Monday, August 9, 2010
shopping of the day
ရက်ကလေးအားတော့စိတ်ကလေးရွင်နေတော့ ရှော့ပင်းဘဲခြေဦးလှည့်တယ်။ မဝယ်တာကြာပါပြီ။ ကိုမဆလာက တွမ်ခရုစတိုင်နဲ့အိတ်တစ်လု့းနဲ့ဘဲ ရန်ကုန်ပြန်နေတော့ထည့်ခွင့်မရဘူး ပြီးခဲ့တဲ့တစ်ခေါက်ကဆိုရင် MAI ကအသွားကို ကီလိုလေးဆယ်ပေးတယ်။အ ပြန်ကတော့သုံးဆယ်ဘဲ။ အဲဒါကို တွမ်ခရုလုပ်ပြီးသွားတယ်.
အမျိုးတွေ အတွက်ဝယ်ထားတာတွေ များကြီး. .တမင် lesson ပေးနေသလား မှတ်ရတယ်။ ယောကျာ်းတို့မာယာ။ မသယ်ပေးတော့မဝယ်ရတော့ဘူးပေါ့ မဝယ်ရတော့ ဘာဖြစ်သလဲ. .သူပိုက်ဆံကုန်တာ သက်သာတာပေါ့။ ရှင်းတယ်နော်။
မှတ်ချက်
နောက်ခံလေးလှလိုက်တာလို့မထင်ဘူးလား. စားပွဲမရှိလို့ရှိတဲ့ပေါ်တင်ရိုက်ထားတာ။ စလုံးကလူတွေ မဆင်းရဲပါဘူး တို့တွေ ဘဲ။
16 comments:
  1. ဟို သံကြိုးတွေက ဘာလုပ်ဖို့လဲ ဟင်။
    စပို့စ်ရှပ်ပဲ ဝတ်စမ်းပါ ကိုမဆလာရယ်။
    ဒါတွေက တောကျတယ် . .
    အလန်းလေးတွေ မှန်းစမ်းပါဂျ...
    ReplyDelete
  2. မခင်ဦးမေ နောက်ဆုံး ပုံ ၂ ပုံက ၀ါးလိုက်တာ။
    ReplyDelete
  3. လာလာဖက်တယ် ၊ စီဘောက်ကိုလဲလာဖက်တယ်
    တိုရှင်းလိုရင်းဘဲ ၊ ကြိုက်တယ် တိုလေကြိုက်လေဘဲ
    စာမပါရင်ပိုကြိုက်တယ်...။ လက်သရမ်းများဘေးမှကင်း
    ဝေးပါစေကြောင်း......။
    ReplyDelete
  4. စိတ်ပျက်လို့ဘာမှကို comment မပေးချင်တော့ဘူး....သေချာရွဲ့နေတယ်ထင်တာဘဲ
    ReplyDelete
  5. သာမီးလေးAugust 9, 2010 at 5:42 AM
    မသယ်ပေးတော့မဝယ်ရတော့ဘူးပေါ့ မဝယ်ရတော့ ဘာဖြစ်သလဲ. .သူပိုက်ဆံကုန်တာ သက်သာတာပေါ့။ ရှင်းတယ်နော်။
    ဒါလေး သဘောကျလို့ ခွီးးးကနဲ တိတ်တိတ်လေး ရယ်သွားတယ် မာမီ
    ReplyDelete
  6. ကိုမဆလာက တွမ်ခရု ဆိုတော့ မမ က ဂျိုလီ လို့ ပြောချင်တာ မလား ဒီတခါ ရန်ကုန်ပြန် ရင် ကိုမဆလာရဲ့  တွမ်ခရုစတိုင် နဲ့ ပြန်ဖို့ ကြိုး စားအုံးမယ်
    ReplyDelete
  7. တွမ်ခရုစတိုင်နဲ့ပြန်ရတာ ပေါ့ပေါ့ပါးပါးရှိတယ် အစ်မရဲ့..။
    ReplyDelete
  8. ဒီမှာတော့ တွမ်ခရုစ်မလုပ်ရပေါင်....အများတကာ လူကြုံတွေနဲ့တင် လူလည်း ခရစ်စမတ်ထရီး ဖြစ်ရော....
    မမရှော့ပင်းကွင်း....နေကောင်းပျော်ရွှင်နေလို့ ဝမ်းသာပါ၏...:)
    ReplyDelete
  9. မကွန်
    နေကောင်းလား။
    စ ကလူတွေ ဈေးတော်တော်ဝယ်တာပဲနော်။
    အင်္ကျီ ဓါတ်ပုံက ဘာလို့ဝါးပေးတာလဲ အစ်မရဲ့။
    ReplyDelete
  10. မမကွန်က စလုံးမှာ သူဌေးတော့ဖြစ်နေပြီ သူကြွယ်ဖြစ်ဖို. ကျိုးစားနေပုံရတယ်
    ခင်မင်စွာဖြင့်
    ကကစ
    ReplyDelete
  11. မမကွန် ၀ယ်ထားတဲ့အထဲကတစ်ထည်လောက်မျှပါလားဟီး
    ကျွန်တော်ခရီးထွက်လာတာအကျီမပါလာလို့
    ReplyDelete
  12. ဆိုဒ်က ဘာတွေလေးနေတာလဲ.. သိပ်ကိုလာရခက်ပြီး မန့်ဖို့ သိပ်ခက်နေတယ်... ဒီတစ်ဆိုဒ်တည်းရွေးဖြစ်နေတော့ ကွန်နက်ရှင်ကြောင့် မဟုတ်တန်ရာဘူး.. မမကွန်.. စစ်ဆေးပါ...
    ခင်မင်တဲ့
    နေ၀သန်
    ReplyDelete
  13. အင်္ကျီ တွေကလှလိုက်တာ ဟယ် လိုချင်ပါဘိ
    ReplyDelete
  14. I like shopping.
    But I don't like carrying.
    BINO
    ReplyDelete
  15. ဒါဆိုရင်ဝယ်ပြီးရင် ဒီကိုပေးပါ.
    ReplyDelete
  16. အရင်ပို့စ်တွေတုန်းကတော့ သေငှေး ဆို.. :))
    (မမ စာလုံးပေါင်းအတိုင်း ရေးပါသည်)
    ReplyDelete