Saturday, September 4, 2010

တိမ်နဲ့ ရေ


















မလေးရှား ဂျိုဟိုမှာရှိတဲ့ ရထားဘူတာရုံ့ပါ. အခု ဆေးအသစ်သုတ်လိုက်တယ်။ စလုံးက ထွက်တဲ့ရထားက အဲဒီက ဖြတ်ပြီး ကေအယ်ရောက်ပါတယ်။ အဲဒီကနေတက်စိးချင်လဲရတယ်။ အမြန်ရထားလဲရှိတယ် အနေးရထားလဲရှိတယ်။ အမြန်ဆိုတာ မြို့ကြီးတွေ ကိုဘဲရပ်တာ. အနေးဆိုတာ မြို့သေးတွေ မှာပါရပ်တာ. ကေအယ်ထိတော့မစိးဘူးသေးဘူး မြို့သေး kulai တို့ klung တို့အထိတော့စီးဘူးတယ်။ အပျော်ပေါ့။ရထားလျောက်စီးတာ နစ်နာရီလောက်။ ဟိုရောက်တော့တစ်ခါ ဘတ်စကားနဲ့ဒီဘက်ကိုပြန်လာတယ်။ ရထားက နဲနဲရှားပေမဲ့ကားကတော့ပေါတယ်။ ရထားက နဲနဲစောင့်စီးရတယ။် ကားကတော့ အဲဒီမြို့ကလေးတွေကနေ ဒီဘက်ကို ပြန်လာတာအများကြီးရှိတယ်။ something new လုပ်လို့ရတယ်။

































































တိမ်တွေ ရိုက်လွန်းလို့မင်းတိမ်တွေ က ဘာများလှလို့လဲတဲ့ kmsl က.. ဒီဘက်ကလည်းချေပဘို့ဝန်မလေးပါဘူး.။ မင်း Google earth ကရော ဘာများထူးဆန်းလို့လဲ လို့။ တစ်နေ့တစ်နေ့ထိုင်ကြည့်တာ ကိုကျော်ဝဏ္စ (စာလုံးပေါင်းကလဲပေါင်းရခက်လိုက်တာ.) မိုးချိုသင်း ကိုကိုလို့သာမှတ်လိုက်တော့. ဘောလုံးပွဲစဉ်တွေ ကိုထိုင်ကြည့်နေတဲ့အတိုင်းဘဲ။ အကြာကြီး တစ်မေ့တစ်မောထိုင်ထိုင်က်ြည့တာ. သူကြည့်ရုံနဲ့မပြီးသေးဘူး ခေါ်ခေါ်ပြသေးတယ်။ မကြည့်ချင်ပါဘူးဆိုလဲမရ. နစ်ယောက်ထဲရှိတာ တည့်အောင်ပေါင်းရတော့ အားနာပါးနာသွားကြည့်ရတယ်။

ကြည့်ရုံနဲ့မပြီးသေးဘူး နားထောင်ရသေးတယ။် စိတ်လဲမဝင်စားဘဲနဲ့. အိုက်တင်က ခံရသေးတယ်။ ယောကျာ်းကြောက်ရတယ်ဆိုတာအဲဒါပြောတာပေါ့။


မြင်တယ်နော် အဲဒါမြန်မာပြည်။ နေဦး ငါ အနီးကပ်ဆွဲလိုက်ဦးမယ်။ ဟင်း. မကြည့်ချင်ဘဲ ထိုင်စောင့်နေရတယ်။

















ကဲကြည့်ကြည့်.. ဟင် ဘာကြည့်ရမှာလဲ လို့. (မကြည်မလင်. မအောက်ဂလိ)



















မင်းဟာလေ ငဒုံဘဲ ဘာမှ ဗဟုသုတမရှိဘူး။ ဒီမှာကော့သောင်တွေ့လား။ အင်း..တွေ့ပါပြီမောင် (မျက်နာငယ်လေးဖြင့်ပြော)



















အဲသလိုနဲ့ဘဲ.. ဥပမာ macleod island ။ ဇာဒတ်ကြီးကျွန်းနားမှာရှိတယ်။ ကိုကြည့်နေပြနရော ကော့သောင်ကို အရင်သွားရတယ် စိတ်ကူးနဲ့သူသွားတာပေါ့. သူသွားရင်သူ့ဘာသာသွားပါလားလို့ သူများကို လာလာခေါ်တာဆိုးတယ်။ ပြီးရင် မိုင်တိုင်းလိုက်တယ် ။ အဲဒီကနေ မိုင်ငါးဆယ်လောက်အကွာမှာ အဲဒီကျွန်းရှိတယ်။ ပင်လယ်ထဲမှာ... သဲသောင်တွေ သိတ်လှတယ်။ Adamanresort beach လို့ရေးထားတယ။် ရေလဲကြည်နေတာဘဲ ။ ဘန်ဂလိုလေးတွေ လည်းရှိတယ်။အဲဒီကို သူစိတ်ကူးနဲ့သွားနေတယ်။ သူသိတ်ပျော်တယ်။


















































ငါတို့သာမရောက်ဘူးသေးတာ ရောက်ဘူးတဲ့သူတွေ ကဓါတ်ပုံတွေ ရိုက်ပြီးတင်ထားပြီးကြပြီ. ဆိုပြီး. အဲဒီဓါတ်ပုံတွေ ကိုကလစ်လုပ်ကြည့်ပြီးကျေနပ်နေတယ်။ သူကိုယ်တိုင်ရောက်သွားသလိုဘဲ စိတ်ကူးတွေယဉ်နေတယ်။

အဲဒါနဲ့မပြီးသေးဘူး. ငါက အဲဒီကိုသွားလည်ဘို့ထက်အဲဒီမှာ ဘန်ဂလိုဆောက်ပြီး လာတဲ့သူတွေ ကို တစ်နေ့ကို အစိမ်းတစ်ရာနဲ့ငှားချင်တာ. ငါးရက်ငှားထွက်ရင်တောင် အစိမ်းငါးရာ အေးအေးဆေးဆေးထမင်း ကို အဲကွန်းလေးနဲ့စားရုံဘဲဆိုပြီး စိတ်ကူးတွေယဉ်ပြီး လုပ်ငးန်းရှင်ကြီးလုပ်သေးတယ်။ ယောက်ျားလေးတွေ ကိုစိတ်ညစ်တာအဲဒါဘဲ. တို့ဒုက္ခတွေ လူမသိပါဘူး။ ဟင်း..

48 comments:

  1. KL ထိ ရထား စီးလို့ မကောင်းဘူး။ ပျင်းစရာကြီး။ အေးအေးဆေးဆေး သွားချင်ရင်တော့ အိပ်ခန်း ယူပြီး လိုက်သွား။ အဲဒါဆို အိပ်ရာကနိုး KL အရောက်ပဲ။

    ဘန်ဂလို ကိစ္စကတော့ ငပလီမှာတောင် တစ်ခန်း ယူအက်စ် ၅၀၀ နဲ့ ငှားနေတာ ကျွန်းပေါ်မှာ ယူအက်စ် ၁၀၀နဲ့ ငှားရင် မွဲလိမ့်မယ်။

    ReplyDelete
  2. ဘန်ဂလိုဆောက်ပြီး ငှားမယ်ဆိုတဲ့ အကြံမိုက်တယ်...
    ညီမတို့ လာငှားရင်တော့ အစိမ်း ၁၀၀ တော့ မလုပ်ပါနဲ... အချင်းချင်းတွေပဲဟာ...
    မမ နာမည်ပြောလိုက်ရင် Discount ပေးဖို့ KMSL ကို ပြောထားအုံးနော်...

    ReplyDelete
  3. ဟဟ..မမတို့ကတော့လေ။

    ReplyDelete
  4. ၁၀၀တဲ့ ဈေးများလိုက်တာ။ ဘုန်းကြီးကျောင်းမရှိဘူးလား အဲဒီမှာပဲတည်းတော့မယ် :D
    mm

    ReplyDelete
  5. "တိမ်နဲ့ ရေ" လို့တော့ ခုမှကြားဖူးတာ။ သျှာ နဲ့ သွားလို့ပဲကြားဖူး တာလေ...း)


    green fingers

    ReplyDelete
  6. ဒါ့ပုံတွေ အတော်လှနေပါကလား
    ဂူဂယ်ကတော့ အိမ်က ဘိုးအေလည်းတူတူပဲ။
    ကြည့်လိုက် တိုင်းလိုက်၊ ခေါ်ပြလိုက် ဟက်ဟက်။
    သည်းခံပါလေ ဗဟုသုတတိုးပွားပါတယ်။
    တစ်ကယ်ခရီးသွားကြရင် သူတို့ သိတာလေးတွေ သုံးစားလို့ ရတယ်။

    ReplyDelete
  7. မမရယ် လူတကိုယ် အကြိုက်တမျိုးးလို့ မှတ်ပါလေ :)
    သူ Goole Earth ခေါ်ပြရင် ကိုယ်လည်း တိမ်တွေ ခေါ်ပြပေါ့....

    ReplyDelete
  8. google earth..google map အကုန်ကြိုက်
    ဒေါင်းထားတယ်..။
    တခါတလေ..တရုတ်ပြည်က လှေခါးထစ်စိုက်ခင်းပုံတွေ
    တမျှော်တခေါ်ကြီး...

    တိမ်တွေ လှနေပါ့လား.။
    မိတ်ကပ်တွေ လိမ်းထားတယ်နဲ့တူတယ်..။

    အချစ်ကလေး
    Xထုံ

    ReplyDelete
  9. ကိုကျော်ဝန်စ( မမသတ်ပုံအတိုင်း) ..... :P

    ကိုမဆလာက..မမထက် အဆင့်မြင့်တယ်နော်..
    မမက ထမင်းကို ယပ်ခပ်စားမှာ... သူက ထမင်းကို အဲကွန်းနဲ့ စားမှာ.....။

    ReplyDelete
  10. "မင်းဟာလေ ငဒုံဘဲ ဘာမှ ဗဟုသုတမရှိဘူး။ ဒီမှာကော့သောင်တွေ့လား။ အင်း..တွေ့ပါပြီမောင် (မျက်နာငယ်လေးဖြင့်ပြော)"

    ရုပ်ရှင်မင်းသမီးကျနေတာပဲ အပြောလေးတွေကတော့ ဟက်ဟက်

    ReplyDelete
  11. ရေးထားတာလေးမိုက်တယ်
    ချစ်စရာလေး
    :D

    ReplyDelete
  12. စိတ်မ၀င်စားလဲ ဖော်လိုသာလိုက်ပေးမမ.. ညီမဆို ဖော်လိုအလိုက်ကောင်းတာ အိပ်ပျော်နေတာတောင် ယောင်ပြီး အင်းလိုက်နေတုန်းတဲ့လေ..း)

    ReplyDelete
  13. ဓာတ်ပုံတွေ လှတယ်။ လက်မတုန်တော့ဘူးနော်။
    မသက်ဝေပြောသလိုပဲ ကျမတို့လာငှားရင် အစိမ်း ၁၀၀ တော့ မလုပ်ပါနဲ့။ မခင်ဦးမေ နာမည်ပြောပြီး အလကားလာတည်းမယ်နော်။
    ကျမအသုပ်လဲ ပိုက်ဆံမယူဘူးလေ ... အဆင်ပြေတယ် မဟုတ်လား။ :P

    ReplyDelete
  14. May be it is in their genetic, I mean, the habit of thinking about how to make money, expressing their thoughts about business opportunity, politics, and sometime, dragging us to watch their favorite tv programs. May be they all think, we, most female, care about shoes, bags, looks, etc.

    ReplyDelete
  15. :)
    Nice one.. Enjoyed indeed..

    ReplyDelete
  16. အဲဒီရောက်ဘူးတယ်... အရမ်းကိုလှတဲ့နေရာပဲ.... အင်းလေးထက်လဲလှတယ်...ဒါပေမယ့် အဲဒီဟိုတယ်ကို ထိုင်းက နှစ်၃၀ နဲ့ စာချုပ်ချုပ်ငှားပြီး ကာစီနို လုပ်ထားတာလေ...

    ဘိုင်သဝေး....

    ယောက်ကျားတွေက မိန်းမတွေကို မင်းလို့ပြောတာ သိပ်ရိုင်းတာပဲလို့ ခံစားရတယ်....

    မိန်းမတွေကလဲ ဘာလို့ အမှန်ကို ထုပ်မပြောပဲ ဖော်လို လိုက်တဲ့ အလေ့ မွေးခဲ့ကြတာလဲ....

    လူမျိုးခြားမိန်းမတွေရော ဒီလိုပဲလား... ဘမာယောက်ကျားတွေက နောက်မိန်းမယူမယ်ဆိုတဲ့ ဒီဇိုင်းနဲ့ နိုင်စားနေတာပေါ့နော်...

    ပျက်လုံးပဲ.... ဟာဟား

    ReplyDelete
  17. ဟားဟားဟား
    ဒီတစ်ခါ ယောကျားနဲ့ မိန်းမကြားက
    ခြားနားချက်ကို ရှာဖွေတွေ့လိုက်မိသ
    လိုပဲ....။
    အော်...ယောကျာ်း...ယောကျာ်း..
    အော်...မိန်းမ...မိန်းမ......မ....မ...မ...

    ReplyDelete
  18. Ma Ma!!

    same with my hubby!!!


    :P

    khine

    ReplyDelete
  19. မမကွန်က တိမ်တွေကိုသိပ်ကြိုက်တာပဲနော်...
    ညီမလေးလဲ ငယ်ငယ်ကကြည့်ခဲ့ဖူးတဲ့ တိမ်တွေအကြောင်းရေးဦးမယ်...။ အဲဒီတုန်းကမြင်ဖူးတဲ့တိမ်ကသိပ်လှတာ ညနေခင်းနေမ၀င်ခင်လေး ပုဇွန်ဆီရောင်တောက်တောက်နဲ့ ရွာကတံတားခြေက တိုင်မှာထိုင်ကြည့်ခဲ့ဖူးတာ...မမကိုပြချင်လိုက်တာ အဲတုန်းက ရိုက်ထားဖို့ ကင်မရာမှမရှိတာနော်...နှမြောပါတယ်....။ KMSL ကိုပြောလိုက်ပါ ဘဂလိုကို တစ်ရာပေးပြီးလာတည်းမယ်လို့ ညီမလေးက ကမ်းခြေဆိုသိပ်ကြိုက်တာ...(တစ်ရာတန်အသစ်စက်စက်ကလေးစုထားမယ်လို့)...း)

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  20. ကျွန်းကလေးမှာ ၂ ယောက်ထဲ ဇတ်ကားရိုက်ချင်လို့ လား မမကွန်.. မှတ်မိတာကတော့ ၀င်းဦးရယ် နောက်ဘယ်သူတွေ လဲမသိတော့ဘူး ... ကျွန်းကလေးမှာ ပေါ့..... ဟင်း သူများအသုတ်တောင် အလကားသွားစားသေး .. ဘန်ဂလိုခကျတော့ အစိမ်း ၁၀၀ တဲ့ ... ရ၀ူး အလကားပဲတည်းမယ်...

    ReplyDelete
  21. မိုးစက်ပွင့်September 4, 2010 at 4:18 PM

    အသေအချာပဲ မခင်ဦးမေ.... အိမ်ကလူလဲ Google map အသေကြိုက်တာ။ အပေါ်မှာလည်း ထောက်ခံတဲ့သူ အများကြီးတွေ့တယ်။ ယောက်ျားလေး ဘယ်လောက် ရာခိုင်နှုန်းက Google map ကြိုက်သလဲဆိုတာ survey လုပ်ကြည့်ရင်ကောင်းမယ်။

    ReplyDelete
  22. အပေါ်က တစ်ယောက်က သတိရတာတောင် အမှားကြီး။ ကျွန်းကလေးပေါ်မှာ နှစ်ယောက်တည်းက ကျော်မောင်မောင်သွင် နဲ့ မေဝင်းမောင်ပါ။ ဝင်းဦး မပါပါဘူး။

    :D

    ReplyDelete
  23. ဓာတ်ပုံသာငေး..မရောက်ဖူးသေးး

    ReplyDelete
  24. တိမ်ရောင်တွေ ချယ်တဲ့ဆည်းဆာပေါ့။

    ReplyDelete
  25. ဂျိုဟိုး အလည်သွားချင်လို့ အကြံပေးပါဦး အရီး

    ReplyDelete
  26. အစ်မကွန်..ဘာလို့တိမ်တွေကို သဘောကျတာလဲ...?
    ကျွန်တော်လည်း တိမ်တွေကို အရမ်းသဘောကျတယ်..။

    ReplyDelete
  27. တော်ပါသေးရဲ့ သူက သူ့ဟာသူ သတင်းဖတ်ရုံပဲ တခါတလေ သိတ်ထူးတဲ့ သတင်းမှ လာဖတ်ကြည့် ဆို ခိုင်းတာ...။ မမ သနားပါတယ်...:P

    ReplyDelete
  28. ကိုကိုဇော်September 4, 2010 at 9:41 PM

    ကျွန်းကလေးမှာ နှစ်ယောက်ထဲက ကျော်စွာဝင်းနဲ့မေဝင်းမောင်ပါ၊ ဝင်းဦးမဟုတ်ပါ။

    ReplyDelete
  29. မသိလို့ပါဗျိုး .... မသိလို့  ပါဗျ... စကောပန်ပါအိ တောင်းပန်ပါအိ... ဟူးးးးးးးးးးးး မလွယ် အခုကားကအသစ်.. ကိုမာဆလာနဲ့  မမကွန်တဲ့ဗျိုး....

    ReplyDelete
  30. အစ်မရေ မလေးရှားမှာနေပြီး ဂျိုဟိုးတောင် အဒု မှ တိဒရ်။

    ဘန်ဂလို ခကိုတော့ နည်းနည်းလျှော့စေချင်တယ်ဂျာ။

    လူကြီးကိုပြောပေးနော်။ နာ့မောင်ရေး ပါလို့။

    ငြိမ်းချမ်းပါစေ
    မိုးယံ

    ReplyDelete
  31. အစိမ်း ၁၀၀ လား ? နည်းတာပေါ့ အစိမ်းတွေ ဈေးကျနေတယ် ....

    ယောင်္ကျားကို ကြောက်ရတယ်တဲ့လား??? ကျွန်တော်အထင်ကတော့ မမကွန်ကြီး ထင်ရာလုပ်နေတာကို မမကွန်ရဲ့ အမျိုးသား ကပြောမရလို့  လက်လျှော့ထားနေရတဲ့ပုံပဲ ...

    မမကွန်ကြီး ကျန်းမာပျော်ရွှင်ပါစေ ...

    ခင်တဲ့

    Z

    ReplyDelete
  32. အဲဒီကျွန်းပေါ်မှာfield ဆင်းရင်းနေဖူးတယ်...
    ဗမာပြည် မြိတ်ကျွန်းစုက beach တွေကတော့ သိတ်သာယာတာပဲ..ရေလေးတွေကလဲပြာလို့...
    ဂျီးတော်နဲ့ ဝါသနာတူလိုက်တာ...ကျနော်လဲ ရွာရိုးကိုးပေါက်လျှောက်သွားချင်တာ...ခုလဲ ကားလဲမောင်းနိုင်ရော...လျှောက်လိမ့်နေပြီ..

    ReplyDelete
  33. အင်း စလုံးမှာ ၅ နှစ်နေပြီး ဂျဟိုးတောင်မရောက်ဖူးလို့ မမရဲ့ ပုံတွေကိုပဲငေးသွားတယ်။

    ReplyDelete
  34. I had surveyed along the coast of Penisula as a oceanographic surveyor.
    Some place are so beautiful.
    But real life of the local peoples are so bad. They don't have future.
    Their life is so struggle.
    I had tried to eat with some villagers.
    Their traditional foods are not sufficient enough energy for a worker. The education facility for their village not provided due to shifting one place to another.
    Who like to say that you see in negative point of view.
    BINO

    ReplyDelete
  35. စင်ကာပူ ကနေ KL ထိ first class one way ရထားခက $9 ပဲဆိုတာ အဟုတ်လား

    ReplyDelete
  36. ချိုသင်း ကိုကိုလဲ မခင်ဦးမေနဲ့ကျမှ နံမည် ပျက်တော့တာပဲ..ကိုကျော်ဝဏ္စ တဲ့၊ ဟားဟားဟား

    တို့ဒုက္ခတွေ ဆိုတာ ချစ်ဒုက္ခတွေ မဟုတ်လား မမရယ်။

    ReplyDelete
  37. KL ထိ လာတော့လည်း ရောက်ဖူးတာပေါ့ မမကွန်ရာ။
    ပြီးတော့ ကားပြန်စီးသွားပေါ့။

    သူပြတာ ကိုယ်ကြည့် ကိုယ်ပြတာ သူမကြည့်။ ဒါလည်း အေးချမ်းတာပဲ အဟစ်. . အဟစ်။

    ဒေါ်လာ ၁၀၀ ကတော့ မများပါဘူး။ တစ်ပတ်နေမယ်ဗျာ။ ဒေါ်လာ ၃၀၀ ထပ်ပေး ၁၀၀၀ မှတ်ထားလိုက်။

    ReplyDelete
  38. [URL=http://community.essence.com/profile/buygold/#] google checkout buy wow gold
    [/URL]

    ReplyDelete
  39. ဒီပို့စ်လေးကိုချစ်၏။း))).. ယောက်ျားကြောက်တယ်မပြောပါနဲ့.. .ချစ်လို့ သူ့အငြိုအညင်မခံချင်တာမလား.. ဟိဟိ


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  40. မမကွန်..ကိုမဆလာ ကို ဈေးဆစ်ပေးပါ.. ၅၀ ထားပါလို့
    ကျမ တို့.. မမကွန် ဘလော့ ကို အမြဲ လာဖတ် တဲ့..ဟို ဘလော့ဂါ လေး တွေ ပါလို့...။ မမကွန် နဲ့လဲ.. ဟို..နည်းနည်း ခင်တယ် လေ လို့...။

    ခုတောင်.. နောက်ကျ လို့.. ဓါတ်လှေခါး နဲ့.. အထပ် ၄၀ ထိ ဆင်းပြီး.. လာ မန့်တာ..။
    ပြောပေး နော်.. ။

    ReplyDelete
  41. မောင်နဲ့မေ ဟာ
    မိုးနဲ့ မြေ လိုပါပဲ
    တိမ်နဲ့ ရေ ပါလို့
    ပြောချင်တာပေါ့လေ

    အဖြေမှန်ရင် အလကား တည်းခွင့် ပေးပါ
    လေးယောက်စာ

    ReplyDelete
  42. တိမ်တွေက အစုတ်လိုက်ကြီးတွေ လှလိုက်တာ ၀ါးစားချင်စိတ်တောင် ပေါက်သွားတယ် ။ ဓာတ်ပုံတွေ မစောင်းတော့ဘူး ဇတ်မလည်ရတော့ဘူးပေါ့း)

    ReplyDelete
  43. ဘန်ဂလိုက ဘယ်တော့ စ ဆောက်မှာလဲ ။
    လာတည်းချင်လို့ :P

    ReplyDelete
  44. အစ်မ အမျိုးသားက စီးပွားရေး လာဘ်မြင်တယ်..
    တော်လိုက်တာ
    ဒါပေမဲ့ ဘလော်ဂါတွေလာတည်းရင်တော့ အချင်းချင်းမို့ လျှော့ပေးမယ် ဟုတ်လား..
    သူမလျှော့ပေးရင်တောင် အစ်မတော့ လျှော့ပေးမှာပါ...
    ဟုတ်တယ်နော်...း) ဓာတ်ပုံတွေတော့ တော်တော်လှလာတယ်.. တကယ်

    ReplyDelete
  45. Mama, give this link to ko masalar

    http://www.travelmergui.com/

    ReplyDelete
  46. မမသီတာမန့်ချက် သဘောအကျဆုံး။း)

    ဇွန်တော့ မလေးကို ရထားစီးပြီး မသွားဖူးသေးဘူး။ တစ်ခေါက်လောက် သွားကြည့်ဦးမယ်။

    ဇွန်က Google Earth ကြည့်ရတာ ၀ါသနာပါတယ်။ ကိုယ်မရောက်ဖူးသေးတဲ့ ရောက်ဖူးချင်တဲ့ နေရာတွေအားလုံး Google Earth နဲ့ လိုက်လိုက်ကြည့်တာ။ :D

    ReplyDelete
  47. ဖေဖေလဲ အဲ့လိုပဲ.. ရှိသမျှနေရာကို google earth နဲ့ ကြည့်တော့တာ

    ယောင်္ကျားမယူတာကောင်းမယ်ထင်တယ်နော် မမ..
    Uထုံ

    ReplyDelete
  48. မကွန်

    စင်္ကာပူရဲ့ တိမ်များ ဓါတ်ပုံစာအုပ်ထုတ်ပါ။
    စင်္ကာပူရဲ့ ရေများအကြောင်းကိုလည်း မကွန်ရေးနေသ၍ ဖတ်မယ်။

    ခင်မင်လျှက်

    ReplyDelete