Tuesday, October 19, 2010

သတင်းပဒေသာ အဖြာဖြာ






















ခေါင်းတွေကိုက်တယ်။ သွေးပေါင်ချိန်ကြည့်တယ်။ ငပိကြော်. ငံပြာရည်ကြော်. ဒေါ်ရွေမိုးတွေများစားတာများသွားလားလို့ စဉ်းစားတယ်၊ ၁၂၀/၇၀ တဲ့. သိတ်ကောင်းနေတယ်။ အိပ်ရေးမဝလို့ဘဲဖြစ်နိုင်တယ်။ ပါရာစီတစ်မော တစ်လုံးသောက်လိုက်တယ်။

ဘလော့တွေ ကို အခုတစ်လော ရီဒါနဲ့ဖတ်ဖြစ်တယ်။ အတော်ကြီးအချိန်ကုန်သက်သာတယ်။ ကွန်မက်တော့သိတ်မပေးနိုင်တော့ဘူး မပေးနိုင်တာဘဲ ကောင်းပါတယ်။ မျက်စိနောက်သက်သာတာပေါူ့လူမုန်းများတာလဲသက်သာနိုင်တာဘဲ။ လူထုဒေါ်အမာ စာကို အင်တာနက်ထဲမှာ လျှောက်ဖတ်ရင်းနဲ့မှ ဘလော့တစ်ခုမှာတင်ထားတာဖတ်မိတော့မှ ဆွေးနွေးချင်မိတဲ့အကြောင်းတို့. (စောင်းပြောတယ်ဘဲထင်ချင်ထင်. တဲ့တဲ့ပြောတယ်ဘဲ ထင်ချင်ထင်. လူထုဒေါ်အမာကိုဖတ်တာ က စာအုပ်နဲ့ဖတ်တာပါ. ဖတ်ချင်လို့ကိုဖတ်တာပါ. သူပြောပြတဲ့ အကြောင်းတွေ ကို သေချာဖတ်ပြီးနစ်သက်ခဲ့ရတာတဲ့သူတွေပါ။ ) လူတစ်ယောက်စာကို ဝေဖန်ချင်ရင် ဒီလူက ဘာလဲ ဘယ်လိုလဲ. ဆိုတာ အရင်သိပြီးမှ ဝေဖန်ရင်ကောင်းမယ်ထင်တယ် ဒါပေမဲ့လဲ လမ်းသွားရင်းနဲ့လဲဝေဖန်နိုင်ပါတယ်လေ. သဘောပါ.။

























ဘလော့တစ်ခုမှာ လာကွန်မက်ပေးတဲ့သူနဲ့ စကားတွေ အချီအချပြောကြတာတွေ လဲနားထောင်ရတယ်။ ဒါကြောင့်မို့လို့လဲ အခုတစ်လော ကွန်မက်မရေးရဲဘူး သိတဲ့အတိုင်းကိုယ်ကလဲသိတ်ဖတ်တာမဟုတ်ဘူး လျောက်ဖတ်ြ့ပီးရေးချင်တာရေးတာ.

ဇီးပြားပြောတဲ့ စကာင်္ပူမှာ လူချင်းဝင်တိုက်မိတိုင်းမြန်မာဘလော့ဂါတွေ ဆိုတော့တောင်အံသြသွားတယ် ငါနဲ့ကျတော့ပန်နီးဇူလာ ဂဒီး ဂဒီးသွားနေတာ ခလုပ်မတိုက်မိကြပါလား စဉ်းစားမိတယ်။ ဘယ်သူတွေ များပါလိမ့်. သူက သေချာရေးပြထားပေမဲ့ကိုယ်ကမမြင်ပါလား။ ပတ်ဝန်းကျင်ကို လေ့လာမှုအားနည်းနြေ့ပြီ. ဆိုတာ သိလိုက်ရတယ်။ ဆက်လေ့လာရဦးမယ်။

မိန်းကလေးတွေ ရဲ့ဓါတ်ပုံရိုက်နည်း position အသစ်တွေ ကိုလည်းရင်သပ်၇ှုမောမြင်ရတယ် သက်ပြင်းသာချမိတော့တယ်။ ဟိုတစ်ခါ စလုံးကမ်းခြေက ရေကူးဝတ်စုံနဲ့ အံသြဘနန်းဖြစ်ခဲ့ပြီးပြီ. အခုတစ်ခါ freedom news group မှာ မြင်ရပြန်တယ်။ ဟိုခေတ်တုံးက မင်းသမီးတစ်ယောက် ခြေနစ်ချောင်းချိတ်ပြီးရိုက်ခဲ့တဲ့ ပုံက ခေတ်စားခဲ့တာ တွေ သိတ်လှတယ်ထင်မိတာ အခုတော့ အလန့်တကြားဖြစ်နေရြီ့ပီ. ဒါဟာခေတ်တဲ့လား.


























မှတ်ချက်
ရာသီဥတုမကောင်းပါ. လူအများဖျားနာကြသည်။ အကျွန်ုပ်လဲနှပ်သုတ်နေသည်။

27 comments:

  1. ဒါဟာ ခေတ်တဲ့လား..
    အဲတာ ခေတ်တဲ့လား..
    ဒါများ ခေတ်တဲ့လား ကွယ် မင်းပြောအုန်း..။




    (ဒါဘယ်သူ လဲဆိုတာ ...

    မယ်ဆင် မဖေါ်ရ..)

    ReplyDelete
  2. ဒေါ်ရွှေမိုးအတွက်ကျေးဇူးတင်ပါတယ်ပြောမလို့
    မေ့ခဲ့တယ်..

    ReplyDelete
  3. Ma KOM
    very good post.I love it.

    ReplyDelete
  4. ဒေါ်အမာ စာအုပ်တွေကိုလည်း ကျနော်လည်း ဖတ်ဖူးပါသဗျာ။ အိမ်မှာ ဝယ်ထားတာတောင် ရှိပါသေး။ အဲဒီဆောင်းပါးကတော့ အင်တာနက်ပေါ်မှာပဲ ဖတ်လိုက်ရတာပါ။ လူတစ်ယောက်အကြောင်းကို ဘယ်လောက်ပဲသိသိ... သူပြောတဲ့စကားကို ကိုယ်သဘောမတူရင် မတူတဲ့အလျောက် ဝေဖန်ခွင့်ရှိပါတယ်။ (အခု မခင်ဦးမေ ကိုယ့်အမြင်ကို ရေးသလိုပဲပေါ့။)

    လေးစားတာက တကဏ္ဍ။ တချို့အမြင်တွေကို သဘောမတူနိုင်တာက တကဏ္ဍ။

    ReplyDelete
  5. - အိပ်ရေးဝဝ အိပ်ပါ။
    - အားဆေးကို ဘာပဲ ဖြစ်ဖြစ် မဖြစ်ဖြစ် မှီဝဲသင့်သော အရွယ်ဖြစ်သည်။
    - Comment ပေး မပေး ဆိုတာ အခု နောက်ပိုင်း ကျနော်လည်း အတော်ကို စဉ်းစားနေရတဲ့ ကိစ္စကို ဖြစ်တယ်။
    - ဝေဖန်တယ် ဆိုကတည်းက အဲဒီလူက ဘာမှ မသိလို့ပါ။ သူများ ရင်ထဲက ဘယ်လို မြင်ပြီး ခံစားပုံဖော်တယ် ဆိုတာ မြင်အောင် အရင်ကြည့် သင့်တယ်။
    - ခြေထောက်ချင်း လိမ်ရိုက်တယ် ဆိုတဲ့ ဓါတ်ပုံ မမြင်ဖူးပါ။ အဲဒီလို ဆိုက်တွေကို မရောက်၍ ဖြစ်သည်။ ပို့ပေးစေလိုပါသည်။ ခေတ်ကို မြင်ချင်၍ ဖြစ်သည်။
    - နှပ်သုတ်ရင် ကိုယ်အင်္ကျီနှင့် ကိုယ်သုတ်ပါ။ ကိုမဆလ အင်္ကျီနှင့်သွား မသုတ်ပါနဲ့။ ရန်ဖြစ်ရလိမ့်မည်။

    ( အောင်မာ. . ငါ ဆရာကြီး လေသံ ပေါက်နေပါရောလား ဟီးဟီး )

    ReplyDelete
  6. ဒါဟာခေတ်တဲ့လား.
    ဒါကို ခေတ်လို့ခေါ်မယ်ဆိုရင် ဘာခေတ်လို့ ခေါ်ရင် ကောင်းမလား...
    ...thinking...

    ReplyDelete
  7. ကွန်မင့်မရေးတော့ဘူးလို့။ ဒါပေမယ့် အစအဆုံး ဖတ်သွားတဲ့ အကြောင်းတော့ ခြေရာထားခဲ့တယ်။ ကိုပေါ ပြောသလို ဆိုရင်တော့ ဖောရှော ယဉ်ကျေးမှုပေါ့။

    :D

    ReplyDelete
  8. အင်း......

    ဖောရှောယဉ်ကျေးမှုပဲဆိုဆို... ဘာပဲဆိုဆို...

    ကိုယ်ရေးချင်လို့ ကိုရေးတာ... :P (နာကွ)

    မ KOM ကြမ်းမာ ခြန်း သာ ဠန်း ဖျာ ၀န်း သာ ပါ ဆေ ကျောင်း စု ခြွေ တောင်း အိ...............

    အမှောင်ထုထဲက အလင်းစက်များ

    ReplyDelete
  9. ဘာခေတ်လည်း နာမည်စဉ်းစားမနေပါနဲ့
    ဆင်းရဲကြလွန်းလို့ ကျောက်ခေတ်ပြန်ရောက်သွားတာ နေမှာပေါ့
    ဗလာခေတ်
    အသပြာခေတ်
    အမှောင်ခေတ်.......................................
    ကြိုက်တဲ့နာမည်ယူစေ

    ReplyDelete
  10. မမ
    ကျန်းမာရေးဂရုစိုက်ပါ
    ညနက်ထိ အိပ်ရေးပျက်မခံနဲ့နော်
    ရာသီအကူးအပြောင်းမို့ နေမကောင်းဖြစ်ကြတာတော့ တကယ်များပါတယ်
    သတင်းစုံကို ဖတ်သွားပါတယ်.. မသိတာတွေ သိလိုက်ရတယ်.

    ReplyDelete
  11. ဘာတဲ့ ချင်ကာပူမှာ လူလူချင်းတိုက်မိရင် မြန်မာ ဘလော့ဂ်ဂါတွေ ဟုတ်လား။ ခေတ် ခေတ် ဆိုတာလား
    ဝေဖန်တယ်ဆိုတာတော့ သိဝူး။ ကုလားဖန်ထိုးပြီး ဝေတာတော့ လုပ်ဖူးတယ်။ ဒီနေရာမှာတော့ မန့်ချင်လို့ကို မန့် အခုက မန့်တဲ့ခေတ်။ ကမ်းခြေက ပုံကြည့်ပြီးပြီ ခြေချင်းချိတ်မကြီးဖူးပါ။ ခေတ်ကို ထင်ဟတ်စေသော အန်တီကွန်နောက်ဆုံးကြည့်ပုံ အား လိပ်စာပေးစေလိုပါသည် ။ လိပ်စာမပေးရင် ငါးစာ အဲ မေးလ်ပို့ပေးပါ။ ဂြီ။

    ကျဏ်းမာ ဠမ်းဖျာ ၀န်ဿးာ ပါစေချောင်း။ နှာစေးရင် များများအိပ်ပေးပါ။

    ReplyDelete
  12. မကြီး...
    လာသွားတယ်..ကျန်းမာရေးဂရုစိုက်ပါ
    အငန်တွေမစားနဲ့..သံပုရာရည်သောက်ပေး
    သံပုရာသီးဆောင်ထားပေါ့

    ReplyDelete
  13. အခုခေတ်က ဆင်းရဲသားခေတ် ပါမမရယ် အဝတ်စားက ပေါပါတယ် မိန်းခလေးတွေ ကိုယ်တိုင်က ဖေါ်ပြချင်ကြတာလေ...ဟိုခေတ်တုန်းက ဒါမျိုးတွေ ရိုက်ထားတာ ရှိတော့ရှိတယ် ရှားပါတယ်လေ...

    ReplyDelete
  14. အကျွန်ုပ်လဲ နှပ်ရှုံ့နေသည်။
    ရွှတ် ရှလူးးးးးးး ကကျု့

    မှတ်ချက်။
    ရွှတ် = နှပ်တချက်ရှုံ့သံ
    ရှလူးးးးးးး = အသက်ပြင်းပြင်းရှူ၍ အားရပါးရ နှပ်ရှုံ့သွင်းသည့်အသံ
    ကကျု့ = နောက်ဆုံး ကြံရာမရ မြိုချမိသည့်အသံ

    ဂြီ
    (မိုးယံကိုအတု ခိုးးပါသည် မိုးယံမဟုတ်ပါ)

    ReplyDelete
  15. ကျနော်လည်းခေါင်းတွေကိုက်တယ် မိုင်ဂရိန်းသမား
    မို့ လို့ ကိုက်တာပါ ဟီး။

    ReplyDelete
  16. မမကွန်ရေ ကြိုက်တယ်ဗျို. ပို.စ်ကိုပြောတာပါ

    မမကွန်တို.က ပိုင်ပါ့ ၊ အရင်က ဒီလို ခပ်ဆင်ဆင်ပို.စ်ရေးဖူးတာ မှတ်မိသေးတယ် ၊ သတ္တိကလည်းကောင်းပါ့၊ ရမ်းပစ်လိုက်တာလား တမင်တကာပစ်လိုက်တာလား ထိတဲ့သူကတော့ လာပြီးရှင်းရတော့တာပဲ ၊ အမြဲအားပေးနေပါ့မယ် ....

    ReplyDelete
  17. ဦးတင်ပါသေး.. ဘုန်းဘုန်း တာ့တာ ;-)

    ReplyDelete
  18. မကွန်
    ခြေထောက်ချိတ်တဲ့ ပုံတော့ မမြင်ဘူးပါဘူး။
    ဂျပန်မှာ နံမည်အကြီးဆုံး position က M စာလုံးပုံထိုင်နည်းတဲ့။
    အဲဒီပုံစံကို မူပိုင်ခွင့် ရထားတာလည်း တစ်ယောက်တည်းပဲ။
    Yinling of Joytoy
    လို့ခေါ်တဲ့ သရုပ်ဆောင်ပေါ့။
    ဘာပဲပြောပြော သူ့လိုမထိုင်သေးသ၍ တော်သေးတာပေါ့ နော်။

    စင်္ကာပူမှာ ဘလော့ဂ်ရေးတဲ့ သူတွေများတာကောင်းတာပေါ့လို့ထင်တာပဲ။ ဘလော့ဂ်အမျိုးမျိုးကိုဖတ်ရတာ စိတ်ဝင်စားစရာပဲလေ။ ကော်မန့်တွေကို တော့ မပေးဖြစ်တာလည်း ရှိပါတယ်။
    ကိုယ့်ဆီကိုလာပေးတဲ့ ကော်မန့်တွေထဲက ဗဟုသုတရတာတွေလည်းရှိတယ်နော်။

    အဲ၊ ကျွန်မစိတ်ညစ်တဲ့ ကော်မန့်ကတော့ ပို့စ်နဲ့ မဆိုင်တဲ့ အကြောင်းအရာတွေလာရေးတာပဲ။ ကြောက်လွန်းလို့ ကော်မန့်ဆက်တင် ကိုတောင်ပြောင်းထားရတဲ့ အထိ မကွန်ရေ။

    စကားမစပ် ကျွန်မရဲ့ ကော်မန့်တွေကော အဆင်ပြေရဲ့လားမသိဘူး။
    အမှားပါရင်ခွင့်လွှတ်ပါနော်။

    မကွန်...
    ကျန်းမာရေးဂရုစိုက်ပါ။
    ကျွန်မလည်း နှာစေးနေတယ်။
    အခုဒီမှာ နည်းနည်းအေးလာနေလို့ပါ။

    ခင်မင်စွာဖြင့်

    ReplyDelete
  19. အကျွနပ် တို့သားအမိ သုံးယောက်လဲနှပ်သုတ်နေသည်။လက်ကိုင်ပဝါတောင်မ
    လောက်သောကြောင် အန်တီယု ဆီမှာ ၃ထည် ၁.၆ ဒေါ်လာဖြင့်ထပ်ပြီးဝ.်ရပါကြောင်းးးး

    ReplyDelete
  20. လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါသည်...

    လွတ်လပ်စွာ ကွန့်မန့်ရေးတာ နားလည်ပါသည်။ ရူးသလို ပေါသလို လုပ်သွားတာကိုလည်း သည်းခံထားပါသည်။ အရူးပါး ဆိုသလိုမျိုး တချို့နေရာတွေမှာ ကျင်လည်ပါးနပ်စွာ လက်ရှောင်တတ်တာကိုလည်း မြင်ဖူးပါသည်။ စေတနာတွေလည်း ခံစားဖူးပါသည်။

    ထိုကြောင့် အမြင်မကတ်ပါ။ သို့ပေမယ်လည်း တခါတလေ လစ်လျူရှုထားပါသည်။

    အခုကွန့်မန့်ကို ထင်ချင်သလို ထင်ပါ။ နားလည်သလို ဖတ်လိုက်ပါ။ ဘာရေးသွားတာလဲ ဆိုတာ အဓိပ္ပါယ်ပြန်ပေးဖို့အတွက် အချိန် မအားကြောင်းပါ။

    ReplyDelete
  21. ခေတ်စမ်းစာပေ၏ နောက်ဆုံး တပ်မမှူးကြီး ဖြစ်သူ ဆရာကြီး မင်းသုဝဏ်က “ We, Myanmar are weak in critical and analytical thinking, I’ve only found Sayagyi Shwe U Daung who thought freely and bravely”.
    Sayagyi Shwe U Daung simply stated that he drinks alcohol before meal and got married three wives.

    We learn the artist’s behaviors and profiles via literature that generally describes descent things and could not represent the true life except few persons as Saya Thawda Swe, blogger Kogyi Kyauk.

    It should be defined the art and artist life.
    At a certain stage or age of readings, give way to own thinking.

    ReplyDelete
  22. အင်း ဟုတ်ပ အစ်မကွန်..ကျွန်တော်လည်း နှပ်သုပ်နေရ
    တယ်...။အင်း ဒီလိုပြောလို့ ဖောရှောယဉ်ကျေးမှုထဲ စာရင်း
    အသွင်းခံရရင်လည်း တတ်နိုင်ဘူးဗျ..။ဆြာဇီးပြားပို့စ် ဖတ်
    ပြီး ကျွန်တော်လည်း အစ်မကွန်လိုတွေးမိတယ်..။
    အင်း..ဒွတ်ခပဲ...၊ဖောရှောယဉ်ကျေးမှုထဲ နှစ်ကြိမ်မြောက်
    စာရင်းသွင်းခံရတော့မယ်...။းD

    ReplyDelete
  23. ဒီလိုပါပဲဗျာ..ဟဲ ဖေါရှောသွားပါတယ် ယဉ်ကျေးမှုတခုရယ်ပေါ့.

    ReplyDelete
  24. ဖျားနေရက်နဲ့ လိုင်းပေါ်မှာ ဟိုသွားဒီသွား လျှောက်လည်နေမိသည် :)

    ReplyDelete
  25. အရင်အပတ် တနင်္ဂနွေနေ့ က ပန်နီးဇူးလားမှာ
    ဝင်တိုက်မိတဲ့ ခပ်ချောချောအစ်မက ..အစ်မများ
    ဖြစ်နေမလားဗျာ... :P

    ReplyDelete
  26. ဖတ်ပြီးတာ ကြာလှပေါ့။ လူချင်းဝင်တိုက်မိမှာစိုးလို့ အဲလေ ... မှားကုန်ပါပြီ။ ဘာမှလဲဆိုင်ဘူး။

    ဟင်းဟင်း ... ဒီက၀င်တိုက်ချင်နေတာတောင် ၀င်မတိုက်လို့ ခက်နေတယ်။ တန်ခူးနဲ့တော့ ခဏခဏ ၀င်တိုက်မိသတော့။

    ReplyDelete
  27. http://freedomnewsgroup.com/2010/10/19/%e1%80%99%e1%80%ad%e1%80%94%e1%80%b9%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc-%e1%80%98%e1%80%ac%e1%80%9c%e1%80%ad%e1%80%af-%e1%80%b7%e1%80%a1%e1%80%9c%e1%80%8a%e1%80%b9/

    ReplyDelete