Monday, August 16, 2010

weekend











စာရေးဆရာရဲ့လက်က တစ်ခါတစ်လေ ဇတ်ကောင်တွေ နောက်မျောသွားတတ် တယ်ဆိုတာကြားဘဲကြားဘူးတယ် မနေ့ကတော့ အဲသလိုဖြစ်တယ်။ ကိုယ်စာရေးဆရာဖြစ်ပြီထင်တယ်။ ရေးချင်တာက ကိုယ် menopause ဖြစ်ချင်ပြီထင်တယ်။ သွေးလေချောက်ခြား မမှန်တဲ့အကြောငိးက စီကာပတ်ကုံးရေးဘို့ဘဲ ဘယ်လိုဖြစ်ပြီး သယ်ချင်းတစ်..နစ်.. ဇတ်လမ်းဖြစ်သွားလဲမသိဘူး အံသြစရာဘဲ။ စိတ်ကူးတုံးကတစ်ခု ချရေးလိုက်တဲ့အခါလက်နဲ့စိတ်ကူးက သူ့ဘာသာသူရိုက်သွားတယ် ကိုယ့်အတွေးတွေ ပျောက်သွားတယ်။































စနေတနဂ်နွေလား.ဘာမှ မလုပ်ဖြစ်ပါဘူး။ သောကြာညနေကတော့ပျော်ပါတယ်။ အလုပ်နစ်ရက်မသွားရဘူး ဆိုတာ နိင်ငံခြားမှာတော့ luxury ဘဲ. ရန်ကုန်ကအမျိုးတွေ ကတော့ဘယ်သူမှ ရုံးမသွားကြဘူး။ မနက်မိုးလင်းရင် ကလေးရှိတဲ့သူကတော့ နဲနဲစောထပြီး ကလေးအလုပ်ရှိတာပေါ့။ ကလေးမရှိတဲ့သူက တော့ဟိုယောင်ဒီယောင်နဲ့ဘဲ.။ ဘာနဲ့စားသလဲလို့တော့မမေးပါနဲ့.ရန်ကုန်သားတွေ ဘယ်လိုလုပ်သလဲမသိ. ကားစီးနိုင် အိမ်သုံးစရိတ်တတ်နိုင်ကြပါတယ်။ သူတို့အတွက်ကတော့နေ့တိုင်း luxury day တွေဘဲ။



























သတင်းစာလဲယူသာထားတယ် မဖတ်ဖြစ်ဘူး။ စားပွဲခင်းလုပ်တယ်။ shopping လဲမသွားဖြစ်တော့ဘူး ဟိုတုံးကတော့ expo လည်းသွားတာဘဲ။ ဘွန်လေးဘက်က warehouse တေလဲအိပ်ရာခင်း တွေသွားဝယ်တာဘဲ အဲဒီတုံးကတစ်ခုတစ်ဆယ်။ ဆယ်ခုလောက်ဝယ်ပြီးပိုက်ပြီးပြန်လာတာဘဲ။ ခေါင်းအုံးတွေ ခွခေါငးအုံးတွေလဲသယ်လာတာဘဲ.သွားတုံးကတော့ shuttle bus နဲ့အပြန်တော့ taxi ဖြစ်ရော.ဝယ်လာသမျှလဲကိုယ်လဲသုံးသူများလည်းပေး ရန်ကုန်လည်းသယ် အလုပ်ကိုဖြစ်လို့။


ပိုက်ဆံအိတ်တွေ တာကာ၇ှိမာရာမှာချတယ်ဆိုလဲသွားတာဘဲ မျက်မှန်တွေတောင်အဆစ်ဝယ်လိုကသေးတယ်။ အခုနောက်ပိုင်းတော့ဝယ်အားကျသွားတယ်။ ပိုက်ဆံကိုပိုပြိး concern ဖြစ်လာတာလဲပါတယ်။ ကိုယ့်မှာ အရမ်းပြည့်စုံနေတယ်လို့ထင်နေမိတာလဲဖြစ်နိုင်တယ်။ အမြင်မှန်ရလာတဲ့သဘောလဲဖြစ်မယ။်






























ဖိန်ပတွေ ဆိုတာမနည်းဘူး မစီးဘဲဝယ်ထားတာ ဆယ်ရံကျော်မယ် အခုထက်ထိဘဲပြီးရင် အလိုပ်သွားရင်စီးတဲကခပ်စုတ်စုတ်ကလေးတစ်ခုနဲ့ မြို့ထဲသွားရင်မြန်မာညှပဖိန်ပ်နဲ့ဘဲ လုံလောက်နေတော့ဘယ်နားစီးစရာအကြောင်းကိုရှာမရဘူး။ ဒီထက်ထက်ဝယ်ရင်လဲဘယ်နားထားရမလဲသမိဘူး.တော့ဘူး ကြာရင်တော့လဲဝယ်ထားတာတွေ က မော်ဒယ်ကအောက်လာသလိုဘဲ. အကောင်းဆုံးကတော့ ကောင်းကောင်းနစ်ရံလောက်ရှိရင်တော်ပြီး တန်တိုင်း လျောက် ဝယ်မနေဘို့ဘဲ။ ရန်ကုန်လဲသယ်လို့မရဘူးလေ. သယ်ပေးမဲ့သူမရှိသလို လူကြုံဆို တာကလည်း သူ့ပစ စည်းနဲ့သူပြည့်နေတာ..


အကျီကတော့ဈေးကြီးလို့သင့်တာလောက်ဘဲယယ်ပြီးလှည့်ဝတ်နေတာဘဲ ကိုယ့် အလုပ် ကလေဲ အဝတ်အစားကိုသင့်တင့်ရုံဝတ်ရင်ရပြီဆိုတော့တော်ပါသေးရဲ့။ ကိုယ်တို့တွေ သိတ်မဝတ်စားကြလို့ ဟိုတစ်လောကတော့ ဘော့စကတောင် ဆုပူကြိမ် မောင်းနေသေးတယ်။ ကလေးမငယ်ငယ်လေးတွေကဆံပင်ကို ဘယ်လိုလြုပ်လာသလဲ မသိဆူပူနေတယ်။ နင်တို့တွေ လခရနေတာ နဲနဲပါးပါး ပြင်ကြစမ်းပါ ဆိုပြီး။



















အဲဒါနဲ့ဘဲ အခုတစ်လော ဖိနပ်လဲမဝယ်. ပိုက်ဆံအိတ်လဲမဝယ်. အဝတ်အစားလဲမဝယ်ဘဲ ထမင်းနဲ့ဘက်ဂါဘဲစားနေတယ်။ ပန်နိစူလာသွားတယ် မြန်မာတွေ ကိုကြည့်တယ်. မြန်မာစကားနားထောင်တယ်။















ပြည့်စုံသွားသူလား ရောင့်ရဲသွားသူလား. နွမ်းပါးသွားသူလား ကိုယ့်ဘာသာ ကိုယ်စဉ်းစားနေတယ်။ ပြည့်စုံသွားတယ်လို့ထင်တာဘဲ ဝယ်ချင်စိတ်ကိုမရှိတော့တာ. ဈေးတွေကလည်းကြီးတယ်လေ။ ဘာဝတ်ဝတ်မထူးတော့တာကတော့ အဓိကပါဘဲ။ :(

32 comments:

  1. အကုန်ရှိပြီးသားမို့ ဘာမှမလိုတော့တာနေမှာပါ

    ဒါနဲ့...အသီးစားပေးတာ ကောင်းတယ်...

    စူးနွယ်လေး

    ReplyDelete
  2. ဘာမှ ဝယ်မနေနဲ့။ ဒါတွေ ရှိနေရင် လူက တစ်ခုခု လာပြီး နှောင်တွယ်နေသလိုပဲ။ ပိုက်ဆံပဲ စု ၊ ပြီးရင် လှူပစ် ၊ အလှူအတွက်ကတော့ မပူနဲ့ ကိုဇော် လတိုင်း လာပြီး အလှူခံမယ် :)

    ဒါနဲ့ မြန်မာစကားကို အခုမှ စနားထောင်နေတာပေါ့လေ။

    ReplyDelete
  3. သိပြီးသားဖြစ်ပေမဲ့ထပ်ပြောလိုက်ဦးမယ်နော်

    ကိုယ်အသက်ရွယ်နဲ့လည်းသင့်တော် ခေတ်နောက်ပြန်ဆွဲတဲ့အဝတ်အစားလည်းမဟုတ် ပတ်ဝန်းကျင်နဲ့ ရှိနေတဲ့ရာသီဥတုနဲ့ လိုက်လျော
    ညီထွေတဲ့အဝတ်အစားမျိုး
    ကိုဝတ်ပေးပါလား ဒါမှကိုယ်ကိုတိုင်ကော အခြားလူတွေကောစိတ်ချမ်းသာမှာပေါ့ စိတ်ချမ်းသာတော့ ကမ္ဘာကြီးသာယာတာပေါ့..


    ပြီးတော့ သူများနိုင်ငံမှာဆိုတော့ ဟယ် (သိတဲ့လူဆို မြန်မာ) မိန်းခလေးက တည်တည်လေးနဲ လှတယ်တော့လို့ပြောခံ၇တာ အကြည့်ခံရတာ ဘယ်လောက် ကြည်နှုးနားထောင်ကောင်းလဲ
    ကိုယ်တွေ့................)D
    ဟီးဟီးရေးချင်တာရေးသွားပြီ

    ReplyDelete
  4. ဓါတ်ပုံတွေ လှတယ် အမကြီး၊ ဓါတ်ပုံဆရာ
    လုပ်ပါလား ...း)

    ReplyDelete
  5. "ဘာဝတ်ဝတ်မထူးတော့တာကတော့ အဓိကပါဘဲ။ "
    အပေါ်ကစာသားက ကိုယ့်ကိုလဲ စောင်းပြောနေသလိုပဲ။ မ၀ယ်ဖြစ်တာကြာပါပြီ။

    ReplyDelete
  6. မသိမသာ နည်းနည်းကြွားထားတယ် ကိုယ်တွေလိုမရှိတဲ့သူတွေမဖို့ ဖတ်ရတာတော့တစ်မျိုးပဲ ဖိနပ်က ဆယ်ရံး)

    ReplyDelete
  7. Ma Ma Kom, I am sure you are still beautiful whether you buy new things, put on new clothes or not.

    ReplyDelete
  8. ပထမဆုံးပုံက ကလေးမလေးက ချစ်စရာလေး.. အိမ်ကသားနဲ့ ရွယ်တူလောက်ပဲ..

    ပုံ
    သားရှင်

    ReplyDelete
  9. “ ဖိန်ပတွေ ဆိုတာမနည်းဘူး “
    ဘာများလည်းလို့ မမရယ် မနည်းဖတ်ရတယ်။

    ReplyDelete
  10. စင်ကာပူရောက်မြန်မာAugust 16, 2010 at 2:15 PM

    ဖိန်ပတွေ ဆိုတာ ဖိနပ်တွေ လား.... တော်တော်စဉ်းစား လိုက်ရတယ်......ပိုစ့် တစ်ခု ဖတ်တိုင်း ဆံပင် တစ်ချောင်းဖြူတယ် ဗျာ....

    ReplyDelete
  11. အဲဒါ..စိတ်အလျင် ရေးနည်းပဲ..မမ..
    စာရေးဆရာ ဖြစ်ပြီ.. တကယ်..

    ပီ အက်စ်- အရင်ပို့စ် ဖတ်ပြီး..မမ အတွက်..သီချင်းတပုဒ်တောင် လက်ဆောင်ပေးမလို့.. ခုတော့ ပျင်းသွားပြီ.း))

    ReplyDelete
  12. ခင်ဦးမေ လောက် အသက်ကြီး သောက်ပေါထတာ ခင်ဗျားတစ်ယောက်ပဲရှိမယ်ထင်တယ် ..

    ReplyDelete
  13. I want to know one thing.Are u BUDDHISM?(just curious)

    ReplyDelete
  14. အပေါ်ကလူရေဘယ်နှယ်ဗျာ အကြောင်းလည်းသေချာမသိဘဲနဲ
    စိတ်ညစ်တာတွေလျော့ချနေတဲ့သူ့ကိုယ်ပိုင်နေရာလေ

    ရန်သူတွေကျနေတာဘဲ
    ဒီလိုအဓိပ္ပါယ်မျိုးနဲ့ လူမျိုးကြီးသားပီပီ အမျိုးမြင့်သူ
    ပီပီ လိမ္မာစွာရေးလို့ရရဲ့သားနဲ့

    ကျုပ်ကိုဆဲရင်ကျုပ်မသိတော့ခင်ဗျားဆီဘဲ
    ပြန်ရောက်မှာနော်

    ReplyDelete
  15. အလိုလို..အောက်ဆုံးက အမြင်မှန်လေး ဘယ်နှစ်ရက်ခံမလဲ.. ဟိဟိ... ပြီးရင် ဘာဝယ်တဲ့ပို့စ်လေးကို ဘယ်တော့ဖတ်ရမလဲလို့ မျှော်ရင်းဖြင့်.... :D

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  16. (ဘာဝတ်ဝတ် မထူးတော့ ) အမြင်မှန်ရသွားပြီ :P

    ReplyDelete
  17. အ၇င်တုံးကဒီblog၀င်ဖတ်တိုင်းBolgေ၇းသူကိုဘာတွေေ၇းနေပါလိမ့်ဆိုပြီးနားမလည်ခဲ့ဘူး
    ဖတ်၇င်းဖတ်၇င်းနဲ့မှblogေ၇းသူ၇ဲ့စိတ်ခံစားချက်ကို
    နားလည်လာတယ်
    ဘယ်သူ့ကိုမှမထိခိုက်နိုင်တဲ့စိတ်ထွက်ပေါက်မှုတခု
    ဖန်တီးထားတယ်မြင်တာဘဲ
    ခံစားနားလည်ပါတယ်

    ReplyDelete
  18. စိတ်ကူးတုံးကတစ်ခု ချရေးလိုက်တဲ့အခါလက်နဲ့စိတ်ကူးက သူ့ဘာသာသူရိုက်သွားတယ် ကိုယ့်အတွေးတွေ ပျောက်သွားတယ်။

    Good!
    လက်နဲ့စိတ်ကူး coincided

    BINO

    ReplyDelete
  19. အစ်မခင်ဦးမေ ရေးတဲ့စာတွေဖတ်ရတာ တစ်မျိုးလေးပဲ၊ ပေါ့ပေါ့ပါးပါးလေး...
    တခါတလေ ကလေးဆိုးကြီးလိုပဲ...
    ဒါပေမယ့် ရယ်ရတယ်...
    ဒါကြောင့် ကြိုက်တယ်(ရေးထားတာကို)
    အနည်းဆုံးတော့ လွတ်လပ်ခြင်းရဲ့ ချိုမြိန်မှုလေးတွေ ခံစားရတယ်...
    အမြဲတမ်း ပျော်ရွှင်ပါစေ...မမကွန်မ်:))

    ReplyDelete
  20. အစ်မကွန်မ်... ဖတ်ရတာ ပျော်စရာကောင်းတယ်လို့ ကွန်မန့်ပေးပြီးနောက် စိတ်ထဲမှာ တကယ့်ကို ကြည်ကြည်လင်လင်လေးဖြစ်နေ၊ ဒါနဲ့ ထပ်ပျော်ချင်လို့ ပို့စ်တွေ ထပ်ဖတ်ရင်းနဲ့ ပျော်နေရာကနေ စိတ်အချဉ်ပေါက်စရာ သွားတွေ့ရတယ်...

    သူများတွေက ခင်လို့မင်လို့ လာလည်၊ ကွန်မန့်တွေပေး၊ တစ်ချို့ဆို စကားပြန်လေးတွေတောင်းနဲ့...

    ကွန်မန့်တွေကို ဘာမှကို ပြန်အဖက်မလုပ်တာ ရှင်းရော...
    (ဘုဂလန့်လိုက်လုပ်နေတဲ့ သူတွေကိုတော့ ထားတော့)

    ဒါဘာသဘောလဲ အခုဖြေ!!!
    ပုံ
    ပြန်ဖြေမှာလားလဲ မသေချာဘဲနဲ့ မေးမိပြန်သူ

    ReplyDelete
  21. This comment has been removed by the author.

    ReplyDelete
  22. ကျနော်လဲ အဝတ်မဝယ်ဘူး..
    ရောင်းစားတယ်..။
    ဟဲ


    Xထုံ

    ReplyDelete
  23. အဲဒီ ပန်နိစူလာ မှာ မိန်းကလေး တွေကို လှေကား ဘောင်က နေစိုက်ကြည့်နေတဲ့ အောက်တန်းစား မြန်မာတွေ ရှိတယ်ဆိုတာ ဟုတ်လား မမ

    ReplyDelete
  24. ကြိုးစားရှာ ပိုအောင်စု ဝအောင်နေ များများလှူ ပျော်အောင်သာနေ မပျော်လည်းပျော်အောင်နေ
    ပျော်ပျော်နေသေခဲပါ လူဘဝတိုတိုလေးမှာ ပျော်ရွှင်အောင် နေထိုင်ဖို့အရေးကြီးပါတယ်

    ReplyDelete
  25. Steve Evergreen...
    I've been seeing your comments that reflect your inner self. To my best sincerity, I would have to suggest you to look more humbly to the rest of the world.

    BTW. so called. upper class, the great Doctor guy don't look at women... ???? huh.. I think they might look in their locked room. :)

    ReplyDelete
  26. Steve Evergreen....is...


    Juz a Half-Gay, Half- Nationality, Half - Brain and Enjoying Half-Life...with Nothing.. !!!

    Juz Opinion...

    ReplyDelete
  27. ဝယ်ချင်စိတ်ကိုမရှိတော့တာ. ဈေးတွေကလည်းကြီးတယ်လေ။ ဘာဝတ်ဝတ်မထူးတော့တာကတော့ အဓိကပါဘဲ။ :(
    အဲလိုစိတ်မျိုးဖြစ်နေတာ ကြာပါပြီလေ။
    ဒီနေ့ မကျော်ဘဲ ၀င်လာတာ။

    ReplyDelete
  28. ဒေါ်ခင်ယုမေ လား ဒေါ်ခင်ဦးမေ လား

    အမည်က ခပ်ဆင်ဆင်ရယ်

    ReplyDelete
  29. မမရေ...၀တ်ဖူး..စားဖူး..နေဖူး..သွားပီဆိုတော့လဲ
    ဘယ်အရာမှမဆန်းတော့ဘူး
    ဒါကြောင့်လဲ..ဘာဝတ်ဝတ်မထူးတော့ဘူးလေ
    စိတ်ရှင်းတာပေါ့..
    ကျူကျူ

    ReplyDelete
  30. မေလမှာ ပို.စ် ၁၈ ခု
    ဇွန်လမှာ ပို.စ် ၁၆ ခု
    ဇူလိုင်မှာ ပို.စ် ၁၄ ခု
    ဒီလ သြဂုတ်လ မှာပို.စ် ၁၄ ခု ဆိုတော့ ပို.စ် ၅ ခု တင်နိုင်မှ မေလရဲ့ စံချိန်ကိုချိုးမှာ
ီိ
    ခုက ၁ရ ရက်နေ.ဆိုတော့ ရက်က သိပ်မကျန်တော့ဖူး

    (ကိုယ်ထမင်းကိုယ်စားပြီး -ပို.စ်- စစ်တမ်း ကောက်ပေးတာ ကျေးဇူးတင်စရာမလိုပါ)

    ပို.စ်အသစ်တင်ပါဗျို.

    တင်စရာမရှိရင် ရေနွေးအိုး ဓါတ်ဘူး သွားကြားထိုးတံတို.ကို ချရေးပါဗျို. ထင်တာတွေ ရေးချင်တာတွေရေးပါဗျို.

    ကျွန်တော်တို.က မမကွန် ရဲ့ အမာခံ စာဖတ်ပရိတ်သတ်တွေပါ

    ဆွမ်းကြီးလောင်းတဲ့သူတွေရှိနေလို.ပို.စ်တွေမရပ်ပါနဲ.ဗျာ ကျွန်တော်တို.လို အချိုပွဲလောင်း တဲ့ သူတွေလည်း ရှိပါသေးရဲ့

    အရင်လတွေထက် ပို.စ်ကို စံချိန်ချိုးပါဗျို. ...

    ခွိခွိ

    Z

    ReplyDelete
  31. "ပန်နိစူလာသွားတယ် မြန်မာတွေ ကိုကြည့်တယ်. မြန်မာစကားနားထောင်တယ်။"
    so do i but now i worry about my generation.I am afraid they might not know where our root from being raised away from home..I always love "ပန်နိစူလာသွားတယ် မြန်မာတွေ ကိုကြည့်တယ်. မြန်မာစကားနားထောင်တယ်။". Thank you,a ma khin oo may.

    ReplyDelete
  32. ၀ယ်အား ကျလာပေလို့ပဲ.. :D

    ReplyDelete