Wednesday, September 8, 2010

One of the ည

ပန်းဆိုးတန်းထိပ်ကမုန့်ပါ. ကြိုက်သလိုခေါ် ကိုယ်ကတော့ရေမုန့်လို့ထင်တာဘဲ။ မထူးဆန်းပေမဲ့ မစားရတာကြာလို့ ဒီအတိုင်းဝယ်တယ် . ဈေးလဲသိတ်မကြီးဘူး။ တစ်ရာ နစ်ရာ။ သုံးရာ. အဲသလောက်ဘဲ ကြက်ဥထည့်မလားဆိုရင်တော့ဈေးပိုကြီးမယ်။် ကြက်ဥများ ..ဘုရားဘုရား..မထည့်ပါနဲ့ လို့ တောင်းပန်ရတယ်။ ဒီမှာ ကြက်ဥ စားရလွန်းလို့ကြက်ရုပ်တောင်ထွက်နေပြီကို။














































ဆိုင်တွေ တော့စုံနေတာဘဲ။
































































ဈေး.
လူရှင်းနေတယ်။ အကြောင်းအမျိုးမျိုးနဲ့..



























ပြန်ရင်တော့မိုးချုပ်တာဘဲ။













































မှတ်ချက်
ဘာပြောချင်သေးလဲ။

35 comments:

  1. ရေမုန့် မဟုတ်ပါဘူး။ ခေါက်မုန့် မဟုတ်ဘူးလား။ ကြက်ဥအစားများရင် အဲဒီရုပ် ထွက်သလားးးး အများကြီးစဉ်းစားသွားတယ်။ :D

    ReplyDelete
  2. post က စိတ်တဇ ဆန်လိုက်တာ

    ReplyDelete
  3. ကျေးကျေးပါ မမကွန်။ အလွမ်းမပြေပေါ့

    ညမာ ပီ ကို လွမ်းဒယ် ။ ကြန်တော့မယ်

    မမကွန် ငြိမ်းချမ်းပါစေ
    မိုးယံ

    ReplyDelete
  4. ပုံတွေကြည့်ပြီး တုန်ခြင်းမှုန်ခြင်း သည်းခံပါဆိုတဲ့ ရှေးခေတ် ဘိုင်စကုတ်တွေကိုတောင် သတိရမိတယ်။

    ကြက်ဥအများကြီးစားရင် ဥရုပ်ပဲထွက်မှာ မဟုတ်လား။
    ဈေးက လူရှင်းမှာပေါ့ မိုးချုပ်လို့ ဈေးသိမ်းခါနီးနေပြီကိုး။ မခင်ဦးမေက ဈေးပေါင်ကျိုးမှ ရောက်သွားတယ်ထင်တယ်။

    မှတ်ချက် ။ ဒီလောက်ပဲ ပြောပါတော့မယ်။ :P

    ReplyDelete
  5. ရေမုန့်လုပ်နည်းလေးပါ ထည့်ရေးပါလား
    အမကြီးရယ်၊ သိချင်လို့ ....း)

    ReplyDelete
  6. ဘာမှပြန်မပြောပါဘူး ကောင်းပါတယ်

    ReplyDelete
  7. အဲဒါရေမုန့် မဟုတ်ဖူးမမ .. ခေါက်မုန့် ပါ
    ခေါက်မုန့်ရော ရေမုန့် ရော ဗမာမုန့်တွေ ဆို အကုန်ကြိုက်တယ် ...

    mie nge

    ReplyDelete
  8. နဲနဲလောက်ဝယ်လာပေး ပြီး ကဘူး ကို စာတိုက်က နေထည့်ပေးပါလားဟင် မခင်ဦးမေ။
    မစားရတာကြာပေါ့ :D

    ReplyDelete
  9. နောက်တစ်ပုံက လမ်းသရဲမုန့်မဟုတ်လား.. ခရမ်းချဉ်သီးတွေ ဂေါ်ဖီတွေနဲ့ မဆလာလေးအုပ်ပေးတယ်လေ..

    ဘာမှမပြောချင်ပါဘူးမမ..

    ReplyDelete
  10. မောင်ဝေးSeptember 8, 2010 at 9:53 AM

    ပြောရှာမရှိတော့ပါ။ အားနည်းသူဖက်က အားမလိုအားမရ အားပေးချင်စိတ်တွေ အားကြီးပေါက်သွားလို့ အားနာလိုက်တာ။ ခွင့်လွှတ်ပါ။ ခုလိုအားကိုးရသူက အားကြိုးမာန်တက် တန်ပြန်နိုင်လို့ တအားတက်ပြီး အားရကျေနပ်သွားပါပြီ။

    ReplyDelete
  11. မှန်ပါ့

    မြန်မာပြည်မှာ ချမ်းသာတဲ့သူတွေ ကြက်သားစားကြတယ် စလုံးမှာ ပိုက်ဆံချွေတာချင်ရင် ကြက်သားစားကြတယ် ကြက်သားက အသားထဲမှာ အပေါဆုံးပဲ

    မမကွန်ကြီး ကျန်းမာ ၊ချမ်းသာအောင် ပရိုတင်းကြွယ်ဝပြီး ဈေးပေါတဲ့ ကြက်သားနှင့် ကြက်ဥများများစားပေးပါ ၊

    ခင်တဲ့

    Z

    ReplyDelete
  12. This comment has been removed by the author.

    ReplyDelete
  13. မ မ ကွန် .... မြင် သာ မြင် ရ မ စား ရ လို့ ဘာ မှ မ ပြော ချင် ပါ။ ခင် မင် လေး စား စွာ ဖြင့် ...

    ReplyDelete
  14. မောင်မျိုးSeptember 8, 2010 at 11:45 AM

    ပန်းဆိုးတန်း က ဘယ်နားမှာလဲ မြေနှီကုန်းရှေ့ကလားး ????

    ReplyDelete
  15. ဂျီးတော်...နောက်တခါ လိပ်ဥနဲ့လုပ်ခိုင်း..
    ဒါမှလိပ်ခါးလေးလိုလှမှာ..

    ReplyDelete
  16. အဲဒါခေါက်မုန့်လေ။ အုန်းသီးနဲ့ ထန်းညက်နဲ့က။ ရေမုန့်က အဆိမ့်ထင်တာပဲ အစ်မ။ေ၈ါ်ဖီတွေ၊ ပဲပင်ပေါက်တွေနဲ့လေ။
    ပုံတွေပြန်မှုန်သွားပြန်ပြီး)

    ReplyDelete
  17. မြင်မြင်သမျှ အကုန် ဓါတ်ပုံရိုက်တာပဲနော်.. :P

    ReplyDelete
  18. အပေါ်ဆုံးပုံက ခေါက်မုန့်ပါ
    (ဒါပေမယ့် ပဲစိလေးတွေကို မြင်နေရသလိုပဲ၊ ခေါက်ရေမုန့်လား?)
    ဒုတိယပုံက လမ်းသရဲမုန့်လို့ ထင်တာပဲ
    (ခရမ်းချဉ်သီးတွေမြင်နေရတယ်၊ ဒါပေမယ့် ထည့်ရမဲ့ အဆာတွေ မစုံဘူး...ဒါကြောင့် ဖြူဖတ်ဖြူရော် လမ်းသရဲ)

    ပုံကောင်းကောင်းတင်ရင် ရှင်းရှင်းလင်းလင်း သိအောင် ဖြေမယ်... ဒါပဲ...

    ReplyDelete
  19. မှတ်ချက်
    ဘာမှမပြောချင်ပါ
    ဂဒီးဂဒီး ရန်ကုန်ရောက်တာတောင် တခါမှ မုန့်လာမကျွေးဘူး ဆိုတာလေးပဲ :anr: လုပ်ချင်တယ်

    ReplyDelete
  20. အပေါ်ဆုံးက မုန့်အိုးကင်းကပ်(ခ)မုန့်ပျားသလက်(ခ)ခေါက်မုန့်ပါ။ မုန့်ပေါ်ကို ထန်းလျက်ရည်နဲ့ အုန်းသီးဖြူးချင်ဖြူး၊ ပဲပြုတ်နဲ့ ကြက်သွန်မြိတ်ဖြူးချင်ဖြူးပါတယ်။ ခုလိုရောဖြူးထားတော့လဲ... အင်း... ကောင်းပါတယ်

    အောက်က လမ်းသရဲမုန့်ပါ။


    pifpif

    ReplyDelete
  21. လောလောဆယ်ဘာမှ ဘာမှမပြောချင်သေးဘူး ပုံတွေကိုကြည့်တာမရလို့....ပြီးမှပြန်လာမန့်မယ်..

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  22. စတန့် ထွင်တဲ့ မမကွန်

    " One of the Night" ရေးလို့ ရရဲ့သားနဲ့ 
    " One of the ည" တဲ့

    ရန်ကုန်ပြန်တာ မမကွန် နဲ့  ကျွန်တော် same flight လားမသိဖူး ...

    By the way, ....

    ကွန်မန့် တွေရပ်သွားပြီ ....

    ပို့ စ်အသစ်တင်ပါဗျို့  ....

    ခင်တဲ့

    Z

    ReplyDelete
  23. မှတ်ချက်။ ။
    ရေမုန့် မပါ ဆိုပြီး ဘာမှ မပြောချင်ပါ။

    ReplyDelete
  24. လမ်းသရဲမုန့်လို့ခေါ်ကြတာပဲ အစ်မကွန်ရဲ့..။

    ReplyDelete
  25. ဟင်..
    ကျနော် ဟိုတလောက အိမ်မှာ လုပ်တာ အဲ့တာပဲလေ..။
    အုန်းသီးမပါတာပဲ ကွာတယ်လေ..
    မုန့်ရေပါး( ခေါ်) ရေမုန့်ပေါ့




    Guessကြည့်ပေါ့။
    ဘယ်သြူ့ဖစ်နိုင်မလဲ ဆိုတာ..။

    ReplyDelete
  26. ဘုရားရေ
    အဲဒီပုံတွေဟာ ညီမ မုန့်ရေပါးရောင်းနေတုန်းက ပုံတွေဘဲ...
    မမကွန်က ခွင့်မတောင်းဘဲ ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်တင်လိုက်ပြီ။
    ခွင့်မတောင်းဘဲ ဓာတ်ပုံရိုက်မှု၊ အင်တာနက်ပေါ်တင်မှုတို့နဲ့ မမကို တရားစွဲမှ ဖြစ်တော့မယ်..
    မြန်မာပြည်ပြန်လာလို့ကတော့ အိမ်ထိ လိုက်လာပြီး တရားစွဲမယ် ။။
    ဒါဘဲ

    ReplyDelete
  27. one of the ည ကို one of the time မှာ one time ဖတ်သွားကြောင်းပါဗျာ...၊ one of ပြာသိုမှာ မြန်မာပြည်ကို One time ပြန်ဦးမှာမို့ One pcs သွားစားလိုက်ပါ့မယ်..

    ReplyDelete
  28. ဗိုက်ဆာဆာနဲ့ မုန့်တွေအငမ်းမရစားသွားပါကြောင်း

    ReplyDelete
  29. ငယ်ငယ်က စားဖူးတဲ့ ရေမုန့်က ခေါက်မုန့်နဲ့ မုန့်သားတူပါတယ်။ ဒါပေမဲ့ သူက အိုးဇောက်နက်နက်နဲ့ လုပ်တယ်။ မုန့်နှစ်ကို ထည့်ပြီးရင် ခေါက်မုန့်လို ယောက်ချိုနဲ့ မဆွဲဘဲ၊ အိုးကိုလှည့်ပြီး ညီအောင်လုပ်လိုက်တယ်။ ဒီတော့ မုန့်သားပိုပါးပြီး ပိုကျွတ်ပါတယ်။ ထည့်တာက ပဲပြုတ်ရယ်၊ နောက် အမှတ်မမှားရင် ကြက်သွန်မြိတ်ထည့်တယ် ထင်တယ်။

    ReplyDelete
  30. ပြောဖို့မေ့သွားလို့ ..
    ရေမုန့်က အိုးဇောက်နက်တော့ မုန့်က ခွက်ခွက်လေး၊ အုန်းမုတ်ခွက်လို ပုံမျိုးဖြစ်သွားတယ်။

    ReplyDelete
  31. ကိုတင်မင်းထက် ရေမုန့်နဲ့ ကျမတို့အရပ်က ရေမုန့် အိုးချင်းဆန့်ကျင်ဘက်ဖြစ်နေတယ်။
    ကျမတို့ဆီကရေမုန့်ကြော်တဲ့အိုးက လုံးဝ ဇောက်မရှိသလောက်ပဲ.. စကောလောက်အကျယ်သံဒယ်ပိုင်း ပြားပြားကြီး.... မုန့်အရေတွေကို အိုးမှုတ်ခွက်နဲ့ ခပ်ပြီး ရှဲဆို ဖြန်းလိုက်တယ်။ ပဲပြုတ်နဲ့ ကြက်သွန်မြိတ်ဖြူးတယ်.. တုတ်တံလေးတစ်ချောင်းထိပ်မှာ အဝတ်စလေးပတ်ပြီး အဲ့ အဝတ်စမှာ ဆီဆွတ်ပြီး မုန့်ကိုလိုက်တို့တယ်... မုန့်ကို ဇွန်းပြားနဲ့ ၅ ခေါက်ခေါက်တယ်။
    စားချင်လိုက်တာ....

    ReplyDelete
  32. Anonymous said...ဟင်.. ကျနော်တလောက အိမ်မှာ လုပ်တာ အဲ့တာပဲလေ.. အုန်းသီးမပါတာပဲ ကွာတယ်လေ.. မုန့်ရေပါး( ခေါ်) ရေမုန့်ပေါ့
    Guessကြည့်ပေါ့။
    ဘယ်သြူ့ဖစ်နိုင်မလဲ ဆိုတာ..။
    September 9, 2010 12:56 AM >>>

    ပေါက်ရေ... ညည်းမှန်းဘယ်သူမှ မသိကြဘူးတော့... ခွိခွီ

    ReplyDelete
  33. မကွန်က အပြင်ထွက်ရင် အမြဲ မုံ့ဝယ်စားတယ်နော်။

    ကောင်းတယ်။
    ကျွန်မလည်း အဲလိုလုပ်ရတာကြိုက်တယ်။

    ReplyDelete