Monday, July 19, 2010

predators














ရုပ်ရှင် review လုပ်တာ ကောင်းတယ်ဆိုပြီးဝိုင်းပင့်ကြတာနဲ့ ရုံရှေ့ရောက်သွားပြန်တယ်။ ရုပ်ရှင်ရုံနဲ့ easily accessible ဖြစ်တာမကောင်းသလို ဗိုင်းကောင်းကျောက်ဖိနေရာက လစ်ရင်လစ်သလို လစ်တတ်လို့လဲဖြစ်တယ်။ သိုင်းဝတ္ထုထဲက သွေးသောက်ဒါးလိုဘဲ အဲဒီဓါးက သွေးသောက်ပြီးမှ ဒါးအိမ်ထဲပြန်ဝင်သလို ကိုယ်အိမ်ကနေထွက်သွာြးီပီဆိုရင်လဲ မိုးစုပ်စုပ်ချုပ် အိပ်ချင်တော့မှ. ဒါမှ မဟုတ် ညဆယ်နာရီ ဆိုင်တွေ ပိတ်ပါပြီဆိုပြီး ဂျုံးဂျုံးဆိုတော့မှ ဘဲ အိမ်ပြန်ဘို့ပြင်သေးတယ် ဒါတောင် လမ်းဘေးက မပိတ်သေးတဲ့ဆိုင်ဝင်တာတို့ ဒူးရင်းသီးကို ဈေးပေါင်ကျိုးသုံးဘူးတစ်ဆယ်ကနေ ငါးဘူးတစ်ဆယ်ဖြစ်တာတွေ သွားဝယ်သေးတယ်။

ဘတ်စကားက ညတစ်နာရီငါးမီနစ်မှ last bus ကိုလည်းစီးဘူးတာ မကြာခဏဘဲ။ အဲဒါမှ လွတ်ရင်တော့အခက်ဘဲ တက္ကစီစီးရတော့မယ်လို့ တွေးမိတာလဲခဏခဏဘဲ။

လစ်တုံးကမန်းကတန်းသွားတော့ အချိန်က ကိုးလို့ကန့်လန့်ဖြစ်နေတယ။် ၁၁ ၄၅ ကားက ပြသွားပြီ. ၁၂ နာရီကားက ပြတော့မယ် လက်မှတ်ဝယ်နေတဲ့သူတွေ ကလည်းအများကြီး။ နောက်တစ်ပွဲက ၁၂ ၃၀..အဲဒါကိုတော့လဲစောင့်မကြည့်လိုဘူး. Killing the time ဘဲဆိုတော့ရယ်။ trailer လဲအရှေ့မှာရှိနိုင်သေးတယ်လေဆိုပြီး ၁၂ ကားကိုဘဲဆုံးဖြတ်လိုက်တယ။် အဲဒီကားကို တစ်နေ့ထဲ ၁၂ ပွဲပြပါတယ်။

အိမ်မက်တွေ ကားက နေ့လည် မှ ပြမှာ.. ကောင်မလေးရည်းစားနစ်ယောက်ထားတဲ့ကားက ကြည့်လို့ရပေမဲ့ကောင်မလေးချောချောကားတွေ ဆိုရင် မကြည့်တာကြာပြီ. ကိုယ်က မင်းသမီးနေရာမှ နေလို့မရတော့မနာလိုဖြစ်တာပါမယ်။

ဟုတ်မဟုတ်တော့မသိဘူး အသက်ကြီးတဲ့အမျိုးသမီးက အသက်ငယ်တဲ့ အမျိုးသမီးချောချောလှလှ..ထက်ထက်မြက်မြက်တွေ ဆို မနာလိုဖြစ် တတ်တယ်လု့ ကြားဘူးတယ်။ ကိုယ်လဲဖြစ်တတ်ပါတယ။် သူတို့ချောတာလောက်များတော့ ကိုယ်တို့ငယ်ငယ်ကတော့အသာလေးဘဲလို့ဒါပေမဲ့ ကိုယ်တွေ က နောက်တန်းရောက်သွားတာတော့ နောက်တန်းရောက်သွားတာဘဲ။ အဲဒါကြောင့်အဲဒီကောင်မလေးကားလဲပယ်လိုက်တယ။် အချစ်ကို မခံစားတတ်………..တော့တာလဲပါတယ် ခံစားချင်လို့လဲမရတော့ဘူးလေ. အသက်က ဘလိုက်ချိုင့်ရောက်နေပြီဘဲ ။ wasting my time

လက်မှတ်ဝယ်တဲ့သူတွေအတော်များတာရယ် ကြောင့်နဲနဲနောက်ကျသွားတယ်။ တောကြီးမျက်မည်းထဲကို မင်းသားတွေရောက်နေကြပြီ. မည်သို့မည်ပုံရောက်သွားသလဲဆိုတာ လွတ်သွားတယ်။ တစ်ယောက်ပြီးတစ်ယောက်လူစုမိပြီးအဲဒီလူအုပ် လိုက် လမ်းလျောက်သွားကြတယ် ဘယ်ကိုဦးတည်လျောက်မှန်းလဲမသိ..သေနတ်တွေချိန်လိုက် လမ်းတွေ လျောက်လိုက်.. အခက်အခဲတွေတွေ့လိုက် ထောင်ချောက်တွေ ထဲရောက်လိုက် ကယ်တဲ့သူကိုကယ်လိုက်ရ..ဒဏ်ရာရတဲ့သူလဲဒဏ်ရာရ.

.နောက်ဆုံး စက်ရု့ပ်လိုလူမျိုးကြိးနဲ့တွေ့ တယ်။ သူနဲ့တိုက်ခိုက်ရတယ် .ပွှဲက ဘယ်လိုမှ မမျဘူး. ဟိုကစက်ရုံပ်လိုမျိုး။ ဘယ်လိုလုပ်နိုင်မှာလဲ တစ်ဘက်သတ်ကြီး.ဒီဘက်က တဖုတ်ဖုတ် တစ်ယောက်ပြီးတစ်ယောက် ကျတယ်။ ရူခင်းတွေ ကတော့ကောင်းပါတယ်။ ဒါပေမဲ့ကြာလာတော့ညည်းငွေ့လာတယ်။

မပြီးနိုင်တဲ့လမ်းကိုလျောကစက်ရုပ်ကြီးနဲ့ဖိုက်.။ ထမင်းလဲမစား.ရေလဲမသောက်.
ပသာဒလဲမရှိ.တောထဲမှာဘဲ ဟိုဘက်လျောက်လိုက်ီဒီဘက်လျောက်လိုက်.အလန့်တကြား တိုက်ခိုက်မှုတွေ လုပ်လုကိ.ဒါနဲ့ဘဲ ဇတ်သိမ်းခါနီးကြမှ နောက်ဆုံးမင်းသားနိုင်သွားတယ်။ မင်းသားမင်းသမီးနစ်ယောက်ဘဲကျန်တယ်။ အားလုံးပြီးမှ ကယ်မယ်လို့ထင်ရတဲ့ လူတွေ လေထီးနဲ့ဆင်းလာကြတယ်။ ဒါ………..ဘဲ..ကြည့်ဦးမယ်ဆိုရင်တော့ကိုယ့်ဘာသာကို သွားကြည့်..ကြိုက်မကြို့က် တာဝန်မယူ။

18 comments:

  1. 11111111111111111111111111111

    ReplyDelete
  2. ကြည့်ပြီးပြီ။ အစမရှိ အဆုံးမရှိတဲ့ ကားဆိုတာ ဒါမျိုးကို ပြောတာ ...

    ReplyDelete
  3. Anyway, Ma Ma KOM, this is an honest review and does reflects your sense of humor.

    ReplyDelete
  4. အသက်က ဗထက်ချိုင့် ဟုတ်ပါဘူးဗျာ...
    ခရမ်းချဉ်သီး ဆင်နင်းပါ ဟိဟိ
    ( ငါ့ မမကွန်ကိုများ ဟွန်း )

    မမကွန် ပြောတာနဲ့ ပျင်းလိုက်တာဗျာ ဒီကားကြည့်ရမှာ။

    ဒါနဲ့ ဘာမှ guilty ဖြစ်မနေနဲ့။ ဘလော့ရေးတယ် ဆိုတာ ကိုယ့်ဖာသာ ရေးချင်တာ ရေးတာပဲ။ ကိုယ့်ဖာသာ စိတ်အပန်းပြေရေးတဲ့ အထဲမှာ မမကွန် ရေးတာကို ကျနော် အနှစ်သက်ဆုံးပဲ။ မကြာမှီ ပို့စ်တင်ပြီး အကယ်ဒမီကို ပေးပစ်ဦးမှာ. .

    ReplyDelete
  5. အိမ်မှာကြာကြာ မနေချင်တာတော့ တူတယ် ။ ကိုယ့်အိမ်ကိုယ်ယာ စစ်စစ် ဟုတ်တယ်လို့ သဘောမထားနိုင်လို့လဲ ဖြစ်နိုင်တယ်။ ဘယ်တော့မှ သဘောထားနိုင်မလဲတော့ မပြောတတ်ဘူး ။ နောက်တခုက အိမ်ထဲနေမိပြီဆိုရင် အပြင်မထွက်ချင်တော့သလို အပြင်ထွက်မိပြီဆိုရင်လည်း အိမ်ကိုပြန်မဝင်ချင်တော့ပြန်ဘူး။ ဒီစာသားကို ဒီမှာ ဘယ်နှစ်ခါမှန်းတောင် မသိ၊ ရေးမိဖူးတယ် ထင်တယ် ။ နောက်တစ်မျိုး အိမ်ထဲမှာ တနေကုန်တနေခမ်း ပေတေပြီး နေပြီးရင်လည်း အပြင်ထွက်သွားပစ်လိုက်ချင်သလို အပြင်မှာ မောမောပန်းပန်း လှုပ်ရှားပြီးသွားရင်လည်း အိမ်ကိုပြန်ချင်တာ တားမရပြန်ဘူး ။ စိတ်..စိတ်ပါကွယ် ဆိုတဲ့သီချင်းလိုပဲ။ စိတ်အလိုလိုက် စိတ်စေရာတိုင်း ဆောင်နေရတာပါပဲ ။ တနင်္လာ တွေက စိတ်ခံစားမှုဦးစားပေးတတ်တာလား၊ ဓနုဖွားတွေကိုက စိတ်အလိုလိုက်တာများလွန်းတာလား ၊ မဆီမဆိုင် ရာသီခွင်တွေပါ ဆွဲထည့်တွေးမိပါတယ်၊ ကလောင်နာမည်အရ တနလာင်္နာမ်ဆိုတော့ တကယ်ကရော တနလာင်္ဖွားလားလို့ တားမရစီးမရ သိချင်ပြန်ပါတယ် ဟိုအမကြီးရေ ။
    လစ်တိုင်း ရုပ်ရှင်သွားကြည့်နိုင်တာ တွေ့ရတော့ ကောင်းလေစွလို့ ချီးစ်ယားစ် မိပါတယ် ၊ ရုပ်ရှင်ရုံကိုလောလောဆယ် မသွားကြည့်ပါဘူး၊ သွားကြည့်လို့ကုန်မယ့် အဖိုးခကိုစုလို့ အွန်လိုင်းလို့ခေါ်တဲ့ အရာမှာ အကောင့်ဝယ်ပြိး ကြည်တောက်ရှင်း ဇာတ်လမ်းတွေ ထွက်ရင် ကြည့်ဖြစ်နေပါတော့တယ် ။ ကြည့်မယ်ဆိုရင်လည်း rating တွေ၊ ရီဗျူးတွေ၊ ရုံဝင်ခရမရတွေကို စီစစ်ပြီး ကြည့်ဖြစ်ပါကြောင်း ပြောကြားလိုက်ပါတယ်..

    ReplyDelete
  6. ရုံမှာတော့ သွားမကြည့်တော့ပါဘူး။ အင်တာနက်မှာ ဖရီးရရင်တော့ ကြည့်လိုက်ဦးမယ်။းဝ)

    ReplyDelete
  7. တ၀က်တပျက် ၀င်ကြည့်တဲ့ ကား၊ တောကြီးမျက်မည်းထဲ ဟိုပစ် ဒီပစ်ကား review မလုပ်ရန် အမည်မဖော်လိုတဲ့ ပရိသတ်တဦး သတိပေးလိုက်သည်။

    ReplyDelete
  8. မမကွန်ပြောမှ ကြည့်ချင်စိတ်ပျောက်သွားတယ်...
    တော်သေးတယ် မနေ့ညက မစ္စတာပီက Midnight ကားသွားကြည့်ဖို့ခေါ်နေသေး...ပူးတေက ဗူးဆို ဘုံလုံမသီး ဖရုံမသီး မို့လို့... သွားမကြည့်ဖြစ်တာ တွတ်ပီကံကောင်းသွားတယ်...

း)

    ReplyDelete
  9. အလည်ရောက်တယ်။ ရုပ်ရှင်ပြနေတာလားး))
    ပို့ပေးရင်ကြည့်မယ်နော် !

    ReplyDelete
  10. နောက်ဆုံးအခန်းက သူတို့ကိုကယ်မယ့်သူတွေ ဟုတ်ဝူးထင်တယ်.. သူတို့လိုမျိုး နောက်တစ်ဖွဲ့ ပြန်ကျ လာတာ... ဘယ်သူတွေလာချသွားတယ်၊ ဘာအကြံစဉ်လဲဆိုတာ နောက်တစ်ကားထပ်ထွက်ဖို့ ကြံစဉ်ထားတယ်ထင်တာဘဲ...

    ReplyDelete
  11. ဟောလီးဝုဒ်ကားတွေနဲ့ ကင်းကွာနေတာကြာပေါ့..း(((


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  12. မမကွန် ရယ် စိတ်ဓါတ်မကျပါနဲ.

    ဘ၀ဆိုတာ အသက် (၄၀) ကျော်မှ စတာပါ

    ရုပ်ရှင်ရုံက ၀န်ထမ်းတွေကတော့ ဒီနှစ် bonus ပိုရလိမ့်မယ်ထင်တယ်

    မမကွန် တို.လို. မကြာခဏ ရုပ်ရှင်ကြည့်သူတွေကြောင့်ပေါ့

    မမကွန်ကြီး တစ်ယောက်ကျန်းမာရွှင်လန်းပါစေ

    ReplyDelete
  13. predators ဆိုတာ အသားစားတဲ့အကောင်မဟုတ်လား အမ..။အရင်ကတော့ Alain Vs Predator အဲဒီကားမျိုးတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်...။ အမပြောတဲ့ ကားမှာတော့ စက်ရုပ်ကြီး ပြီးတော့ အမအပြောအရဆိုရင်တော့ ပျင်းစရာကားကြီးနော်..။

    ခင်မစွာဖြင့်
    မိုးငွေ့

    ReplyDelete
  14. မိုးငွေ့ပြောသလိုပဲ Alan vs predators တော့ ကြည့်ဖူး
    တယ်..။ဒီ predators က စက်ရုပ်ကြီးဆိုတော့၊အတော်
    ပျင်းဖို့ကောင်းမှာပဲ..။ဒါနဲ့ မင်းသား ကဘယ်သူလဲဟင်..။
    မင်းသမီးရော...မပါဘူးလား အစ်မရဲ့။မင်းသမီး မပါရင်
    ပိုလို့တောင် ပျင်းစရာ ကောင်းမှာ...း)။

    ReplyDelete
  15. ဒါဆိုသွားမကြည့်တော့ဘူး။

    ReplyDelete
  16. ကျမအမျိုးသားသွားကြည့်တာ လိုက်မလားလို့ ခေါ်သေးတယ် ... အဲလို စက်ရုပ်တို့ ဘာတို့ ပါတာ မျိုး မကြိုက်လို့ လိုက်မကြည့်ဖြစ်ဘူး ..တော်သေးတယ် ပြန်လာတော့ မကြိုက်ဖူးတဲ့လေ.. ငွေကုန်သက်သာသွားလို့ .. နောက်တပတ် ဂျိုးလီကား လာတော့မှ သွားကြည့်တော့မယ် ...

    mie nge

    ReplyDelete
  17. ပြားကိုးဆယ်မကြီး နင့်မှာ ဦးနှောက်ကောရှိသေးရဲ့လား
    အာဇာနည်နေ့မှာ ရုပ်ရှင်အကြောင်းပဲရေးစရာရှိလား

    ReplyDelete