Saturday, October 16, 2010
ဟိုဟိုဒီဒီ/ဟိုလုပ်ဒီလုပ်/ဟိုစားဒီစား
နေ့လည်
ရောက်တယ်။
ဈေးသက်သာတာတွေတော့ဝယ်နိုင်သလောက်တော့ဝယ်ခဲ့တာဘဲ။ စင်စက်ပြောသလိုတော့ ငါးကျပ်နဲ့တော့ရတော့ဘူး။ ဒီတစ်ခါတော့ ဆပ်ပြာ မဝယ်ဘဲခြေအိတ်ဘဲ ဝယ်ခဲ့တော့တယ်။ ဒါဘဲဝယ်နိုင်တာကိုး.။ ကိုဘ အတွက်လဲ ဘောင်းဘီတွေ ကြည့်သေးတယ် .. ခါး ၃၃.။ medium. ။ ဝယ်ပြီးရင်တော့လူမြင်မခံလိုတဲ့ကိုဘ အတွက် လိပ်စာတောင်းပြီး အိမ်ရှေ့မှာ သွားချထားဘို့ရီတာအ ကြံပြုထားသလို လုပ်ရမယ်။
ခါး ၂၇ တွေ တွေ့တော့စင်စက်ကို သတိရ.ရပြန်ရော။ (လျှော့ပြောထားရတယ။် စိတ်ဆိုးမှာ စိုးလို့)။ ကြိုးတစ်ချောင်းတွေ လဲတွေ့တယ်။ kmsl ကတော့မင်းတူမ ပေးလိုက်လို့ဆိုတာဘဲ ကိုယ်ကတော့လစ်.ရင် လစ်သလိုဝတ်မလားလို့စိတ်ကူးနေတာဘဲ။
ရှပ်အကျီတွေ က ကောင်းပေမဲ့ နှမျောတာနဲ့ဝယ်တော့ဘူး။ ဟိုတစ်ခါ ရှပ်တွေ ဈေးလျော့တုံးကဝယ်ထားတာတွေ အတော်များများရှိသေးတယ်။ TZA မှာတောင် အထုပ်လိုက်ရှိသေးတယ် အခုဝတ်ပြီးပလားမသိ. မေးရဦးမယ်။
ဈေးအတော်ချတယ်ဆိုတဲ့ ပိုလိုရှပ်ကလေးတွေ ကတော့မြင်တောင်မြင်ခဲ့ရပေါင်။ ဖဘ က့ပုံလေးတွေ မျက်စိထဲကမထွက်ဘူး၊ ဝယ်ပြီးသွားတဲ့သူရှိုက်ပြထားတာ. ဒီနေ့ဘာလို့မရှိသလဲပြော။
တစ်ကယ်ဝတ်ဖြစ်မယ်ထင်တဲ့အကျီတွေတော့ဖွက်ထားတယ် ပြဝူး။။ စီတီဟောမှာ မြင်ရင်. ပစ်မလွဲဖြစ်သွားမှာစိုးလို့။
ညနေ
ဥရောပမှာနေတဲ့သူငယ်ချင်းရောက်လာလို့ မုန့်စားဖြစ်တယ်။ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး ဘီယာ ရယ် ရေနွေးကြမ်းရယ် ပက်စီရယ်။ ကန်စွန်းရွက်ကြော်. ဝက်သားလုံးကြော်. ကြက်သားတောင်ပံကြော်. ဒီလောက်ပါဘဲ. (တူ… bbq)
သူငယ်ချင်းက သဘောတစ်ရားလောက်ဘဲသောက်တာ အခုညကျမှ တော်တော်သောက်ဖြစ်လိမ့်မယ်. နောက်တစ်ယောက်နဲ့ Katong မှာ ချိန်းထားတယ်။ အဲဒီမှာ မိုးချုပ်လဲ ဖွင့်တဲ့ဆိုင်တွေ ရှိတယ်။
အိပ်ခါနီးစားဘို့ဖရဲသီးလှီးထားလိုက်တယ်။
21 comments:
  1. ကြိုးတစ်ချောင်းကို ဝတ်မယ် ဆိုရင် မလစ်လဲ ဝတ်လို့ ရတဲ့ နေရာ ရှိတယ်။ အိမ်သာထဲမှာလေ...။
    ကျန်တာတွေတော့ ပြောလိုပေါင် ၊ ကိုယ်မှ အဲသလိုတွေ မကြိုက်ဘဲ။
    ReplyDelete
  2. Ever shopping KOM Ever eating KOM Ever rolling KOM Ever sharing KOM JJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJJ:P :) :( Me no.2 Gyidaw
    ReplyDelete
  3. ကန်စွန်းရွက်ကြော် စားကောင်းလား
    (လျှာ့တောင်မလျှော့လို့)
    စင်ကာပူ စတိုင်နဲ့တူပါတယ်။ (အရသာ ပြန်ပြောနိုင်လား) စားစရာလေရတော့ အဆင်ပြေပြီ ဒီနေ့...
    ဂျေဂျူးနော်
    bbq
    ReplyDelete
  4. ဘူကစ် ဘတုတ်။
    ReplyDelete
  5. ၅ ကျပ်တန်က ညိုးပြောတာ.. သာမီးလည်း မတွေ့ခဲ့ဘူး...
    မနေ့က woodlands CIQ မှာ ပိတ်စတွေ သွားဝယ်တာ check point ထိ မှတ်တိုင်ကျော်ပါသွားလို့..မှာ ရဲ၊ လဝကအခြံအရံနဲ့ စင်ကာပူဘက်ပြန်လာခဲ့ရတယ်.. အဲဒီမှာ ဖြတ်ဖို့ တန်းစီနေတဲ့လူတွေ ကြည့်ပြီး မောင်ကြီးက မခင်ဦးမေ အလုပ်သွားနေရတာ တော်တော်ပင်ပန်းမှာပဲတဲ့....။
    ReplyDelete
  6. သာမှီးက ၂၇ မကတော့ဘူးထင်တယ်... အဲဒီကနေ XL ဆိုဒ်ဘောင်းဘီအရှည် ဝယ်လာတယ်... ဝတ်လို့ ရတယ်..။
    ReplyDelete
  7. အမရေ... ကြိုးတချောင်းလေးတွေလှတယ်
    ReplyDelete
  8. ကျန်း.. တူမ ရှိသယ် ဟုတ်လား ?? အဒေါ်လေး .. ဟက်ဟက်.. ဒါနဲ့.. စင်စက်တဲ့ နာမည်တော့ ပျက်ဘီ.. ခစ်ခစ်ခစ်
    ReplyDelete
  9. ဒီတစ်ခါ အဲဒီ တစ်ချောင်းကြိုးနဲ့ဟာဝတ်ပီး ဓါတ်ပုံရိုက်တင်နော် ဟီးးးးးးးး
    ReplyDelete
  10. ဘူးကစ်ဘတုတ်က ဟတ်ရှပ်ပါပီ စေးကိုသွားတာလား?
    ReplyDelete
  11. KSML အလစ်မှာ ကျိုးတစ်ချောင်းနဲ့  ၀တ်ရဲမယ် မထင်ပါဝူး.. အရိုက်ခံနေရမယ်... :D
    အမှောင်ထုထဲက အလင်းစက်များ
    ReplyDelete
  12. မကွန်
    အောက်ဒိုးပုံ၊
    အင်ဒိုးပုံ၊
    ကြိုးတချောင်းပုံ၊
    အကုန်စိတ်ဝင်စားတယ်။
းD
    ReplyDelete
  13. ဗျို့........ မဦးမေ သောက်တော့ သောက်ပါ
    ပြီးရင်တော့ ပေါက်ဖို့လည်း မေ့နဲ့နော်
    ကျန်းမာရေး အတွက် ပြောတာပါ ။
    ReplyDelete
  14. ကြိုးတချောင်းဝတ်မယ်ဆို ဘလာစီယာခံမ၀တ်နဲ့ ကြည့်လို့မကောင်းဘူး အမနေကောင်းလား
    ReplyDelete
  15. စားနိုင်လို့ များများစားတာလား အမကြီး :P
    ReplyDelete
  16. ဘုကစ် ဘတုတ်က Hash Puppies sale လား အစ်မ။ များတို့လဲ ပြီးခဲ့တဲ့ အပတ်က ရောက်ခဲ့တယ်။
    ခလေးအ၀တ်လေးတွေ တော်တော်တန်တယ်။ polo shirt တွေေ၇ွးစရာတွေ အများကြီးပဲ။
    နောက်တစ်ခါ ပင်နစူးလားရောက်ရင် ကြိုးတစ်ချောင်းတွေကို တားဂတ်ထားမယ်း))
    ReplyDelete
  17. ကျနော်လည်း ဒီ စီဘောက် က သတင်း ကြောင့် အဲ ဒီကိုရောက်တယ်။ စနေ နေ့က။
    ReplyDelete
  18. ပစ်မလွှဲဖြစ်မှာ ကြောက်တတ်တယ်ပေါ့... အဲဒီရောဂါ မပျောက်သေးဘူးကိုး...
    ReplyDelete
  19. ဘီယာလေး ဂလုဂလုသောက်ပီး ကန်စွန်းရွှက်ကြော်လေး စားချင်ပါသည် ဝယ်ကျွှေးပါလား
    ReplyDelete
  20. စားပါ သောက်ပါ ၀ယ်ပါ ...
    ငြိမ်းစိုးဦး
    ReplyDelete