Friday, August 6, 2010
ဂန္တဝင်အိုး.
ဝက်သားစင်းကော နစ်ကျပ်ခွဲဘိုး အန်တီယုဆီကဝယ်လာပြီး. အလုံးကြော်.ပြီးတာ့ ဆယ်.. ဖယ်ထား. …………ကြက်သွန်နီဖြူရောကြော်ဆီသတ်. ခရမ်းချဥင်္သီးထည့်. ပြီးတော့ဝက်သားလုံးကြော်ထည့်။ အဖုံးအုပ်စရာမရှိလို့တွေ့တာနဲ့ကောက်အုပ်။ အဲဒါဘဲ.။။ အိုးကို မပြီးဖွင့်ကြည့်လိုက်တယ် ဆိုပြီးမြင်ယောင်ကြည့်လိုက်။ သုံးရက်စားတယ်။
54 comments:
  1. အရမ်းသဘောကျပြီး အသံထွက်အောင်ရယ်လိုက်မိတယ်.း)
    တကယ်ပါဘဲ အစ်မရယ်..
    ReplyDelete
  2. ဒီမှာလည်း တခါချက်ရင် အနည်းဆုံးနှစ်ရက်တော့စားရတာပဲ:)
    ReplyDelete
  3. 'Dအိုကြီးက ချစ်စရာလား...ချက်စရာဟင်းးးးးးး
    bbq
    ReplyDelete
  4. မမ ခင်ဦးမေ က ဆရာဝန်လား၊
    အမကို မြင်ဖူးချင်လိုက်တာ၊
    တော်တော်ချောမယ်ထင်တယ် :)
    ဂန္တ၀င်ဝက်သားလုံးဟင်း စားချင်လိုက်တာ၊
    ပျော်ရွှင်ချမ်းမြေ့ပါစေ
    ReplyDelete
  5. လာစားမယ်လေ၊ တစ်ရက်ထဲနဲ့ ကုန်သွားအောင်။
    ReplyDelete
  6. ဟားဟားဟား. . . .
    ကပ်စီးနဲ မမကြီး. . .
    ကျနော်ဆို တစ်ပတ်ပြည့်အောင် ရှူစားတယ်။
    ReplyDelete
  7. ~ကျမဓာတ်ပုံကို ပြရန်မလို ~ထမင်းအိုးဖင်ကို ကြည့်တော်မူပါ အစ်ကို~
    ReplyDelete
  8. လှေကြီးပေါ်တွင် လှေငယ်တင်။ ပဲ့တင်ကလှုပ် လှိုင်းကပုတ်တော့ ကျွန်ုပ် ဘယ်လိုလုပ်ရမယ်။
    အိုးကြီးပေါ်တွင် အိုးငယ်တင်။ အိုးဖင်ကမဲ မီးကစွဲတော့ မမကွန် ဘယ်လို ကဲရမယ်။းဝ)
    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)
    ReplyDelete
  9. မခင်ဦးမေက ဂန္ထ၀င်အိုးနဲ့ ခရမ်းချဉ်သီးကို ပါဠိလိုထည့်ပြီးချက်တာနော် ... အဆန်းပဲ။ :)
    ကျမကတော့ ဟင်းတခါချက်ပြီးရင် တပတ် နှစ်ပတ် မကုန်မချင်းစားတာပဲ။
    ReplyDelete
  10. အော် အန်တီယုဆီက ဆိုလို့ ပင်နင်ဆူလာမှာ အန်တီယု ဆိုတာများ ရှိသလားလို့ အတွေးခေါင်သွားသေးတယ်။ ဟားဟား။
    ReplyDelete
  11. အံချက်တော်......
    ReplyDelete
  12. ZT ပြောမှ ပေါက်တယ်
    Uထုံ
    ReplyDelete
  13. မမကွန်က ဆင်းရဲတဲ့ အကြောင်းကို ကြွားရတာလဲ အမော။ အငယ်က ယောက်ကျားယူမှားခဲ့တာကိုတော့ ပြင်မယ်စိတ်မကူးဘူး
    ReplyDelete
  14. မမကွန်ကြီး
    ပင်နယ်ဆူလားမှာ ထမင်းဆိုင်ဖွင့်ရင်ပြော ၊ အဲဒီ့ဆိုင်ကိုရှောင်မှ ၊ ဟင်းကို ၃ ရက်လောက် ပြန်နွှေးပြီးရောင်းနေမှာကိုတော့ မြင်ယောင်မိပါရဲ့
    ခင်မင်စွာဖြင့်
    ကကစ
    ReplyDelete
  15. ကိုယ်လဲ အန်တီယု ဆိုတာပဲ စဉ်းစားနေတာ...
    ZT ပြောမှပဲ NTUC ဆိုတာ သိသွားတယ်...
    မမတယောက်ကတော့ မနိုင်ဘူးပဲ...
    ReplyDelete
  16. ဒယ်အိုး နဲ့ အဖုံးက ကဗျာဆန်လိုက်တာ :D
    ReplyDelete
  17. ဟားဟားးးးးး
    မမန့်ပဲနဲ့ ပြန်မလို့ မနေနိုင်ဘူး ဖြစ်သွားတယ်...
    ဂန္တဝင်အိုးဆိုလို့ မော်ဒယ်လ် ဂန္တဝင်ရဲ့အိုးလားလို့ မမကွန်ရဲ့ အိုးကိုးးးး ဝက်သားဟင်းအိုးကို ပြောပါတယ်...
    မမကွန်က တခါတခါကျရင် ရုပ်ရှင်လောကက လူတွေ အကြောင်းက ရေးသေးတာ ဆိုတော့ ခုလဲ ဒီလိုပဲရေးတယ်ထင်တာပေါ့ .... :)
    ReplyDelete
  18. How can yr husband stay with u? No wonder everytime he go back Myanmar. u r old, dont know how to cook, cannot get baby. U r totally useless woman.Now u have time to change for ur character. If u r 15 yrs old and cook like that is no problem.If not wrong ur age is 43 yrs old ready. Pls dont post this kind of stupid thing. U r not shy we r very shy for u. "thamee a ywe ka lay twe ko kaung tar bae teach par" .
    ReplyDelete
  19. အဲ့လောက် ညစ်ပတ်မယ် မထင်ရဘူး အဟုတ် ။
    ReplyDelete
  20. မခဥမ.....ရေးတဲ.စတိုင်လေးကတော.မိုက်တယ်ဗျာ
    အပြမတော်ရင်တစ်မျိုးမြင်တတ်တယ်နော်
    လူတကာတွေမလှလှအောင်ပြင်ဆင်ပြနေတာကိုသူ.ကျမှ
    ....မြင်ရတာကဗျာမဆန်စာမဆန်
    :P
    ReplyDelete
  21. ဒါမျိုးတွေကြောင့်ကိုချစ်တာ .. ဟန်ဆောင်မှုမရှိတဲ့မမ ..အာဘွား
    ReplyDelete
  22. ဂန္တဝင် ကို စာလုံးပေါင်းမှန်တယ်တော့.. အံ့ရော အံ့ရော
    ဒါမရိုးဘူး ဘယ်က ကူးလာသလဲ ဖြေဘာာ
    ReplyDelete
  23. ချားချင်တယ်..ကျွေးပါ...း))
    ခင်မင်တဲ့
    နေ၀သန်
    ReplyDelete
  24. နေကောင်းလား အမကြီးရေ။
    ReplyDelete
  25. မှတ်ချက်။
    ခပ်မြင့်မြင့် ပြောသလို စာလုံးပေါင်း မမှန်ပါ။ မှားပါသည်။
    နငယ်ကို အတို (န) မရိုက်ဘဲ အရှည် (န) နှင့် ရိုက်ထားသည်။ အောက်က ထဆင်ထူး (္ထ) ထည့်ရမှာကို တဝမ်းပူ (္တ) ထည့်ထားသည်။
    သတ်ပုံအမှန်မှာ ဂန္ထဝင် ဖြစ်ပါသည်။
    သတ်ပုံကျမ်းကြေသူ (:mt:)
    ReplyDelete
  26. အမကတော့... လုပ်လိုက်ရင် အဆန်းချည်းပဲ...:D
    ကျွန်တော်က ZT ပြောတာကို သဘောမပေါက် သေးဘူး။ မသက်ဝေက NTUC ရေးမှပဲ နားလည်တော့တယ်။ ညံ့ချက်က အဲလို....
    ReplyDelete
  27. မရီတာ
    ဂန္တ၀င်ကို နရဲ့ အောက်မှာ ထ နဲ့ မပေါင်းရပါဘူး.. တ၀မ်းပူပါ..
    တကယ်လို့ ထဆိုရင် ဂန်တ၀င်လို့အသံမထွက်ဘဲ ဂန်ထ၀င်လို့သာ ထွက်ရပါလိမ့်မယ်.. ဂန္တ၀င်(ဂန်တ၀င်) မို့လို့ တနဲ့သာပေါင်းရပါတယ်..
    ReplyDelete
  28. ထဆင်ထူး မဖြစ်နိုင်ဘူး ဆိုတာ သေချာပြီလား။
    ကိုယ်တော့ တလျှောက်လုံး ဂန္ထဝင် လို့ပဲ ပေါင်းလာတယ်။ ကို pk လုပ်ထားတဲ့ သတ်ပုံကျမ်းမှာတော့ တဝမ်းပူနဲ့ ပေါင်းထားတာ တွေ့တယ်။ အဲဒါ မှားတယ်လို့ ကိုယ်ထင်နေတယ်။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း ပျောက်နေလို့ အဲဒီမှာတော့ ပြန်မကြည့်ရသေးဘူး။ ဒီတော့ မသေချာဘူးပဲ ပြောရမယ်။
    ဗမာစာကို အသံနဲ့တော့ ဆုံးဖြတ်လို့ မရဘူး။ ဘာလို့ဆို "ရေးတော့အမှန် ဖတ်တော့ အသံ" ဆိုတဲ့ ဘာသာစကားဖြစ်လို့။
    ကိုယ်တော့ တလျှောက်လုံး ထဆင်ထူးနဲ့ပဲ မှတ်လာတာ။ ကိုယ်လည်း မှားနိုင်ပါတယ်။
    ReplyDelete
  29. စာလုံးဆင့်ရင် အပေါ်တလုံးကို အသတ်တင်ရတယ်။ အောက်က တလုံးက သူ့အတိုင်း အသံထွက်တယ်။ အဲဒါတော့ ကိုယ်နည်းနဲ့ အတူတူပါပဲ။
    ReplyDelete
  30. အသံထွက်အတိုင်းသာ ရေးရမယ် ဆိုရင် တဝမ်းပူလည်း မဟုတ်၊ ထဆင်ထူးလည်း မဟုတ်ဘဲ ဒဒွေးနဲ့ ရေးမှ ရမယ်။
    ဘာလို့ဆို ဂန်ထဝင်လို့လည်း မထွက်၊ ဂန်တဝင် လို့လည်း မထွက်ဘဲ ဂန်ဒဝင်လို့ပဲ ထွက်ကြတာမို့လို့။
    ReplyDelete
  31. တော်ထှာ အမ :D
    ညီမတော့ ဟင်းတမျိုးထဲကို သုံးရက်မပြောနဲ့ ၂နပ်အပြင် မစားချင်ဘူး။ ဂျီးများတာလေ။
    ReplyDelete
  32. @Anonymous (August 6, 2010 2:00 PM)
    သတ်ပုံကျမ်း ရပါပြီ။
    လိုချင်ရင် ပြောပါ။
    ပို့ပေးပါမယ်။
    ReplyDelete
  33. ဂန္ထ၀င် = ဂန်ထ၀င် (အသံထွက်)
    အောက်က(ထဆင်ထူး) က အမှန်ပါ။
    တ၀မ်းပူနဲ့ မပေါင်းပါဘူး။ အများစုက တ၀မ်းပူနဲ့ မှားပေါင်းတတ်ကြပါတယ်။ ရီတာပြောတာ မှန်ပါတယ်။
    မြန်မာစာ စာလုံးပေါင်းသတ်ပုံကျမ်းနဲ့ခွဲထားစာအုပ် စာမျက်နှာ ၅၂ မှာ ရှိပါတယ်။
    ReplyDelete
  34. မခင်ဦးမေ ကိုတွေ့ဖူးချင်တယ် …
    အမှန်အတိုင်းပြောရရင်တော့ အရေးအသားကောင်းပေမဲ့ ဘ၀င်မြင့်တဲ့ ရေးဟန်ပေါက်တယ် …. ဆောင့်ကြွားကြွား ဖြစ်နေတယ်……
    အရင်က ရေးခဲ့တဲ့ post တွေနဲ့ယှဉ်ရင် ကြာလေ ပိုဆိုးလေ ဖြစ်နေတယ်
    ရေးတဲ့ အကြောင်းအရာတွေကလည်း အရေမရ အဖတ်မရ ပေါ့ပျက်ပျက် အကြောင်းအရာတွေပဲ ဖြစ်နေတယ်……
    စာရေးကောင်းခဲ့တဲ့ blogger တစ်ဦးကို နှမြောတဲ့အတွက် ဒီ comment ကို ထားခဲ့ပါတယ်
    ထိခိုက်စေလိုတဲ့ သဘော မပါပဲ ဝေဖန်ရေးသက်သက် ဖြစ်တာကို နားလည်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်……
    ReplyDelete
  35. ကိုယ်တော့ ကြာလေ ကြိုက်လေပါပဲ။
    သတ်ပုံတွေ ဘာတွေလည်း ကြုံလို့ ဝင်နောက်တာပေမယ့် မမkom သာ သတ်ပုံမှန်နေမယ်ဆိုရင် ဖတ်ရတာ အရသာမှ ရှိပါတော့မလားတောင် ထင်မိတယ်။
    အဲဒါ တကယ်ပြောတာ။ အပေါ်က အနောနိမတ်စ်ကို ကန့်လန့်လိုက်ရေးချင်လို့ မဟုတ်ဘူး။ စိတ်ထဲရှိတာ ပြောတာပါ။
    ပြီးတော့ မမကို တွေ့ချင်လိုက်တာလို့လည်း မဖြစ်မိဘူး။ တွေ့လည်း ဘာမှ မဖြစ်ဘူး။ မတွေ့လည်း ဘာမှ မဖြစ်ဘူး။
    ReplyDelete
  36. To anonymous>>>>>>u said "u r old, dont know how to cook, cannot get baby."
    there is nothing to blame about not getting baby...don't you have sympathy...shame on you...stupid
    ReplyDelete
  37. Anonumous 9:31AM
    ဘာလို.များကိုယ်.စကားတစ်ခွန်းကြောင်.သူများစိတ်ညစ်
    ညစ်ရအောင်လုပ်ချင်ရတာလဲ။ ကိုယ်.သမိုင်းပဲကိုယ်ကောင်းအောင်ဂရုစိုက်သင်.ပါတယ်
    ဘယ်သူ.ဘယ်သူနဲ.မှပါတ်သက်လို.၀င်ပြောတာမဟုတ်ပါ။
    အဲ.လိုသာဝေဖန်ကြစတမ်းဆိုရင်ကိုယ်.လူလည်းနက်ဂတစ်ဖ်မိုင်းတွေများလွန်းနေတယ်။
    ReplyDelete
  38. တို့အမကတော့လုပ်လိုက်ရင်အထူးအဆန်းကြီးပဲ
    ReplyDelete
  39. ရွာကသယ်လာတဲ့ အိုးလား ခင်ဗျ?....းဝ)
    greenfingers
    ReplyDelete
  40. မမ အိမ် ဧည့်သည်လာမလုပ်တော့ဘူးဗျာ အဲလိုကြီး ချက်ထားတဲ့ဟင်းတွေ ၃ရက်ကြာမှ နွှေးကျွေးနေအုံးမယ်....ဟိ ဟိ....:P
    ReplyDelete
  41. မမကွန် ဟင်းချက်တဲ့ အိုးကြီးက ရှေးဟောင်းပြတိုက်က အတိုင်းပဲ
    ရန်ကုန်က၀ယ်လာတာလား ဒါမှမဟုတ် ကေကေဈေးက ၀ယ်လာတာပဲဖြစ်ရမယ်
    ကြည့်ရတာ မမကွန် တမင်တကာ အရွက်တိုက်ပြီးတင်လိုက်တဲ့ ပို.စ်လားလို.တောင်ထင်ရပါတယ်
    မွေးနေလက်ဆောင်ပေးမည့်သူများ မမကွန် အား ချက်စရာ အိုးခွက် ကောင်းကောင်း ပေးပါရန် အကြံပြုပါတယ်
    CK Tang မှာ ချက်စရာ အိုးခွက် တော်တော်စုံပါတယ်
    ဘလော့ဂါကြီးရယ် စလုံးမှာနေပြီး ပစ္စည်ကောင်းကောင်းသုံးပါဦး
    ခင်မင်စွာဖြင့်
    ကကစ
    ReplyDelete
  42. စလေဝင်အိုးပဲကြားဖူးတယ် ဂန္တဝင်အိုးဆိုတာရှိလို့လား
    ReplyDelete
  43. ကွန်မန့်တွေပြန်ဖတ်တော့မှ ဒင်-ဒို ဂန္ထဝင် ရှင်းတမ်း ပိုစ့်ကို ပြန်သတိရမိတယ် ။ ဟုတ်သားပဲ.. :-)
    http://pandora-and-pandora.blogspot.com/2010/01/blog-post_30.html
    ReplyDelete
  44. စလေ၀င်အိုးဟုတ်ပါဘူး ဖိုးသားရယ်။
    စလယ်ဝင်အိုးပါကွယ့်။
    စလယ်ဝင် ဖင်မမဲခင်က ဆိုတဲ့စကားရှိတယ်လေ။
    စလယ်ဝင်ဆိုတာက ... ဆန်အချင်အတွယ်ကို ပြောတာ။
    ဒီလိုလေ ...
    နှစ်လမယ် တစလယ်
    နှစ်စလယ် တစိတ်
    နှစ်စိတ် တခွဲ
    နှစ်ခွဲ တတင်း။
    ဆန်တစလယ်ပဲ ချက်လို့ရတဲ့အိုးကို စလယ်ဝင်အိုးလို့ ခေါ်တာပါ။ စလေ၀င်ဆိုရင် စလေဦးပုည၀င်တဲ့အိုး ဖြစ်နေအုံးမယ်။
    အဟမ်းးး လူတတ်ကြီးလုပ်ပြီး ရှင်းပြရတာ မောသွားလို့ လစ်ပီ။ :P
    ReplyDelete
  45. မရီတာ
    ကျနော်မှားသွားတာ ဆောရီးပါ။
    အမှားကို အမှားမှန်းသိလို့ လာဝန်ခံပါတယ်ဗျာ။
    ကျနော်လဲ တစ်သက်လုံး ဂန္တ၀င်နဲ့ဘဲပေါင်းလာခဲ့တာပါ။ စာတွေ တော်တော်များများမှာလည်း ဂန္တ၀င်ဘဲတွေ့မိတာရယ် ကိုပီကေရဲ့ သတ်ပုံကျမ်းမှာလည်း တ နဲ့ ပေါင်းထားတာရယ်ကြောင့် တ ကို အမှန်ဘဲထင်ခဲ့တယ်။ ကျနော်လဲ မြန်မာစာလုံးပေါင်းတွေကို သေချာ ဂရုစိုက်တတ်တဲ့ သူတစ်ယောက်ပါ။ ဒါပေမဲ့ ဂန္ထ၀င်ကို တစ်သက်လုံး အမှားကြီး သုံးလာတာတော့ ခုမှဘဲသိတော့တယ်။
    မပန်ဒိုရာပိုစ့်ကိုလဲ သွားဖတ်ပြီးပါပြီ။ ညွှန်ပြပေးသူကိုလည်း ကျေးဇူးပါ။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကိုလဲ ဒေါင်းပြီး စက်ထဲ ထည့်ထားလိုက်ပါပြီ။ အားလုံးကိုကျေးဇူးပါ။
    အောင်သူရ
    ReplyDelete
  46. This comment has been removed by a blog administrator.
    ReplyDelete
  47. @ အောင်သူရ (Anonymous)
    no pblm!
    ဘာမှ မဟုတ်ဘူး။ ခပ်မြင့်မြင့် ရေးထားတာ တွေ့ပြီး နောက်ချင်လို့ ဝင်ရေးလိုက်တာ။ တကယ်တမ်း ကိုယ်ရေးတာတွေမှာလည်း မှားနေတာတွေ အများကြီးရှိပါတယ်။ တခါတလေ သိရဲ့သားနဲ့ ပြန်မပြင်ဘူး။ တချို့ဟာတွေကျ မှားမှန်း သိကိုမသိတာ။
    ReplyDelete
  48. ချစ်စရာAugust 7, 2010 at 1:31 PM
    This comment has been removed by a blog administrator.
    ReplyDelete
  49. ဒီအိုးကြီးရိုက်ပြတာ စင်ကာပူရောက် မြန်မာတွေရဲ့ လူနေမှူကို ပျက်ရယ်ပြုချင်နေပုံပဲ...လာလယ်ရမှာတောင် ခပ်ကြောက်ကြောက်
    ReplyDelete
  50. Nobody knows her good presentation.
    BINO
    ReplyDelete
  51. အချင်းချင်း အပြန်အလှန်တောင်းပန်လိုက်ကြတော့လဲ ပြီးသွားတာပဲ ဒါကောင်းတယ်
    ဂန္ထဝင်ဆန်တယ်
    ဘလောခ် လောကမှာ ဒီလို စိတ်မျိုးထားနိုင်ကြရင် ကောင်းမယ်
    ReplyDelete
  52. သူ့ ဟင်းအိုး အဖုံးကြီးကို ဆလံကြီး ၈ကြိမ်ပေး သွားပါကြောင်း။
    ReplyDelete
  53. ကျနော်က တိုင်းရင်းသားတစ်ယောက်ပါ
    ဂန္တဝင် ဆိုတဲ့ စာလုံး အဓိပ္ပါယ် ကိုအရမ်းသိချင်ပါတယ်
    စားလုံးပေါင်းမှန်တာမ မှန်တာထက် အဓိပ္ပါယ် ဆိုလိုရင်း ကို အတိကျ ပြောပေးနိုင်မယ့် သူရှိရင် ကျနော် အ၇မ်းကိုကျေးဇူးတင်မှာပါ
    ပတ်ဝန်းကျင်မှာ အမြဲကြားနေကျ စကားလုံးဖြစ်ပေမယ့် အဓိပ္ပါယ်ဆိုလိုရင်းကို ခုထိမသိသေးလို့ပါ...ကျေးဇူးပြုပြီးတစ်ယောက်ယောက်က ကျနော့်ကို စေတနာေ၇ှ့ထားပြီးရှင်းပြပေးကြပါလို့ အနူးအညွန့်တောင်းပန်ပါရစေ...
    ကျနော့် email က nagamgmg@gmail.com ပါ...ကျနော်မျှော်နေပါ့မယ်
    ReplyDelete