတယ်လို့ သြဝါဒအသစ်တွေ ပေးနေတယ်။ အမှန်ကတော့သူ နပ်ချင်လို့ ကိုယ့်ကို အကြောင်းပြနေတာပါ. ဒါမျိုးတွေ ရိုးနေပြီကော.















မနေ့က တိမ်တွေ လှတယ်ဆိုလို့ တိမ်တွေ ကိုမော့ကြည့်မိတယ်။ လှပါတယ် ။။ သို့သော်ငြားလဲ သိတ်လှပါတယ်လို့ပြောလို့တော့မရဘူး. တိုက်တွေ အဆောက်အဦးတွေ ကွယ်နေတာလဲဖြစ်နိုင်တယ်။ ရန်ကုန်ပြန်ဖြစ်ရင်တော့ နယ်ဘက်ထွက်ပြီး တိမ်တွေ ကို ကြည့်ဦးမယ်။ အခုတစ်လော တိမ်တွေ က ပုဇွန်ဆီရောင်တွေ သန်းနေတယ်။
















ဝက်သားအပြားဝယ်ဖြစ်သေးတယ်. ညကတော့ ညစာကိုမစားလိုက်ရဘူး ပင်ပန်းလို့အိပ်ပျော်သွားတယ် ဝက်သားနဲ့ကြံမဆိုင် soup လေးကျပ်ဘိုးဝယ်ထားတာလဲ ဆုံးသွားတာပေါ့ အခု စားတော့မှာ မဟုတ်ဘူး. ။ ကြိုက်တဲ့အထဲမှာ ဝက်သားပြား အဲဒါလဲပါတယ်ပေါင်မုန့်နဲ့ညှပ်စားလိုက်။ ထမင်းနဲ့စားလိုက်.အဲသလိုစားတယ်။ ခဏခဏတော့မစားဘူး။










လမုန့်လား ဘာမုန့်လား အဲဒါ ကိုကို့အတွက်ဝယ်သွားမလို့ မေးကြည့်တော့မြန်မာငွေ ခြောက်ထောင်နီးပါး တဲ့ လန့်သွားတယ်။ နားကြားများလွဲနေလေရော့သလား။












အဲဒီတစ်ခုထဲကို အဲသလောက်ပေးရမှာလားဆိုတော့ဟုတ်တယ်တဲ့ အားလုံးယူရင်တော့ လျော့ပေမယ်ဆိုတာဘဲ ဘုရားဘုရား အဲဒါနဲ့ အချစ်ကို အဲဒီမုန့်နဲ့ မလဲတော့ဘူး. သူသိတာမှ မဟုတ်ဘဲ. လေ ...လေ........မဝယ်သွားလဲဘာမှ မဖြစ်ပါဘူးလေ...လေ..ဆိုပြီး. ချစ်တာကတော့ချစ်တာပါဘဲ ဝယ်တော့မဝယ်ရက်ပါဘူး. ။

















ယူကျူက သီချင်းတွေ.နားထောင်ပြီးစိတ်တွေ ဟိုရောက်ဒီရောက်ဖြစ်နေတာ ခဏရပ်ပြီး ရေသွားချိုးလိုက်ဦမယ။် ဖုံးဆက်ကြည့်ဦးမှ.. အချစ်ဟောင်းဆီ..


ပြန်ရောက်ရင်သတင်းပို့မယ်။

နောက်ဆက်တွဲ..
အချစ်ဟောင်းဝတုတ်ကြီးဆိုရင်တော့ချစ်တော့ဘူး။


25 comments:

  1. အမယ် ဘသူမှ လာမရေးကြသေးပါလား
    ကောင်းတယ်

    ReplyDelete
  2. ပိုက်ဆံကို လူနဲ့ရင်းပြီးရှာတာ သိတ်ပင်ပန်းတယ်... အချိန်တွေလဲ အများကြီးပေးရတယ်။ ပိုက်ဆံကို ပိုက်ဆံနဲ့ ရှာလို့ရတယ်ဆိုတာ...

    အမှန်ကတော့ ဖြစ်သင့်ပါတယ်...
    အခုလောက်ထဲက စပြီး စဉ်းစားဖို့ ကောင်းတယ်...

    တိမ်တွေကတော့ အခုတလော သစ္စာဖေါက်နေကြတယ် မမရေ... အရင်ကလို လှလှပပ မရှိကြပြန်ဘူး...း))

    ReplyDelete
  3. ညနေကျရင် အချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ တစ်ပုဒ်လောက်တော့ လုပ်ပါ

    ReplyDelete
  4. ပြန်ရောက်ရင် အကြောင်းကြားနော်..
    ငယ်ချစ်ဟောင်းက ဝလာရင် ဝက်သားပြားလို လုပ်စားလိုက်ပေါ့။ ဒါများ. . . .
    အင်း. . .အနော်လည်း ခွင့်ယူဦးမှပါပဲ...
    source; KOM

    ReplyDelete
  5. နည်းနာနိဿရတွေပေါ့... ကိုယ့်ထက်ပါဝါရိန်းဂျားနဲ့တွေ့ရင် ခပ်ကုတ်ကုတ်လေး ခွင့်ယူတယ်ဆိုပါလား... :D... ရောင့်ရဲတတ်တာတော့ ချိးကျူးစရာပဲ..

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  6. အချစ်ဟောင်းက ဓါတ်ပုံလေးဘာလေးများ အရင်ပို့မထားဘူးလား
    ဒါဆိုရင်တော့ သေချာပါတယ် အဲလက်စ်သီချင်းလေးသာ ဆိုနေလိုက်ပေတော့..

    မမ ပြန်လာရင်တော့ စန္ဒရားလှထွဋ်ရဲ့ သီချင်းအကြောင်းလေးရေးပါ

    ReplyDelete
  7. ဟုတ်တယ်အစ်မ ... လမုန့် ... ပေါ်မှစားရတာ ... အရမ်းဈေးကြီးတော့ ၀ယ်မစားနိုင်ဘူး။ တူတူပဲ။ များတို့တော့ ရုံးက supplier တွေပေးမှ အ၀တုတ်တာ ...

    ချစ်တာကတော့ချစ်တာပါဘဲ ဝယ်တော့မဝယ်ရက်ပါဘူး.

    အဲလိုအဖြစ်မျိုးတွေလဲ ရှိခဲ့ဘူးပါ၏။

    ReplyDelete
  8. ပိုက်ဆံကို ပိုက်ဆံနဲ့ရှာချင်ပါတယ်..။
    ပိုက်ဆံမရှိသေးလို့ခက်နေပါတယ်..။


    Xထုံ

    ReplyDelete
  9. အစ်မ
    စိတ်ညစ်တာတွေပျောက်ပြီး အစစ အဆင်ပြေပါစေရှင်..

    ReplyDelete
  10. (၁)“မတွေ့တာကြာတဲ့ သူတွေနဲ့ခေတ်စားနေလို့လိုက်တွေ့တယ်မထင်ပါနဲ့။”
    စောင်းရေးထားတာလား မသိ :P
    (၂)ကျွန်တော်လည်း ပိုက်ဆံကို ပိုက်ဆံနဲ့ ရင်းပြီး ရှာချင်တယ်ဗျ ။
    (၃) အချစ်ဟောင်း ဝတုတ်ကြီး အကြောင်း ဆက်ဖတ်ချင်ပါသေးတယ် ။

    ReplyDelete
  11. i fond of reading this post very much. love to read it and like it.

    kmm (on the run)

    ReplyDelete
  12. မမ ဇွန့်ဆီကိုတောင် လာမလည်တာ ကြာပြီနော်။

    ReplyDelete
  13. ပျော်စရာကြီးနော်... မိတ်ဆွေဟောင်းတွေနဲ့တွေ့ရင် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောရတာ သိပ်ကြည်နူးဘို့ကောင်းတယ်

    ReplyDelete
  14. မိတ်ဆွေဟောင်းတွေနဲ့ တွေ့ရစကားပြောရတာလောက်
    ပျော်ဖို့ကောင်းတာမရှိဘူး...။ပျော်စရာကြီးဗျာ..။
    စိတ်ညစ်နေရင်ခွင့်ယူရတယ်လား..။ကျွန်တော်လည်း ခွင့်ယူ
    ဦးမှ...။

    ReplyDelete
  15. မမကွန် ရယ်

    ဒီမှာ ပိုက်ဆံကို သုံးရင်တော့ မြန်မာငွေ ကျပ်နှင့် မမြှောက်ပါနဲ.ဗျာ

    စိတ်ထဲရှိတာတွေပြောရရင်တော့ .....

    မမကွန် ရဲ့ အရေးတွေကိုတော့ ကြိက်တယ်ဗျို.

    မမကွန် ရဲ့ ဟန်ဆောင်မူ မရှိပဲ ရိုးရိုးရှင်းရှင်းရှင်းနဲ. ရိုးသားတဲ့အတွေးတွေကို စာတွေဖတ်ရင်း သိလိုက်ရတယ်

    မမကွန် ဆီ စာလာဖတ်ရတာ ဒေါသကင်းတယ် ပျော်ဖို.ကောင်းတယ်

    ကျွန်တော် မြှောက်ပင့်ပြီး မပြောတတ်ပါဘူး

    မှန်တာတွေပဲပြောတတ်ပါတယ်

    ကျွန်တော်တော့ စိတ်ညစ်နေရင် မမကွန် ရဲ့ ပို.စ်တွေကို လာဖတ်တယ်

    မမကွန်ကြီး ကျန်းမာရွှင်လန်းပါစေ

    ReplyDelete
  16. မြန်မာနိုင်ငံမှာ မကြာခင်က ထုတ်လွှင့်ပြသခဲ့တဲ့ အရုဏ်ဦးမှာ ဖူးသည့်ကြာ ဆိုတဲ့ မြန်မာစစ်အစိုးရရဲ့ ၀ါဒဖြန့်ချိရေး ရုပ်ရှင်ဇာတ်လမ်းနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကြား ဝေဖန်သံတွေ ထွက်ပေါ်နေတဲ့ တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ တ၀ိုက်မှာ နေထိုင်ကြတဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကလည်း ဒီရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့သူ အားလုံးကို အမေရိကန်အစိုးရ အနေနဲ့ ပြည်ဝင်ခွင့်ဗီဇာတွေ ပိတ်ပင်ဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

    မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု၊ တိုင်းရင်းသား လူမျိုးစုတွေ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေနဲ့ မြန်မာ့သမိုင်း ဖြစ်ရပ်မှန်တွေကို ဖုံးကွယ်ပြီး မှားယွင်းစွာ ဖော်ပြခဲ့တဲ့အတွက် ၀ါရှင်တန်ဒီစီ တ၀ိုက်မှာ နေထိုင်ကြတဲ့ မြန်မာ့ဒီမိုကရေစီရေး အင်အားစုတွေက ဒီဇာတ်ကားမှာ ပါဝင်တဲ့သူတွေကို အမေရိကန်နိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ဖို့အတွက် တောင်းဆိုလိုက်တာပါ။ ရန်ကုန်မြို့ အမေရိကန်သံရုံးမှာရှိတဲ့ သံရုံး ယာယီတာဝန်ခံ မစ္စတာ လယ်ရီ ဒင်းဂါးကို စာရေးသားပေးပို့ပြီး တောင်းဆိုလိုက်တာပါ။ အခုလို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ဖို့ တောင်းဆိုရတာနဲ့ ပတ်သက်လို့ ဒီကိစ္စမှာ ကမကထလုပ် ဆောင်ရွက်သူတွေထဲက တဦးဖြစ်တဲ့ ကိုညီညီအောင်က အခုလို ပြောပါတယ်။

    ReplyDelete
  17. Love to read ur post.Just share us,KOM.

    ReplyDelete
  18. KOM ဆိုတာ အစက ဘယ်သူမှန်း
    မသိဘူး...ခုမှ သိတော့တယ်..
    အချစ်ဟောင်းကြီးပဲ..:D:D:D
    ကွန်ရဲ့ ပို့စ်တွေထဲမှာ ဒီနေ့ကို အနှစ်ခြိုက်ဆုံးပဲ...လူ့သဘော လူ့သဘာဝလေးတွေ (အထူးသဖြင့်)
    မိန်းခလေးတစ်ယောက်ရဲ့ ရင်ထဲထိ
    ချောင်းကြည့်ခွင့်ရလိုက်သလို ခံစားမိလို့ပါ

    ReplyDelete
  19. အခြစ်ဟောင်းဆိုတော့ အမာရွတ်နဲ့ ပေါ့နော်

    ReplyDelete
  20. အချစ်ဟောင်းအကြောင်းကိုတော့ စိတ်ဝင်စားတယ်မကွန်..။
    ညီမအချစ်ဟောင်းလဲ ခုလောက်ဆို ၀တုတ်ကြီးဖြစ်လောက်ရောပေါ့...အဟီးးး

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  21. အချစ်ဟောင်းက မပိန်မဝဆိုရင်ရော...

    ReplyDelete
  22. တိမ်တွေပျံလာတာကို မော့ကြည့်လို့ သီချင်းဆိုရင် ကောင်းမယ်..... လာ လာ လာ လာ လာ။

    ဓါတ်ပုံတွေက သိပ်မ၀ါးတော့ပါလား။ လက်ရည်ကျသွးပြီထင်တယ်။းဝ)

    ReplyDelete
  23. ဒါနဲ့နေပါဦး ၊ ဆံပင်မရှိတော့ဘူးဆိုရင်ရော ခွင့်လွှတ်သလား ..

    ReplyDelete
  24. mama KOM = Daw Shout Aww :D ...I love this post ...Loook forward to new post about the old falme ;) ( pyaw pya naw ) ..

    ReplyDelete
  25. Looking forward to read a post regarding old flame, Ma Ma KOM. Wish he is in good health too.

    ReplyDelete